Pages

Monday, December 6, 2010

အမေ့သား



အမေ ....
သားရင်ထဲ စွဲချက်တွေနဲ့
ပူလောင်မိနေတယ်။
မလိမ်မာသားလူမိုက်ကို
ခွင်းလွတ်ဖို့ မတောင်ဆိုချင်ဘူး။
မသိမိနောင်တတွေအတွက်
အမေ .....
စိမညစ်စေချင်ဘူး။

သား ...ဘ၀ကံတရား
ကျိုးကိုင်းပဲ့ကြွေနေခဲ့ရပြီလေ
ရင်ထဲ မချိအပြုံတွေနဲ့
ရှေ့ ဆက်နေမယ် အမေရယ်။


အမေ ....
သားရင်ထဲဝမ်းနည်း စိတ်တွေ
ဆို့ နင့်မိတိုင်း
အမေကိုသိပ်လွမ်းမိတယ်။
သားဆိုးတယောက်အဖြစ်
ဘ၀မှာရပ်မတည်ချင်ပေမဲ့
အချစ်ဒဏ်ရာသားရင်ထဲ
ခိုဝင်ရောက်လာခိုက်.....

အမေ....
သားလူကောင်းမဖြစ်ချင်ဘူး။
ရူးမိုက်စွာချစ်တက်ခဲ့တဲ့
စစ်မှန်တဲ့အချစ်ကိုမြတ်နိုးတတ်နေပြီး။

အတွေးထဲ စိုးကော့က်ခဲပြီ
ဘ၀နေ့ ရက်တွေ
ပိုင်ဆိုင်တူနေခွင်းမရမှာကိုလေ။
အမေရဲ့ရင်လှိုင်းကြားခိုဝင်ပြေးချင်မိပါရဲ့
တမ်းတလွမ်းဆွဲမိတယ်။
သူကိုသတိရမိတိုင်း
အိပ်မပျော်နိုင်ရင်မှာ ပူလောင်
ဒဏ်ရာတွေကိုထွေးပိုက်နေတက်ခဲ့ပြီး
အမေရယ့်။

ဝီလျှံ(စနီချောင်း)

အမေ့ရဲ့သား




မထင်မှတ်တဲ့
ထိုးနှိပ်ချက်တွေရယ်။

ကံကြမ္မာလေရိုင်း မုန်းတိုင်းသဖွယ်
ရင်ကိုဆောင့်တွန်းပို့
သား... နောက်ဆုပ်ဖို့
မစဉ်းစားခဲ့တာအမှန်ပါ ......
ဖြစ်တည်ရာအရပ်တိုင်းမှာ
အမေရယ်.....
ရင်ထဲမွန်းကြပ်ပူလောင်နေမိတယ်။


ဆူးငြောင့်မိ နောင်တတွေရယ်
သားရင်ကို ထိုးဖောက်အသက်ပျောက်မတတ်
ကြွင်ကျန်ရစ်တဲ့....... နှလုံးသား
သား .....ပြန်ရှင်သန်လာဖို့
အလင်းမဲ့....ည
သူပြန်လာမဲ့လမ်း မျော်လင့်လို့
ကြွေးကြော်...
အချစ်ကျိန်စာသင့်နေသလို့
အဖော်မဲ့ကမ်းစပ် .......
မျော်လင့်ကြွေကွဲနေခဲ့။ ။

အမေ.... သား
ဒုက္ခမရောက်စဉ် ၀ိညာဏ်ကြိုး
ဖြတ်လွင့်ပေးပါ ......
စစ်မှန်တဲ့ကောက်ကြောင်း
သား....လမ်းဖြောင့်စေဖို့ 
..............။ ။

08.04.2010
ခိုင်မြတ်သျှင်(စနီချောင်း)
ဘ၀ရတနာ
ပျော်စရာမကောင်းမှန်း
သိရက်နဲ့
အိပ်မက်ထဲ
လမ်းလျှောက်တတ်နေခဲ့မိပါရဲ့.....

ဆုံးရှုံးမှုတွေများခဲ့ဖူးပေမဲ့
နောင်တမရမိတာ
ကိုယ့်ကို သနားတယ်။ ။
.
ယုံကြည်မှုတွေမရှိတဲ့နောက်
မွန်းကြပ်မှုတွေနဲ့
ပိတ်လှောင်နေခဲ့ရပေမဲ့
နေရောင်ခြည်ကို စိုးမကြောက်ခဲ့တာအမှန်ပါ။ ။

ထွက်ပေါက်တွေ
တွေ့မမြင်ခဲ့လို့
ရင်ထည့်
မချိနာကြင်အပြုံးတွေနဲ့
တလောကလုံးပြုံးပြနိုင်ခဲ့ပါတယ်။
28.10.2009
ခိုင်မြတ်သျှင်(စနီချောင်း)

ကောင်းကင်ပြာ(၃)



ပူလောင်မှုတွေ ဘယ်လိုပေးပေး ပေါ့
ထွက်သတ် အထီ တောင်
မင်းနောက်
ငါ တကောက်ကောက်လိုက်နေချင်လေရဲ့
ပြောချင်ခဲ့တဲ့ စကားတွေရယ်
အတောင်ပံတက်ပေးချင်လိုက်တာ
မင်းလေးပျံသန်းဖို့  နောက်နေ့ဝက်လေးတောင်
အချိန်မေပေးချင်တော့ဘူးလား
ရင်မှာတကယ် မွန်းကြပ်နေလို့ပေါ့ .......
ဟိုအဝေးဆီကို လေ
ငါပျံသန်းခွင်းလေး ရချင်တယ်။

.
အတားဆီကင်းမဲ့စွာနဲ့ပေါ့
ကိုလေ နေ့တိုင်းပေါ့
သတိရမိတာ
အိပ်စက်ခွင်လေးတောင် လန့် နိုး
အကြီမ်ကြိမ် မူးမေ့မတတ် ပေါ့ .....
တွေဝေနေရင်လဲ
ကို …ခွင်းလွတ်ပါတယ် ။

အစစ်အပိုင်းတခုရဲ့
လူသားတွေ ကောင်းကျိုးအတွက်
ဆိုရင် ပေါ့…………
ဘာပဲဖြစ်ဖြစ်
ပျော်နေကြရင် ကြည်နက် မိတယ်။
ရင်အစုံကို ခြွေမွသွားရင်တောင်
နောင်တမရမိတဲ့
အဖြစ်ဆိုးတွေနဲ့
ဆက်လက်လျှောက်(ချစ်)နေရဦးမှာပေါ့
တောင်စိုင်းပြို မိုးနှင်းဖွဲ့ တွေရယ်။

သတိရမိပါတယ်………
ချစ်တယ်ဆိုတဲ့ စကားတွေသာ
ဘ၀ အမှတ်တရဆိုရင်လေ
ဆုံစည်းခွင်းလေ
ရချင်မိတယ် ။ ။

သံယောဇဉ် လေးတွေရယ်
တောင်ပံ မတတ်ပေးရင်လေ
လွမ်းကျန်ရမှာခက်တယ်
နေရက်တွေကိုအရောင်တွေဆို့ချင်လို့
မှန်ကန်မှုတွေလိုအပ်သလားလို့ပါ
မဟုတ်ရင်လည်း ကြွေကွဲမှုတွေနဲ့အတူ
လမင်းဆီကိုတောင့်တ အော်ငိုသံနန့် လေ
လွမ်းတေးတွေဆိုနေကြရင်း
ဟို... မနက်ဖြန်ဆိုတာတွေ
စိတ်ဝင်စားလာမိတယ်
မင်နဲတွေတဲ့အခိုက်အတန့် 
မင်းလေး အနားမှာရှိရင်
အရာအားလုံးကိုမေ့နေသလို မျိုး
အိပ်မက်တွေကို ရပ်ဆိုင်းထားချင်တယ်
စိတ်ထွက်ပေါက်တခုအတွက်ပေါ့........

အိုမင်းရင့်ရော်ခဲရင်တောင်
မနေ့ ကအဖြစ်ဆိုးတွေ သတိမရမှာစိုးတယ်
တောက်ပမှူတွေမရှီတဲ့ နောက်နေ့ရက်တွေတိုင်း
အသွေးသားတွေကုန်ခမ်းမသွားခင်
မေတ္တာ စိတ်တွေပွင့်ဖူး
ရာသီစက်ကွင်းထဲအကန့်သတ်တခုနှဲ့
သိုလှောင်ထားချင်တယ်
လူသားတွေကောင်းကျိုးအတွက်
ပြောချင်ခဲ့တဲ့ စကားတွေရယ်
အတောင်ပံတက်ပေးချင်လိုက်တာ
မင်းလေးပျံသန်းဖို့ နောက်နေ့ဝက်လေးတောင်
အချိန်မေပေးချင်တော့ဘူး
ရင်မှာတကယ် မွန်းကြပ်နေလို့ပေါ့ .......
ချစ်သူရယ်…..။
ဟိုအဝေးဆီကို လေ
ငါပျံသန်းခွင်းလေး ရချင်တယ်
အတားဆီကင်းမဲ့စွာနဲ့ပေါ့
စမ်းရေ မရှိရင်တောင်
ပူငွေ့ငွေ့လည်း သတ်သာရင်
တောက်ပနေရက်တွေ
ချစ်ခြင်း ၊မေတ္တာတွေနဲ့ 
ငါပျော်ရွင်နေမှာပါ လိပ်ပြာလေးရယ်။

မင်းအတွက်ဆိုရင်ပေါ့
နုတ်ဆက်ခွင်းလေးသာ
တကယ့်အဖြစ်မှန် ကိုယ့်ဘဝ
မင်းလေး သာဆိုရင် ပေါ့
တမ်းတ အော်ငိုနေတာတွေလည်း
လေပြေသွေ့ ကစားပြသလိုမျိုး
ပင်လုံကို ဆုပ်ကိုင်
ကိုင်းကျိုး ပြတ် တွေ လိပ်ပြာဝဲပျံနေကြမယ်ဆို
အငိုသတ်ရုပ်လုံးကြွင်း
ငါ ......... အဆုံးသတ်ရမှာပေါ့လေ။။

28.1.2010
ဝီလျှံ (စနိချောင်း)

ကြေကွဲကောင်းကင်

တကယ်ဆို........
အတ္တများစွာ ငါ့ဆုပ်မထားခဲ့ရဲ့ပါဘူး
မင်းပျံသန်းဖို့ ငါ့အတောင်ပံ့
တပ်ဆင်ပေးခဲ့ဖူးပါရဲ့ .............

ဘ၀ နေ့ ရက်ပေါင်းများထောင်သောင်းမက
ငါ... အဖြေတခုအတူလျှာဖို့ 
လမ်းတခုထဲ ရောက်နေခဲ့ပါတယ်။


လက်တဆုပ်စာ အရသာတွေနဲ့ ပေါ့
တောက်ပမှုတွေလဲ မရှိခဲ့
နိုးထမှုတွေ မျိုသိပ်ရင်း
ကိုတွန်းပို့ ခဲ့တဲ့ နေ့ ရက်တွေဆီရယ်။

ဘ၀ မီးစာလောင်ကျွမ်းခြင်းတွေ
ပျောက်သွားခဲ့တဲ့
အိပ်မက်များစွာဆုပ်ကိုင်ထားနေပေမဲ့
ရင်ထဲရှိ ..... တသမှုတွေ
ငါမျက်ရည် ပူလောင်အိပ်စက်နေပြီလေ
..................

မင်းမရှိတော့
ထွက်ခွါခဲ့ချိန် လွမ်းမော့ဖြေချင်ခဲ့ပေမဲ့
ရင်သက်ပြင်းတွေ
တစတစ လေမုန်းတိုင်းထန်သလို့ မျိုး
ငါ့သောင်ယံကိုတိုက်စား
ကျောက်ဆစ်မဟုတ်တဲ့ ငါ.....
ပဲကြွေမှုတွေနဲ့  .......
ရင်လူးအောင်ခံစား
မချိမိအပြုံးတွေနဲ့ 
ငါ ရုးသွပ်နေခဲ့တယ်။

တွေးစိတ်ကူး သောင်ယံမှာ
မင်းအပြုံးပုံရိပ်တွေ
ငါ ခါးသတ်စွာ မြင်းယောင်မိနေလေရဲ့ .....
ချစ်သူရယ်။

08.03.2010
ဝီလျှံ(စနီချောင်း)

ဆံဖြူတချောင်းရဲ့ကောက်ကြောင်း

ရင်ကိုင်းကျိုးပဲသံတွေနဲ့ 
နေ့ ရက်တွေကို တိုက်စားခဲ့မိ
ငါ..... နောက်ဆုံးကျဆုံးခဲ့သူပါ။ ။

ဖြူစင်မှုတွေနဲ့ 
တွေ့ ဆုံးခဲ့မိတဲ့ ည
မင်းပေးခဲ့တဲ့ အနမ်းလေးတပွင့်
ငါ ဆုပ်ကိုင်ဖူးတယ်။

.
ဒဏ်ရာ အနာတရနဲ့ 
ကြယ်စင်တွေ မပီမသငိုကြွေးကြရင်း
ငါ့နေ့ ရက်မနက်ဖြန်တွေ
မင်းအလို့ ကျ စီးမျော့လိုက်နင်းခဲ့လေရဲ့......
ချစ်သူရယ်...........။

ဆုံစည်းခွင့် မရရှိခဲ့တဲ့
ငါ့အဖြစ်ဆိုးတွေကို
ပြဌာန်းချက်တွေနဲ့ 
နင် နင်းလျှောက် အလဲထိုးကြိုးဝိုင်းကွင်း
ငါ ကျဆုံး...............
ပြီးဆုံးခွင့်အဆုံးသတ်စောင်း
ငါ့ကိုတွန်းပို့ 
နက်ရှိုင်းတဲ့ လူစိတ်ရိုင်း
ငါစိုးကြောက်နေလေရဲ့ ..........။

ဆုံးလမ်းမဲ့ သေရွာပြန် .....ငါ
ဒဏ်ရာကိုထုပ်ပိုး
ပြဇာတ်တပုဒ်သီဆိုခွင့်
ငါ့ ..... မနက် ဖြန်တွေ
ဆီးခြည်သပေးစေခဲ့တယ်။ ။

08.04.2010
ခိုင်မြတ်သျှင်(စနီချောင်).

ဆံဖြူတချောင်းရဲ့ကောက်ကြောင်း

ရင်ကိုင်းကျိုးပဲသံတွေနဲ့ 
နေ့ ရက်တွေကို တိုက်စားခဲ့မိ
ငါ..... နောက်ဆုံးကျဆုံးခဲ့သူပါ။ ။

ဖြူစင်မှုတွေနဲ့ 
တွေ့ ဆုံးခဲ့မိတဲ့ ည
မင်းပေးခဲ့တဲ့ အနမ်းလေးတပွင့်
ငါ ဆုပ်ကိုင်ဖူးတယ်။

.
ဒဏ်ရာ အနာတရနဲ့ 
ကြယ်စင်တွေ မပီမသငိုကြွေးကြရင်း
ငါ့နေ့ ရက်မနက်ဖြန်တွေ
မင်းအလို့ ကျ စီးမျော့လိုက်နင်းခဲ့လေရဲ့......
ချစ်သူရယ်...........။

ဆုံစည်းခွင့် မရရှိခဲ့တဲ့
ငါ့အဖြစ်ဆိုးတွေကို
ပြဌာန်းချက်တွေနဲ့ 
နင် နင်းလျှောက် အလဲထိုးကြိုးဝိုင်းကွင်း
ငါ ကျဆုံး...............
ပြီးဆုံးခွင့်အဆုံးသတ်စောင်း
ငါ့ကိုတွန်းပို့ 
နက်ရှိုင်းတဲ့ လူစိတ်ရိုင်း
ငါစိုးကြောက်နေလေရဲ့ ..........။

ဆုံးလမ်းမဲ့ သေရွာပြန် .....ငါ
ဒဏ်ရာကိုထုပ်ပိုး
ပြဇာတ်တပုဒ်သီဆိုခွင့်
ငါ့ ..... မနက် ဖြန်တွေ
ဆီးခြည်သပေးစေခဲ့တယ်။ ။

08.04.2010
ခိုင်မြတ်သျှင်(စနီချောင်).

သတိရပေးပါလို

အမည်မသိတဲ့ညလေးတွေဆီ

အချစ်......
အလွမ်း နေ့ရက်တွေကိုလေ
သောင်ပြင်မှာ ဆွဲဆန့််သလိုမျိုး
ဆုတ်ကိုင်မရသည့် မီးခိုး....
တစ်ရေးနိုး ဆောင်းအိပ်မက် ထဲက ငါလေ.... …
ဘယ်ဆီမသိ .....
အတောင်ပျံဖြန့်လို့ ပျံသန်းနေလေရဲ့...........

အမည်တပ်ရင်း.. နဲ့ပေါ့
ချစ်သူရယ်.......
ငါလေ..........
ကြွေးကွဲမှုတွေနဲ့နုတ်ဆက်လိုက်တယ်
မသေချာတဲ့နေ့ရက်တွေကိုလည်တမ်းတမျော်ကိုရင်း
တေးချိုချိုလေးနဲ့
အလွမ်းစံအိမ်ကို
ခဏလေးပြန်ခဲ့ရဦးမယ်
......ချစ်သူရယ်
မမြင်နိုင်တဲ့ကံကြမ်မာကို
ယုံကြည်ချင်မိတယ်
နောက်နေ့ရက်တွေတိုင်း ......
ချစ်သူရယ်......သတိရပေးပါလို့ .....

29.11.2009
ဝီလျှံ