Pages

Showing posts with label ကူးယူတင်ဆက်သည်. Show all posts
Showing posts with label ကူးယူတင်ဆက်သည်. Show all posts

Sunday, March 24, 2013

ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည် ။ ၎င်းတို့မှာ...



(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။

(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။

(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။

(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)

(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။
(ဖာယီယန်၏ မှတ်တမ်းအရ)

(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။

(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။

(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင်ဓာတ်တော် အနီးရှိ ခြေတော်ရာတစ်ဆူ...။

(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း(မန်းရွှေစက်တော်)၌ အောက်,အထက်ခြေတော်ရာနှစ်ဆူ...။

(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။

(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။

စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ

ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။

မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ

သုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ်

လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။

ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့

ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင်

လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။

ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏

လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို

တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟုဆိုကြသည်။

သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင်

ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး

တောင်ဖီလာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်းမှတ်သားရပါသည်...။

အကြင်နာမြို့တော်
1,501

Thursday, January 24, 2013

ဖြစ်ရလေကံကြမ္မာရယ်


တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…
ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန် ပြန်လာတော့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…”
အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ…
ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး…

ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်…

နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်…
စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်…
တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်…


တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…
နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်…
ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့… မီးမီး အရမ်းနာနေတယ်…
မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ … မေမေလဲ တော်တော်လေးပင်ပန်းနေပြီ…
သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ… ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…”

ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး…
ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်…

ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်…
“ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်”

ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်…
ဖုန်ကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ…
“အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်…
ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်…
ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်… သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကား တိုက်မိလို့…
ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး…
နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ…
နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့ သူ့ဖေဖေ ပါဘဲ…
ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ”
“အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်…


“မီးမီးလေး လူ့ဘ၀ကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်… ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ…
ထွက်သွားခါနီး သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုတ်ကိုင်ထားရှာတယ်…”

Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥

သတင်းစုံလင် ဖေ.ဘုတ်တခွင်
246Like · 

Friday, December 14, 2012

မြန်မာတို့၏ ပထမဆုံးများ


၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်

၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု


၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ
မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ်
ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )

၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်

၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်

၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး

၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ

၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း

၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု

၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်

၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး

၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး

၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး

၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး

၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 

၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ

၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ

၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)

၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း

၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်

၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်

၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်

၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်

၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်

၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်

၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)

၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)

၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်

၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)

၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း

၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်

၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်

၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)

၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု

၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ

၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)

၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 

၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

Thursday, October 11, 2012

စည်ပင်ရုံးရှေ့ဆန္ဒပြသူ ဒဏ်ငွေ ၁၀၀၀ ကျပ်ပေးဆောင်ရန် အမိန့်ချ


ယခုနှစ် မတ်လ ၂ ရက်နေ့က ဧရာဝတီတိုင်း
 ပုသိမ်မြို့ စည်ပင်သာယာရုံးရှေ့တွင်
ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ
၁၄ ဦးအား ၀တ္တရားနှောက်ယှက်မှုဖြင့်
စွဲဆိုခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင်
 ပုသိမ်မြို့နယ် တရားရုံးမှ ပုဒ်မ ၁၅၂
(ရုန်းရင်းဆန်ခတ်မှု နှိမ်နှင်းသည့် ပြည်သူ့ဝန်ထမ်းအား ဟန့်တားမှု) ဖြင့် ထောင်ဒဏ်
 ၁၀၀၀ ကျပ်စီ ချမှတ်လိုက်သည်။

၂၀၁၂ ခုနှစ်မတ်လ (၂) ရက်နေ့က မင်္ဂလာချစ်အေး၊ ကိုဇော်မိုး အစရှိသူတို့ပါဝင်သည့် လူစုက ပုသိမ်မြို့ စည်ပင်သာယာမှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည့် သားငါး လေလံ၊ ကူးတို့ လေလံတို့သည် ကုန်ဈေးနှုန်းတက်ရခြင်းအကြောင်းဖြစ်သည်ဟု ဆိုကာ ကုန်ဈေးနှုန်းကျဆင်းရေး ရည်ရွယ်၍ မြို့နယ် စည်ပင်သာယာရုံးရှေ့တွင် ဆန္ဒပြခဲ့သည်ကို တရားစွဲဆိုသည့် အမှုဖြစ်သည်။

 ဆန္ဒပြသူ ၁၄ ဦးအား ပုသိမ်မြို့ စည်ပင်သာယာမှ တရားလိုပြုလုပ်ကာ ပုဒ်မ ၃၅၃ (၀တ္တရား နှောက်ယှက်မှု) တရားစွဲဆိုရာ ရုံးချိန်း ၈ ကြိမ်ချိန်းဆို စစ်ဆေးပြီးနောက် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။   

YPI

Yangon Press International's

Monday, February 7, 2011

စိတ်ဓာတ်ကျနေရင် ဒါလေးဖတ်ပါ

သူငယ်ချင်းတစ်ယောက်တစ်ယောက်က လုပ်သမျှတွေအဆင်မပြေလို့ စိတ်ညစ် တဲ့အကြောင်း စာရေးသူကိုလာပြောပြပါတယ်၊ ဒါနဲ့သူကိုစိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ စကားတစ်ချို့ပြောဖြစ် ပါ တယ်၊ ခုသူငယ်ချင်းကိုပြောပြဖြစ်တဲ့ စကားလေးတစ်ချို့ကို စာ ဖတ်သူတွေကိုမျှဝေချင်တာပါ၊

လူတိုင်းစိတ်ညစ်ကြပါတယ်၊ စိတ်ဓာတ်ကျကြပါတယ်၊ လူငယ်တွေမှာအများဆုံး စိတ်ဓာတ်ကျ ရတဲ့အကြောင်းကတော့ အချစ်ရေးမပြေလည်လို့ဖြစ်တာများပါတယ်၊ လူလတ်ပိုင်းတွေကြပြန်တော့ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေကြလို့ စိဓာတ်ကျ ရတာများပါတယ်၊ လူကြီးပိုင်းတွေကြပြန် တော့ သားသမီးကံမကောင်းလို့ ကျန်းမာရေးမ ကောင်းလို့ စတဲ့အကြောင်းတွေကြောင့် ဓိတ်ဓာတ် ကျရပါတယ်၊ တရားဝင်သုတေသန လုပ်ထားတာပေါ့မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထရှိတတ် တာလေး တွေကို ခန့်မှန်းခြေနဲ့ ပြောပြကြည့်တာပါ၊ မှားသွားရင်လည်း ဆောရီးပါလို့ ကြိုတင်တောင်းပန် ထားပါရစေ၊ ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ တစ်နေ့နေ့တစ်ချိန်မှာတော့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ကြရတာပဲ မဟုတ်လား၊

စိတ်ညစ်တဲ့အခါ ဘယ်လိုဖြေဖြောက်ကြမလဲ များသောအားဖြင့်အရက်သောက် လိုက်ကွာလို့ ပြောကြမယ်ထင်ပါတယ်၊ အရက်သောက်လို့ တကယ်စိတ်ညစ်တာတွေက ပြေပျောက်သွားပါသလား စိတ်ညစ်လို့ အရက်သောက်ဖူးသူတိုင်းသိပါတယ်၊တကယ်မ ပြေပျောက်ပါဘူး၊ အရက်သောက်တဲ့အ တွက် အမှားတွေထပ်ဆင့်ပြုလုပ်မိပြီး စိတ်ညစ်စရာတွေထပ်ဆင့်တိုးဖို့သာများပါတယ်၊ ဒါဆိုစိတ်ညစ် ရင်ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ၊လွယ်ပါတယ်စာဖတ်သူရယ် လွယ်တယ် ပြောလို့ဆက်မဖတ် ချင်တော့ဘူးလား၊ လွယ်ပေမဲ့ခက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရာက မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရတာမို့ပါ၊ ဒါပေမဲ့အချိန်တော့ယူရမယ်နော်၊ ခုရေတွင်းတူး ခုရေကြည် သောက်ဆိုသလိုတော့မဖြစ်နိုင်ဘူးလေ၊ မြစ်ကမ်းဘေးကိုရောက်ဖူးကြတယ်မို့လား၊ ကမ်းဘေးမှာ ရေမ တက်အောင်၊ ရေမတိုက်စားအောင် မြေတွေအုတ်တွေဖို့ထားတယ်မို့လား၊ အဲဒီလိုဖို့ထားတာ ကာထား တာတွေဟာ ရေတွေမတက်ခင် ကြိုတင်လုပ်ထားရတာလေ ရေတွေတက်လာမှလုပ်နေရင် ဘယ်မှာ နိုင်တော့မှာလဲ အားလုံးစုန်းစုန်မြုပ်တော့မယ်ပေါ့၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက တိုက်ပွဲရဲ့တစ်ဝက်ကိုနိုင်ထားခြင်းပါ စာရေးသူရယ်၊ ကောင်းပြီးလေ ဘယ်လိုပြင်ဆင်ကြမလဲ၊ ဘာနဲ့ပြင် ဆင်ကြမလဲ၊

ဥပမာလေးတွေနဲ့ပြေကြည့်ချင်ပါတယ်၊ မြတ်စွာဘုရားရှင် ဘုရားမဖြစ်ခင်ကာလ လေးတစ်ခုမှာ ပါ၊ မဟာဗောဓိပင်အောက်မှာ ဘုရာဖြစ်တော်မူရန်ကျင့်ကြံနေတဲ့ အချိန်မှာ အားလုံးသိကြမယ် ထင်ပါ တယ်၊ မာန်နတ်မင်းကြီးလာရောက်နှောက်ယှက်တယ်လေ၊ စဉ်းစားကြည့်ပါ စာဖတ်သူရယ် အဲဒီအချိန် မှာ ဘုရားအလောင်းတော်နား ဘယ်သူမှ မရှိခဲ့ဘူးလေ၊ ဘုရာအလောင်းတော်တစ်ပါးတည်းပေါ့၊ မာန်နတ်မင်းကြီးဘက်ကြတော့ သူကိုယ်တိုင်ကလက်ရုန်း ပေါင်းတစ်ထောင်းနဲ့လေ၊ ပြီးတော့ နောက်လိုက်တပည့်စစ်သည်တွေကလည်းအများကြီးလေ၊ မာန်နတ်မင်းကြီးက ဂီရိမေခလာဆင်ကြီး ကိုစီးလို့လေ၊ ဘုရားအလောင်းတော်က မဟာဗောဓိပင်အောင်မှာ ကတစ်ပါးတည်းလေ၊ ဒီကြားထဲ မာန်နတ်မင်းက “ သိဒ္ဓတ္ထ ပလ္လင်ပေါ်ကအမြန်ဆင်းလော့”စတဲ့ ရန်စကားတွေနဲ့ အမနာပစတာတွေ ပြောကြားသေးတာလေ၊ တွေးကြည့်ရင် ကြက်သီးသီးဖြန်းဖြန်းထချင်စရာကြီးပါ စာဖတ်သူရယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားအလောင်းတော်ဘက်မှာ သက်သေပြစရာ ဘာရယ်မှ မရှိဘူးလေ၊ တကယ့်တကယ်ပိုင်ဆိုင်တာမှန်ပေမဲ့ ဘယ်မှာလဲသက်သေ၊ ဘယ်မှာစာချုပ်စာတမ်း၊ ဘယ်မှာလဲဂရမ်၊ မှန်ကန်ပေမဲ့ ကြံကြံဖန်ဖန်တွေနဲ့တွေ့တော့ တစ်ခါတစ်ခါ အမှန်အကန်တွေလည်း ခံသွားရဖူးတဲ့ သာဓ ကတွေ ရှိခဲ့ဖူးတယ်မို့လား စာဖတ်သူရယ်၊ ဒါပေမဲ့ ဘုရားလောင်းမှာ တစ်ခုတည်းသောသက်သေက ဟောဒီမဟာပထ၀ီမြေကြီးပဲရှိခဲ့တယ်လေ၊ ဘုရားအလောင်းတော်ဟာ တစ်လောကလုံးကိုပို့သနေတဲ့ မေတ္တာတွေကိုလည်း မာန်နတ်မင်းဆီကိုပဲ ပို့သထားပါတယ်၊ နောက် မဟာပထ၀ီမြေကြီးကို လက်ညှိုးညွှန်ပြပြီး “ဤမဟာပထ၀ီမြေကြီးသည် ငါပြုသမျှ ကောင်းမှုအစုစုအား သက်သေအရာ၌ တည်ပါစေသား”လို့ သစ္စာဆိုလိုက်ပါတယ်၊ သစ္စာဆိုလိုက်တာနဲ့တပြိုင်နက် မဟာပထီမြေကြီးက သက်သေအရာမှာတည်တဲ့အလား သွက်သွက်ခါအောင်လှုပ်ရှားသွားပါတယ်၊ အဲဒီအချိန်ကြမှ မာန်နတ်နဲ့သူ့စစ်သည်အပေါင်းအပါတွေလည်း ထွက်ပြေးသွားကြပါတယ်၊အဲဒီလိုသစ္စာဆိုနိုင်တာက လည်း ကောင်းမှုပြုတိုင်း ဟောဒီမဟာပထ၀ီမြေကြီးကို သက်သေအရာထားပြီး ရေစက်သွန်ချခဲ့လို့ပါ၊ ပြောချင်တာကတော့ စာဖတ်သူရယ် တကယ်အရေး တကယ့်ဘေးကြတော့ ကိုယ်ပြုခဲ့တဲ့ကောင်းမှု တွေက ကိုယ်ရဲ့အားကိုးရာနဲ့ ကိုယ်ပို့တဲ့မေတ္တာတွေက ကိုယ်ရဲ့ထာဝရမိတ်ဆွေကောင်းတွေပါ၊ စာဖတ် သူကပြောမှာပေါ့ ဘုရားလောင်းမို့လို့ပါကွာလို့၊ အဲဒီလိုထင်နေရင် စာဖတ်သူကျေနပ်သွား အောင်နောက်ထပ်ဥပမာလေးတစ်ခု ထပ်ပြောပြပါဦးမယ်၊ ခုပြောပြမဲ့ ဥပမာလေးက လူတောင်မဟုတ် ပါဘူး တိရစ္ဆာန်လေးတစ်ကောင်ရဲ့ တကယ့်အဖြစ်အပျက်ပါ၊ ကမ္ဘာဦးကဖြစ်ပျက်ခဲ့တာပါ၊ ဒီလိုပါ စာဖတ်သူ။ တစ်ခါက တောကြီးမျက်မည်းထဲမှာ အဖေအဖေတွေနဲ့ အတူနေတဲ့ ငုံးပေါက်စလေးတစ် ကောင်ရှိခဲ့ပါတယ်၊ ငုံပေါက်လေးက ငယ်သေးတော့ ဘယ်ကိုမှကောင်းကောင်းမပျံနိုင်ပါဘူး၊ အစာလည်းမရှာနိုင်ပါဘူး၊ တစ်နေ့ကံဆိုးချင်တော့ တောမီးကြီးထလောင်ပါတယ်၊ ဒီအချိန်မှာ တော ကောင်တွေအားလုံး မီးလွတ်ရာကိုပြေးကြပါတယ်၊ ငုံးပေါက်စလေးရဲ့အဖေနဲ့အမေလည်း မီးလွတ်ရာ ကိုပြေးသွားပါတယ်၊ လောင်နေတဲ့မီးလျှံတွေကြားမှာ အတောင်မရှိလို့ မပျံနိုင်တဲ့ ငုံးပေါက်စလေးတစ် ကောင် ထဲ ကျန်နေခဲ့ပါတယ်၊

တွေးကြည့်ပါစာဖတ်သူရယ် အဲဒီလိုအချိန်မျိုးမှာဆိုရင် စာရေးသူရောစာဖတ်သူပါ တကယ်ရင် ဆိုင်နေ ရရင် ခိုက်ခိုက်တုန်းအောင်ကြောက်ပြီး အီးအီးတွေ၊ ရှူးရှူးတွေပါနေမှာပါ၊ မီးကတွေက ဒီလောက် အားကောင်းနေတာလေ၊ ပူလည်းတော်တော်ပူနေမှာပါ၊ ဒါပေမဲ့ ငုံးပေါက်စလေး ဘာလုပ်တယ်ထင်ပါ သလဲ စာဖတ်သူရေ၊ ဆက်မဖတ်သေးပဲနဲ့ နဖူးပေါ်လက်တင်ထားပြီး ခဏလေးတွေးကြည့်လိုက်ပါနော်၊

ကဲစာဖတ်သူ ဦးနှောက်ခြောက်နေပါဦးမယ်၊ ဒီလိုပါစာဖတ်သူရယ်၊ ငုံးပေါက်စ လေးက ကြောက်နေတဲ့ စိတ်တွေ၊ ကျနေတဲ့စိတ်ဓာတ်တွေကို တခဏခြင်းစုစည်းလိုက်ပြီး၊ ခုလိုသစ္စာဆို ပါတယ်“ ငါ့မှာ အမိအဖရှိပါ၏၊ ဒီမီးမှလွတ်အောင် သူတို့မကယ်နိုင်ပါ အတောင်ရှိပါ၏ သို့သော် မပျံနိုင်ပါ၊ ဤသစ္စာစကားမှန်ကန်ပါက ဤတောမီးသည် ငြိမ်းပါစေသား” အံသြစရာကောင်းပါတယ် စာဖတ်သူရေ၊ အဲဒီလိုသစ္စာဆိုလိုက်တာနဲ့ တပြိုင်နက်တောမီးက ရေနဲ့ပက်ဖြန်းငြှိမ်းသတ်လိုက်သလို ငြိမ်းသွားပါတယ်၊ ငြိမ်းရုံတင်မက အဲဒီနေရာကို ကမ္ဘာတည်သရွေ့ မီးဘယ်တော့မှ မလောင်နိုင်ပါဘူး တဲ့၊ တခြားတန်ခိုး မဟုတ်ပါဘူးစာဖတ်သူ၊ သစ္စာတန်းခိုးပါ၊ ဒါကြောင့် မာန်လည်ဆရာတော်ကြီးက လည်း“ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ပေါ်ဆီတက်၍ ၊နွယ်မြက်သစ်ပင်၊ဆေး ဖက်ဝင်၏၊ သစ္စာနှုတ်သီးမာန္တာန်ကြီးကား သေပြီးသော်မှ ရှင်ပြန်ရ၏”လို့ ရေးဖွဲ့ထားတာပါ၊

ဒါကြောင့်ပြောချင်ပါတယ် စာဖတ်သူရယ် ကိုယ်မှန်ရဲ့နဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ တစ်ယောက်တည်း ကူကယ်သူမဲ့ပြီး စိတ်ဓာတ်တွေ အတုံးလိုက်အတစ်လိုက်ကျနေတယ်ဆိုရင် ကျန်တာတွေသွားအားမကိုးပါနဲ့ ကိုယ်လုပ်ထားတဲ့ ကိုယ်ပိုင်ကုသိုလ်ကောင်းမှုတွေကို သစ္စာဆိုပြီး မေတ္တာသာများများပို့လိုက်ပါလို့။ ။

အော်မေ့တော့မလို့ စာဖတ်သူရေ သစ္စာဆိုလို့ ပါဠိစကားလုံးကြီး၊ တရားစကားကြီး ဆိုပြီး ကြောက်မသွားပါနဲ့ သစ္စာဆိုတာ=မှန်တာကို မှန်တဲ့အတိုင်းပြောဆိုတာပါလို့ မြန်မာလိုရိုးရိုးလေး တွေးပါနော်၊ မေတ္တာဆိုတာကတော့ ကိုယ်အတွက်အကျိုးမမျှော်ပဲ သူအကျိုးကို မျှော်ကိုးပြီး ကျန်းမာပါ စေ၊ ချမ်းသာပါစေ ပို့ဝေနေတာကို ဆိုတာပါ။ ။

စာဖတ်သူအားလုံး စိတ်ဓာတ်ကျခြင်းမှ ကင်းဝေးကြပါစေ၊

ရွှေမန်းသား

အရှင်အကုင်္ရ(ကျောက်ဆည်)

အောင်ဆန်းပေးတဲ့ မြန်မာပြည်(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ)

ဗိုလ်ချုပ်အောင်ဆန်း

လူ့လောကထဲ သူနေခဲ့ရတာက

၃၂နှစ်၊၅လ၊၆ရက်ထဲရယ်ပါ။

၁၃.၂.၁၉၁၅မှ၁၉.၇.၁၉၄၇

နတ်မောက်ဦးသောဘိတကျောင်း

ရေနံချောင်းအမျိုးသားကျောင်း

ရန်ကုန်တက္ကသိုလ်တွေမှပညာစည်းပူးခဲ့

၁၉၄၃ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့

နိုင်ငံရေးစတင်

နိုင်ငံရေးလုပ်သက်၁၃နှစ်

အဓိကဖြတ်သန်းမှုတွေကတော့

မြန်မာ့လွပ်လပ်ရေး(သို့မဟုတ်)

စတုတ္ထမြန်မာနိုင်ငံတော်။



အရပ်ပုပု

မျက်မှောင်ကုတ်ကုတ်

ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား

စကားမပြော

ပြောရင်မ၇ပ်

ညှင်းသိုးသိုးအရိုးခံ

ခေါင်းအမာဆုံး

ဇွဲအရှိဆုံး

စိတ်ဓာတ်အပြင်းထန်ဆုံးလူသား။



သူမသိ နားမလည်တာတွေကအများသား

ရေမကူးတတ်ဘူး

စက်ဘီးမစီးတတ်ဘူး

စန္ဒရားမတီးတတ်ဘူး

သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး

မိန်းမ မပိုးတတ်ဘူး။



ဘိလပ်ပြန်သန်းကို မေရှင်သီချင်းဆိုခိုင်းခဲ့သူ

ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ပိုးခဲ့ရသူ

ဗွီအိုင်ပီဆိုတဲ့စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ

လမ်းဘေးမှာ

ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်

မင်္ဂလာဆောင်မှာ

ခဲဖိုးတောင်းတာ နားမလည်တဲ့သူ

လွပ်လပ်ရေးကို စဉ်းစားရင်း

စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ

လွပ်လပ်ရေးကို စဉ်းစားရင်း

ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ

တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ရွာသားတွေနဲ့

အတူလမ်းဘေးမှာ အကြော်စားတဲ့ဝန်ကြီးချုပ်

သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ်

ခံယူတဲ့ဝန်ကြီးချုပ်။



"ကြည်...ပဲပြုပ်နဲ့ နံပြားရရင်စားချင်တယ်"လို့

မိန်းမကိုနံနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ကမ္ဘာကျော်နံနက်စာ

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့

သာမှန်ရဲ့ဘော်အဆင့်ရဲ့ အမှန်ကို

ကွဲကွဲပြားပြား သိတဲ့သူ

လူငယ်ဘဝ၊ လူ့ဘဝရဲ့စည်းစိမ်အရသာတွေ

ခံစားဖို့ အချိန်မရတဲ့သူ

သူ့ဖြတ်သန်းမှုမှာ

လွပ်လပ်ရေးဆိုတာတစ်ခုထဲနဲ့

ပကတိရိုးရှင်း သန့်စင်ခဲ့တဲ့သူ

သူ့ကိုဒဂုန်တာရာက ကင်ပွန်းတပ်

"အောင်ဆန်း"(သို့မဟုတ်)"အရိုင်းတဲ့"။

လုပ်သက်ကခပ်နုနု

ကျောင်းသားပေါက်စ

သခင်ပေါက်စ

စစ်သားပေါက်စ

နိုင်ငံရေးသမားပေါက်စ

ဘဝတွေက အဖုံဖုံ

အသက်က ၃၀မရှိတရှိ။



ဒီ အောင်ဆန်းလက်တောက်လေးကို

ဘာ့ကြောင့်

နေမဝင်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။



တကယ်ဆိုတော့

ငါတို့ အောင်ဆန်းက

နယ်နယ်ရရမဟုတ်

ရိုးသားတဲ့ မြန်မာတွေထက်ပို

ရိုးသားတဲ့ အောင်ဆန်း

သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို

သတ္တိရှိတဲ့ အောင်ဆန်း

စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို

စွန့်လွှတ်ပြတဲ့ အောင်ဆန်း

ဒီလိုအောင်ဆန်း

သူ့သွေးသား အရိုးအချဉ်တွေအားလုံး

လွပ်လပ်ရေး တစ်ခုထဲနဲ့ အပြီး

စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း

တကယ့်အရိုးခံ အောင်ဆန်းပေါ့။



ဒီအောင်ဆန်းကို

လွပ်လပ်ရေးလမ်းဝမှာ ဘွားခနဲမြင်လိုက်ရရုံပဲ

အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊မြ၊ချိုတို့ကအစ

"ငါတို့အားကိုးပါရစေ"ဆိုလာကြ

ရှေးဘိုးဘွား မိဘပြည်သူတွေက

"ငါတို့ကယ်မဲ့ မင်းလောင်းပေါ`်ပြီ"ပြုံးပျော်ကြ

လူငယ်သွေးသောက် မြန်မာတွေက

"ငါတို့စွန့်ပါရစေ"ဆိုပြီး ရှေ့ထွက်လာကြ

စုကြ၊ရုံးကြ၊စည်းလုံးကြ

တကယ့်ဗမာတွေ

မဟာအောင်ဆန်း အနောက်က

ပြည်သူ့ဒီလှိုင်းလုံးကြီးတွေရဲ့

တဝုန်းဝုန်းရိုက်ခတ်သံဟာ

အဲ့ဒီအချိန်က

ဝိတိုရိယ ဘုရင်မကြီးကိုတောင်

အိပ်မက်တွေ အေးခဲစေခဲ့သပေါ။



အောင်ဆန်းရှေ့ရောက်ရင်

ရှမ်းတွေကရှမ်းစကားမဆို

ကချင်တွေကလည်း ကချင်စကားမဟကြ

အောင်ဆန်းကိုယုံကြည်စွာနဲ့

သူတို့သခင်အဖြစ် သိမှတ်ပြုကြ

အားလုံးသော တိုင်းရင်းသားတွေ။



ဒီ ပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လို့လည်း

အင်္ဂလိပ်တွေက ဒီအောင်ဆန်း

လက်တောက်လောက်နဲ့

တစ်စားပွဲထဲ ဝိုင်းခဲ့ကြပေါ့

အကင်းပါးသူတွေပီပီ

မတိုက်မီကရှုံးနေတဲ့ဒီစစ်ကို

ဒင်းတို့ မတိုက်ဝံ့ကြ

မျက်နှာမပျက် အောင်မြင်စွာဆုတ်ခွာမဲ့လမ်းကို

သူတို့ ရွေးခဲ့ကြ

အောင်ဆန်းနဲ့အတွေ့မှာ။



ယုံကြည်အားကိုးတဲ့

မျက်လုံးပေါင်း သန်း၆၀

အောင်ဆန်းမှာရှိတယ်

လွပ်လပ်ရေးကို တရှိက်မတ်မတ်တောင့်တတဲ့

နှလုံးသားသန်း၃၀ အောင်ဆန်းမှာရှိတယ်

အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ

အောင်ဆန်းမှာ တစ်ပြည်လုံးရှိတယ်

ဒီမျက်နှာ နှလုံးအသက်

ဗို့အားသိန်းသန်းချီပြီး မီးဆလိုက်အားတွေနဲ့

နေမဝင်အင်ပါယာကို

ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ

အခြောက်တိုက် ဘဝင်မြင့်နေတဲ့သူတွေ

အားလုံးအရည်ပျော်သွားကြ။



ဘယ်ရာဇဝင်မှာ ခင်ဗျားတို့တွေ့ဖူးလဲ

ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး

အင်္ဂလိပ်ဆိုတာကလည်းဝေးလာဝေး

သူငယ်နှပ်စားသမားမဟုတ်

ဒင်းတို့တွေတောင်

ရအောင်စည်းရုံးနိုင်တဲ့သူ အောင်ဆန်း

ဒီအောင်ဆန်းက စစ်ကိုမလို

ဒါပေမဲ့ ရရင်ရ မရရင်ချဆိုတာ

အောင်ဆန်းဝါဒ

လွပ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့

အဲ့ဒီအချိန် ပြည်သူတွေရဲ့

တစ်ဦးတည်းသော ကိုယ်စားလှယ်

ငါတို့အောင်ဆန်းပေါ့။



အောင်ဆန်း

ဒီအချိန်ဆို

၉၅ နှစ်ရှိပြီ

အောင်ဆန်းပြောမယ်

အဘိုးရဲ့ စကားနားထောင်...။



"မမေ့နဲ့... မင်းတို့ ကနေ့ရှုနေတဲ့လေဟာ

ငါတို့ မနေ့က ချွေးစက်တွေဆိုတာ

"မမေ့နဲ့... မင်းတို့ မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့

ငါတို့ ဗုံးပေါလအော ကျဆုံးပေးခဲ့ရတာ

မမေ့နဲ့... မင်းတို့ကမ္ဘာမြေပုံပေါ`်တက်နိုင်ဖို့

ငါတို့ အလောင်းကောင်တွေ ဆင့်ပြီး

ထမ်းတင်ပေးခဲ့တာ မမေ့နဲ့...။"



မြန်မာလူမျိုးတိုင်းမှာ

အဖေနှစ်ယောက်ရှိတယ်

တစ်ယောက်က

ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က

မြန်မာလူမျိုးကို မွေးပေးခဲ့တဲ့အဖေ

မြန်မာလူမျိုးရဲ့ အဖေ

မြန်မာ့အဖေ "အောင်ဆန်း"ပေါ့။



ကျုပ်အဖေနဲ့ အဖိုးဟာအောင်ဆန်းသားတွေ

အောင်ဆန်းက ကျုပ်အဖိုး

ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့

သူ့အဖိုးကိုသူ လွမ်းတတ်နေပြီ

သူ့သားကျရင်လည်း သူ့အဘေးနဲ့

ပေးတွေ့နိုင်ဖို့

အခုကထဲက အသေအချာ

ကျုပ်မှာထားရအုံးမယ်။

ဒီလိုမျိုးလူငယ်တွေ တို့တိုင်းပြည်မာ အများကြီးလိုတယ်

၂ဝရာစုခေတ် နှစ်(၃ဝ)အစောပိုင်း တစ်ခုသောနွေဦးရာသီအစမှာ ရုရှားနိုင်ငံမှာရှိတဲ့ သာမန်လယ်သမား မိသားစုတစ်စုဆီကနေ သားယောက်ျားတစ်ဦး ဖွားမြင်ခဲ့တယ်။ ဆင်းရဲတဲ့လယ်သမား မိသားစုဖြစ်တဲ့အတွက် ကလေးငယ်ရဲ့ဘဝဟာ မွေးလာတာနဲ့ ဆင်းရဲတဲ့ဒဏ်ကို စခံခဲ့ရတယ်။ သူဟာ မိသားစုဝင်(၆)ဦးနဲ့အတူ အိမ်စုတ်လေးတစ်လုံးထဲမှာ ကြပ်ကြပ်ညှပ်ညှပ်နေခဲ့ရတယ်။ သူတို့အိမ်မှာ နို့စားနွားမတစ်ကောင်ကလွဲလို့ တခြားအဖိုးတန်ပစ္စည်း ဘာမှမရှိခဲ့ပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကလေးငယ်ဟာ ကျောင်းစာတွေကို ကြိုးစားသင်ယူခဲ့တယ်။ ကျောင်းစာမှာ ထူးချွန်ထက်မြက်တဲ့သူ့ကို အတန်းသားအားလုံးက ချစ်ခင်နှစ်သက်ကြတယ်။ အတန်းသားတွေကြားမှာ သူနာမည်ကောင်းရခဲ့တယ်။ ဒါပေမယ့် ဆရာတချို့က သူ့ကို မနှစ်သက်ခဲ့ဘူး။ သူ့ကို ကျောင်းသားဆိုးတစ်ယောက်လို့ သဘောထားခဲ့ကြတယ်။ ဆရာတချို့က သူ့ကိုကျောင်းထုတ်လိုက်ဖို့ ကျောင်းအုပ်ကြီးဆီ အကြိမ်ကြိမ်တင်ပြကြတယ်။ ကျောင်းထုတ်ရတဲ့အကြောင်းရင်းက အတန်းထဲမှာ သူဟာ တခြားလူတွေ ထင်မှတ်မထားတဲ့ ထူးဆန်းတဲ့အကြံဉာဏ်တွေကို ထုတ်တတ်လို့ဖြစ်တယ်။

ဆရာတွေကို ပိုဦးနှောက်ခြောက်စေတာက အတန်းထဲမှာ ကျောင်းသားတချို့ မတရားခံရတဲ့အခါ ဒါမှမဟုတ် သူကိုယ်တိုင် မတရားခံရတဲ့အခါ သူဟာ သတ္တိရှိရှိထရပ်ပြီး ရင်ဆိုင်ဖြေရှင်းတတ်တယ်။ သူ့ရဲ့ယုတ္တိရှိတဲ့၊ မှန်ကန်တဲ့စကားတွေက ဆရာတွေကို နှုတ်ဆိတ်သွားစေတယ်။ ကြောင်အသွားစေတယ်။

အဲဒီနှစ်ရဲ့ အထက်တန်းစာမေးပွဲကို သူကောင်းကောင်း ဖြေဆိုနိုင်ခဲ့တယ်။ ဘာသာရပ်တိုင်း အမှတ်ပြည့်နီးနီး သူဖြေဆိုနိုင်ခဲ့တယ်။ အထက်တန်းကို သူလျောလျောရှူရှူ အောင်မြင်နိုင်မယ်လို့ သူယုံကြည်ခဲ့တယ်။ အောင်စာရင်းပေးပွဲ ကျင်းပတဲ့နေ့မှာ အတန်းသားအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ဆုံခဲ့ကြတယ်။ တစ်ယောက်တစ်လှည့်စီ စင်မြင့်ပေါ်တက်ပြီး ဆရာလက်ထဲကနေ ကိုယ်ပိုင်အောင်စာရင်းစာရွက်ကို တလေးတစား လက်ခံခဲ့ကြတယ်။ သူ့အလှည့်ရောက်တော့ စတိတ်စင်ပေါ်တက်ပြီး သူ့မှာ ပြောစရာစကားရှိတယ်၊ သူ့ကိုစကားပြောခွင့်ပေးဖို့ ပွဲကျင်းပတဲ့ဆရာမဆီ သူခွင့်တောင်းလိုက်တယ်။ သူပြောမယ့်စကားကို စိတ်ဝင်စားတဲ့ဆရာမက သူ့ကိုခွင့်ပြုလိုက်ပါတယ်။ စင်အောက်က အတန်းသားတွေလည်း လက်ခုပ်လက်ဝါးတီးပြီး သူ့ကိုအားပေးခဲ့ကြတယ်။

စစချင်းမှာ သူဟာ သူတို့ကိုပညာသင်ကြားပေးတဲ့၊ ဂရုစိုက် ကူညီစောင့်ရှောက်ခဲ့တဲ့ ဆရာတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ စင်ပေါ်စင်အောက် လူအများက သူ့ကို လက်ခုပ်တီး အားပေးခဲ့တယ်။ ဆက်ပြီး သူတို့အတန်းပိုင်ဆရာကို သူစဝေဖန်ပါတယ်။ အတန်းပိုင်ဆရာရဲ့ စာသင်ချိန်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အမှား၊ ဆိုးကျိုးတွေကို ဝေဖန်ထောက်ပြခဲ့တယ်။ အတန်းသားအပေါ် အတန်းပိုင်ဆရာရဲ့ တန်းတူညီမျှ မဆက်ဆံမှုတွေ၊ သင်ပြပုံ စနစ်မကျမှုတွေကို ပြောဆိုခဲ့တယ်။ သူ့ဝေဖန်ချက်တွေကြောင့် စင်ပေါ်ထိုင်နေတဲ့ အတန်းပိုင်ဆရာ ဒေါသထွက် အရှက်ရသွားခဲ့တယ်။

အဲဒီအောင်စာရင်းပေးပွဲပြီးနောက် သူဟာ သူ့အောင်စာရင်းကို သွားယူခဲ့တယ်။ ဒါပေမယ့် ကျောင်းက သူ့ကိုအောင်စာရင်းစာရွက် ထုတ်မပေးခဲ့ဘူး။ ဒီအတွက် သူ မကျေမနပ်ဖြစ်ခဲ့တယ်။ စာမေးပွဲကို သူအောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တယ်။ အောင်မြင်ကြောင်းလည်း ကြေညာခဲ့တယ်။ ဒါကြောင့် အောင်စာရင်းစာရွက်ကို ရနိုင်တဲ့အရည်အချင်း သူ့မှာရှိတယ်လို့ သူထင်ခဲ့တယ်။ သူ့ကို အောင်စာရင်းစာရွက်ထုတ်ပေးဖို့ ကျောင်းကငြင်းဆန်ခဲ့တာဟာ မတရားဘူး။ ဒါဟာ သူ့အခွင့်အရေးကို ပိတ်ပင်တာဖြစ်တယ်လို့ သူထင်ပြီး ကျောင်းနဲ့ သက်ဆိုင်ရာပညာရေးရုံးမှာ သူတိုင်ကြားခဲ့တယ်။ သူရနိုင်တဲ့ မှန်ကန်တဲ့ အခွင့်အရေးအတွက် သူအသံထွက်ခဲ့တယ်။

သူ့ရဲ့ကြိုးစားမှုကြောင့် အထက်သက်ဆိုင်ရာလူကြီးတွေက သူ့အတန်းပိုင်ဆရာရဲ့ အပြုအမှုကို စောင့်ကြည့်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့တယ်။ နောက်ဆုံးမှာ အမှားတွေ၊ မတရားမှုတွေနဲ့ ကျောင်းသားတွေအပေါ် မျှမျှတတမဆက်ဆံခဲ့တဲ့ အတန်းပိုင်ဆရာဟာ အရေးယူခံခဲ့ရတယ်။ သူ့ရဲ့မတွန့်မကြောက် အမှန်ကိုအမှန်အတိုင်း ထရပ်ပြောဆိုခဲ့တဲ့ သတ္တိကြောင့် နောက်ဆုံးမှာ သူရထိုက်တဲ့ သူ့ကိုယ်ပိုင် အောင်စာရင်းစာရွက်ကို ရခဲ့တယ်။

သူဟာ ဆင်းရဲလို့ဆိုပြီး မသိမ်ငယ်ခဲ့ဘူး၊ အထင်မသေးခဲ့ဘူး။ ကိုယ့်ကိုယ်ကိုလေးစားမှု သူ့မှာရှိခဲ့တယ်။ သူတစ်ပါးအတွက် အကျိုးရှိတဲ့၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် စကားပြောဆိုခွင့်ကြုံလာတိုင်း သူသတ္တိရှိရှိထွက်ရပ်ပြီး ပြောခဲ့တယ်။ တရားမျှတမှုနဲ့ မှန်ကန်မှုအတွက် သူသတ္တိရှိရှိ ရင်ဆိုင်ခဲ့တယ်။

သူဟာ တခြားသူမဟုတ်ခဲ့ပါဘူး... ရုရှားနိုင်ငံရဲ့ ပထမဆုံးသောသမ္မတ Boris Yeltsinပဲဖြစ်တယ်။ သူ့ရဲ့ စကားပြောသင့်ချိန်မှာ သတ္တိရှိရှိထွက်ရပ်ပြီး ပြောရဲတဲ့အပြုအမှုကြောင့် သူ့ဘဝလမ်းတစ်လျှောက်မှာ လူအများရဲ့ ဂရုစိုက်မှု၊ လေးစားမှုနဲ့ အောင်မြင်ကျော်ကြားမှုတွေ ရခဲ့တယ်။

လူ့ဘဝရဲ့ တချို့အချိန်တွေမှာ သတ္တိဆိုတာလိုအပ်တယ်။ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေ လိုအပ်တယ်။ မကြောက်မရွံ့တဲ့ သတ္တိတွေရှိမှ ကိုယ်ပဲရှိတယ်လို့ထင်တဲ့ နေရာကနေ ရုန်းထွက်ပြီး အချင်းချင်း အပြန်အလှန် ဆက်ဆံပြောဆိုမှုထဲ စီးဝင်မှာဖြစ်တယ်။ ဒါမှ ကွဲပြားတဲ့အသံ၊ မတူတဲ့အကြံဉာဏ်၊ ဝေဖန်သံတွေကို ကြားရမှာဖြစ်တယ်။

ဂျာမန်နာမည်ကြီး စာရေးဆရာGoetheက "သူရဲဘောကြောင်သူတွေဟာ သက်ပြင်းချတယ်၊ ညည်းတွားတယ်၊ ထိုင်းမှိုင်းတယ်။ သတ္တိရှိသူတွေဟာ ဖြူစင်တဲ့မျက်လုံးတွေနဲ့ အလင်းရှိရာဘက် ဦးတည်ခေါင်းမော့တယ်"လို့ ဆိုခဲ့ပါတယ်။

လရောင်အောက်မှာ...

ချောမာလှပတဲ့ ချစ်စရာ ဂျင်းနီလေးဟာ သူမတို့မိသားစု ပြောင်းရွေ့လာရတဲ့ အိမ်သစ်ကလေးကိုကြည့်ပြီး သိပ်ကို ပျော်ရွှင်ကျေနပ်နေပါတယ်… အိမ်ကလေးက ကြီးမားလှတယ် မဟုတ်ပေမဲ့ နေချင့်စဖွယ်ရှိပြီး သူမအတွက် သီးသန့်အခန်းလေးတစ်ခုလည်း ပါဝင်တာမို့ ပျော်ရွှင်နေမိတာပါ။ သူမက မကြာခင်မှာ တက္ကသိုလ် စပြီးတက်ရတော့မယ်.. အသစ်စက်စက် တက္ကသိုလ်ကျောင်းသူလေး ဖြစ်လာတော့မဲ့ ဂျင်းနီအတွက် ကိုယ်ပိုင် သီးသန့်အခန်းလေးနဲ့တော့ နေချင်တယ်လေ. သူမတစ်သက်မှာ ကိုယ်ပိုင်အခန်းနဲ့ ဘယ်တုန်းကမှ မနေခဲ့ဖူးဘူး။ ဒါကြောင့် အခု သူမအတွက် အပိုင်ရတဲ့ အခန်းလေးကို ကြည့်ပြီး တစ်စိမ့်စိမ့်နဲ့ ကျေနပ်ပီတိတွေ ဖြစ်နေခဲ့မိတယ်.. သူမရဲ့ ပစ္စည်း ပစ္စယ တွေကိုတောင် နေရာမချနိုင်သေးဘဲ အခန်းလေးရဲ့ ပြူတင်းမှာ တတ်ဆင်ထားတဲ့ လိုက်ကာလေးဟာ ပြင်ပက လေပြေညင်းလေးရဲ့ တိုက်ခတ်မှုကြောင့် တစ်ဖျတ်ဖျတ် လှုပ်ခါနေတာကိုကြည့်ပြီး သူမစိတ်တွေလည်း ဖျတ်ဖျတ် ခါလို့ပေါ့။ ဒီလိုကျတော့လည်း လောကကြီးက ပျော်ရွှင် ကျေနပ်စရာပါဘဲနော်.. တက္ကသိုလ်မှာ သူငယ်ချင်း အသစ်တွေရပြီး ပါတီတွေ ပျော်ပွဲရွှင်ပွဲတွေ နွဲရပေဦးတော့မယ်.. အိုး.. အဲဒီလို ဘ၀လေးဟာ သူမ သိပ်ကိုလိုချင်ခဲ့တဲ့ ဘ၀လေးပါဘဲလေ။ တက္ကသိုလ်ကျောင်းသူဘ၀ရဲ့ ပျော်ရွှင်လွတ်လပ်ခွင့်တွေ အပြည့်အ၀နဲ့ ပျော်ပစ်လိုက်ဦးမယ် လို့လည်း သူမက တွေးနေမိသေးတော့တယ်။


ကျောင်းစတက်တော့ သူမ မျှော်လင့်ထားသလိုပါဘဲ။ ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်... သူငယ်ချင်း အသစ်တွေ အများကြီး ရသလို အတန်းထဲက ကောင်လေးတွေကလည်း ချစ်စရာကောင်းလှတဲ့ သူမကို စိတ်ဝင်စားကြတယ်။ ပြီးတော့ သူမအတွက် ဂုဏ်ယူဝံ့ကြွားစရာက သူမတို့တက္ကသိုလ်မှာ အားကစားသိပ်တော်ပြီး ချမ်းလည်းချမ်းသာ၊ ရုပ်လည်းချောတာကြောင့် နံမည်ကြီး ထင်ရှားနေတဲ့ ဘောလုံး အသင်းခေါင်းဆောင် ကျောင်းသား တစ်ယောက်ကပါ သူမကို စိတ်ဝင်တစားနဲ့ မိတ်ဆက် ချဉ်းကပ်လာတဲ့အတွက် ဂျင်းနီက သိပ်ကို ကျေနပ် ပျော်ရွှင်ပြီး ဂုဏ်ယူနေမိတယ်.. သူငယ်ချင်းမ အသစ်တွေကတောင် သူမကို မနာလိုတွေ ဖြစ်နေကြရတယ်လေ။ ဂျင်းနီကတော့ ကျေနပ်လို့ပေါ့။ သူမက ပေါ်ပြူလာဖြစ်ချင်သူ.. တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအကြားမှာ ထင်ရှားချင်တဲ့သူလေ.. ခုတော့ သူမ ဖြစ်စေချင်သလို ဖြစ်လာတော့မယ်ဆိုတာ ဂျင်းနီက သိနေပြီ.. ဒီတော့ ကျောင်းတက်ရတာ ပျော်ရွှင်စရာနေ့တွေ ဖြစ်လာတော့မယ်ဆိုတာလည်း သူမအတွက် သေချာလို့ဘဲပေါ့။


တစ်ခုရှိတာက ဂျင်းနီရဲ့ မိဘတွေက ရှေးရိုးဆန်တယ်.. ဂျင်းနီကို အသက်ငယ်သေးတယ်.. လူ့လောကကြီးအကြောင်း ဘာမှနားမလည်သေးဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချဖို့ စောလွန်းသေးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ရဲ့ မျက်စိအောက်မှာဘဲ ထိန်းချုပ်မှုလေးနဲ့ ထားချင်တယ်.. ပြီးတော့ တက္ကသိုလ် ကျောင်းသူဘ၀ကို ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ကုန်ဆုံးစေချင်တယ်.. ပညာကို အေးအေးချမ်းချမ်း သင်ယူပြီး နောက်ထပ် ဘွဲ့လွန်သင်တန်းတွေ၊ ပညာတွေ အများကြီး ထပ်သင်စေချင်တယ်.. ထူးချွန် ထက်မြက်စေချင်တယ်.. အလှအပကိုသာ မက်မောပြီး အပျော်အပါးကို ဦးစားပေးတဲ့ ကျောင်းသူတစ်ယောက် မဖြစ်စေချင်ဘူး။ ဒီတော့ ဂျင်းနီကို ပညာကြိုးစားဖို့၊ အနေအထိုင် တည်ငြိမ်ဖို့ ဆုံးမတယ်.. အသွားအလာတွေ ကန့်သတ်တယ်.. ယောက်ျားလေးတွေ များတဲ့ ပါတီပွဲတွေ၊ ညဘက် ထွက်တာတွေကို မကြိုက်ဘူး.. မသွားစေချင်ဘူး.. ဒါကို ဂျင်းနီက စိတ်ဆိုးတယ်.. သူမရဲ့ မိဘတွေဟာ သိပ်ကို ချုပ်ခြယ်တယ်.. ရှေးကျလွန်းတယ်.. လို့ ထင်တယ်.. တကယ်တမ်းတော့ ဂျင်းနီက အခုမှ ၁၆နှစ်သာသာ ရှိသေးတာလေ။ ဒါပေမဲ့ သူမကတော့ သူမကိုယ်ကို လူကြီးတစ်ယောက် ဖြစ်နေပြီလို့ ထင်နေတတ်သူ….


တစ်ရက်တော့ ဂျင်းနီကို ကြွေနေတဲ့ ဘောလုံးအသင်းခေါင်းဆောင် ဂျက်ဖ်က သူတို့ရဲ့အိမ်မှာ ညဘက် ပါတီတစ်ခု လုပ်မယ်လို့ ဂျင်းနီကို ပြောလာတယ်.. ဂျက်ဖ်က ဂျင်းနီကို လာစေချင်တယ်.. ဂျင်းနီကလည်း သွားချင်တယ်.. ပြီးတော့ အဲဒီညမှာ လကလည်း သာမှာမို့ လရောင်အောက်မှာ သူ့ကားနဲ့ ကားလျှောက်စီးကြမယ်လို့ ဂျက်ဖ်က ဂျင်နီ့ကို ဖိတ်ခေါ်တယ်.. မိန်းခလေးတွေ သည်းသည်းလှုပ် ဖြစ်နေတဲ့ ဂျက်ဖ်ရဲ့ ဖိတ်ခေါ်မှုကို ဂျင်းနီ မငြင်းချင်သလို သူမ ကိုယ်တိုင်ကလည်း ဒီလိုပွဲတွေကို ပျော်ချင်တယ်.. သွားချင်တယ်.. ပြီးတော့ လရောင်အောက်မှာ ကားစီးရတဲ့ အရသာကို သူမ တစ်ခါမှ မခံစားဖူးဘူး.. ခံစားကြည့်ချင်တယ်.. “ သူနဲ့ လရောင်အောက်မှာ ကားအတူတူစီးလိုက်ရရင် ဘယ်လောက်ကြည်နူးဖို့ ကောင်းမလဲ၊ တစ်ခြားကျောင်းသူလေးတွေ သူမကို ဘယ်လောက်များ မနာလို ဖြစ်လိုက်မလဲ.. ” လို့ တွေးမိပြီး သွားချင်စိတ်က တားမရ ဆီးမရ ဖြစ်လာတော့တယ်.. ဒါပေမဲ့ သူမရဲ့ မိဘတွေက အမှန်အတိုင်းပြောရင် ဘယ်လိုမှ လွှတ်မှာမဟုတ်မှန်းလည်း ဂျင်းနီသိနေတယ်..


ဒါနဲ့ ဂျင်းနီက မိန်းခလေး သူငယ်ချင်းတစ်ယောက်ကို သူမ မိဘတွေဆီ အဲဒီမိန်းခလေးအိမ်မှာ စာကျက်ကြမှာမို့ ညအိပ်မယ်လို့ ညာပြောပေးဖို့ အကူအညီတောင်းတယ်. သူငယ်ချင်းမကလည်း သူမ မိဘတွေ ယုံကြည်လာအောင် ပြောပြီး ဂျင်းနီကို ခေါ်ထုတ်လာတယ်။ စာကျက်မယ် ဆိုလို့ ခွင့်သာ ပြုလိုက်ရပေမဲ့ မျက်နှာ မရွှင်မပျနဲ့ ကျန်ရစ်ခဲ့တဲ့ မိဘတွေကိုကြည့်ပြီး ဂျင်းနီစိတ်ထဲ တွေဝေ စိတ်လေးတော့ ၀င်သွားမိတယ်. “ငါဒီလိုလုပ်လိုက်တာ မှားပြီလား ”ပေါ့။

ဒါပေမဲ့ ပါတီကိုရောက်ပြီး ဂျက်ဖ်နဲ့ တွေ့ချိန်မှာ သူမက အရာရာကို မေ့သွားတော့တယ်။ ပါတီမှာ အစားအသောက်တွေလည်း များမှများပါဘဲ။ သောက်ကြ စားကြနဲ့ လူတွေကလည်း ဆူညံစည်ကားနေတော့တယ်. ဂျက်ဖ်ကလည်း သူ့လက်ထဲမှာ အရက်ခွက်က မပြတ်သလောက် ရှိနေပြီး ဆေးလိပ်ဆိုတာများ ပါတီပွဲကျင်းပတဲ့ သူတို့ရဲ့ အိမ် ခန်းမတစ်ခုလုံး နံစော်နေအောင် သောက်လိုက်ကြတာ.. ယောက်ျားလေး တိုင်းလိုလို ဆေးလိပ်နဲ့ အရက်ခွက်တွေနဲ့။ သူတို့ကို ကြည့်ပြီး ဂျင်းနီက မူးတောင် မူးလာသလို ခံစားရတယ်.. လူကလည်း ငြီးစီစီ ဖြစ်လာတယ်.. ညဉ့်က တဖြေးဖြေးနက်လာတယ်.. အပြင်မှာ လကလည်း ရွှန်းရွှန်းမြမြ သာလို့နေတယ်… အရက်နံ့တွေ ဆေးလိပ်နံ့တွေ နံဟောင်နေတဲ့ အခန်းကနေ အပြင်ထွက်လာပြီး လေနုအေးလေးတွေကို အငမ်းမရ ရှုရှိုက်နေမိတော့တယ်။ ကျောင်းမှာ ရှိုးတွေ မိုးတွေနဲ့ နေတတ်တဲ့ ကျောင်းသားတွေဟာ ဒီလို အရက်တွေ မူးအောင်၊ ဆေးလိပ်နံ့တွေ နံစော်နေအောင် သောက်ကြ စားကြလိမ့်မယ်လို့ ဂျင်းနီက တကယ်ကို မထင်ခဲ့မိဘူးလေ။


အဲဒီချိန်မှာ ဂျက်ဖ်က အပြင်ထွက်လာပြီး ဂျင်းနီကို ကားလျှောက်စီးမယ်လို့ ပြောလာတယ်.. ဂျင်းနီ ရင်ခုန်သွားတယ်.. “ကြည့်စမ်း.. ဒီလောက် သာနေတဲ့ လရောင်အောက်မှာ ဂျက်ဖ်ရဲ့ ကားအကောင်းစားကြီးနဲ့ လျှောက်စီးရမယ်ဆို ဘယ်လောက်တိမ်းမူးဖွယ် ကောင်းလိုက်မလဲနော်.. ” လရောင်ရဲ့ ဖြားယောင်းမှု၊ သူမစိတ်ရဲ့ တိမ်းညွှတ်မှုတို့ကြောင့် ဘာကိုမှ မစဉ်းစားမိတော့ဘဲ ဂျင်းနီက သဘောတူလိုက်မိတော့တယ်.. သူမနဲ့အတူလာတဲ့ မိန်းခလေးသူငယ်ချင်းကို ဂျက်ဖ်နဲ့ ကားလျှောက်စီးမယ်လို့ အသိသွားပေးလိုက်တော့ ကောင်မလေးက တားတယ် “ ဟင်.. ဂျက်ဖ်က မူးနေပြီလေ.. ကားမောင်းလို့ဖြစ်ပါ့မလား.. မူးနေတဲ့လူတစ်ယောက် မောင်းတဲ့ကားကို စီးရတာ အန္တရာယ်များတယ်.. မသွားပါနဲ့လား ဂျင်းနီ..” လို့ သူမကို တားတယ်.. ဒါပေမဲ့ သူမ နားမ၀င်တော့ဘူး.. ခုချိန်မှာ သူမက ဂျက်ဖ်နဲ့ ကားလျှောက်စီးချင်တာဘဲ သိတော့တယ်.. ပြီးတော့ သူမစိတ်ထဲမှာ သူငယ်ချင်းမက မနာလိုလို့ တားတယ်လို့ဘဲ ထင်မိတယ်.. “အေးဆေးပါ ” လို့ သူငယ်ချင်းမ ကို ပြန်ပြောလိုက်ပြီး ဂျက်ဖ်ရဲ့ ကားပေါ်ကို ပျော်ပျော်ရွှင်ရွှင် တက်လိုက်ပြီးချိန်မှာ ဂျက်ဖ်က ကားကို အမြန်ဆုံးနှုန်းထားနဲ့ မောင်းထွက်လိုက်တော့ သူမစိတ်တွေက ပျော်ရွှင်လွတ်လပ်မှုနဲ့အတူ လေထဲမှာ လွှင့်ခနဲ ဖြစ်သွားသလိုပါဘဲ..


ငွေရောင်လင်းဖြာနေတဲ့ လရောင်အောက်မှာ အမိုးဖွင့်ထားတဲ့ ဂျက်ဖ်ရဲ့ ကားလေးက အရှိန်ပြင်းပြင်း မောင်းနှင်နေခဲ့တယ်.. ဘယ်ကိုဦးတည်းပြီး သွားနေတယ် လို့ ဂျင်းနီ မသိလိုက်နိုင်ခင်မှာဘဲ သတိထားမိတော့ မြို့ပြင်ဘက်ရောက်နေခဲ့ပြီ. ဂျက်ဖ်က ကားကို ကားအသွားအလာ၊ လူသူကင်းရှင်းတဲ့ မြို့ပြင်က လမ်းဘေးတစ်နေရာမှာ ထိုးရပ်လိုက်တယ်… အဲဒီတော့မှ ဂျင်းနီရင်ထဲမှာ ကြောက်စိတ်တွေ ၀င်လာပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာခဲ့တယ်.. “ဘုရားရေ.. ငါ့မိဘတွေ ပြောတာ အမှန်ပါဘဲလား.. ငါဟာ သိပ်ငယ်သေးတယ်.. လူတွေအကြောင်း ဘာမှ မသိသေးဘူး.. ဆိုတာ တကယ်ဟုတ်တာဘဲ.. ညနက်သန်းကောင် ယောက်ျားလေးတစ်ယောက်နဲ့ အထူးသဖြင့် မူးနေတဲ့ လူနဲ့ အပြင်ထွက်ရင် ဘာတွေဖြစ်လာမလဲ ငါဘာလို့များ မတွေးမိတာပါလိမ့်.. ငါတကယ်ကို မိုက်မဲတာဘဲ” လို့ စဉ်းစားမိရင်း ကြောက်ရွံ့မှုတွေကြောင့် သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာတယ်.. အဲဒီချိန်မှာ ဂျက်ဖ်က သူမကို လှမ်းဖက်ဖို့ ကြိုးစားတယ်.. ဂျင်းနီက ဂျက်ဖ်ရဲ့ လက်ကို တွန်းဖယ်လိုက်ပြီး “ဂျက်ဖ်.. ငါ.. ငါ တောင်းပန်ပါတယ်.. ငါ့ကို အိမ်ပြန်ပို့ပေးပါ.. ငါ လရောင်အောက်မှာ ကားစီးချင်လို့ နင်နဲ့ လိုက်လာတာပါ။ ငါ ဒီမှာ မနေချင်ဘူး.. အိမ်ကိုပြန်ချင်တယ်.. ငါ့မိဘတွေဆီ ပြန်ပို့ပေးပါ” လို့ တတွတ်တွတ် တောင်းပန်မိတော့တယ်.။

ဒါပေမဲ့ ဂျက်ဖ်က သူမတောင်းပန်တာကို အသိအမှတ်ပြုပုံမရဘူး.. သူမကို တစ်ခါ ထပ်ပြီး ဖက်ဖို့ကြိုးစားပြန်တယ်.. ဒီတော့ ဂျင်းနီက ရုတ်တရက် အကြံရလိုက်ပြီး “ဂျက်ဖ် နင်ငါ့ကို အခုချက်ခြင်း အိမ်ပြန်ပို့ရင်ပို့.. မပို့ရင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ငါတိုင်ရလိမ့်မယ် ” လို့ လေသံခပ်တင်းတင်းနဲ့ ပြောချလိုက်တော့တယ်.. ဒီတော့မှ ဂျက်ဖ်က ငြိမ်သက်သွားတယ်. သူ့လို နံမည်ကြီး ကျောင်းသားတစ်ယောက်က ကျောင်းအုပ်ချုပ်ရေး အဖွဲ့နဲ့ အတိုင်ခံရမယ်ဆိုတာ သူဖြစ်ချင်မှာ မဟုတ်ဘူး.. ချက်ခြင်းဘဲ သူ့ရဲ့လက်က ကားသော့ဆီ ရောက်သွားပြီး ကားကို အရှိန်နဲ့ မောင်းထွက်လိုက်တော့တယ်.. ဒေါသစိတ်ရိုင်းတွေ၊ အရက်ရဲ့ မူးယစ်ရီဝေမှုတွေနဲ့ ဂျက်ဖ်က ကားကို မောင်းနေတာကြောင့် အလာတုန်းကထက် အဆများစွာ မြန်နေတဲ့ ကားရဲ့ အရှိန်က ဂျင်းနီကို ချွေးစေးတွေ ပြန်လာစေတယ်.. သူ.. ဂျက် သိပ်ဒေါ်သထွက်နေခဲ့ပြီ။ တဖြေးဖြေး မြို့ထဲနဲ့ နီးလာပြီး ဘေးပတ်ဝန်းကျင်က သစ်ပင်တွေ အဆောက်အဦးတွေ ဖြတ်သွားတဲ့ကားတွေ တစ်ရိပ်ရိပ်ကျန်ခဲ့တယ်.. ဒီလောက်မြန်တဲ့ အမြန်နှုန်းက သိပ်ကို အန္တရာယ်ကြီးမှန်း သူမ နားလည်လိုက်တယ်. နားထဲမှာ လေတွေ တိုးနေတာများ ဘာသံမှတောင် မကြားရတော့ဘူး ထင်နေမိတယ်.. သူမ ကားရှေ့က ဒက်ရှ်ဘုတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း မျက်စိကို စုံမှိတ်ထားလိုက်မိပြီး ဂျက်ဖ်ကို ဖြေးဖြေးမောင်းဖို့၊ အရှိန်လျှော့ဖို့ တောင်းပန် နေမိတော့တယ်။


ရုတ်တရက် ပြင်းထန်တဲ့ ထိခိုက်မိသံကြီးထွက်လာပြီး သူမမျက်လုံးအပွင့်မှာ လင်းထိန်တဲ့ ကားမီးရောင်က စူးစူးရှရှ ၀င်ရောက်လာတယ်.. သူမ သိလိုက်ပြီ. ကားချင်းတိုက်မိပြီ. ကားလေးက တစ်ပတ် နှစ်ပတ် လိမ့်သွားတယ်.. ဘယ်နှစ်ပတ်ပါလိမ့်.. သူမ မသိတော့... မမှတ်မိတော့။ သူမ သိပ်ပျော်ရွှင်တဲ့ လရောင်အောက်မှာဘဲ အပြင်းအထန် ကားတိုက်မိပါပြီကောလား... နောက်ဆုံးမီးရောင်လေး မြင်လိုက်ပြီး သူမ ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်.. နားထဲမှာ အသံတစ်ချို့တော့ ၀င်လာလိုက် ပျောက်သွားလိုက်.. တစ်ကိုယ်လုံးလဲ နာကျင်လို့..သွေးတွေလားမသိ ကပ်စေးစေးတွေ သူမကိုယ်ပေါ်က စမ်းမိသလို၊ သွေးညှီနံ့တွေကလည်း နံလာတယ်.. “လူနာတင်ကားခေါ်.. ကားထဲက လူတွေ အရင်ထုတ်.. တော်တော် အခြေအနေဆိုးတယ်.. ” စတဲ့ အသံတွေက မကြားတစ်ချက် ၊ ကြားတစ်ချက် … သူမ နောက်ဆုံး တွေးလိုက်မိတာက “ဂျက်ဖ် ဘယ်လိုနေလဲ.. ဘာဖြစ်သွားသေးလဲ။ ဟိုဘက်ကားက လူတွေရော ဘာတွေ ဖြစ်သွားသေးလဲ.. အသက်မှ ရှင်ရဲ့လား။” သူမ ဘာကိုမှ မသိလိုက်နိုင်ခင် နောက်ဆုံးတော့ အားလုံး အမှောင်.. ပိန်းပိတ်တဲ့အမှောင်.. အသံဆိုတာလည်း ဘာသံမှ မကြားရတော့အောင် သူမကမ္ဘာကြီးက မဲမှောင် တိတ်ဆိတ်သွားတော့တယ်.. အသိစိတ်တွေကတော့ ခန္ဓာကိုယ်မှာ မကပ်နိုင်တော့ဘူး။ လရောင်အောက်မှာ ခရီးနှင်လို့… လေအလျင်လို လွှင့်မျောနေလိုက်တာများ. ကားစီးတာထက်တောင် မြန်ချင်သေး။


ဆေးရုံပေါ်မှာ သူမ တစ်ချက် သတိပြန်လည်လာခဲ့တယ်. အသံတွေလည်း ကြားနေရတယ်.. သူမရဲ့ အခြေအနေ အတော်ဆိုးတယ်လို့ ပြောနေသံကိုလည်း ကြားလိုက်ရတယ်.. ပြီးတော့ ဂျက်ဖ်လည်း ဆုံးသွားတယ်လို့ ပြောနေကြသလိုဘဲ။ သူမ မျက်လုံးဖွင့်လိုက်တော့ ဘေးနားမှာ သူမနဲ့အတူတူ ပါတီကိုသွားခဲ့တဲ့ သူငယ်ချင်းမလေးလည်း ရှိနေတယ်.. ပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေ အများကြီး သူမကို စိုးရိမ်တကြီး ၀ိုင်း ကြည့်နေကြတယ်.. နာလိုက်တာ.. တစ်ကိုယ်လုံး ဘယ်နေရာမှ မနာတဲ့နေရာ မရှိတော့ဘူးထင်တယ်.. သူမ ခြေ၊လက် ဘာတစ်ခုမှ လှုပ်လို့မရ၊ နှုတ်ခမ်းလေး ဟဖို့ပင် ခက်ခဲ ပင်ပန်းလွန်းလှတယ် ။ သူမ ဘေးနားမှာ သူမ မိဘတွေကိုတော့ မတွေ့ရ.. ဖေဖေနဲ့ မေမေ သူမသတင်း မကြားမိသေးဘူးထင်တယ်.. ငါ့ မိဘတွေ ဒီသတင်း မသိရင် ဘယ်လောက်များ ကောင်းလိုက်မလဲ လို့ တွေးလိုက်မိသေးတယ်.. သူမကို ဆရာဝန်တစ်ယောက် “သမီး မှတ်မိရဲ့လား သမီးတို့ ကားချင်းတိုက်မိတာလေ.. အခု ဆေးရုံပေါ်မှာ” လို့ ပြောလာတယ်.. သူငယ်ချင်းကို ကြည့်လိုက်တော့ မျက်ရည်တွေနဲ့..


“ဂျက်ဖ်ရော.. သူ ဘယ်လိုနေလဲ ”လို့ ဂျင်းနီက ကြိုးစားပြီး အသံထွက်မေးလိုက်တော့ သူငယ်ချင်းမက “ဂျက်ဖ် ဆုံးသွားပြီ ” လို့ ပြောလာတယ်.. “ဟိုဘက် ကားပေါ်က လူတွေရော” လို့ သူမ ပူပန်စိတ်နဲ့ မေးမိပြန်တော့ “အဲဒီကားပေါ်မှာ လူ၂ယောက်ပါတယ်.. ၂ယောက်လုံး ဆုံးသွားတယ်”. တဲ့ ။ ဂျင်နီပါးပေါ် မျက်ရည်တွေ စီးကျလာတယ်.. သူမ မိုက်ပြစ်ကြောင့် လူတွေ အသက်ဆုံးရှုံးသွားရတယ်.. ပျော်ချင်စိတ်နဲ့ မစဉ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့တဲ့ သူမလုပ်ရပ်က ဒီလောက် ဆိုးကျိုးတွေ ဖြစ်စေခဲ့မှန်း အချိန်နှောင်းမှ သူမ သိလိုက်ရပြီ။ ဒါဟာ သူမရဲ့ အပြစ်တွေလို့ သူမ ခံစားမိတယ်.. ဂျင်းနီက သူငယ်ချင်းမလေးရဲ့ လက်ကိုဆုပ်ကိုင်ပြီး ပြောနေမိတယ်.. “ငါ့ကို ဘယ်သူကမှ ခွင့်လွှတ်ကြမယ် မထင်ဘူးနော်… သေသွားတဲ့ လူတွေရဲ့ မိသားစုကို တောင်းပန်တဲ့ အကြောင်း ပြောပေးပါသူငယ်ချင်းရယ်.. ငါ့အမှားတွေကြောင့် ခုလို သူတို့ မိသားစုတွေရဲ့ အသက်ဆုံးရှုံးရတာ၊ ဖြစ်နိုင်မယ်ဆိုရင် ငါ့အသက်နဲ့လဲပြီးတောင် သူတို့ မိသားစုတွေ ပြန်ဆုံအောင် လုပ်ပေးချင်ပါတယ်.. ငါ့အဖေနဲ့ အမေကိုလည်း ပျော်ချင်စိတ်သက်သက်လေးနဲ့ လိမ်ညာခဲ့မိတာကို ခွင့်လွှတ်ဖို့ ပြောပေးပါနော်။ အဲလို လိမ်ညာပြီး အိမ်ကနေထွက်ခဲ့မိလို့ အမှားတွေကြုံရတာ နောင်တရပါပြီလို့၊ ငါ့ကို ခွင့်လွှတ်ပါလို့ တောင်းပန်ပေးပါ သူငယ်ချင်းရယ်... နော်… ပြောပေးမယ် မဟုတ်လားဟင်.. ငါ့ကို ပြောစမ်းပါဟာ.. ”


သူငယ်ချင်းမက ဂျင်းနီရဲ့စကားတွေကို မကြားသလို စကားတစ်ခွန်းမှ ပြန်မပြောဘဲ တိတ်ဆိတ်လို့နေခဲ့တယ်.. ရှိုက်သံတွေကသာ သူငယ်ချင်းမရဲ့ နှုတ်ဖျားက ကြေကွဲဖျော့တော့စွာ ထွက်ပေါ်နေခဲ့တယ်.. သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး တောင်းပန်တိုးလျှိုးနေတဲ့ ဂျင်းနီရဲ့ စကားသံတွေကို ခေါင်းငြိမ့်ခေါင်းခါ ဘာတစ်ခုမှ တုံ့ပြန်မှု မရှိပါဘူး… တုံဏှိဘာဝေနဲ့ ငိုကြွေးလို့သာ နေခဲ့တယ်.. မကြာခင်မှာ တောင်းပန်နေတဲ့ ဂျင်းနီရဲ့ အသံလေးဟာ တိုးဝင်ပျောက်ကွယ်သွားပြီး သူမရဲ့ ၀ိဥာဏ်ကလေးဟာ ဒဏ်ရာတွေနဲ့ ကျိုးကြေနေတဲ့ ခန္ဓာကိုယ်ကို စွန့်ခွာလို့ လရောင်အောက်ကို လွတ်လပ်စွာ ပျံသန်းသွားတော့တယ်… ဘေးနားမှာ ရှိနေတဲ့ သူနာပြု ဆရာမလေးက ဂျင်းနီရဲ့ သူငယ်ချင်းမလေးကို “ ဒီကောင်မလေးက သူ့အဖေအမေကို တောင်းပန်ပေးဖို့ မသေခင်လေး မှာ ဒီလောက်တောင်းဆိုနေတာ ရှင်က ဘာဖြစ်လို့ ဘာမှ ပြန်မပြောတာလဲ.. သူ ကျေနပ်သွားအောင် တစ်ခုခု ပြန်ပြောလိုက်တာ မဟုတ်ဘူး။ ခုတော့ သူ့မှာ သေသာ သွားတယ်.. ရှင့်ဆီက သူ့အဖေအမေကို ပြောပေးမယ် ဆိုတဲ့စကား ကောင်မလေး မကြားသွားလိုက်ရဘူး သနားဖို့ကောင်းလိုက်တာ.. ” လို့ ပြောလိုက်ပါတယ်..


မျက်ရည်တွေနဲ့ ငိုကြွေးနေတဲ့ ဂျင်းနီရဲ့ သူငယ်ချင်းမလေးက “ ကျွန်မ ဘယ်လိုများ ပြောရမလဲ ဆရာမရယ်.. သူတို့ကားနဲ့ တိုက်မိပြီး ဆုံးသွားတဲ့ တစ်ဖက် ကားပေါ်က လူ၂ယောက်ဟာ သူ့အဖေနဲ့ အမေပါ ဆိုတာ သူ သိမသွားတာက ပိုကောင်းတယ် မဟုတ်လား။ ဆုံးသွားတဲ့ သူ့အဖေနဲ့ အမေကို သူ့သမီးရဲ့ တောင်းပန်စကားတွေ ကျွန်မ ဘယ်လိုများ ပြောပေးနိုင်တော့မလဲ ဆရာမရယ်” လို့ ရှိုက်ကာ ရှိုက်ကာ ငိုကြွေးရင်း ပြောနေပါတော့တယ်.. ဂျင်းနီနဲ့ ဂျက်ဖ် ကားမောင်းထွက်သွားချိန်မှာ စိတ်ပူပြီး ဂျင်းနီရဲ့ သူငယ်ချင်းမက သူ့အဖေ အမေဆီ ဖုန်းဆက်လိုက်လို့ ဂျင်းနီရဲ့ မိဘနှစ်ပါးဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ သူ့သမီးနောက် ကားအမြန်မောင်းပြီး လိုက်လာကြလို့ လမ်းမှာ ဒေါသတကြီး မူးမူးနဲ့ မောင်းလာတဲ့ ဂျက်ဖ်ရဲ့ ကားနဲ့ တိုက်မိကြတယ်ဆိုတာ. ဂျင်းနီတစ်ယောက် သိမသွားရှာတော့ပါဘူးလေ…


လရောင်အောက်မှာ လွှင့်မျှောနေတဲ့ ဂျင်းနီလေးရဲ့ ၀ိဥာဏ်ဟာ ပျော်ရွှင်မှုလေး တစ်ခုကို လိုချင်တာနဲ့ မတန်တဆ စတေးလိုက်ရတဲ့ သူမရဲ့ အသက်၊ မိဘတွေရဲ့ အသက်အတွက် သူမရဲ့မိဘတွေကို တောင်းပန်ဖို့များ လိုက်လံ ရှာဖွေနေလေမလား.. ရယ်လို့ ဂျင်းနီရဲ့ သူငယ်ချင်းမလေးက ၀မ်းနည်း နာကျင်စွာ တွေးလိုက်မိပါသေးတယ်..


I'm sorry I lied ( Unknown Author) ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။

ခန္ဓာကိုယ် ဘာသာရပ်

သင့်ခန္ဓာကိုယ်မှာ တစ်ခါတလေ ဖြစ်တတ်တဲ့ အရာလေးတွေကို ဘာကြောင့် ဖြစ်ရသလဲ၊ ဘာလုပ်ပေးဖို့ လိုသလဲ၊ စိုးရိမ်ရသလား စသဖြင့် သိရှိနိုင်ဖို့ အတွက် ဖော်ပြ လိုက်ရပါတယ်။

(၁) ကြက်သီးထခြင်း

ချမ်းတဲ့ အခါပဲဖြစ်ဖြစ်၊ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ စိတ်လှုပ်ရှားလို့ပဲ ဖြစ်ဖြစ် လက်ဖျံ၊ ခြေဖျံတွေမှာ ကြက်သီမွေးညင်းလေးတွေ ထလာတတ်ပါတယ်။ ခန္ဓာကိုယ် အမွှေးအောက်ခြေရှိ ကြွက်သားလေးတွေ ကျုံ့သွားတဲ့အခါ အရေပြားပေါ် ကြက်သီးဖုလေးတွေ အနေနဲ့ ဖြစ်လာကြပါတယ်။ အအေးဒဏ်ကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့ နည်းတစ်မျိုးဖြစ်ပြီး အဲဒီလို ခန္ဓာကိုယ် အမွေးတွေ ထောင်လာခြင်းဖြင့် အရေပြားအပေါ် အလွှာတစ်ခု ခြုံပေးလိုက်သလို ဖြစ်ပါတယ်။

ဘာလုပ်သင့်လဲ

ကြက်သီးထခြင်းကို ထိန်းချုပ်လို့ မရသလို စိတ်ခံစားမှုကြောင့်လည်း ကြက်သီး ထတတ်ပါတယ်။ ဥပမာအားဖြင့် အရမ်းကောင်းတဲ့ သီချင်း နားထောင်မိတဲ့ အချိန်မျိုး၊ အရမ်း စိတ်လှုပ်ရှားစေနိုင်တဲ့ အကြောင်းကို နားထောင်မိတဲ့ အခါမျိုးမှာ ကြက်သီး ထမိတာမျိုးပေါ့။ နို့တိုက် မိခင်တွေမှာလည်း နို့တိုက်ရတော့မယ့် အချိန်ရောက်ရင် ကြက်သီး ထတတ်ပါတယ်။

ဘယ်အချိန်မှာ စိုးရိမ်ရသလဲ

ဖြစ်နေကျမို့လို့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဆရာဝန်နဲ့ ပြဖို့လည်း မလိုပါဘူး။ အအေး သက်သာအောင် နွေးနွေးထွေးထွေး နေဖို့ပဲ လိုပါတယ်။

(၂) ကြက်သွန်လှီးရင်း မျက်ရည်ကျခြင်း

ကြက်သွန် လှီးတဲ့အခါ သူရဲ့ ဆဲလ်တွေကို ပေါက်ပြဲ သွားစေပါတယ်။ အဲဒီအခါ Propanethial Sulfoxide လို့ခေါ်တဲ့ ဓာတ်ငွေ့တွေ ထွက်ရှိစေတဲ့ အင်ဇိုင်းတွေကို ထုတ်လွှတ် လိုက်ပါတယ်။ ထိုဓာတ်ငွေ့တွေ မျက်လုံးထဲ ရောက်တဲ့အခါ ပူပြီး နာစေတာကြောင့် ဓာတ်ငွေ့တွေ ဖယ်ရှားပေးဖို့ မျက်လုံးက မျက်ရည်တွေ ထွက်ရှိလာရခြင်း ဖြစ်ပါတယ်။

ဘာလုပ်သင့်လဲ

ဒီလို မဖြစ်ရလေအောင် ကြက်သွန် မလှီးခင် ရေခဲသေတ္တာထဲ ထည့်ထားပေးပါ။ အအေးဓာတ်က အင်ဇိုင်း ထွက်ရှိမှုကို တားမြစ်ပေးတာကြောင့်ပါ။

ဘယ်အချိန်မှာ စိုးရိမ်ရသလဲ

ကြက်သွန်ကြောင့် မဟုတ်ဘဲ ဒါမှမဟုတ် ဘာအကြောင်းကြောင့်ရယ် မဟုတ်ဘဲ မျက်ရည်တွေ ကျနေရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ မျက်လုံးထဲ ရောဂါပိုး ဝင်နေတာမျိုး ဖြစ်နိုင်လို့ပါ။

(၃) နေရောင်ကြောင့် နှာချေခြင်း

နေရောင်ခြည် တောက်တောက်ကို ကြည့်မိတဲ့ တစ်ခါတလေမှာ နှာချေ တတ်ပါတယ်။ အဲဒါကို Photic Sneeze Reflex (PSR) အလင်းရောင်ကို နှာချေခြင်းဖြင့် အလိုအလျောက် တုံ့ပြန်သော ဖြစ်စဉ်လို့ ခေါ်ပါတယ်။ ထိုဖြစ်စဉ်က မျိုးရိုး လိုက်တတ်ပြီး အလင်းရောင် အပြောင်းအလဲကြောင့် မျက်စိ အာရုံကြောကို လှုံ့ဆော်မှု ပိုသွားကာ ထိုမှတစ်ဆင့် နှာချေခြင်း ဖြစ်ပေါ်စေတဲ့ Trigeminal အာရုံကြောကို လှုံ့ဆော်လိုက်တာကြောင့် နှာချေရခြင်း ဖြစ်ပါတယ်။

ဘာလုပ်သင့်လဲ

ဘာမှလုပ်ပေးလို့ မရပါဘူး။ ဒါပေမဲ့ PSR ဖြစ်နေသူတွေ အနေနဲ့ နှာချေခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ ကြက်သွန်နီ၊ ပူစီနံရွက်တို့ကို ရှောင်သင့်ပါတယ်။ တချို့ ကိုယ်ဝန်ဆောင်တွေမှာ ဟော်မုန်း များပြား လာခြင်းကြောင့် နေရောင်မှာ ပိုပြီး နှာချေလာကြတာကို တွေ့ရပါတယ်။

ဘယ်အချိန်မှာ စိုးရိမ်ရသလဲ

နှာချေခြင်းက တော်ရုံနဲ့ မပျောက်ရင် ဆရာဝန်နဲ့ ပြသပြီး တခြား ဓာတ်မတည့်မှု ရှိမရှိ စမ်းသပ် စစ်ဆေးသင့်ပါတယ်။

(၄) မျက်ခုံးလှုပ်ခြင်း

ပင်ပန်းတဲ့အခါ မျက်စိနား တစ်ဝိုက်ရှိ အကြောတွေ ကျုံ့ပြီး မျက်ခုံးလှုပ်ခြင်း၊ မျက်ခွံလှုပ်ခြင်း စသဖြင့် ဖြစ်တတ်ပါတယ်။ တခြားသူတွေ အနေနဲ့ သတိမထားမိ နိုင်ပေမယ့် ဖြစ်တဲ့သူ ကိုယ်တိုင်ကတော့ သတိထားမိပါတယ်။ ပင်ပန်းတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ၊ ကော်ဖီ၊ အယ်လ်ကိုဟောများစွာ သောက်မိတဲ့ အခါမျိုးမှာအပေါ်မျက်ခွံဟာ အလိုလို လှုပ်နေတတ်ပါတယ်။ ဘာလုပ်သင့်လဲ လူရောမျက်လုံးပါ အနားယူသင့် နေပါပြီ။ အိပ်ရေးဝဝ အိပ်ပါ။ ကဖင်းနဲ့ အယ်လ်ကိုဟော လျှော့သောက်ပါ။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေသူတွေ အနေနဲ့ အနည်းဆုံး မိနစ် ၄၀ ကြာ တစ်ခါ မျက်လုံးကို ခဏ အနားပေးပါ။

ဘယ်အချိန်မှာ စိုးရိမ်ရသလဲ

ကော်ဖီတွေဖြတ်ပြီး အိပ်ရေးဝဝ အိပ်တာတောင်မှ မျက်ခွံက ခဏခဏ လှုပ်နေသေးရင်တော့ ဆရာဝန်ထံ ပြပြီး စိတ်ဖိစီးမှု ရှိမရှိ စစ်ဆေးပါ။ ဒါ့အပြင် မိတ်ကပ်တို့၊ ဖုန်ပိုးတို့နဲ့ မတည့်လို့လည်း ဖြစ်တတ်တာကြောင့် ဓာတ်မတည့်မှု ရှိမရှိ စစ်ဆေးကြည့်ပါ။

၅။ ကျဉ်ခြင်း

ခြေဖဝါး၊ ခြေထောက်နဲ့ လက်တွေမှာ တစ်ခါတလေ ထိုင်တာများရင်၊ ဖိတာများရင် ကျဉ်နေတတ်တာမျိုး ကြုံဖူးမှာပါ။ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် အာရုံကြောပေါ် ဖိတာ များလွန်းရင် အာရုံကြောက ဦးနှောက်ဆီ သတင်းပို့ရာမှာ ခက်ခဲတတ်တာကြောင့်ပါ။ အဲဒီအခါ ဖိထားခံရတဲ့ အစိတ်အပိုင်းကို အလုပ်မလုပ်ဘဲ အိပ်မောကျ စေခိုင်းသလို ဖြစ်သွားတတ်ပါတယ်။ အဲဒီအခါမှာ ခံစားရတဲ့ ကျဉ်တတ်ခြင်းက သင့်ဦးနှောက် အနေနဲ့ သတင်းတွေကို လက်ခံလိုက်ရတဲ့ သဘောဖြစ်ပြီး ကောင်းတဲ့ လက္ခဏာ ရပ်ပါ။ ဘာကြောင့်လဲဆိုတော့ သွေးတွေက ထိုဖိခံရတဲ့ နေရာဆီ ပြန်စီးဆင်းလာတဲ့ သဘောဖြစ်ပြီး အာရုံကြောကလည်း ထပ်ဖိထား မခံရတော့တဲ့ သဘော ဖြစ်တာကြောင့်မို့ပါ။

ဘာလုပ်သင့်လဲ

သက်သောင့်သက်သာ မဖြစ်တဲ့ အနေအထားမှာ အကြာကြီး မထိုင်ပါနဲ့။ ထိုင်မိလို့ ကျဉ်တက်လာရင်လည်း ခပ်မြန်မြန်ပြန်ထဖို့ မကြိုးစား မိပါစေနဲ့။ ဖြည်းဖြည်းသာ ထပါ။

ဘယ်အချိန်မှာ စိုးရိမ်ရသလဲ

ကျဉ်ခြင်းနဲ့ အာရုံကြော ညှပ်ခြင်း လက္ခဏာတွေက ဆင်သလိုလိုနဲ့ မတူကြပါဘူး။ လက်နဲ့ ခြေတွေမှာ ကျဉ်ခြင်းက တော်ရုံနဲ့ မပျောက်သွားရင် ဆရာဝန်နဲ့ ပြသင့် နေပါပြီ။ စိုးရိမ်ပူပန်မှု၊ ဆီးချို၊ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါတစ်ခုခုရဲ့ အစောပိုင်း လက္ခဏာရပ် တစ်ခု ဖြစ်နေနိုင်လို့ပါ။ အာရုံကြော စနစ် အားကောင်းစေဖို့ ဗီတာမင်ဘီ အုပ်စုပါ အားဆေးကိုလည်း သုံးဆောင်နိုင်ပါတယ်။

၆။ အဆစ်အသံမြည်ခြင်း

အဆစ်ချိုး လိုက်တဲ့အခါ အသံမြည်ပါက မစိုးရိမ်ပါနဲ့။ အဆစ်ရောင် ရောဂါ လက္ခဏာကြောင့် မဟုတ်ပါဘူး။ အဆစ်တွေကို ချောဆီတွေနဲ့ ဝန်းရံ ထားတာကြောင့် အဆစ်တွေ ချောမွေ့စွာ လှုပ်ရှားနိုင်ပြီး နိုက်ထရိုဂျင် ဓာတ်ငွေ့လည်း ချောဆီထဲမှာ ပါရှိပါတယ်။ ဒူးကွေးတဲ့ အခါမျိုး ဒါမှမဟုတ် အဆစ်ချိုးလိုက်တဲ့ အခါမျိုးမှာ နိုက်ထရိုဂျင်နဲ့ တခြား ဓာတ်ငွေ့တွေက ထိုချောဆီကနေ ထွက်ရှိလာပါတယ်။ အဲဒီအခါ အဆစ်ပတ်လည်ရှိ အစွပ် ဖောင်းလာပြီး အသံမြည်လာတာ ဖြစ်ပါတယ်။

ဘာလုပ်သင့်လဲ

အဆစ် အသံမြည်တာနဲ့ အဆစ်ရောင် ရောဂါ မရှိနိုင်ပါဘူး။ ဒါပေမဲ့ အဆစ်တွေက နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။ အသီးအနှံများများ၊ ပရိုတင်း အသားဓာတ် များများ စားပေးပါ။ လမ်းများများ လျှောက်ပေးပြီး ခန္ဓာကိုယ်ကို ဆန့်ထုတ်တဲ့ လေ့ကျင့်ခန်း များများ လုပ်ပေးပါ။

ဘယ်အချိန်မှာ စိုးရိမ်ရသလဲ

တချို့ အခြေအနေတွေမှာ ပုံမှန် လှုပ်ရှားမှု မလုပ်နိုင်တော့တဲ့ အဆစ်မျိုးတွေကလည်း အသံမြည်တတ်ပါတယ်။ အဲလို အဆစ်မျိုး ဖြစ်နေပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အဲလို အဆစ်ဟုတ်မဟုတ် ဒီလို စမ်းကြည့်နိုင်ပါတယ်။ စက္ကန့် ၆၀ကြာ လက်သီးတင်းတင်းစုပ်ပြီး လက်ဖဝါးကို တဖြည်းဖြည်း ပြန်ဖြန့်ပါ။ အဲဒီနောက် အဆစ် လှုပ်ရှားတဲ့အခါ အသံမြည်နေတုန်း ဖြစ်ပါက အဆစ်ပြဿနာ တစ်ခုခု ဖြစ်လာနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသပါ။

ဒေါက်တာနုမြတ် ရေးသားထားသော yandanarbon website မှ ပြန်လည် မျှဝေပါသည်....။။.......။။

ကျွန်တော်အတွက်တော့ ဘဝဆိုတာ

သားကြီးရေ..ညီလေးနဲ့ ညီမလေးကို ဂရုစိုက်နော် အမေတို့ လယ်ထဲဆင်းပြီ


မှုန်ရီဝေဝါး အလင်းမကွဲသေးခင် ခပ်အုပ်အုပ် အသံလေးနှိမ်ပြိး ကျွန်တော်အိပ်နေတဲ့ ခြင်ထောင်ကို အသာမပြိး ထိရုံလေး အသာနိုးပြိး သတိပေးကာ ပြောသွားတဲ့ အမေ့ကြောင့် ကျွန်တော်မျက်လုံးတွေက ကျင့်သားရပြီဖြစ်လို့ ပြန်လည်အိပ်ပျော် နိုင်ဖို့မသေချာစွာနဲ့ ခြင်ထောင်ခေါင်မိုး ဖြူဖြူပေါ်ကို အဓိပ္ပါယ်မဲ့ စွာစိုက်ကြည့်နေမိတယ်။ အမေနဲ့အတူ အစ်မနှစ်ယောက် လည်းကောက်စိုက်ထွက်ဖို့ အဆင်သင့် ဖြစ်နေလောက်ပြီ ဆိုတာ သိနေတဲ့ကျွန်တော်။ ဘာရယ်မဟုတ် လူကသာငယ်တာ ဘဝကကြမ်းတော့ အပူပင်တွေနဲ့ ကျွန်တော် အတွေးတွေထဲမှာ စားဝတ်နေရေး ပြသနာက ကျွန်တော်တို့ မိသားစု အတွက်တော့ တစ်ပူတစ်ပြင်း ရှာဖွေလုပ်ကိုင် ကြမှာသာ ဝမ်းဝရုံပါပဲလေ။ ကျွန်တော် အိပ်ရာမှ လူးလဲထရင်း အိပ်မောကျနေတဲ့ ညီမလေးနဲ့ ညီလေးကို အသာငဲ့ကြည့်ရင်း အပြစ်ကင်းစွာ အိပ်မောကျနေတဲ့ သူတို့လေးတွေရဲ့ အပူပင် ကင်းနေတဲ့ကလေးဘဝ မှာတောင် မပြည့်စုံမှုတွေနဲ့ ခြံရံလို့ ပါလားလို့ တွေးနေမိတယ်။

ကဗျာကယာ မျက်နှာသစ်ပြီး မောင်နှမသုံးယောက်သား အမေအစောကြိး ချက်ထားခဲ့တဲ့ တောငါးပိချက်လေး ကိုထမင်းကြမ်း ခဲနှင့် ခေါင်းမဖော်တမ်း စားကြရင်း ကျောင်းသွားဖို့ ပြင်ဆင်ကြရင်း။ တောသူတောင်သား ဆိုတော့လည်း ကျောင်းဝတ်စုံရယ်လို့ တိတိကျကျ မရှိပဲ ဒီအတိုင်း ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ နီကျင်ကျင် အရောင်တွေ လွင့်နေပြီဖြစ်တဲ့ လွယ်အိတ်လေးကို စလွယ်သိုင်းရင်း အတန်းကျောင်းရယ်လို့ သတ်မှတ်ထား တဲ့ကျောင်းလေးဆီသို့ ဖိနပ်မပါ ခြေဗလာဖြင့် ချီတက်ကြရင်း။
.................။....................

နွေဆို ရာသီကုန်သီးနှံလေး တွေရောင်းချ၊ မိုးတွင်းဆို အမေနဲ့အစ်မအကြိးက ကောက်စိုက်၊ အစ်မငယ်က ကောက်စိုက်သမတွေ အတွက်ထမင်းချက် အဖြစ်နဲ့ အိမ်ရှိလူကုန်အလုပ်လုပ်မှ ဝမ်းဝရုံအပြင် မပိုလျှံတဲ့ ဘဝ။ တောရွာ ဓလေ့ လည်းဖြစ်တာမို့ အစ်မတွေလည်း လေးတန်းအောင် ကတည်းကကျောင်း ထွက်ပြီးမဘတွေနဲ့ အလုပ်ဝိုင်းကူညီ ညာလုပ်ကြတာမို့ ကျွန်တော်လည်း လေးတန်းအောင်ရင် ကျောင်းနားရမှာ သေချာနေသလောက် ပါပဲ။ ပညာရေးထပ် ဝမ်းရေးကို ဦးစားပေး ကြရတဲ့ မိသားစု ဘဝလေ။ မိုးဦးကျစဆိုရင် အဖေက ငါးရှာဖားရှာပြီး မိုးများလာပြီဆိုရင်တော့ လယ်ပိုင်ရှင်တွေ ဆီမှာ စာရင်းငှား ဝင်လုပ်ပြီး မိသားစုရဲ့ ဝမ်းရေးရှာဖွေကြရတယ်။ အရွယ်လည်း ဟိုမရောက် ဒီမရောက် ကျွန်တော်တို့ မောင်နှမသုံးယောက်ကတော့ လူပိုတွေပေါ့။

တစ်နေ့ အဖေက အဆင်ပြေမလားဆိုပြိး အင်းတစ်ခုကိုလေလံဆွဲဖို့လုပ်ပါတယ်။ အဲဒီနှစ်က မိသားစုအားလုံး လယ်မလုပ် ဖြစ်ကြပါဘူး။ အင်းကိုပဲ အဓိကထားပြိး မိသားစုအားလုံး လုပ်ကြပါတယ်။ ကံဆိုးစွာပဲ အင်းသိမ်းချိန်ရောက် တော့ စာရင်းပေါင်းချုပ်ကြည့် ကြတော့ အင်းမှရတဲ့ ငွေနှင့် သမကို သွင်းရမယ့် ငွေမမျှတဲ့အတွက် အခက်ခဲကြုံကြ ရတယ်။ မတက်နိုင်တဲ့ အဆုံး အမေဘက်က အမွေရတဲ့အိမ်လေးရောင်း လိုက်တာတောင် သမကို သွင်းဖို့ မပြည့်တဲ့ အတွက် လက်ရှိနေနေတဲ့ အိမ်လေးကိုပါ ထည့်ရောင်းပြိး သွင်းခဲ့ရတယ်လေ။ အဆင်ပြေမလားလို့ အင်းလေလံ ဆွဲမိပါ တယ် အဆင်မပြေတဲ့ အပြင် နေစရာအိမ်ပါ ပျောက်ခဲ့ကြရတယ်လေ။ ဘဝများ ဆိုးချက် မတောင်းစားရရုံတစ်မယ် ကျွန်တော်တို့ မိသားစုဘဝလေး ကြုံဆုံခဲ့ ကြရတယ်။ မိသားစုဘဝလေးမပျိုကွဲရအောင် လက်ကျန်ငွေ လေးတစ်ချို့ တစ်ဝက်ဖြင့် သုံးပင်တိုင် အိမ်ငယ်လေး တစ်လုံးနဲ့ မိသားစု ဘဝကို ပြန်လည် စခဲ့ကြရတယ်။

ရွှေရှိမှ မျိုးတော်ချင်တဲ့ ဆွေမျိုးတွေ ကလည်း ကျွန်တော်တို့ကို အမျိုးမတော် ချင်ကြဘူးလေ။ အဖေနဲ့အမေ ကတော့ ကျွန်တော်တို့ မောင်နှမတွေကို မငတ်အောင်လုပ်ကျွေးကြတော့ အဖေကစာရင်းငှား၊ အမေနဲ့အစ်မနှစ်ယောက်က ကောက်စိုက်သမတွေအဖြစ်နဲ့ပေါ့။ ရာသီတွေသာလည်ပတ် နှစ်တွေသာပြောင်း ခဲ့ပေမယ့် ကျွန်တော်တို့ မိသားစုဘဝ လေးက မပြောင်းလဲခဲ့ပါဘူး။ ရှင်ပြုဖို့အရွယ် ရောက်နေပြီ ဖြစ်တဲ့ ကျွန်တော်နဲ့ ညီလေးကို ကိုယ်ပိုင်ရှင်မပြု ပေးနိုင် ခဲ့ကြဘူးလေ။ ရှင်ပြုဖို့နေနေသာ စားဝတ်နေရေးတောင် အနိုင်နိုင်မို့ ငွေပိုငွေလျှံမရှိ ခဲ့ကြတဲ့အတွက် အတော်လေး အသက်ကြိး မှ ရှင်ပြုဖြစ်ခဲ့ကြတယ်။ အဲဒါတောင် အမျိုးတွေရဲ့ ရှင်ပြုပွဲမှာ အမေရဲ့အမေအဘွားက ကျွန်တော်ကို တာဝန်ယူ ညီလေးကိုတော့ အဖေနဲ့အမေက တာဝန်ယူ ခဲ့ကြတာမို့ ရှင်ပြုဖြစ်ခဲ့ရတာလေ။

.....................။...................................

ရှင်ပြုပြိး ကိုရင်ဝတ်နဲ့ကျွန်တော် ဆွေမျိုးတွေရဲ့ဘုန်းကြိးကျောင်း မှာပဲဆက်နေဖြစ်ခဲ့တယ်။ ညီလေးကတော့ (၇)ရက် ပြည့်တာနဲ့ လူထွက်ပြိး အမေ၊အဖေတို့နဲ့ ပြန်လိုက်သွားတယ်လေ။ ကိုရင်ဘဝနဲ့ပဲ ကျွန်တော် ကျောင်းလည်းတက်ရင်း ကျောင်းပိတ်ချိန်တွေ ဆိုဘုရားစာတွေ သင်ရင်း မိဘတွေနဲ့ အလှမ်းဝေးခဲ့ရတယ်။ ကျွန်တော် ကိုရင်ဘဝနဲ့ သုံးတန်းအောင် တော့ကျောင်းဆက်မတက် ခဲ့ရပါဘူး။ ကျောင်းထားပေးတဲ့ အမျိုးတွေက ဆက်မထားပေး တော့တာမို့ သုံးတန်းအောင်နဲ့ရပ်နားလိုက်ရတဲ့ ကျွန်တော်ဘဝ ရဲ့ပညာရေး တစ်ပိုင်းတစ်စ။ ဘယ်သူမှအပြစ် တင်လို့ မရတဲ့ဘဝ အနေအထား။ သင်္ကန်းဝတ်နဲ့ လေးနှစ်လောက်နေပြိး ကျွန်တော်လူထွက် ပြိးအမျိုးတွေရဲ့ အိမ်မှာပဲ အလုပ်ဝင်လုပ်ခဲ့ ပါတယ်။ ရသမျှလေးတွေ စုဆောင်းပြိး အိမ်ကိုထောက်ပံ့နေရင်းနဲ့ပေါ့။

ရာသီစက်ဝန်း တစ်ပတ်လည်ပြန်လို့ ကျွန်တော်အသက်(၁၇)နှစ်မှာ အဖေနာမကျန်းဖြစ်ပြိး ကျန်းမာရေးခြူချာ လာခဲ့တယ်.။့  တက်ညီလက်ညီလုပ်နိုင် ကြမယ့် အရွယ်မှာ အစ်မအကြိးဆုံးကလည်း အိမ်ထောင်ကျ သွားတော့
အဖေရဲ့ဆေးဖိုးနဲ့ မိသားစု ရဲ့စားဝတ်နေရေး လွန်ဆွဲနေရ ပြန်တယ်။ အဲဒီလို ခက်ခဲနေတဲ့ အချိန် ရွာကဘုန်းကြိး ကောင်းကို အလည်လာတဲ့ ရန်ကုန်ကဦးဇင်း တစ်ပါးနဲ့ဆက်သွယ်ပြီး ရန်ကုန်ကို ကျွန်တော် ရောက်ခဲ့တယ်။ အမေတို့ ကိုပြောရင် ခွင့်မပြု မှာဆိုတဲ့ အတွက် ဖွင့်မပြောပဲ အမျိုးတွေဆီကို ပဲ အကြောင်းကြားပြိး ရန်ကုန်ကို ထွက်ခဲ့မိတယ်လေ။ ရန်ကုန်ကိုရောက်ပြီး နှစ်ရက်ပဲ ကြာတယ် ကျွန်တော် ဦးဇင်းအသိရဲ့ အကူအညီနဲ့ ဒန်အိုး စက်ရုံမှာအလုပ်လုပ်ခဲ့ရတယ်။

နေစားစရိတ်ငြိမ်းအလုပ် လေးမို့ကျွန်တော်အတွက် အဆင်ပြေလှပါတယ်။ စက်ရုံထဲ စဝင်တဲ့နေ့ ကတည်းက ညဆိုင်းပါ တွဲပြိးဝင်ရတယ်။ အရမ်းပင်ပန်းသလို အန္တရယ်လည်းများ တာမို့ ကျွန်တော် အသံရှုသံတွေရပ်မတက် ကြောက်ရွံခဲ့တယ်.။ စက်ရုံတစ်ခု လုံးမှာ ရှိတဲ့ လူတွေမှာလည်း လက်ပြတ် တဲ့သူတွေ၊ လက်ကောက်ဝတ် ဖျတ်ထားခံရတဲ့ သူတွေနဲ့ ကျွန်တော်ရဲ့ ကြောက်ရွံစိတ်ကို ဖြည်းတင်းပေးနေသလိုပါ။ ဘယ်လိုမှ မခံစားနိုင်တဲ့ အဆုံး ကျွန်တော် အလုပ်ထွက်ပြီး တခြားအလုပ် လက်လှမ်းမှီ သမျှရှာဖွေခဲ့တယ်။ အလုပ်လုပ်ချင်သူ အတွက် အလုပ်မရှားတဲ့ ရွှေမြို့တော်ကြိးပေါ့လေ။ ဒုတိယမြောက် ကျွန်တော်ရဲ့ အလုပ်က အုတ်၊သဲ၊ကျောက်လုပ်တဲ့နေရာပါ။ အုတ်၊သဲ၊ကျောက် ဆိုပေမယ့် ကျွန်တော်လုပ်ရတာက မြေကြိး အတင်အချ အလုပ်လေ။ ဘဝသမားတစ်ယောက်အတွက် နေပူရင် ကျောပူ၊ မိုးရွာ ရင်အဝတ်ဆို ရာသီဥတု ဒဏ်ဆိုတာကလည်း ဝမ်းရေးလောက် အလေးပေး စဉ်းစားဖို့ မတက်နိုင်တဲ့ အနေအထား မျိုးမို့ ရသမျှ စုဆောင်း ခြွေတာပြိး အဖေရဲ့ ကျန်းမာရေးအတွက် အချိန်မှီ ငွေပို့ပေးနိုင်ဖို့ ကအရေးကြိးတယ်လေ။
............................။.............................

ရသမျှလေးတွေ ရှာဖွေ စုဆောင်းပြိး အိမ်ပို့ခဲ့ပေမယ့် ကျပ်တည်းလှတဲ့ စားဝတ်နေရေးကြောင့် လုံလောက်မှု မရှိတာ သိနေတာမို့ ကျွန်တော် အလုပ်သစ်ပြောင်းဖို့ ကြိုးစားရပြန်တယ်။ နေတော့ ဘုန်းကြိးကျောင်း စားတော့လမ်းဘေး ထမင်းဆိုင်၊ အလုပ်လုပ်တော့ ကြုံရာ ဖြစ်နေတဲ့ ကျွန်တော်အဖို့ ဘဝဆိုတာ ကန္တာရပါပဲ။ ကျွန်တော်တည်း တဲ့ကျောင်းက ဆရာတော်အကူညီနဲ့ ကားဝပ်ရှော့တစ်ခုမှာ အလုပ်ရတော့ အလုပ်လေးလုပ်နေတုန်း ရွာက လူကြုံရောက် လာတော့ အဖေနေမကောင်းဘူးဆိုတဲ့သူတင်းကြုံပါးမှုကြောင့် အဖေရဲ့အနေအထားမေး ကြည့်တော့ နာတာရှည်ရောဂါ သည်မို့ ဆိုးဆိုးရွားရွားကြိး မဟုတ်ဘူးဆိုတဲ့ အတွက် ကျွန်တော်စုဆောင်းထားတဲ့ငွေလေး လူကြုံ နဲ့ပေးရင်း ရွာမပြန်ပဲ နေခဲ့မိတဲ့ ကျွန်တော်။ နောက်ခြောက်လလောက်မှာ အဖေဆုံးပြိ ဆိုတဲ့သတင်းနဲ့အတူ သဂြိုင်္လ် ပြိးလို့မြေကျပြီးပြိး ဆိုတဲ့ သတင်းကြောင့် ကျွန်တော်အဖေရဲ့ နောက်ဆုံး အချိန်မှာတောင် အနားရှိမနေခဲ့ဘူးလေ။

အဲလိုတွေ ဘဝကကြမ်းပါတယ်ဆိုမှ ကျွန်တော် နှလုံးသားကို တံခါးလာခေါက် ခဲ့တဲ့သူမ။ သွယ်လျလျ ခန္ဒာမှာ မပိန်လွန်း မဝလွန်း ၊ ယဉ်စစအပြုံးတွေ ခိုတွဲနေတက်တဲ့ နူးညံ့တဲ့ အပြုံးပိုင်ရှင်မလေး လို့တင်စားရလောက်အောင် လိုက်ဖက်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကလည်း ဆရာမ မို့ သူမနဲ့ကျွန်တော် အဝေးကြိးမှာ ဆိုတာ ကျွန်တော် နားလည်ခဲ့ ပေမယ့် အချစ်ဆိုတာ ဆန်းကျယ်တဲ့ဘာသာရပ်တစ်ခုပဲ မဟုတ်လား။ သူမနဲ့တွဲလျှောက်ခဲ့တဲ့ ညနေခင်း လေးတွေက အစားထိုးမရနိုင်တဲ့ အသာမိဆုံးသော ညချမ်းလေးတွေပါ။ နားလည်မှု တွေနဲ့ ဘယ်လိုပဲ တည်ဆောက်ထားပေမယ့် လည်း ဘဝရှေ့ရေး အတွက် လက်တွဲခေါ်ဖို့ မဝံ့ရဲသလို သူမ ရဲ့ရှေ့ရေးအတွက် ကျွန်တော်တို့နှလုံးသားရေးကို လစ်လျှူရှူပြီး နားလည်မှု ရှိရှိနဲ့ပဲ လမ်းခွဲဖြစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လေ။ တစ်ခါတစ်ရံ ချစ်ခြင်းဆိုတာ မဖိတ်ခေါ်ပဲ ရောက်လာတက်ပေမယ့် ပြန်ထွက်သွားရင်တော့ နားကျင်မှုတွေနဲ့ အတူ ဒဏ်ရာတွေ ထားရစ်ခဲ့ ပြန်တာ ချစ်ခြင်းရဲ့ သင်္ကေတတစ်ခုပဲ မဟုတ်ပါလား..။

ဘဝကကြမ်းတော့ အချစ်ဆိုတာကလည်း နေရာပေးရလောက်အောင် မချိုမြိန်ခဲ့ပါဘူး။ လွမ်းနေ၊ ဆွေးနေ ရလောက် အောင်လည်း ဘဝက အခြေနေမပေးခဲ့ဘူးလေ။ တစ်နေ့ အမေနေမကောင်းဘူးဆိုတဲ့ လူကြုံသတင်းကြောင့် ပဲ ကျွန်တော် အိမ်ကို အပြေးအလွှား ရရာ ရထားနဲ့ပြန်ဖြစ်တော့ အိမ်အဝင်မှာ ပြုံးရွှင်လို့ဆီးကြိုနေတဲ့ အမေကြောင့် ရင်ထဲက အမောတွေ အပူလုံးတွေ ကျခဲ့ရတယ်။ တစ်ကယ်တော့ အမေ မကျန်းမာဘူး အသဲသန် ဖြစ်တယ်ဆိုတာ အမှန်ပါပဲ။ အမေက ကင်ဆာရောဂါ ကိုခံစားနေရသူ ဆိုတော့ ချက်ခြင်းကြိး လဲကြတာမျိုး မဟုတ်ပေမယ့် အတွင်းပိုင်းကတော့ မကောင်းတာသေချာ ပါပဲလေ။ အဲဒါနဲ့ပဲ အမေကို ရန်ကုန်ခေါ် ပြိး ဆေးရုံ တင်ဖို့ကြိုးစားရပြန်တယ်။ အခြေနေအမျိုးမျိုး အခက်ခဲတွေ ကြားထဲကနေပြီး အမေရဲ့ဆေးဖိုး နဲ့မိသားစုရဲ့ စားဝတ်နေရေး အတွက်ရုန်းကန်ရတာ တစ်ကယ်လို မလွယ်ခဲ့ပါဘူး။ အမေကို ဓါတ်ကင်ခြင်းဆိုတဲ့ ကုနည်းနဲ့မကုပဲ ဆေးထိုး ဆေးသောက်နဲ့ပဲ အမေနောက် (၂) နှစ်အကြာမှာ သူမချစ်တဲ့ သားသမီးတွေကို စွန့်ခွာသွားခဲ့တယ်လေ။ အဝေးမှာ ရောက်နေတဲ့ ကျွန်တော် အတွက် အဖေ၊အမေရဲ့ နောက်ဆုံးခရီး ဆိုတာ မှီတယ်ဆိုရုံလေးပါပဲ။

....................။.............................
အဲဒီလိုနဲ့ ကျွန်တော် ဘဝထဲကို ပိုင်ပိုင်ဆိုတဲ့ကောင်မလေး တစ်ယောက် မဖိတ်ခေါ်ပဲ ရောက်ရှိခဲ့ ပြန်တယ်။ ကျွန်တော်ကို သားအရင်း တစ်ယောက်လို ချစ်တဲ့ အန်တီဆွေရဲ့ ဆွေးမျိုးမကင်းတဲ့ တူမလေးပါ။ သွက်သွက်လပ်လပ် လေးနဲ့ချက်ချက်ချာချာရှိတဲ့ ပိုင်ကို ကျွန်တော် ညီမလေးတစ်ယောက်လို ပဲချစ်ခဲ့တာပါ။ ကိုင်ပိုင်ရဲ့ စိတ်ဝင်စားမှုတွေကို သိနေပေမယ့် တစ်ကယ်တမ်း ကျွန်တော်ဘဝထဲ ကိုခေါ်ဖို့ ကျွန်တော့်အနေအထားနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး.။ ရွာမှာ အမေဆုံးလို့ ရက်လည်ကနေအပြန် အန်တီ ကတွေ့ချင်ဆိုပြီး ခေါ်တော့မှပဲ

ပိုင်ပိုင်နဲ့ကောင်လေးနဲ့ချစ်သူတွေဆို

ဗျာ

အန်တီဆွေရဲ့စကားကြောင့် ကျွန်တော် အတော်လေး နားမလည်ဖြစ်ခဲ့ရတယ်။ ကောင်လေးလို့ ကျွန်တော်ကို အမြဲခေါ်တက်တဲ့ အန်တီဆွေက ကျွန်တော်အတွက် အမေဆိုလည်း မမှားပါဘူး။ အနေနီးလို့ ပိုင်ပိုင်နဲ့ကျွန်တော်ကို အထင်လွဲတယ်ထင်တယ်လို့ ဖြေရှင်းဖို့ ကြိုးစားနေဆဲမှာပဲ ...
ပိုင်ပိုင်ပြောပြိးပြီနော်...ကောင်လေး...ရှက်စရာမဟုတ်တာ ရှက်မနေနဲ့ အန်တီဆွေနားလည်ပါတယ်
ကျွန်တော်နှုတ်ဆိတ်နေ ရုံမှတစ်ပါး ဘာမှမတက်နိုင်ပဲ ကျွန်တော် လှည့်ပြန်ခဲ့တယ်။
ကျွန်တော်ခြေလှမ်းတွေက ပိုင်ပိုင်ရှိရာ အရပ်သို့ ဦးတည်နေလျှက်.....
ပိုင်ပိုင် ...ဘာတွေလုပ်ထားလဲ ပြောပါအုံးအကိုကိုယ်
ကျွန်တော်ရဲ့အမေးကို မဖြေပဲ အဖြေရခက်နေတဲ့ ပိုင်ပိုင်။ ကျွန်တော် တစ်ခုခုကို နားလည်လိုက်သလို နဲ့နားမလည်ခဲ့တဲ့ အခြေအနေ.။ အဲဒီလိုနဲ့ ပိုင်ပိုင်နဲ့ ကျွန်တော် ငြင်းမရတဲ့ အခြေအတင်တစ်ခု ထဲမှာ ရှုပ်ထွေးနေမိတယ်။ နောက်နှစ်ဝါမဝင်ခင် လက်ထပ်ကြဖို့အန်တီဆွေက ပြောထားတာမို့ ကျွန်တော် ရွာကိုအလည် ပြန်သလို သူမလဲသူမရဲ့ရွာကို အလည်ပြန်ကြရင်း အသီးသီး မိဘတွေဆီမှာ ခွင့်တောင်းကြ တာမို့ကျွန်တော် ရွာက ပြန်ရောက်ရောက်ခြင်း ပိုင်ပိုင်ဆီက ဖုန်းဝင်လာတာမို့ သွားကိုင်တော့ ပိုင်ပိုင်တစ်ယောက် ငိုပြိး ကျွန်တော်တို့လက်ထပ်ဖို့ မဖြစ်နိုင်တော့ပါဘူးတဲ့လေ။ ပိုင်ပိုင်ရဲ့ အိမ်ကဘာတွေပြောတယ် ဆိုတာ ကျွန်တော်မသိရသလို ပိုင်ပိုင်နဲ့ဆုံပြီး ဖြေရှင်းတော့လည်း ငိုနေတဲ့ ပိုင်ပိုင်ဆီက ဘာမှတိကျတဲ့ အဖြေမရခဲ့ပါဘူး။ သားအရင်းလို ချစ်တဲ့ အန်တီဆွေ ကလည်း ကျွန်တော်ကို အပြစ်တင်စကားဆိုပါတယ်။ ဘယ်သူကမှားပြိး ဘယ်သူမှန်ပါတယ်လို့လဲ ဖြေရှင်းဖို့ ကျွန်တော် မကြိုးစားချင်တော့ဘူး။ အမြဲတမ်းလွဲနေတဲ့ ကံတရားနဲ့ ကြမ်းတဲ့လွန်းတဲ့ ဘဝသင်ခန်းစာတွေ ထဲမှာ ကျွန်တော် တော်တော်လေးနေသားတကျ ဖြစ်ဖို့ကြိုးစားရအုံးမှာပေါ့...။ အမျိုးမျိုး အပြစ်တင်နေတဲ့ စွက်စွဲချက်တွေ မရေရာမသေချာတဲ့ သစ္စာဖောက်မှုတွေ ကြားမှာ ရပ်တည်ဖို့ ခံနိုင်ရည်မဲ့စွာပဲ ကျွန်တော် ရုန်းထွက်ခဲ့တယ်။


အဲဒီဒဏ်တွေ မခံနိုင်လို့ အဝေးဆုံးကို ထွက်ပြေးခဲ့တဲ့ အရှုံးသမား အဖြစ်နဲ့ အဝေးဆုံးမှာ ရှိနေခဲ့ပေမယ့် ကျွန်တော်ရဲ့ အတိတ်တွေက ကျွန်တော်ကို အိမ်မက်ဆိုးအဖြစ်နဲ့ နေ့စဉ်ခြောက်လန့်နေလိုက်တာ ညအိပ် ချိန်ရောက်မှာတောင် ဆိုးရွံ့နေမိတဲ့ကျွန်တော် ။ အားလုံးနဲ့ အလွန်ဝေးကွာနေသော အရပ်မှာ ရောက်ရှိနေ သည့်တိုင်အောင်...ကျွန်တော် ရင်ထဲမှာ နားကျင်စွာ....ခါးသိးစွာ.....ခံပြင်းစွာ....ဖြင့်....။
(ကျွန်မရဲ့ကိုတိုင်ရေးဝထ္ထုလေးအား အားပေးကြတဲ့သူငယ်ချင်းများအားလုံး ပတ်ဝန်ကျင်ရှိသက်ရှိသက်မဲ့

တွေနဲ့အတူ ထာဝရပျော်ရွင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..

နင်ကတိမတည်ခဲ့ဘူးနော်

ကြည့်စမ်းကြည့်စမ်း တွယ်တာ နင်အသက်လေးမှ(၁၂)နှစ်ပြည့်မလို့ရှိသေးတယ်



မိန်းခလေးသူငယ်ချင်းတွေ ဘာတွေနဲ့ တော်တော်ဟုတ်နေပါလား..ဟင်

မဟုတ်ပါဘူးမမကြိးရဲ့ သား...မသိဘူးသူတို့ကို





ဘာမဟုတ်ရမှာလဲ သူတို့ကအခုဘယ်ကလဲ မဟုတ်ရင် လာခေါ်မလား

အိမ်တိုင်ရာရောက် ...



မမကြိးရဲ့ဆူပူမှုကို မမလေးကပါ အားဖြည့်ပေးနေတာမို့ ကျွန်တော်ရေငုံနုတ်ပိတ်လုပ်နေလိုက်တယ်။ အဲလိုမှမဟုတ်ရင် အဆင်သင့်ဘေးမှာဝိုင်းနေတဲ့ အစမ(၃)ယောက်နဲ့ ကျွန်တော်ဒီနေ့ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ အပြင် ဆပ်ဖျင်းဖျင်းကျောက ဒဏ်ရာပေါ်က နာကျင်မှုမျိုး ထပ်မရောက်လာဘူးလို့ အာမမခံနိုင်တာမို့ တည်နေတယ်ဆိုတဲ့ အနေအထား ထပ်ကျော်လွန်စွာ စူပုတ်နေမိတဲ့ ကျွန်တော်။ ငယ်စဉ်ကတည်းေ ကြာက်ခဲ့ရသော ဒီအစ်မ(၃) သုံးယောက်ကြားမှာ ကျွန်တော် မလုပ်သာခဲ့သလို တာဝန်ကိုယ်ဆီနဲ့ေ မကြိးရောဖေကြီးပါ အိမ်မှာမရှိတာမို့ ဒီအစ်မတွေနဲ့ ပဲနေ့စဉ်ဖြတ်သန်းရတဲ့ ကျွန်တော်ဘဝ တစ်ကယ်တော့မလွယ်ပါဘူး။ အပြစ်တစ်ခုခုဆို ဝိုင်းပြိးအပြစ်တင်ဖို့လောက် အဆင်သင့်ရှိနေကြတဲ့ အတွက်ကျွန်တော်မှာ အပြစ်ကင်းအောင်နေနေရင်းနဲ့ ကိုပြသနာက မဖိတ်ခေါ်ပဲ အိမ်ရောက်အောင် လာခဲ့တာလေ။



ကျောင်းက ဆရာမက ကျောင်းသားအားလုံး မဖြစ်မနေနဲ့ အချိန်ပို ခေါ်တာနဲ့ ပါက်သတ်ပြီး ကျွန်တော်အိမ်ကို မပြောခဲ့တဲ့ ပြသနာက အစပြုပြိး အခုလိုဖြစ်ခဲ့တာလေ။ အိမ်မှာလည်း မမကြိးရော မမလေးရော မမငယ်ကပါ အလျှင်းသင့် သလိုအမြဲစာပြ ပေးနေတဲ့အတွက် ကျွန်တော်အတွက် ကျူရှင်မလိုတာ သိနေတဲ့ ကျွန်တော်။အခုလို ဆရာမက တက်ရမယ် ဆိုတော့ ကျွန်တော်ကြောက်ပြိး မပြောခဲ့ တာလေ။ ကိုယ်အိမ်အကြောင်း ကိုယ်ပဲသိနေတာ ဆိုတော့ ပြောလည်း အချည်းနှီးဖြစ် မှာသိနေတာမို့ မပြောခဲ့တာ။ တစ်ကယ်တက်ရမယ့် နေ့ကြတော့ ကျွန်တော်မသိတဲ့ မရွှေချော နှစ်ယောက်က အိမ်ကိုလာခေါ် တဲ့အချိန်မို့ ပြသနာစပါလေရော.။



တစ်ကယ်တော့ ကျွန်တော်ဇာတိက ရန်ကုန်ကပါ။အဖေကြိးရဲ့ အလုပ်တာဝန်ကြောင့် အခုလိုမန္တလေးကို ပြောင်းလာတာ မကြာသေး သလို အတန်းထဲမှာလည်း အသိရယ်ခင်မင်သူရယ်လို့ လည်းများများမရှိတဲ့ ကျွန်တော် အတန်းထဲက လူအကုန်တောင် မမှတ်မိသေးတဲ့ အချိန်။ ကျောင်းသားအသစ်ဆိုတော့ ကျောင်းသားဟောင်းတွေက မှတ်မိနေတက်ပြိး ကျွန်တော်က တော့ အခုမှ ကျောင်းတက်စဆိုတော့ အပေါင်းအသင်း လည်းမရှိ သူငယ်ချင်းလဲမရှိသေးတာပါ.။ မရွှေချောနှစ်ယောက်က ကျွန်တော်တို့နဲ့ တစ်လမ်းကျော်မှာ နေကြတာမို့ ကျောင်းသွားခါနီး ကျွန်တော်ကို ဝင်ခေါ်တာက စတဲ့ပြသနာပါ။ စနေနေ့လည်း ဖြစ် မိန်းခလေးနှစ်ယောက်က အိမ်အထိ လာခေါ်တယ်ဆိုပြိး ရှုပ်ရှုပ်ရှက်ရှက် လုပ်တယ်ဆိုပြိး အခုလို အပြစ်ပေးခံရတဲ့ကျွန်တော် နောက်တစ်နေ့ကျောင်းရောက် တော့ အတန်းပိုင် ဆရာမနဲ့ အဲဒီကောင်မလေး နှစ်ယောက် ကို စကားမပြောပဲ သူတို့ကြောင့် အရိုက်ခံရတယ်ဆို ပြိး ရူတည်တည်ဂျစ်ကန်ကန် ကောင်လေးအဖြစ် နဲ့ကျွန်တော်။ နောက်ရက် ကြတော့မှ ဆရာမက မိဘခေါ်ပြိး ရှင်းပြတဲ့အတွက် အိမ်ကနားလည် သွားပြိး ကျွန်တော် အချိန်ပို တက်ခွင့်ရခဲ့ပါတယ်။



...............။........



တွယ်တာ....



ခေါ်သံကြောင့် ဆွဲလက်စ ပန်းချီပုံလေးကိုရပ်ပြီး ကျွန်တော် မော့ကြည့်မိတော့ မရွှေချောနှစ်ယောက်။



ဘာလဲ.



အခဲမကျေစွာပဲ ကျွန်တော် ခပ်မာမာ ပြန်ထူးရင်း ဆွဲလက်စ ပန်းခင်းပုံပန်ချီလေးကိုဆက်ဆွဲနေမိသည်။



စိတ်မဆိုးပါနဲ့ဟ ငါ့တို့က နင့်ကိုခင်လို့ ကျောင်းအတူတူသွားဖို့လာခေါ်မိတာပါ



အေးလေ ဟုတ်ပါတယ်ဟ စိတ်မဆိုးပါနဲ့



တစ်ယောက်တစ်ခွန်း ပြောနေတဲ့ မရွှေချောနှစ်ယောက် ကိုကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်တယ်။ အတန်းထဲမှာလဲ မုန့်စားဆင်း ချိန်မို့ အနည်းငယ်သော ကျောင်းသားတွေက ကျွန်တော်တို့ကို ဂရုစိုက်ပုံမပေါ်ပါဘူး။ ပြေးလွားဆော့နေသူ ၊ကစားနေသူတွေ နဲ့.ရှင်းသရောင်ဖြစ်နေတဲ့ စာသင်ခန်း။



ကျွန်တော် စိတ်ဆိုးမှန်း သိနေတာမို့ ကျွန်တော်ရဲ့ထိုင်ခုံ မှာ တစ်ခါတစ်ရံ မုန့်တွေထားတက်တာမျိုး။ လိုက်လိုက်လျှောလျှော အမြဲလိုက်ခေါ် တက်တဲ့ အဲဒီကောင်မလေး နှစ်ယောက်နဲ့ ကျွန်တော် နောက်ရက်တွေမှာ ကျောင်းသွားကျောင်းပြန် အတူတူ သွားခွင့်ရခဲ့ပါတယ်။ ညီအစ်မလည်း မဟုတ်ပဲ အဲဒီမရွှေချောနှစ်ယောက်က ရုပ်ချင်းအတော်ဆင်ကြ ပြီး ပုံစံ၊အကျင့် စရိုက်တွေ ကလည်းတူနေတက်ပြန်တယ်။ ရုတ်တရက်ကြည့်ရင် ညီအစ်မအရင်းလို့ ထင်ရလောက်တူကြတယ်။ အဲဒီလို ပုံစံဆင်တူ လေးတွေဖြစ်သလို နာမည်ကြတော့ သွေးသစ္စာနဲ့ နွေးနေခြည် ရယ်လို့နာမည်ဆန်းဆန်းလေး တွေနဲ့ သူမတို့ နှစ်ယောက်က ကျောင်းမှာတော်တော်လေး နာမည်ကြိးကြ မှန်း ကျွန်တော်နောက်မှသိလာခဲ့ရတယ်။





တွယ်တာရေ...ခဏစောင့်အုံး





ခေါ်သံနဲ့အတူပြေးလာနေတဲ့ သွေးနဲ့နွေးကို ကျွန်တော် လှည့်ကြည့်ရင်း ကျောင်းအုတ်နံရံကို မှီပြိးစောင့်နေမိတယ်။ အမောတစ်ခေါ ပြေးလာနေတဲ့ မရွှေချော နှစ်ယောက်ကို ကြည့်ပြိး ကျွန်တော်လက်ထဲမှာ ကျစ်ကျစ်ဆုပ်ထားတဲ့ စာနှစ်ဆောင် ကိုအသာလေးနောက်ပစ်ပြိး ဖွက်ရင်း



ဘယ်တော့မဆို အမြဲနောက်ကျနေရော ကျောင်းဆင်းတာဖြင့်ကြာလှနေပြိ



ကျွန်တော်ရဲ့ အပြစ်တင်စကားကိုနွေးက



အောင်မာ ငါ့တို့ကမိန်းခလေးတွေလေ...နဲနဲတော့စောင့်ပါလား တွယ်တာရဲ့ မပြောလိုက်ချင်ဘူး..ပြိးရင်ပျောက်ပျောက်သွား



ဆိုပြိးခွန်းတုန့်ပြန် ရန်တွေ့ပေမယ့် သွေးကတော့ ပြေးလိုက်လာရလို့ ထင်ပါရဲ့ မောနေတဲ့ ဟန်ပန်ဖြင့် ကျွန်တော်ကို ရန်မတွေ့နိုင်ရှာဘူး။ အိမ်နဲ့ကျောင်း ကလမ်းလျှောက်ရင် အမြဲနာရီဝက်လောက် လျှောက်ရတာမို့ တစ်ခါတစ်ရံ ပြေးလိုက် စလိုက် နောက်လိုက်နဲ့ ဝေးလို့ ဝေးမှန်းလည်းမသိပါဘူး.။ ကျောင်းကပြန်ရင် သွေးနဲ့နွေးက အရင်ရောက်ပြိး ကျွန်တော်က သူတို့ထပ် တစ်လမ်းကျော်မှာ မို့ နောက်ကျမှ အိမ်ရောက်ပါတယ်။ ကျွန်တော် လက်ထဲက ဆုပ်ထားတဲ့ စာနှစ်ဆောင်ကို ထုတ်ပြိး



ရော့..အဲဒါနင့်တို့နှစ်ယောက် ကိုပေးတာတဲ့ ရည်းစားစာလေ.



ကျွန်တော်ရဲ့ အပြောကို နားမလည်စွာပဲ မရွှေချောနှစ်ယောက်က ပြိုင်တူဆိုသလို မျက်လုံးပြုးကြည့်တော့..



ဟား...ဟား....ဟား...ကြောက်စရာကြိး သွေးနဲ့နွေးရာ ဘာလဲ ငါပေးတယ်ထင်လို့လား

အဲဒါ သူများပေးခိုင်းတာ ဟ နေ့လည်က သူတို့တွေ မုန့်ကျွေးလို့တောင် စားပြိးပြီ ဟဲဟဲ



ကျွန်တော်ရဲ့ ပြောင်ချော်ချော်အပြောကို မရွှေချောနှစ်ယောက် အခုမှ သဘောပေါက်ဟန် ဖြင့် ကျွန်တော်ကို ထုဖို့ဟန်ပြင်ပြိး အခြေနေသိနေတဲ့ ကျွန်တော်က ရှေ့က ဦးအောင်ပြေးရင်း မလိုက်နိုင်တော့မှ.. သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ ကျွန်တော် ရပ်ရင်း





ငါက ပေးပေးပါဆိုလို့ ပေးပေးတာ ကြိုက်တာမကြိုက်တာကတော့ နင့်တို့အပိုင်းပဲလေ မဟုတ်ဘူးလား နင်တို့နဲ့ အတူပြန်နေတဲ့ ငါကလည်း အန္တရယ်ရှိတယ်လေ...



နင်ကလေ သူငယ်ချင်း ဘက်က ကာကွယ်ပေးမယ်မရှိဘူး ရည်းစားစာ ကိုတောင် တာဝန် ယူပြိး ပေးပေးရတယ်လို့



သွေးရဲ့စကားကို နွေးကထောက်ခံမဲ အပြည့်ဖြင့်





အေးလေ တော်တော်လေးခင်ဖို့ကောင်းတယ် စိတ်ချရပြီသိလား တွယ်တာ နင့်လို သူငယ်ချင်းမျိုး



မဟုတ်ပါဘူး ဟ ငါလည်း မုန့်စားရလို့ပါဟ...ဟီးဟီး



သြော်...တော်တော်မုန့် ငတ်နေတယ်ပေါ့လေ...မစားရရှာဘူးမလား



ဆိုပြိးသွေးက ထပ်မံထောပနာပြုရင်း။။ဟုတ်ပါတယ် ကျွန်တော် ကျောင်းလာရင် ဘယ်တော့မှ မုန့်ဖိုးမရတက်ပါဘူး။ ဘယ်တုန်း ကမှလည်းမရခဲ့သလို အိမ်ကထည့် ပေးတဲ့ထမင်းဘူး ဒါမှမဟုတ် မုန့်နဲ့ပဲအမြဲ ကျောင်းလာခဲ့ရတဲ့ ကျွန်တော် ပိုက်ဆံကိုင်ပြိး မုန့်ဈေးတန်း မုန့်ဝယ်စားတဲ့ အခွင့်ရေးမရခဲ့ပါဘူး.။အပြည့်အစုံ အိမ်ကအမြဲလုပ်ပေးနေတာမို့ မုန့်ဖိုးလည်း မတောင်းရဲသလို တောင်းလည်းမရမှာ သေချာတာမို့ ဒီအတိုင်းလေးပဲ နေခဲ့တာ အခုဆို ကျွန်တော် အလယ်တန်းနောက်ဆုံးနှစ် ကျောင်းသားတောင်ရောက်နေပြိးလေ။ ပြောရင်းပြောရင်း သွေးတို့နေတဲ့ လမ်းထိပ်ရောက်တော့



နောက်နေ့ကျောင်းရောက်မှ အကြွေးတောင်းမယ်



လို့တစ်ယောက်တစ်ခွန်းပြောရင်း မရွှေချောလေး တွေနဲ့လမ်းခွဲရင်း အိမ်ရောက်ရင် လုပ်ရမယ့် အလုပ်တွေတွေးရင်း ကျွန်တော် ရင်မောနေမိတယ်။











သားတစ်ယောက်ထဲ သာပါတယ်ဆိုပေမယ့် သူများမိသားစုတွေလို အငယ်ဆုံးသားဖြစ်လို့ ဆိုပြိး အလိုက်လိုက် အရေးပေး ခံရဖို့နေနေသာသာ အပြစ်ကင်းအောင်နေနေရတဲ့ ကျွန်တော်ဘဝ။ အမှားတစ်ခု တွေ့တိုင်း အပြစ်တင် ဒဏ်ပေးတက် ကြတဲ့အစ်မတွေကြောင့် လည်း အပြစ်လွတ်အောင် နေထိုင်ရသလို အားတဲ့အချိန်တွေ မှာလည်း ကြမ်းတိုက်၊ ရေခပ်၊ ထင်းခွဲစတာ တွေလည်း အလျှင်းသင့်အောင် လုပ်ပေးရတဲ့ ကျွန်တော် အိမ်မှာဆို အပိုးကျိုးတဲ့ကောင်လေးတစ်ယောက် ပါ။စာနဲ့ ပါက်သက်လာရင်လည်း ကျဖို့မပြောနဲ့ အမှတ်နည်းတာတောင် အပြစ်တင်ဆူပူနေတက်တဲ့ အစ်မတွေကြောင့် အမြဲပဲ ကျီးလန့်စားစားနေရတဲ့ ကျွန်တော်။ မေကြိးနဲ့ဖေကြိး ကလည်း အလုပ်တွေနဲ့ အိမ်မှာအမြဲ မရှိကြတာမို့ အစ်မတွေ လက်ထဲမှာပဲကြီး ပြင်းပြိး အစ်မတွေဆိုရင် မျက်လုံးတောင် လှန်မကြည့်ရဲလောက် အောင်ကြောက်ရတဲ့ ကျွန်တော်အဖြစ်။



...............။...............



ဟေ့ကောင် တွယ်တာ



အပြောကမဆုံး လက်ကအရင်လာတဲ့ အတွက် ကျင့်သားရနေပြီ မို့ ကျွန်တော်ဆီ ဦးတည်လာတဲ့ သက်မော်ရဲ့ လက်ကို ဖမ်းဆုပ်ရင်း



ဘာလဲ သက်မော်



မင်းသိလား မင်းရဲ့မဒီနှစ်ယောက်ထဲက တစ်ယောက်တော့ စွန်ပြီ



ဟင် ဘာလဲမင်းစကားကကြိးက



ဟာကွာ မင်းကလေ ညံ့ပါ့ အဲဒါကြောင့် မင်းကျန်ခဲ့တာနေတာ



ဘာကိုလဲကွာ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ သက်မော်ရ



သွေးလေ သွေးသစ္စာလေ အခုအတွဲရနေပြီကွသိလား



ဟာမင်းကလည်း အစမရှိ၊အဆုံးမရှိ မဟုတ်ပါဘူးကွ



အဲဒါကြောင့်မင်း ကိုပြောတာ မင်လောက်ညံ့တဲ့လူမရှိဘူးလို့ပေါ့ လာငါနဲ့လိုက်ခဲ့ မင်းကို ပြမယ်



ပြောလည်းပြော၊လက်ကလည်း ပါတက်တဲ့ သက်မော်နောက် ကျွန်တော် ပုံစံပျက်တရွတ်တိုက်ပါသွားပြီး



ဟော...ကော်ရစ်တာမှာ တွေ့လား မင်းရဲ့သွေးသစ္စာ



ဟုတ်ပါရဲ့ သက်မော် လက်ညွန်ရာကို ကြည့်မိတော သွေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ စကားပြောနေလိုက်တာ ရီလို့မောလို့။ဘာရယ်မဟုတ် လှမ်းကြည့်မိရင်း ကျွန်တော်လက်ထဲက ဆွဲလက်စ ပန်းချီကားလေး လျှောခနဲ လွတ်ကျသွားခဲ့တာ



ဟာ ဘာလဲဟ အဲဒါက



မျက်စိလျှင်တဲ့သက်မော်က စာရွတ်လေးကိုကောက်ယူရင်း



ဟာ မင်းဘယ်သူ ပုံတူဆွဲနေတာလဲ



မေးလည်းမေး အော်လည်းအော်တဲ့ သက်မော်ရဲ့လက်ထဲက ဆွဲလက်စ ပုံတူလေးကို ကျွန်တော် ပြန်ယူဖို့ ကြိုးစားခဲ့ ပေမယ့် စဖို့နောက်ဖို့ဆို သူမတူတဲ့ သက်မော်ကြောင့် ကျွန်တော်ရဲ့ ဘယ်သူဘယ်ဝါမှန်း မသေချာသေးတဲ့ ပန်ချီလေး အကြောင်း တစ်ခန်းလုံး သိသွားခဲ့တယ်လေ။ ညနေကျောင်းဆင်း ချိန်ရောက်တော့ မနေနိုင်စွာပဲ အရင်လို ပြန်နေကျ သုံးယောက် မဟုတ်ပဲ သွေးက ကျွန်တော်တို့နဲ့အတူ မပါတော့ဘူးလေ။



သွေး ဘယ်ပျောက်နေတာလဲ နွေး



မသိချင်ယောင်ဆောင်ပြီး ကျွန်တော် နွေးကို မေးတော့နွေးက



ငါဘယ်သိမလဲ တွယ်တာရဲ့



ဆိုပြီး လွယ်လွယ်လေးပဲ ပြန်ဖြေတဲ့ နွေးက သိနေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘာရယ်မဟုတ် ကျွန်တော် စိတ်တွေ အလိုလို တိုနေမိပြီး တစ်စုံတစ်ခုကို အလိုမကျ စွာနဲ့ပဲ



နွေး ခဏစောင့်မယ် သွေးလာမှာပေါ့



ရုတ်တရက် ကျွန်တော်ရဲ့ အပြောကို နွေးက သဘောမကျစွာပဲ



မစောင့်ပါနဲ့ တွယ်တာရာ ငါတို့သွားနှင့်မယ်လေ သွေးလိုက်လာမှာပေါ့



နင်ပြန်ချင် ပြန်နှင့်လေ ငါသွေးကိုစောင့်အုံးမယ်



ကျွန်တော်ရဲ့ အပြောကို အလိုမကျစွာနဲ့ နွေးကပါ ကျွန်တော်နဲ့အတူ ရပ်စောင့်မယ်ဆိုတဲ့ အနေအထားမျိုးဖြင့် ရပ်စောင့်နေတယ်လေ။ တော်တော်လေးကြာတော့ သွေးတစ်ယောက် တဖြည်းဖြည်း လျှောက်လာတာ တွေ့ရပါပြီ။ သွေးက သူကိုစောင့်နေ တဲ့ကျွန်တော်တို့ နှစ်ယောက်ကြောင့် အံသြသလို မျက်လုံးပြူးကြည့် ပြိး



ငါကနင်တို့ သွားပြိလို့ ထင်နေတာ



လို့ ခပ်အေးအေးပြောပြပုံ က ကျွန်တော်တို့ စောင့်နေခြင်း မစောင့်နေခြင်း အပေါ်မှာ ဘာခံစားမှု မရှိတာ သိသာလှပါတယ်။ ဘာရယ်မဟုတ် သွေးကိုမြင်ရတော့ မှ ကျွန်တော်စိတ်တွေ နည်းနည်းကျေနပ်နေသွား ရတာကို ကျွန်တော်နားမလည် ဖြစ်မိရင်း။



.............။............



ကလေးဘဝရဲ့ အချစ်ဆိုတာ မယ်မယ်ရရ မခံစားတက် ခင်ကတည်းက သွေးကို ကျွန်တော် စိတ်ဝင်စားခဲ့ မိပေမယ့် သွေးကတော့ ကျွန်တော်ကို သာမန်သူငယ်ချင်း တစ်ယောက်ထပ် မပိုခဲ့ပါဘူး။ သွေးနဲ့ စကားပြောရင်း သွေးမျက်နှာလေး ကို တရိုက်မက်မက် ငေးမောခွင့် ရနေတဲ့ အခိုက်အတန့်လေးကို ကျွန်တော် ဘယ်လို မက်မောမိမှန်းမသိဘူး။ သွေးမသိအောင် သွေးရဲ့အိမ်ကို သွားလည်တုန်းက ခိုးယူမိခဲ့တဲ့ သွေးဓါတ်ပုံ နောက်ကျောလေးမှာ ချစ်တယ် သွေးရယ်လို့ တိတ်တခိုး ချရေးမိတဲ့ အထိ ကျွန်တော်အတွက် သွေးက ဆိုးမိုးနိုင်လွန်းတဲ့ သူပါ။



တွယ်တာ ဘာတွေတွေးနေတာလဲ ငါပြောတာကြားလား



ကျွန်တော်ရဲ့ အတွေးတွေ နွေးရဲ့အပြောနဲ့အတူ ကျောပေါ် ကျလာတဲ့ ခပ်ဆတ်ဆတ် ရိုက်သံလေးကြောင့် အတွေးတွေ လွင့်ပျောက်ခဲ့ရတယ်။



ဘာလဲ နွေးရ ငါမကြားလိုက်ဘူး



တွယ်တာနော် နင်ကလေ ထုရိုက်ခံရတာတောင် နည်းတယ် အသေသတ်ဖို့ကောင်းတဲ့ကောင်



ဟ ငါဘာလုပ်မိလို့လဲ နွေးက



အူကြောင်ကြောင် ကျွန်တော်ရဲ့ အမေးကိုနွေးက



နင်ကလေ ငါခင်သလိုလဲမခင်ဘူး ငါ့မှာတော့ အိမ်က ရန်ကုန်ပြောင်းရမယ်ဆိုတော့ နင်တို့နဲ့ ခွဲရမယ်ဆို ပြိး ငိုလိုက်ရတာ နင်ကတော့



မဟုတ်ပါဘူး နွေးရ အဲလိုလည်း ငါတို့လည်း လွမ်းနေမှာပေါ့ နွေး ရ ငါတို့တွေ တက္ကသိုလ်ရောက်ရင် ဆုံကြမယ်လေ နင်ကလည်း အဲကြမှ အတူတူ ပြန်တက်ကြတာပေါ့ မကောင်းဘူးလားနွေးရ



အေးပါ ငါလည်း အဲလိုပဲ မျှော်လင့်ထားတယ် ငါလည်းစာကြိုးစားမယ်လေ နင်တို့လည်း စာကြိုးစားနော် တက္ကသိုလ်ရောက်ရင် ပြန်ဆုံကြမယ်လေ



အေးပေါ့ဟ ဟုတ်တာပေါ့ နွေးရ



ကျွန်တော် နွေးရဲ့စကားထောက်ခံ ရင် ကျွန်တော် မျက်လုံးထဲမှာ နွေးမရှိရင် နောက်နှစ် ကျွန်တော်နဲ့သွေး နှစ်ယောက်ထဲ ဆိုတဲ့ အသိကြောင့် ဘာရယ်မဟုတ် လိုက်ခနဲခုန်နေတာ နွေးသာသိရင်..။တဖြေးဖြေး သွေးတို့အိမ်ကို ကျွန်တော်နဲ့ နွေးရောက်တော့ သွေးက အိမ်ရှေ့က ထိုင်ခုံတန်းလေးမှာ ထိုင်ရင်း ကျွန်တော်တို့ အလာကို စောင့်ကြိုနေတယ်လေ။ သွေးတို့အိမ်ရှေ့ မှာရှိတဲ့ တရုတ်စကားပင်ကြိး အောက်မှာ ထိုင်ခုံတန်းလေးနဲ့ သွေးက ဘာမှန်မသိပဲ ကဗျာဆန် နေခဲ့တယ်။ ပါးကွက်ကျား ပါးပါးလေးနဲ့ သွေးက ဘယ်အချိန်ပဲ ကြည့်ကြည့် လှပနေလိုက်တာ။



သွေး ငါသွားရင် လိုက်မပို့နဲ့နော်..



လို့ နွေးက မျက်ရည် ဝဲပြိး ပြောတော့ သွေကပါ မျက်ရည်တွေကျလို့ ကျွန်တော် ဘာလုပ်ရမှန်းမသိတာနဲ့ မရွှေချော နှစ်ယောက်နားက ထွက်လာပြီး သွေးတို့ အိမ်ဘေးက မာလကာပင် ပေါ်သို့တက်ရင်း ပွပြိးဖွေးနေတဲ့ အလုံးလှလှလေးတွေ ကိုမှစိတ်ကြိုက် ရွှေးခူးရင်းနဲ့ သွေးနဲ့နွေးအတွက်ပါ ပိုခူးရင်း အတွေးလွန်သွားတဲ့ကျွန်တော် မာလကာ ပင်ပေါ်ကနေ အကျမတော် စွာပဲပြုတ်ကျပါလေရော။



အား



ကျွန်တော်ရဲ့ အော်သံကြောင့် သွေးရော နွေးပါ အပြေးရောက်လာ သလို သွေးရဲ့အမေကပါ ပြေးဆင်းလာပြိး ဘာဖြစ်တာလဲလို့

ဝိုင်းကြည့်ရင်း အကျမတော်တော့ ခြေသပွတ်အူလည်ပြိး ခြေထောက် ထောက်လို့မရအောင် နာကျင်တဲ့ဒဏ်ကြောင့် ကျွန်တော် ရှုံ့မဲ့တာကိုကြည့်ပြီး သွေးနဲ့နွေးက အသဲပိုရန်ကော ဆိုတဲ့ အသိနဲ့ မျက်စောင်း ကိုယ်စီထိုးကြရင်း။ တစ်ကယ်ကို အဲဒီနေ့က အိမ်ကို လှမ်းလျှောက်ပြိး မပြန်နိုင်တာမို့ အိမ်တိုင်ရာရောက် သွေးရဲ့ အမေကပါ ကျွန်တော်ကို အီမ်ပြန် လိုက်ပို့ရခဲ့တယ်လေ။ အကျကောင်းခြင်း တစ်မျိုးပါပဲ။ ခြေထောက်မထောက်နိုင်လို့ ကျွန်တော်ကို လာပို့တဲ့ အချိန် မေကြိးကလည်း ရုံးက ပြန်ရောက်နေ ချိန်မို့ မမကြိးရဲ့ အဆူခံက လွတ်တဲ့အပြင် သွေးရဲ့မေမေက မေကြိးနဲ့ ကျောင်းနေဘက် တွေဖြစ်နေတဲ့ အတွက် ကျွန်တော် ပိုလို့ပျော်ပါတယ်။ မိန်းခလေး အပေါင်းသင်း ထားတာမကြိုက်တဲ့ မမကြိးတို့ကြောင့် ကျွန်တော်မှာ သွေးနဲ့သိပ်မတွေ့ရသလို သွေးရှိရာ သို့လည်းမသွားရဲ ခဲ့တာ အခုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်မို့ ဒဏ်ရာနာတဲ့ ကြားက ပိုလို့ပျော်မိပါတယ်။ အဲဒါတွေ သွေးကတော့ ဘယ်သိပါ့မလဲနော်။



................။............



အဲလိုနဲ့ အထက်တန်းကျောင်း တက်ရတော့ ကျွန်တော်ရယ် သွေးရယ် နှစ်ယောက်ထဲ။ ကျွန်တော်တို့နဲ့ အထက်တန်းကျောင်းက တော်တော်လေးဝေးတာမို့ အိမ်က ကျွန်တော်အတွက် ကျောင်းတက်ဖို့ စက်ဘီးအသစ် မိချောင်းဘီး လေးဝယ်ပေးတဲ့အတွက် စက်ဘီး အသစ်လေးနဲ့အတူ ကျွန်တော်နဲ့ သွေး ကျောင်းသွားကျောင်းပြန် အတူမို့ ပျော်လိုက်ရတာ ကျွန်တော်မှာ အတိုင်းမသိပါပဲ။ ဘာရယ်မဟုတ် သွေးရဲ့လက်ဖဝါးလေးတွေ ကျွန်တော်ကျော ပေါ်ရောက်လာရင် ရင်ခုန်သံတွေ မြန်ပြိး အသက်ရှူ ရပ်မတက် ကျွန်တော် ခံစားရတာ သွေးကတော့ ဘယ်သိပါ့မလဲလေ။



တွယ်တာ နင်ကြီးလာရင် ဘာလုပ်မှာလဲဟင်



အင်းဘာလုပ်ရမှာလဲ တက္ကသိုလ်တက်မှာပေါ့သွေးရ



ဟွန်း နင်ကလည်း စစ်ဗိုလ်လေးဘာလေးလုပ်ပါလား တွယ်တာရ



ဟာနင်ကလည်း ဘာဖြစ်လို့လဲ



ငါလေစစ်ဗိုလ်ဆို အရမ်းသဘောကျတာဟ ငါယောက်ျားလေးမဟုတ်လို့ ဟုတ်ရင်စစ်ဗိုလ်ပဲ လုပ်မှာ



အဲဒါဆို နင်ကရော ဘာလုပ်မှာလဲ



ငါကလား ငါကကျောင်းဆရာမ လုပ်မယ်လေ မကောင်းဘူးလား ပညာရေး တက္ကသိုလ်တက်မယ်လေ နင်က စစ်တက္ကသိုလ်တက်ပေါ့ မဟုတ်ဘူးလား



အဲဒါဆို ငါတို့ တက္ကသိုလ် အတူတူ မတက်ဖြစ်တော့ဘူးပေါ့ သွေးရ



ဘာဖြစ်လဲဟ ငါတို့တွေ ရည်ရွယ်ချက်တွေ ပြည့်မှ ပြန်ဆုံကြတာပေါ့ တွယ်တာရ



သွေးကလည်း နွေးနဲ့လည်း တက္ကသိုလ်မှာ ပြန်ဆုံမယ်လို့ ပြောထားတဲ့ဟာကို ဘယ်လိုလုပ်မလဲ



တွယ်တာ နင်ကလေ ရုပ်ချောသလောက် တော်တော်သရဲဘောကြောင်တယ်



ဟင်ဘာဆိုင်လို့လဲ သွေးရ



နင်စစ်ဗိုလ် လုပ်ရမှာ ကြောက်နေတာမလား



ငါက ဘာလို့ကြောက်ရမှာလဲသွေးရ ငါက နင်တို့နဲ့အတူတူ တက္ကသိုလ် တက်ချင်တာလေ



မရပါဘူးဟာ တွယ်တာ ငါ့ကိုကတိပေးဟာ နင်စစ်ဗိုလ်ကြိး ဖြစ်အောင်လုပ်နော်



အင်း ဒီအတိုင်းတော့ လုပ်လို့မရဘူးသွေးရ



ဘာလို့လဲ တွယ်တာ ရ



ငါ့ကို ချစ်တယ်လို့ ပြောရင် ငါနင့်စကား နားထောင်မယ်လေ



ကျွန်တော်ရဲ့ စကားကို သွေးက အလိုမတူစွာ စူပုတ်နေပြိး



စိတ်မဆိုးပါနဲ့ သွေးရယ် ငါနင့်ကို အဆုံးရှုံးမခံနိုင်ဘူးဟ ငါကို အခုအဖြေပေးလို့ မလိုပါဘူးဟာ နောက်တစ်ချိန် နင်ဖြစ်စေချင်သလို ငါလုပ်မှာမို့ အဲဒီအချိန် ကျရင်သာ ငါ့ကိုလက်ခံ ပေးပါသွေးရာနော်



ကျွန်တော်ရဲ့ အပြောကို သွေးကနှုတ်ဆိတ်နေပြိး



သွေး နင်ငါ့ကို စိတ်ဆိုးသွားတာလားဟင် မဆိုးပါနဲ့သွေးရာ နင်မကြိုက်ဘူးဆိုရင်



ကောင်းပြိလေ..နင်ရဲ့လုပ်ရက်ကို ငါစောင့်ကြည့်ပြိး အဖြေပေးမယ် အဲဒီအချိန် မတိုင်ခင် တော့ငါတို့က သူငယ်ချင်းပဲနော် တွယ်တာ



အေးပါဟ သွေးရ...ငါကြိုးစားမှာပါ နင်သာ သစ္စာမဖောက်နဲ့နော်



ဒီမှာ တွယ်တာ ငါ့နာမည်သွေးသစ္စာ မှတ်ထား ငါဘယ်တော့မှ သစ္စာမဖောက်ဘူး နင်သာ နာမည်က တွယ်တာ လူက မင်းသားရုပ်နဲ့ ဇတ်ကမလား ဘာလားစောင့်ကြည့်ရမယ်



ဟားဟားဟား



သွေးရဲ့ စကားကြောင့် အားရပါးရ ရယ်မောနေတက်တဲ့ တွယ်တာကိုကြည့်ပြိး သွေးပြုံးနေမိတယ်။ သွေးကိုယ်တိုင် မနာလို ဖြစ်ရလောက်အောင် တွယ်တာက မိန်းမဆန်ဆန် ချောတဲ့သူပါ။ ရယ်လိုက်ရင် ညာဘက်မှာ ပါးချိုင့်လေး ရှိနေတက်တဲ့ တွယ်တာက အရယ်အပြုံးလည်း နည်းပြိး တစ်ခါတစ်ရံ ရယ်မောလိုက်ရင် တစ်မျိုးလေး စွဲဆောင်မှု ရှိနေတက်တဲ့ ကောင်လေးမို့ သွေးကတော့ အမြဲပဲ သွေးမနာလို ဖြစ်မိရလောက်အောင် ချောလွန်းတဲ့ တွယ်တာပါ။ ယောက်ျားလေး ပေမယ့် ဆံနွယ် ရှည်ရှည် ဖြောင့်ဖြောင့်တွေကို နှစ်သက်တဲ့ တွယ်တာကြောင့် ချောရတဲ့အထဲ မိန်းမဆန်ဆန် ဖြစ်နေတာမို့ သွေးတွယ်တာကို တမင်ပြောခြင်း ဆိုတာ သိနေလို့လဲ သွေးရဲ့အပြောကို သဘောတကျ ရယ်မော နေတဲ့ တွယ်တာပါ။ လူက ဖြူနွဲ့နွဲ့ ရှိရတဲ့ အထဲ နာမည်ကပါ တွယ်တာအောင် ရယ်လို့ဆိုတော့ သွေးအတွက် တွယ်တာကို အဲလိုပြောနေ ကြဆိုတာ မလွန်ပါဘူးနော်။



သွေး နင်မညာနဲ့နော် ငါ့ကို ပြိးတော့ ကတိလည်း တည်ရမယ် ချစ်သူလည်း မထားရဘူးနော်



စိတ်မချသလို ထပ်ပြောလာတဲ့ တွယ်တာ ကိုကြည့် ပြီး သွေးရယ်မောရင်း



အင်းပါ တွယ်တာ ငါ ရည်စားမထားတာ ဘယ်လောက်ကြာနေ ပြိလဲ နင်ကောင်းကျိုးကြောင့်လေ



သွေးအပြောကြောင့် ကျွန်တော် သဘောတကျရယ်မောလိုက်မိသည်။ ဟိုတစ်ချိန် သွေးချစ်သူ ထားတာကို သွေးအိမ်ကို ကျွန်တော် ကိုယ်တိုင် တိုင်ပြောတဲ့ အတွက် သွေးရဲ့ အမေက ကျွန်တော် ရှေ့မှာတင် သွေးကို ရီုက်တာကို သွေးကပြန်ပြောခြင်းပါ။အဲဒီအချိန် တုန်းကအချိန် တော်တော်ကြာ သွေးက ကျွန်တော်ကို မခေါ်ခဲ့ပေမယ့် နွေးကြောင့် ကျွန်တော်တို့ တွေ ပြန်လည်သင့်မြတ်ခဲ့ ကြရတာလေ။



..............။.................



ဒီနေ့ သီတင်းကျွတ် လပြည့်နေ့မို့ ကျွန်တော်ဘွားဘွားဆီ ကိုသွား ကန်တော့မှာမို့ မနက်စောစောထပြီး သွားကန်တော့ပြီး နေ့လည် ကျုရှင်ရှိတာမို့ အပြေးပြန်လာတဲ့ ကျွန်တော်။ မိုးလေ ကင်းလွတ်တဲ့ ရာသီဆိုပေမယ့် မိုင်းညို့နေတဲ့ကောင်းကင်ကြီးက နေမပူ မိုးမရွာနဲ့ အုပ်ဆိုင်းပြိး အဝေးကို လှမ်းမျှော်ကြည့်ရင် မြူတွေဆိုင်းနေတာမို့ တစ်မျိုးလေး လှပနေ လိုက်တာ။ ထုံးစံအတိုင်း ကျွန်တော်ရဲ့ နောက်ကယ်ရီယာခုံ လေးပေါ်မှာတော့ သွေးက စကားတစ်ပြော ပြောနဲ့ လှပနေတဲ့ ရာသီဥတု ရယ် ၊ကျွန်တော့ရဲ့ သွေးရယ် ကျူရှင် ပြန်လာချိန်လေးမို့ လမ်းတစ်လျှောက် မှာလည်း အပျော်တမ်း စက်ဘီးစိးသူတွေ၊ ကျွန်တော်တို့လို့ ကျူရှင်အပြန် ကျောင်းသားတွေနဲ့ စည်ကားနေလိုက်တာ။ တော်တော်ဝေးဝေးမှာ ပြပြလေးသာ မြင်ရတဲ့ မန္တလေးတောင်ကလည်း လှပတဲ့ ရာသီဥတုနဲ့ အပြိုင် သာယာနေ လိုက်တာ ။ ကျွန်တော်တို့ ကျူရှင်နဲ့ တော်တော်လှမ်းတဲ့ နေရာအရောက် သွေးက



တွယ်တာ ကြည့်စမ်း အဲဒီ ပန်းခြံကြိးကို ငါလိုချင်လိုက်တာ ဘယ်လောက်လှတဲ့ ပန်းတွေလည်း စုံနေတာပဲ



အင်းဟုတ်တယ်သွေးရ ဒီလိုလုပ်လေ နင်လိုချင်ရင် ငါဝယ်ပေးမှာပေါ့ဟ



တော်ပါ ကောင်စုတ် ဟုတ်တာလဲ မဟုတ်ပဲနဲ့ လျှောက်ပြောနေ



သွေးက ကျွန်တော်ရဲ့ အပြောကို ပြစ်ပြစ်နှစ်နှစ်ပါပဲ တုန့်ပြန်လိုက်တာ။ လေကို ဆန်ပြိး နင်းရတဲ့ အတွက် သွေးရဲ့ ရယ်သံ ချိုချိုလေး ကို မကြားရပေမယ့် သေချာရယ် သွေးရယ်မောနေမယ်ဆိုတာ ကျွန်တော် အတက်သိနေတယ်လေ။



တွယ်တာ ငါပြောတာ ကြားရလား



အတွေးကြောင့် ရော စက်ဘီးနင်းနေရတဲ့ အတွက်ရောကြောင့် သွေးပြောတာ ကျွန်တော် မကြားလိုက်တာမို့



ဘာလဲသွေး ပြန်ပြော မကြားလိုက်ဘူးဟ



သြော် အဲဒီ ပန်းခြံကြိးကို တစ်ချိန်ကျရင် နင်တစ်ကယ် ဝယ်ပေးပါလားလို့



သွေးနော်...မဟုတ်ကဟုတ်ကတွေ တွေးပြိး နင်စိတ်ကူးယဉ် နေတယ်ပေါ့လေ ဟဟဟ



တွယ်တာနော် ငါတစ်ကယ်ပြောနေတာ ငါတို့ ရည်ရွယ်ချက် တွေပြည့်သွားရင် အားလပ်ရက်တွေ မှာပန်းစိုက်ကြမယ်လေ မကောင်းဘူးလား တွယ်တာရဲ့ ကြည့်စမ်း အဲဒီပန်းခင်းကြိး ဘယ်လောက် အရောင်အသွေး စုံလင်ပြိး လှပနေလဲလို့



အင်းဝယ်ပေးမှာပေါ့ သွေးရ နင်လိုချင်တာဆို ဖြစ်အောင်ငါ ကြိုးစားပေးမှာပေါ့



သွေးနေ့တိုင်း မရိုးနိုင်အောင် ပြောနေကြ စကားလေးပါ။ ပန်းမြို့တော်လို့ တောင် တင်စားလို့ရတဲ့ မန္တလေး မြို့ က ရေခံ မြေခံအရမ်းကောင်း တဲ့အတွက် ပန်းမျိုးစုံ ပွင့်တဲ့ နေရာဒေသ တစ်ခုမို့ ဘယ်နေရာကြည့်ကြည့် ပန်းခြံတွေ မလှမ်းမကမ်းမှာ ရှိနေတက်တယ်လေ။ စကားတစ်ပြောပြောနဲ့ သွေးတို့ အိမ်ရှေ့ရောက်တော့ သွေးက စက်ဘီးပေါ်က ကျွန်းကျင်စွာ ခုံ ဆင်းရင်း ကျွန်တော်ကို ပြောင်ရင်း အိမ်ထဲသို့ ပြေးဝင်ပျောက်ကွယ် သွားတဲ့အထိ ကျွန်တော် ရပ်ကြည့်နေမိတယ် ။ မှောင်ရီ ပျိုးစအချိန် မို့ ဒီအချိန် အိမ်မှာ ဖေကြိးရော၊မေကြိးပါ ရောက်နေလောက်ပြီ ဆိုတဲ့ အသိနဲ့ ကျွန်တော် သွက်သွက်လေးနင်းပြိး အိမ်ကိုဥိးတည် လိုက်တယ်။ ထင်တဲ့အတိုင်းပါပဲ ခြံတခါး ဝမှာ ကျွန်တော်ရဲ့ အလာကို စောင့်ကြိုနေတဲ့ မေကြီး။



မေကြိး ဘာလုပ်နေတာလဲ



သားမလာသေးလို့လေ နောက်ကျလားလို့



မဟုတ်ပါမေကြိးရဲ့ ကျောင်းမျာ ဒီနေ့Physicဆရာက စာပြတာနည်းနည်း ကြာနေတာပါ မေကြိးရ



မေးကြိးရဲ့ အမေးကို ကြေလည်စွာ ဖြေရင်း အိမ်ထဲဝင်လိုက်တော့ စူး၇ှတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်နေကြ တဲ့ ကျွန်တော်ရဲ့ အစ်မတော်(၃)ယောက်။ ကျွန်တော် မသိချင်ယောင် ဆောင်ပြိး ခပ်တည်တည်နဲ့ စားကြည့်စားပွဲပေါ် လွယ်အိပ်တင်ပြီး ဆာလောင်နေပြီ ဖြစ်တဲ့ ဗိုက်ထဲကလည်း တဂွီဂွီဖြင့် အချက်ပေးနေပြီမို့ ညစာစားဖို့အတွက် နောက်ဖွေးသို့ ခပ်သွက်သွက်လေး ဝင်ခဲ့တယ်။ အဲဒီအစ်မ သုံးယောက်ရဲ့ အကြည့်အောက်က နေလွတ်လို့ လွတ်ငြားလေ။ သွေးကို နောက်ကယ်ရီယာခုံမှာ တင်ပြိး ကျောင်းအတူတူ သွားနေတာကို သိပ်ကြည့်မရတာက တစ်ကြောင်း သွေးမေမေနဲ့ မေကြီးနဲ့ကလည်း ငယ်သူချင်းတွေမို့ သွေးမေမေ ကိုယ်တိုင်က ကျောင်းသွားကျောင်းပြန် အတူသွားဖို့ တောင်းဆိုထားတဲ့ အတွက်ကြောင့် သာ သွေးနဲ့ အခုလို ကျောင်းအတူ သွားခွင့်ရနေတဲ့ ကျွန်တော် အဖြစ်လေ။ ညစာစားပြိး ခဏနေတော့ ကျွန်တော် စာကြည့်ဖို့အတွက် စာကြည့်စားပွဲမှာ ထိုင်လိုက်တော့မှ ကျွန်တော် နားမှာဝိုင်းနေတဲ့ အစ်မတွေ ကိုယ်စီပျောက် ကုန်ကြတယ်လေ။ တစ်နေစာ တစ်နေ့ ပုံမှန်လုပ်နေတဲ့ ကျွန်တော်နဲ့သွေး ဒီနှစ်တော့ နှစ်ချင်းပေါက် မယ်ဆိုတာ ကိုယ်စီယုံကြည် ထားကြသလို အဲဒီလို ရည်မှန်းချက် လေးအတွက်လည်း တွေးပြိး ပျော်နေမိတဲ့ ကျွန်တော်။ ညအတော် နက်တဲ့ အထိ စာကျက်ရင်း

တော်တော်လေး ညဉ့်နက်မှ အိမ်ယာသို့ ဝင်ခဲ့တယ်။



.............။.............



တွယ်တာ ကျောင်းတက် ရမယ်မလားသား ထတော့ လေ



လို့ မေကြီး အသံကြားတော့မှ အိပ်ရာက ကုန်းထပြိး နာရီလှမ်းကြည့် မိတော့ ၆း၃၀ နေပြိး။ ကဗျာကယာ အိပ်ယာမှ လူးလဲ ထရင်း သွေးတော့ စောင့်ရလို့ ဒေါပွနေမှာပဲ ဆိုတဲ့အသိက ကျွန်တော်ကို လှုပ်နိုးတော့ ကျောင်းသွားဖို့ အမြန်ပြင် ဆင်လိုက်ပြီး သော့ခတ်ထားတဲ့ စက်ဘီးလေးကို အသာချပြီး နှုတ်ဆက်ရန် မေကြီးကို လှမ်းအကြည့်



သား ဒီနေ့ သွေးကိုဝင်မခေါ်နဲ့ သားကျောင်းပဲ တန်းသွားတော့နော်



ဟင် ဘာလို့လဲမေကြီး သွေးညက ဘာမှမပြောဘူးလေ ဒီနေ့ စာမေးပွဲရှိတယ် မေကြိးရဲ့



အင်းပါ ဘာပဲရှိရှိ သားပဲသွားလိုက် စောစောလေးကမှ သွေးအိမ်က လာပြောသွားတာ သားရဲ့



မျက်နှာမကောင်း ပဲပြောနေတဲ့ မေကြိးကြောင့် ကျွန်တော်ရင်ထဲ ထိတ်နေရသည်။ အရင်လို သွေးနဲ့အတူ ကျောင်းသွား ဖို့မေကြိး ခွင့်မပြု ချင်တော့လို့ များလို့ တွေးပြိး ကျွန်တော် ချောက်ခြား လာခဲ့ရတယ်။ မဆီမဆိုင် အိမ်က အစ်မတော် သုံးယောက်ကိုလည်း စိတ်ကူးထဲက မြင်လိုက်တော့ ကျွန်တော် စိတ်တွေ ငယ်ထိပ်ထိရောက်ပြိး လေးလံစွာပဲ စက်ဘီးလေး တွန်းရင်း ကျောင်းသွားဖို့ ထွက်ခဲ့တယ်။ မေကြိး မှာလိုက်တဲ့ ဒီနေ့ သွေးကို ဝင်မခေါ်ရဘူး ဆိုတဲ့ မှားတန်းကို မလွန်ဆန် နိုင်တာ သိနေတာပေါ့ သွေးများ ကျောင်းသွားဖို့ လာခေါ်တာ စောင့်နေမလား ဆိုတဲ့အသိက ခေါင်းထဲ ဝင်လာတယ်။ သွေးနဲ့များ မတွေ့ရတော့ရင် ဆိုတဲ့ အသိကြောင့် နင်းရတဲ့ စက်ဘီးကလည်း လေးလံနေလိုက်တာ။ သွေးကို တင်နင်းရတာထပ်ကို လူမပါပဲလေး လိုက်တာ။ ပုံမှန်နင်းနေကြ လမ်းမှာ အဆမတန် လေးနေတဲ့ စက်ဘီးကြောင့် ခဏရပ်ပြိး စက်ဘီးကို စစ်ကြည့်တော့ လည်း အနာအဆာမတွေ။ လေစမ်းကြည့်တော့ လည်း ရှေ့ဘီး၊ နောက်ဘီး လေအပြည့်မှ တင်းနေ လိုက်တာ။ သွေးကို ခေါ်ခွင့် မရလို့ စိတ်ကမကြည် ရတဲ့အထဲ ဘာအပြစ်မှ ရှာမတွေပဲ လေးလံနေတဲ့ စက်ဘီး ကြောင့် ကျွန်တော် စိတ်တိုရင်း တိုမိနေတယ်။ ကျောင်းရောက်တော့ အတန်းက စနေပြိမို့ ကဗျာကယာ စက်ဘီး ထောက်ချရင်း ထိုင်နေကျ ထိုင်ခုံ ကိုဝင်ထိုင်ရင်း ဘာရယ်မဟုတ် သွေးထိုင်နေကြနေရာလေး လွတ်နေတာမို့ သြော် သွေးလည်း ဒီနေ့ တစ်ကယ်မတက် ဘူးရယ်လို့ အတွေးဝင်ရင်း။ ကျောင်းသား အားလုံးရဲ့ အကြည့်နဲ့ အတူ နောက်ကျမှ ဝင်လာတဲ့ ဆရာကပါ ကျွန်တော်ကို ကြည့်ရင်း နောက်ကျတဲ့ အတွက် ကြည့်ကြတာပဲလို့ အတွေးဝင်နေဆဲ မှာပဲ ကျွန်တော် ဘေးက သက်မော်က



တွယ်တာ သွေးလျှောတာ သိတယ်မလား



ဘာလဲ မင်းဟာက မနက်မလင်းသေးဘူး ပေါက်ကရစကားတွေ



စိတ်တိုနေရတဲ့ အထဲ စောစောစီးစီး သက်မော် နောက်ရမလားလို့ ဆရာမကြားအောင် ကျွန်တော် ခပ်တိုးတိုး ဖိယောက်ရင်း



မင်းမသိသေးဘူးလား တွယ်တာ ငါတို့ကမင်းသိပြီးပြီး မှတ်လို့ သွေးက ဆေးရုံတောင်မမှီဘူး ဆုံးသွားပြီလေ



ဟင် ဘာပြောတယ် သက်မော် ပြန်ပြောစမ်း သွေး ..သွေး ဘာဖြစ်တယ်



သြော် မင်းတစ်ကယ်မသိသေးတာပဲ ...



သက်မော်ရဲ့ စကားတောင် မဆုံးသေးဘူး အတန်းထဲမှ ဆရာက စကားပြောဖို့ ချောင်းသံရှင်းရင်း



အားလုံးသိပြိးသား ဖြစ်မှာပါ ဆရာတို့ကျောင်းက ကျောင်းသူလေးတစ်ဦး ရုတ်တရက်ဆုံးပါ သွားတာ အစာအိမ် ပေါက်တာလို့ ဆရာလည်း ကြာတယ် မတည့်တဲ့ ဂတ်စ်ပါတဲ့ အချိုရည် တစ်မျိုး သောက်မိလို့ ဆိုတာ အစာအိမ်နာ နေတဲ့အချိန်မှာ သောက်မိတာ မျိုးပေါ့



သက်မော်ရဲ့ မဆုံးသေးတဲ့ အားဝင်ဖြည့်တဲ့ ဆရာစကားကြောင့် ကျွန်တော် မယုံနိုင်စွာ အံ့သြလွန်းစွာ ကျက်သေသေ ခဲ့ရတယ်။ ညကမှ ကျူရှင်က အပြန် သွေးကို ကျွန်တော် ကိုယ်တိုင် အိမ်အထိလိုက် ပို့ပေးခဲ့တာ ဖျားလည်းမဖျား နာလည်းမနာတဲ့ သွေးက အခုမနက်ကြတော့ ဆုံးပြိး တဲ့လား ။မယုံဘူး သွေး အဲဒါ ငါ့အတွက် အိမ်မက်ဆိုး တစ်ခုပဲ ဖြစ်ပါစေ..မဟုတ်ဘူးနော် သွေး အဲလို မဟုတ်ဘူး ကျွန်တော်ရဲ့ အတွေးတွေ ထဲမှာ ဆရာရဲ့ စကားသံတွေ မကြားတစ်ချက် ကြားတစ်ချက် နဲ့။ အရာအားလုံး ကျွန်တော်နဲ့ နီးသွားလိုက် ဝေး သွားလိုက်နဲ့..။ မျက်စိရှေ့ ရောက်လာတဲ့ အမေးခွန်းလွှာပေါ်မှာလည်း ဘာရယ်ရေးချမိမှန်း မသိတော့ဘူး။ ကျောင်းသား အားလုံး စာမေးပွဲ ပြိးတာနဲ့ သွေးရဲ့ အိမ်ကို စုပြိး သွားကြဖို့ ဆရာက ခွင့်ပြုချက်ပေးပြိး အတန်းစောစော လွတ်ပေးခဲ့တာမို့ ကျွန်တော်လည်း ကျောင်းက ဆရာဆရာမ တွေနဲ့အတူ သွေးရဲ့ အိမ်လေးဆီကို ရောက်ခဲ့တော့ အိပ်နေသလိုလေး လှဲလျောင်းနေတဲ့ သွေးက မနေ့က ကျွန်တော်နဲ့ လမ်းခွဲခဲ့တဲ့ အတိုင်းပါပဲ။ ဘာရယ်လို ပြောပြရမှန်း မသိခင် ကျွန်တော်ရဲ့ လက်တွေ အေးခဲလာပြီး ကျွန်တော် ကို အမြင်မှာ သွေးရဲ့အမေက



သမီးရေ..သမိး သူငယ်ချင်း လာပြီလေ ထကြည့်ပါအုံးလား.......



ဆိုတဲ့ အော်ပြီး ငိုလိုက်တဲ့ သွေးမေမေရဲ့ ငိုသံမှာ ကျွန်တော်လည်း ဘာကိုမှ သတိမထားနိုင်စွာ လဲကျမေ့မျှောပြီး လောကနဲ့ အဆကိသွယ် ပြတ်ခဲ့တာ. ။ကျွန်တော် သတိရလာတော့ ကျွန်တော်ဘေးမှာ ဆရာမတွေနဲ့ အတူ မေကြိး ရယ် မျက်ရည် အဝဲသားနဲ့ ကျွန်တော်ရဲ့ အစ်မတော်တွေရယ်လေ။



.............။...........



အဲဒီအချိန်ကစပြိး ကျွန်တော်ကို အမြဲ ဒဏ်ပေးအပြစ် တင်ဖို့ စောင့်နေတဲ့ အစ်မတွေကလည်း ကျွန်တော်ကို အရင်လောက် မပြောဆိုတော့ သလို တက်နေကြကျောင်း ကနေထုပ်ပြိး ကျောင်းအိပ် ကျောင်းစားအဖြစ်နဲ့ ကျွန်တော်ကို ဘော်ဒါကျောင်းကို ပို့ဖို့စီစဉ်ကြတယ်။ ငြင်းဆန်ခြင်း တားမြစ်ခြင်း ဘာတစ်ခုမှမလုပ်ပဲ အိမ်က အစီစဉ်အတိုင်းပဲ ကျွန်တော် လက်ခံလိုက်တာ သွေးမပါပဲ သွေးမရှိတဲ့ကျောင်းကို တစ်ယောက်ထဲ ကျောင်းသွား ကျောင်းပြန် လုပ်ဖို့ အင်အား ကျွန်တော်မှာ မရှိခဲ့ဘူးလေ။ မြင်မြင်သမျှ အရာတွေ နဲ့အဝေးဆုံးမှာ နေဖို့ စီးနေကြစက်ဘီး လေးကိုတောင် အချိန်တော်တော် ကြာ မစိးဖြစ်ပဲ သော့ခတ်ထားခဲ့ရတာ။ အချိန်တော်ကြာ မစီးဖြစ်ခဲ့တဲ့ စက်ဘီးလေးက ပင်ကူတွေယှက် ပြိး ဖုန်တက်နေခဲ့လဲ နောက်တစ်ခါ စီးဖို့မဝံ့မရဲ တဲ့စိတ်နဲ့ ကျွန်တော် ပစ်ထားမိတာ သွေးကြောင့်ပါ။



ဆယ်တန်းအောင်တော့ ဗိုလ်သင်တန်းတက်မယ် လို့အိမ်ကိုပြောတော့ အားလုံးက အသံတိတ်နေကြပြီး အချိန်တော်တော်ကြာ မှဖေကြိးက တက်ခွင့်ပြုလိုက်တဲ့ ကျွန်တော်ကို မေကြိးနဲ့ အစ်မတွေက သိပ်သဘောမကျ ကြဘူးလေ။ ခွင့်ရလို့အိမ်ကို ပြန်တိုင်း သော့ခတ်ထားတဲ့ မိချောင်းဘီးလေးကို နင်မပါပဲ လျှောက်စီးဖြစ်တိုင်း ငါလွမ်းနေတယ်သွေး။ တစ်ကယ်တော့ နင် ကတိမတည်ခဲ့ ဘူးသွေးရယ်။ နင်ညာခဲ့တယ် ငါ့ကို။ ရာသီစုံ ပန်းတွေနဲ့ အပြိုင်ဖူးပွင့်နေတဲ့ ပန်းခင်းကြိး ကိုဖြတ်နင်းတိုင်း နင်နဲ့ ပြောခဲ့တာလေးတွေ ငါအမြဲ အမှတ်ရနေဆဲပါ သွေး။ ကျောင်းစိမ်း အဖြူနဲ့အစီမ်းဝတ်ပြီး ဆွဲခြင်းလေးတွေ ကိုင်ထားတဲ့ ဆရာမလေးတွေကို မြင်တိုင်း ငါနင့်ကို မုန်းတယ်သွေးရယ်။ ဒီအချိန် နင်ရှိနေရမှာကို အခုတော့ ငါတစ်ယောက်ထဲ ရက်ရက်စက် ထားရစ်ခဲ့တယ်။ နင်ဆုံးသွားတာ မသိပဲ နွေးကနင့်ဆီရော ငါ့ဆီပါလာလည် သွားသေးတယ်တဲ့သွေး၊ အဲဒါရော နင်သိရဲ့လား။ နွေး လာလည်တဲ့ အချိန် ငါလည်း အိမ်မှာ မရှိခဲ့လို့ မတွေ့လိုက်ရဘူး။ နင့်ဆီကို တွေ့ချင်စိတ် တစ်ခုထဲနဲ့ ရောက်လာတဲ့ နွေးအပေါ်မှာ နင်ကတိမတည်ဘူးသွေး။ ငါရဲ့ ကြိုးစားမှုတွေကို အသိမှတ်ပြုပေးဖို့ လည်း နင်ကတိမတည်ဘူး သွေး။ ကျောင်းဆရာမ ဖြစ်ချင်လှချည် ရဲ့ဆိုပြိး နင်တဖွဖွ ပြောခဲ့တာ ငါ့ နားထဲ ဒီနေ့ထိကြားယောင် နေဆဲပါသွေး။ ငါတို့အတူ တက်ခဲ့တဲ့ ကျောင်းကြိးကလည်း ဟိုးအရင်အချိန် တုန်းကအတိုင်းပဲ ကျောင်းစာအံသံတွေနဲ့ ညံနေဆဲပါပဲသွေး။ နင်တစ်မေ့တစ်မော ငေးကြည့်နေကြ ပန်းခင်းကြိးကလည်း ပန်းပေါင်းစုံနဲ့ လှပဝေဆာ နေဆဲပါသွေး။ ထိုင်သူမဲ့ နေတဲ့ ငါ့ရဲ့စက်ဘီး ကယ်ရီယာ ခုံလေးကလည်း ဟိုးအရင်အတိုင်း ရှိနေဆဲပ်သွေး။ ဟိုးအရင်လို ကျောင်းသွားကျောင်းပြန် လမ်းမကြိးမှာလည်း အခုထိ စက်ဘီးတွေနဲ့ ရှုပ်ထွေးနေဆဲပါပဲ သွေး။ အရာအားလုံးသော အရာတွေက နင်ရှိခဲ့ အချိန်က အတိုင်းပါပဲ။ နင်မရှိတော့ တာကလွဲရင် ခြေရာမပျက် လက်ရာမပျက် ရှိနေဆဲမို့ ငါ့ကို ချန်ထားရစ်ခဲ့တဲ့ နင့်ကို ငါအရမ်းမုန်း တယ်သွေးရယ်။ ငါ့ကို မြင်တိုင်း မျက်ရည်တွေနဲ့ ဝေနေတက်တဲ့ နင့်မေမေ ကိုလဲ နင်မသနားဘူး။ ရက်စက်နိုင်ပါပေ့ သွေးသစ္စာရယ်။။။။။။

(ကျွန်မရဲ့ကိုတိုင်ရေးဝထ္ထုလေးအား အားပေးကြတဲ့သူငယ်ချင်းများအားလုံး ပတ်ဝန်ကျင်ရှိသက်ရှိသက်မဲ့

တွေနဲ့အတူ ထာဝရပျော်ရွင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..

မြင့်မိုရ် ထm် မြင့်သော

နွေလယ်လမို့ ၀န်းကျင်တစ်ခုလုံး တံလျှပ်တံခိုးများဖြင့် တရိပ်ရိပ်....။ အချိန်ကား နေ့လယ်ခင်းအချိန်...။ အသိတစ်ခုကြောင့် မိဂျမ်း လှဲနေရာမှ ခေါင်းထောင်ကြည့်လိုက်သည် ။ အိမ်ရှေ့ ကွက်လပ်တွင် မစိုး ဧ။် သားသမီးနှစ်ယောက်ဖြစ်သော ကျော်ကျော် ၊ မီးမီး တို့နှင့် ကစားနေသော မိဂျမ်းဧ။် သားလေးကိုတွေ့မှ စိတ်အေးသွားသည် ။ မစိုး ဆိုတာ မိဂျမ်း တို့ရဲ့ ကျေးဇူးရှင်ပါ ။ မိဂျမ်း တို့ကို နေစရာလည်းပေး ၊ စားစရာ လည်း ကျွေးထားသည်လေ ။ မိဂျမ်း ငယ်ငယ်လေး ကတည်းက ဒီအိမ်တွင် နေလာခဲ့တာ အခုဆိုလျှင် သားလေးပင် ရှစ်လ ကျော်လို့ ကိုးလသား ပင်ရှိပြီ ။ မိဂျမ်းက လည်း ကျေးဇူးမကန်းတတ်ပါ ။ ရပ်ကွက်ထဲရှိ လူတိုင်းလိုလို မိဂျမ်းကို ခပ်ချဉ်ချဉ် ။ မိဂျမ်း က စွာသည် ။ ထက်သည် ။ သန်သည် ။ ယောက်ျားရင့်မာ ကြီးများပင်လျှင် မိဂျမ်း ဆို ခပ်လန့်လန့် ။ ဒီတော့ မစိုးက မိဂျမ်းကို အားကိုးရသည်လေ ။ အခု သားလေးမွေးတော့လည်း မစိုး တို့ မိသားစုက အချစ်ပိုခဲ့သည်ပဲမဟုတ်လား ။







ရုတ်တရက်ကြားလိုက်ရသည့် မိဂျမ်းသားလေးဧ။်အော်သံကြောင့် အတွေးတို့ပြတ်သွားသည် ။ ကလေးတွေ အချင်းချင်းဆော့ကစားကြရင်း ဘာဖြစ်ပြန်ပြီလဲမသိ ။ အိမ်ထဲမှ အပြင်ထွက်၍ ကြည့်လိုက်သည် ။ အမလေး....မိဂျမ်း သားလေးကို အရုပ်ကလေးတစ်ရုပ်ကဲ့သို့ ပြုမူ နေသော ကျော်ကျော့် ကိုတွေ့လိုက်ရသည် ။ မိဂျမ်းသားလေးကို ကန်ကျောက်နေလိုက်တာ ။ ကိုယ်ချင်းစာစိတ်မှ မရှိကြဘူးလား ။ မိဂျမ်းရင်ထဲ စူးခနဲ ဖြစ်သွားသည် ။ ပြီးတော့ ဘာလုပ်လို့ လုပ်လိုက်မိမှန်း မသိ ။

“ အား ”

ကျော်ကျော် ဧ။် အော်သံ ....။ ပြီးတော့ သူ့လက်ဖျံမှ စီးကျလာသည့်သွေးများ ။

“ မေမေ ရေ ....လာပါဦး....ဒီမှာ မိဂျမ်း ကိုကို့ ကို........ကိုကို့ ကို..........”

မီးမီး က အလန့်တကြား ဖြင့် သူ့အမေကို လှမ်းခေါ်သည် ။ စိုးရိမ်ကြီးစွာဖြင့် မစိုး ပြေးထွက်လာသည် ။ အမေ ချင်းမို့ မိဂျမ်း ကိုယ်ချင်းစာပါသည် ။ စောစောက မိဂျမ်း လည်း အဲ့လို ခံစားခဲ့ရသည်ပဲ....။

“ အမလေး......လာကြပါဦး....ဒီမှာလေ မိဂျမ်း ကျွန်မသားလေးကို.............”







မစိုး ဧ။် ပတ်ဝန်းကျင်ကို အကူအညီတောင်းသံက မိဂျမ်းအတွက်တော့ သေမိန့်ချသံအလား..။ သိတယ် မဟုတ်လား...။ နဂိုကတည်းက မိဂျမ်း ကို ခပ်ချဉ်ချဉ် ဖြစ်နေသော အိမ်နီးချင်း များကလည်း တုတ်တွေ ၊ ဓါးတွေ နှင့် ၀ိုင်းလာသည် ။ လူအုပ်ကြီး အလယ်တွင်တော့ မိဂျမ်း နှင့် မိဂျမ်း သားလေး ....။ သားလေး ခမျာ ကြောက်လွန်း၍ တုန်နေရှာသည် ။ မကြောက်နဲ့ သားလေး...မေမေ တစ်ယောက်လုံးရှိတယ် ။ ဘယ်သူပဲဖြစ်ဖြစ် ရင်ဆိုင်ပစ်မယ်......ကဲ ....ကြိုက်တဲ့ သူ တက်ခဲ့စမ်း...မိဂျမ်းတဲ့ တစ်ဂျမ်းတည်း ရှိတယ် ။

“ ဟေ့....အမျိုးသမီးတွေ နောက်ဆုတ်....ဒီ ကောင်မ ကြည့်ရတာ ပုံမှန်မဟုတ်ဘူး...ရူးနေပြီနဲ့ တူတယ် ”

လူအုပ်ကြီးထဲမှ စကားသံထွက်လာသည် ။ မိဂျမ်း ကိုများ အရူးတဲ့ ။ လူတိုင်းလည်း တစ်ယောက်တစ်မျိုးဆီ ရူးနေကြတာပဲ ။ ဒါပေမယ့် မိဂျမ်းက သားကိုချစ်တဲ့ စိတ်ကြောင့် ရူးတာ ။ ဟုတ်တယ် ။ မိဂျမ်း ရူးပြီ ။ နောက်တော့ မိဂျမ်း မျက်လုံးထဲ သားလေးမှ လွဲပြီး ဘာမှမမြင်တော့..။ မည်းမည်း မြင်ရာ ပတ်ရမ်းပစ်သည် ။

“ ဟေ့...ရှောင်ကြဟေ့.. လွတ်အောင်ရှောင်ကြ...မမိစေနဲ့...ဒီကောင်မ အကုန်လိုက်မဲနေပြီ ”

“ မထူးဘူးကွာ....ဒီကောင်မ ကို အရှင် မထားနဲ့ ”

“ ဟုတ်တယ်...နောက်လူတွေပါ အန္တရာယ်ရှိတယ်...”

“ မစိုး တို့မိသားစုပါ အန္တရာယ် ကင်းတာပေါ့  ”

“ ချ ကွာ ချ....”

“ သတ်ပစ်ကွာ ”





နောက်တော့ မိဂျမ်း ကိုယ်ပေါ် ကျရောက်လာသော တုတ်တွေ ၊ ဓါးတွေ ။ မိဂျမ်း မရှောင်ပါ ။ ရှောင်၍လည်းမရ ။ သားလေးကို မထိခိုက်အောင် မိဂျမ်း ကိုယ်နှင့် ကာထားရသည်လေ ။ နောက်တော့ မိဂျမ်း မျက်လုံးတွေေ၀၀ါး လာသည် ။ ပြီးတော့ ကိုယ်အနှံ့ ပေကျံနေသည့် စေးထန်းထန်း အထိအတွေ့များ ။ သွေးတွေ ....သားလေးကိုပါ မိဂျမ်းသွေးတွေ စိုကုန်သည် ။ သားလေးကိုယ်ပေါ် မှပေကျံနေသည့် မိဂျမ်း သွေးများ ..။ ဒါ့အပြင်... သားလေးကိုယ်ထဲမှ စီးဆင်းနေသည့် မိဂျမ်း ဧ။် သွေးများ ။ ဟုတ်သည်....။ သားလေးဟာ မိဂျမ်းရဲ့သွေး...။ မိဂျမ်း ဘာဖြစ်ဖြစ် သားလေး ဘာမှ မဖြစ်ဖို့အရေးကြီးသည် ။

အိုးထိန်းစက်ကဲ့သို့ လည်နေသော လောကကြီး...။

တဖြည်းဖြည်းမည်းမှောင်လာသောလောကကြီး.....။

နောက်တော့...........

နောက်တော့..........

................

.................





“ ဟဲ့....ဟဲ့.....နေကြပါဦး....ဘာလို့ ခွေးကို သတ်နေကြတာတုန်း...”

အသက် ၆၀ ခန့် လူကြီးတစ်ယောက် လူအုပ်ထဲဝင်လာသည် ။

“ ဒီ ခွေးမ ရူးနေလို့ ဘကြီးမြရဲ့....ကျော်ကျော့် ကိုလည်း ကိုက်တယ်...”

လူငယ်တစ်ယောက်က ပြန်ဖြေသည် ။

“ နေကြစမ်းပါဦး...ငါ ကြည့်ဦးမယ်...ဟာ ....အောက်မှာ ခွေးသေးသေးလေး တစ်ကောင် ရှိသေးပါလား.....အင်း....မင်း တို့ လူငယ်တွေ တယ်ခက်တာပဲ......”

“ ဘာဖြစ်လို့လဲ ဘကြီးမြရဲ့....”

“ ဒီ ခွေးမကို သေချာကြည့်စမ်း....မျက်လုံးကလဲ ပုံမှန်ပဲ...အမြှီးလဲ မကောက်ဘူး....လျှာမထွက်ဘူး....သွားရည်မကျဘူး...ခွေးရူး လက္ခဏာ မပြတာကို....ငါ့ အထင်တော့ မင်းတို့ သူ့ကလေးကို ဘာသွားလုပ်လဲမှ မသိတာ ”

“ ဟာ...ဟုတ်မယ် စောစောက ကျော်ကျော်လေ...ဒီခွေးပေါက်ကလေးကို ကန်ကျောက်နေတာ တွေ့တယ် ”

“ အဲ့ဒါကြောင့် မင်းတို့ လူငယ်တွေကို...ငါ ပြောတာပေါ့...ခွေးတွေ သားပေါက်ရင် ဝေးဝေးကရှောင်ပါလို့...အခု ဒီခွေးမကိုပဲကြည့်...သူ့ကလေးတောင်တော်တော်ကြီးနေပြီ.....ဒါပေမယ့်...သားစိတ်မကုန်သေးဘူး....အင်း....အနိစ္စ.....အနိစ္စ. ကဲ....ကဲသွားကြတော့......လူစုခွဲတော့....”

“ ဟုတ်ကဲ့ ...ဘကြီးမြ ”





နွေလေရူးက ဝေ့ခနဲ တိုက်ခတ်သွားသည် ။ သစ်ရွက်ခြောက်တို့က ပြိုက်ခနဲ ကြွေကျကုန်သည် ။ လမ်းလည်ခေါင်တွင်တော့ သေနေသည့် ခွေးမကြီး တစ်ကောင်နှင့် ခွေးသေမကြီးကို လှည့်ပတ်နမ်းရှုပ် ရင်း တအီအီ အီနေသည့် ခွေးပေါက်ကလေး ။

အလို...ခွေးမကြီး ရဲ့မျက်ဝန်းမှာ မျက်ရည်တွေ စိုရွှဲလို့ပါလား...။ ဒါပေမယ့် ...ထူးဆန်းသည် ။

ထိုမျက်ရည်များတွင်.......၀မ်းနည်းမှု့မပါ...။

ကြေကွဲမှုမပါ.....။

နာကျင်မှုမပါ.....။

မျှော်လင့်မှုမပါ....။

သားတစ်ယောက်အတွက် အသက်စွန့်ရဲသည့် မိခင်တစ်ယောက်ဧ။် ပီတိသာပါလေသည်...။



နှလုံးသားဖြင့် ခံစားနိုင်ကြပါစေ........