Pages

Monday, February 7, 2011

မလေးရှားရောက် မြန်မာအမျိုးသမီး၏ ရက်စက်မှု(နူးညံ့ နှလုံးသားပိုင်ရှင်)

ဤသတင်းလေးကို မလေးရှားနိုင်ငံထုတ် မျက်ရှင်ဂျာနယ်မှ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။


မြန်မာအမျိုးသမီးမိခင်သည် ကန်ဘူးဂျာဂါတွင်ရှိသောဒုက္ခသည်စခန်းတွင် မွေးကင်းစသမီးငယ်လေးကိုမွေဖွားပြီး မိနစ်အနည်းငယ်အတွင်းတွင်

ချွန်ထက်သောအရာတစ်ခုခုဖြင့် မသေမချင်းထိုးသတ်ခဲ့သည်ဟုယူဆကောက်ချက်ချရသည်။ ကနဦးစစ်ဆေးချက်အရမူခင်းရဲများက သမီးငယ်၏ကိုယ်ပေါ်တွင်

စူးရှဒဏ်ရာငါးချက်ကိုစစ်ဆေးတွေ့ရှိရသည်။


ရှအလမ်းခရိုင်၏ရဲမှူးဖြစ်သူ ACP Zagedi Ayob မှထုတ်ပေါ်ပြောကြားသည်မှာ ကလေးမိခင်ကိုအခင်းဖြစ်ပွားပြီး


သည့်အချိန်ညပိုင်း၁၂း၄၅တွင်
နေအိမ်မှာပင်ဖမ်းဆီးခဲ့သည်။ ကလေးအမေက ဘာလို့များဒီလိုမျိုး ရက်ရက်စက်စက်လုပ်ရက်တယ်ဆိုတာကို ကျွန်တော်တို့စုံစမ်းမူများ ပြုလုပ်နေဆဲဖြစ်သည်။
တကယ့်ကိုလူမဆန်တဲ့ဖြစ်ရပ်ပါပဲ။ တရားခံသည်(United Nation High Commission for Refugees (UNHCR) မှ ဒုက္ခသည်မှတ်ပုံတင်ကတ်ပြားကိုင်ဆောင်ထားသူဖြစ်ပြီး၊
သူမ၏မိခင်အပါအ၀င်ဆွေမျိုး၃ဦးနှင့် နေထိုင်လျက်ရှိသည်။ ထိုအမျိုးသမီးတွင်၃နှစ်အရွယ်သမီးငယ်တစ်ဦးရှိပြီး သူမ၏ခင်ပွန်းဖြစ်သူမှာလည်း
အန္တရယ်ဖြစ်စေသောလက်နက်များလက်ဝယ်ထားရှိမူဖြင့် အကျဉ်းကျလျှက်ရှိသည်ဟုစုံစမ်းသိရှိရပါသည်။
အိမ်နီးချင်းမြန်မာအမျိုးသားတစ်ဦးဖြစ်သော Mohamad Salim Nur Syuri (၃၅နှစ်) ၏ ပြောပြချက်အရတရားခံသည် မိမိကိုယ်ဝန်ရှိနေကြောင်းကိုယခင်ကငြင်းဆိုခဲ့ကြောင်း၊
အစားအသောက်များကိုဆက်တိုက်စားသုံးမူကြောင့်ဗိုက်ပူလာခြင်းသာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်ဟုထွက်ဆိုခဲ့သည်။ ကျွန်တော်မနက်ကသူ့ကိုတွေ့သေးတယ်။
သူ့ကိုကြည့်ရတာသံသယဖြစ်ဖို့ကောင်းတယ်။ ဒီသတင်းကိုကြားကြားခြင်းကျွန်တော်တော်တော်လန့်ပြီး၊အံ့ဩမိတယ်။
ရဲများကမူ အမူတွင် အသုံးပြုခဲ့သည်ဟု ယူဆရသောလက်နက်ကိုသိမ်းဆည်းရမိကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

လမ်းညွှန်ခဲ့သော ဝေဖန်ပိုင်းခြား၊စဉ်းစား ဆင်ခြင် စကားဆိုခြင်း

ဝေဖန် တွေးတောခြင်း (critical thinking) ဆိုတဲ့စကားရပ်ဟာ ၂၀ ရာစုနှောင်းပိုင်း ပညာသင်ကြားရေး မှာ တော်တော်လေးပဲ ခေတ်စားလာခဲ့ပါ တယ်။ မြန်မာပြည်ထဲက ပုဂ္ဂလိက ကျောင်း တချို့ရဲ့ ကြော်ငြာတွေမှာ သူတို့ကျောင်းရဲ့ သင်ရိုး
အဖြစ် ထည့်သွင်းကြော်ငြာထားကြတာကို သတိထားမိခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရကျောင်းသင်ရိုးနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကျမတို့အဖို့ ဒီသင်ကြား နည်းဟာ ဘယ်လိုမျိုးလဲဆိုတာ သိဖို့ ခဲယဉ်းခဲ့ပါတယ်။ ကံကောင်းထောက်မ စွာပဲ ၂၀၀၅ ခုနှစ်မှာ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဆရာများ အတတ်ပညာ သင်တန်းမှာ ဒီသင်ကြားနည်း ကို ထိတွေ့ခွင့်ရခဲ့ပါတယ်။
‘ဝေဖန်ပိုင်းခြား စဉ်းစားရန် စာရေးခြင်းနှင့် စာဖတ်ခြင်း’ (Reading, Writing and Critical Thinking) ဆိုတဲ့ RWCT နည်းလမ်းတွေနဲ့ သင်ခန်းစာ လေ့လာနည်း တွေကို ဒေါက်တာ သိန်းလွင်က ကျမတို့ကို မိတ်ဆက် ပေးခဲ့ပါတယ်။ ဝေဖန် စဉ်းစားခြင်းနဲ့ ထိတွေ့လေ့မရှိတဲ့ ကျမတို့ဟာ အစပိုင်းမှာတော့ စဉ်းစားတွေးတော ရတာတွေဟာ ခက်ခဲသလိုရှိခဲ့ပေမဲ့ အလေ့အကျင့် ရလာချိန်မှာတော့ အင်မတန် ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ သင်ခန်းစာတွေဖြစ်ခဲ့ပြီး တက်ကြွစွာ သင်ယူလိုကြတဲ့ စာသင်သားတွေ ဖြစ်ခဲ့ရပါတယ်။
ဝေဖန်ပိုင်းခြား စဉ်းစားခြင်းနည်းလမ်းဟာ ဗုဒ္ဓဘုရားရှင် အသုံးပြုခဲ့တဲ့ သင်ကြားနည်း ဖြစ်ကြောင်း ဆရာ ဒေါက်တာ သိန်းလွင်က ဆိုပါတယ်။
"ဘုန်းတော်ကြီးက ဝေဖန်ပိုင်းခြား စဉ်းစားခြင်းသည် ဗုဒ္ဓ၏ သင်ကြားနည်း ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။ ကာလာမရွာသားများအား ဗုဒ္ဓဟောကြားသော တရားတွင် ဝေဖန်ပိုင်းခြား စဉ်းစားမှုရှိရန် ဆုံးမထားပါသည်။
“အစဉ်အလာရှိသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ မကြာခဏ ကြားနေရသောကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဟောပြောသော ပုဂ္ဂိုလ်၏ အရှိန်အ၀ါကြောင့်လည်း လက်ခံခြင်းမပြုနှင့်၊ ဆရာသမားက ပြောသည်ဆိုသောကြောင့် လည်း လက်ခံခြင်းမပြုနှင့်၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီးမှသာ လက်ခံရန်” ဟောကြားပါသည်။ ’(မောက္ခပညာရေး မဂ္ဂဇင်း)
ဒီအဆိုကို ဖတ်မိတော့ ရေးခြင်း ဖတ်ခြင်းသာမက စကားပြောခြင်းတွင်ပါ ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်တတ်ဖို့ လမ်းညွှန်သင်ကြားထားတဲ့ ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို သတိထားမိလာပါတယ်။
မြတ်စွာဘုရားရှင်ဟာ စကားပြောဆိုခြင်းကို အလေးထားဟောကြားခဲ့ပါတယ်။ ကံသုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်တဲ့ ၀စီကံဟာ စောင့်ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ခါးဝတ်ပုဆိုးလို မြဲရမယ်ဆိုတဲ့ ငါးပါးသီလမှာ မုသားစကား လိမ်ညာပြောဆိုခြင်းကို ရှောင်ကြဉ်ခိုင်းပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် ကျင့်ကြံရမဲ့ မဂ္ဂင်(၈)ပါး ကျင့်စဉ် မှာလည်း သမ္မာဝါစာ ကောင်းသောစကားကို ဆိုပါလို့ သင်ကြားပေးခဲ့ပါတယ်။ မင်္ဂလာဖြစ်ကြောင်း တရား (၃၈)ဖြာ မှာလည်း သုဘာသိသာစ ယာဝါစာ ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတရား ဖြစ်တယ်လို့ ဟောကြား ခဲ့ပါတယ်။
ဘုရားဖြစ်ဖို့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီ (၁၀)ပါး မှာလည်း သစ္စာပါရမီ ကို အထူးပဲ ဖြည့်ကျင့်ခဲ့ပါတယ်။ ဆရာတော် ရှင်ဇနကာဘိဝံသ က သူ့ရဲ့ ဗုဒ္ဓ၀င် အမေးအဖြေ စာအုပ်မှာ သစ္စာပါရမီနဲ့ ပတ်သက်လို့ ‘လူတစ်ယောက်ကိုဖြစ်စေ၊ အများကိုဖြစ်စေ အထင်မမှားအောင် မုသားလည်းမပြော၊ ကြွားဝါ၍လည်း မပြောဘဲ ပြုနိုင်သလောက်ပြော၍၊ ပြောသည့် အတိုင်း ပြုလုပ်ခြင်းသည် သစ္စာပါရမီတည်း ’ လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။
ဗုဒ္ဓက လူတွေပြောလေ့ရှိတဲ့ စကားအမျိုးအစားတွေကို (၆)မျိုးရှိတယ်လို့ ခွဲခြား ဆန်းစစ်ထားပါတယ်။
၁) မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
၂) မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
၃) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၎) မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
၅)မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
၆) မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား တို့ဖြစ်ပါတယ်။
နံပတ်(၁)အမျိုးအစားကတော့ ပြည့်စုံတဲ့စကားအမျိုးအစားပါ။
နံပတ်(၂) အမျိုးအစားကတော့ မှန်ကန်တယ်၊ ပြောလိုက်တဲ့အတွက် အကျိုးတစုံတရာရှိမယ်။ ဒါပေမဲ့ နားထောင်ရတဲ့ သူကတော့မကြိုက်ပါဘူး။ ဥပမာဆိုရရင် မိဘက မလိမ္မာတဲ့ သားသမီးကို ဆုံးမတဲ့ စကားမျိုးဖြစ်လိမ့်မယ် ထင်ပါတယ်။
နံပတ်(၃) အမျိုးအစားကတော့ မှန်ကန်၊ အကျိုးမရှိ၊ နားထောင်တဲ့သူတော့ ကြိုက်တယ်ဆိုတော့ ပေါ့(ပ်)သတင်း စကားမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီး မင်္ဂလာဆောင်တာ ဘယ်လို၊ ဘယ်လောက် ခမ်းနား လိုက်တာ။ ဘယ်သူကတော့ ဘာဆိုလဲပေါ့။ ပြောသူ ကြားသူ အရသာရှိပေမဲ့ အကျိုးမရှိပါဘူး။
နံပတ်(၄)က မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်တဲ့ သူ့အတင်း သူ့ကို တိုက်ရိုက် ပြန်ပြောမိတဲ့ စကားမျိုး ဖြစ်ပါ လိမ့်မယ်။ အနာပေါ်တုတ်ကျ တဲ့စကားမျိုးသွားပြောမိရင် အကျိုးမရှိပဲ အရိုက်ခံ ရဖို့ ရှိနိုင်ပါတယ်။
နံပတ်(၅) စကားက မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက် တဲ့စကားဆိုတာ လိမ်ညာ လှည့်စား တတ်သူတွေ ပြောတတ်တဲ့စကားမျိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ ကြားရတဲ့သူက သဘောကျပြီး သူ့ အလိမ်အညာလှိုင်းထဲ မြောပါ သွား တတ်ပါတယ်။
နံပတ်(၆)ကတော့ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ ကြားသူလည်းမနှစ်သက် ဆိုတော့ ကောင်းတာ ဘာမှမရှိတော့ပါဘူး။ အလေနသော၊ ဗလွတ်ရွှတ်တ၊ ပေါက်တတ်ကရ ဆိုတဲ့ စကားမျိုးဖြစ်ပါလိမ့်မယ်။
မြတ်စွာဘုရားက သည်စကားခြောက်မျိုးထဲမှာမှ ပထမ (၂ )မျိုးသည်သာ ပြောသင့်သောစကားဖြစ်ပြီး၊ ကျန်(၄)မျိုးကတော့ မပြောသင့်သော စကားများဖြစ်တယ်လို့ လမ်းညွှန်ဟောကြားခဲ့ပါတယ်။
မှန်လည်းမှန်၊ အကျိုးလည်းရှိမယ်ဆိုရင်တော့ နားထောင်ရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ ပြောသင့်ပါတယ်တဲ့။
စကားဆိုခြင်းအတတ်ပညာဟာ အရေးကြီးလှပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ် ချုပ်က လွတ်ပြီးစ လူထုကို ပြောတဲ့စကားမှာ လူအချင်းချင်း နားလည်မှုရှိဖို့ အတွက် မိမိပြောတဲ့စကားကို အခြားသူ သဘောပေါက် ဖို့ အသေအချာ အရေးကြီးပါတယ်တဲ့။
ဒါကြောင့် လူမှုဆက်ဆံရေးမှာ အရေးပါလှတဲ့ စကားပြောဆိုရာမှာ မြတ်စွာဘုရား ဟောကြား လမ်းညွှန်ခဲ့တဲ့ အတိုင်း မိမိပြောဆိုမဲ့စကားကို ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ပြီးမှ ပြောကြမယ်ဆိုရင် အကျိုးများဖို့ ရှိကြောင်းပါ။

အောင်မြင်မှုဆိုတာ (ဆရာလူထု စိန်ဝင်း)

လူတိုင်းအောင်မြင်မှုရချင်ကြတယ်။ ဆရာဝန်က အောင်မြင်တဲ့ဆရာဝန် ဖြစ်ချင်တယ်။
ဆင်ခြေဖုံးက ဆေးခန်းလေထဲမှာ လူနာမျှော်ရင်းဝတ္တု စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ထိုင်ဖတ်နေရတဲ့ ဆရာဝန်မျိုးမဖြစ်ချင် ဘူး။
မုန့်ဟင်းခါးရောင်းတဲ့သူကလည်း ရပ်ကွက်တကာလှည့်ပြီး အထမ်းနဲ့သယ်ပြီးရောင်းတဲ့ အသည်မဖြစ်ချင် ဘူး။
မိုးလင်းတာနဲ့မော်တော်ကားတွေ တသီကြီးတန်းစီလာစားကြတဲ့ ဆိုင်ကြီးနဲ့ရောင်းတဲ့ မုန့်ဟင်းခါးသည် ဖြစ်ချင်တယ်။

ချမ်းသာချင်တာအပြစ်မဟုတ်

ဒါ လူ့သဘာဝမို့ အပြစ်တင်စရာ မဟုတ်ဘူး။ အောင်မြင်မှုမလိုချင်ဘူးဆိုတာ အလကားပြောတာ။
ပုထုဇဉ် မှန်သမျှ ကိုယ့်နေရာမှာတော့ အအောင်မြင်ဆုံးဖြစ်ချင်ကြသူချည့်ပဲ။ ဒါကြောင့် အောင်မြင်မှုရဖို့အတွက် အရူးအမူး ကြိုးစားနေသူတွေကို အပြစ်မပြောထိုက်ဘူး။
အောင်မြင်မှုရအောင် ဘယ်နည်းဘယ်ပုံ လုပ်သလဲဆို တာကိုပဲ ကြည့်သင့်တယ်။
အောင်မြင်မှုအတွက် ဘယ်သူသေသေ ငတေမောပြီးရောဆိုတဲ့ မသမာမှုမျိုးစုံ လုပ်သူဟုတ်၊ မဟုတ်ဆိုတာပဲ ကြည့်ပြီးဆုံးဖြတ်သင့်တယ်။

ချမ်းသာချင်လို့ အမြတ်ရအောင် လုပ်တိုင်းခေါင်းပုံ ဖြတ်သမား၊ လူမသမာလို့ ပြောလို့မရဘူး။
စီးပွားရေးလုပ်တယ်ဆိုတာ အလှူဒါနပြုလုပ်တာမဟုတ်ဘူး။ ကောင်းရာသုဂတိလားဖို့ လုပ်တာမဟုတ်ဘူး။ အမြတ်ရချင်လို့လုပ်တာ။
ဒါကြောင့်အမြတ်ရအောင်လုပ်တာ သဘာဝကျတယ်။ ချမ်းသာချင်တာဟာလည်း အပြစ်မဟုတ်ဘူး။

မတရား ချမ်းသာတာမဟုတ်ဘူး

ချမ်းသာအောင်လုပ်ပါ။ ချမ်းသာလို့သိန်းထောင်ကျော်တန် ကားကြီးတွေကိုးစီး၊ ဆယ်စီးထားပြီး ခြံကျယ်ကျယ်၊ တိုက်ကြီးနဲ့နေနိုင်တာ ကောင်းပါတယ်။
သူများကို အနိုင်ကျင့်ပြီး မတရားချမ်းသာတာ မဟုတ်ရင် လိပ်ပြာမလုံစရာ မရှိပါဘူး။ ပျော်ပျော်ကြီးချမ်းသာပါ။
ရှေးကလူပြက်တွေပြောသလို (နည်းနည်းရိုင်းတာတော့ ခွင့်လွှတ်ကြပါ၊ ရှေးကပြက်လုံးကို သိစေချင်လို့ပါ) “ယောင်းမကို စိန်စီ၊ ဒယ်အိုးကို ရွှေချပြီး၊ ခွေးချေး ကြော်စား” ဆိုသလို လုပ်လည်းရပါတယ်။
“ငတေ”နည်းနဲ့ ချမ်းသာတာမဟုတ်ရင် ပြီးတာပါပဲ။

အောင်မြင်မှု အမျိုးမျိုး

အောင်မြင်မှုဆိုတဲ့ စကားကလည်း အဓိပ္ပါယ်ထွေးပြားတယ်။ ကိုယ်လိုချင်သလို ဆွဲပြီးအဓိပ္ပါယ်ဖွင့်လေ့ ရှိကြ တယ်။
တချို့က Success ကိုပဲ အောင်မြင်မှုလို့ ထင်တယ်။
အောင်မြင်တဲ့ဆရာဝန်ဆိုရင် Successful Surgeon “အောင်မြင်တဲ့ စီးပွားရေးသမား” Successful Businessman လို့ ယူဆကြတယ်။ တချို့က တစ်မျိုးမျိုးနဲ့ လူအသိ အမှတ်ပြုခံရတာ “acknowledgement” ကိုအောင်မြင်မှုလို့ မှတ်ယူကြတယ်။

တချို့က အောင်မြင်ကျော်ကြားတာ Welknown ကို အောင်မြင်မှုလို့ သဘောထားကြတယ်။
တချို့ကျတော့ စွမ်းဆောင် မှုတစ်ခုခု ထူးထူးခြားခြား ပြုနိုင်တာ Acheivement ကိုမှ အောင်မြင်မှုလို့ သတ်မှတ်ကြတယ်။

အကြိုက်တစ်မျိုးစီ

လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ ကြိုက်သလိုအဓိပ္ပါယ်ဖွင့်ပြီး နှစ်သက်သလို ကျင့်သုံးလက်ခံနိုင်ပါ တယ်။
ဘယ်လိုအောင်မြင်မှုမျိုးဖြစ်ဖြစ် စောစောကပြောခဲ့သလို “ငတေ” နည်းနဲ့ ရတဲ့အောင်မြင်မှုမျိုးမဖြစ်ရင် ဘာမှ ပြောစရာမရှိပါဘူး။
အောင်မြင်တဲ့ဆရာဝန်ကြီးတစ်ယောက်ဖြစ်လို့ ပိုက်ဆံ နင့်ခနဲနေအောင် ယူနေလည်း ဆရာဝန်ကျင့်ဝတ်နဲ့အညီ ပြုမူနေထိုင်သမျှ ကာလပတ်လုံး အပြစ်ပြောစရာ မရှိပါဘူး။

ထင်ပေါ်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ဖြစ်လို့ သူ့ငွေသူကြိုက်သလို သုံးဖြုံးနေတာလည်း အဖြစ်တင်စရာ မဟုတ်ဘူး။
ဒါပေမယ့် မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ စောင့်ထိန်းအပ်တဲ့ ဟီရိသြတပ္ပ တရားများကို ပစ်စလက်ခတ် သဘောထားပြီး ထင်ရာစိုင်း နေရင်တော့ အများ တံတွေးကွက်မှာ ပက်လက်မျောသွားတဲ့အထိ ကဲ့ရဲ့ရှုတ်ချခံရမှာ သေချာတယ်။
ကဲ့ရဲ့ရှုတ်ချသူတွေကို အပြစ်တင်လို့မရပါဘူး။ ဒါက မြန်မာပြည်ဟောလိဝုဒ်မဟုတ်ဘူး။

ပညာမတတ်လည်း ရတယ်

ကျောင်းဆရာလုပ်ခဲ့သူတစ်ယောက်အနေနဲ့တော့ လူငယ်တွေကို စွမ်းဆောင်မှုတစ်ခုခုပြုလုပ်ရတဲ့ achievement အောင်မြင်မှုမျိုးကို ပိုပြီး တန်ဖိုးထားကြ စေချင်တယ်။
အောင်မြင်တဲ့ဆရာဝန်၊ အောင်မြင်တဲ့ အင်ဂျင်နီယာ၊ အောင်မြင်တဲ့ စီးပွားရေးသမားဆိုတာ လူတိုင်းဖြစ်နိုင်တာမဟုတ်ဘူး။

အကြောင်းမျိုးစုံနဲ့ ညီညွှတ် မှဖြစ်နိုင်တာ။
အဆင့်မြင့်ပညာတွေ မသင်နိုင်လို့၊ ပိုက်ဆံမရှိလို့ဆိုပြီး အားငယ်နေဖို့မလိုပါဘူး။
achievement ဆိုတာပညာမတတ်လည်း ရနိုင်တယ်လို့ ယုံစေချင်တယ်။

လင်ကွန်းနဲ့ အယ်ဒီဆင်

အမေရိကန်သမ္မတကြီး လင်ကွန်းတို့၊ လျှပ်စစ်မီးလုံးစတင်တီထွင်သူ အယ်ဒီဆင်တို့ တတွေဟာ ကျောင်းတောင် ကောင်းကောင်း မနေခဲ့ကြရဘူး။
ဇွဲ၊ လုံ့လ ၀ီရိယနဲ့ ကြိုးပမ်းလို့သာ အောင်မြင်မှုရခဲ့ကြတာပါ။
လင်ကွန်းဆိုရင် စာအုပ်တစ်အုပ်ငှားဖတ်ရဖို့အတွက် တစ်နေ့လုံးလမ်းလျှောက်သွားရတဲ့ အကွာအဝေးကို မညည်းမညူ သွားခဲ့ရတယ်။

အယ်ဒီဆင်ဆိုလည်း ကလေးဘ၀က မီးရထားပေါ်မှာဆေးလိပ်၊ မီးခြစ်ရောင်းတဲ့ ဗန်းကလေးလွယ်ပြီး ရောင်းရင်းနဲ့ စာတွေဖတ်ခဲ့၊ ဓာတ်ခွဲစမ်းသပ်မှုတွေလုပ်ခဲ့ တာဖြစ်တယ်။
ဝါသနာပါတဲ့ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲဇွဲနပဲကြီးကြီးနဲ့ လုပ်ရင်းနဲ့ နောက်ဆုံးမှာ အောင်မြင်မှုရခဲ့တာဖြစ်တယ်။

မောင့်ကျက်သရေခေါင်းပေါင်း

ရှေးက စကော့ဈေး (ဗိုလ်ချုပ်ဈေး) အနောက်ဘက်တန်းမှာ“မောင့်ကျက်သရေ” ဆိုတဲ့ ခေါင်းပေါင်းတွေ ရောင်းတဲ့ဆိုင်ကြီး တစ်ဆိုင်ရှိတယ်။
ခုခေတ်ထိသုံးနေကြရတဲ့ ခြင်းခံပြီးခေါင်းမှာ အသင့်စွပ်လျလိုက်ရတဲ့ ခေါင်းပေါင်းကို စတင်တီထွင်ပြီး ရောင်းချခဲ့တာပါ။

အဲဒီမတိုင်ခင်က ကိုယ်တိုင်ခေါင်းပေါင်းပေါင်းကြတယ်။ ဆံရှည်ခေတ်က ပြဿနာမရှိပေမယ့် ဘိုကေခေတ်ရောက်တော့ ခေါင်းပေါင်းပေါင်းရတာ လက်ဝင်လှပါတယ်။
အဲဒီခေတ်က ကောလိပ်ကျောင်းတက်တာတောင် ခေါင်းပေါင်းနဲ့ တက်ကြတာဆိုတော့ ယောက်ျားတိုင်း မရှိမဖြစ် ရှိထားကြရတယ်။
“မောင့်ကျက်သရေ”ခေါင်းပေါင်းပေါ်လာတော့ ယောက်ျားတိုင်း လက်သုံးဖြစ်သွားခဲ့ ရတယ်။ နေ့ချင်းညချင်းအောင်မြင် ကျော်ကြားသွားခဲ့တယ်။

ဓနုဖြူဦးဘိုးချမ်း

အောင်မြင်ကျော်ကြားမှု အရှိန်အဟုန်ဘယ်လောက်ထိ ကြီးမားသလဲဆိုရင် ဒီနေ့ခေတ်ထိတောင် ခေါင်းပေါင်းကို “မောင့်ကျက်သရေခေါင်းပေါင်း” လို့ ခေါ် နေကြဆဲဖြစ်တယ်။
ရှေးခေတ်တစ်ခေတ်က အမျိုးသမီး တွေကြားမှာ “ဓနုဖြူဦးဘိုချမ်း” ဆိုတဲ့ နာမည်နဲ့ ရောင်းတဲ့ ရွှေရည်စိမ်ဆွဲကြိုး၊ လက်ကောက် နဲ့ လက်ဝတ်လက် စားတွေ ခေတ်တော်တော်စားခဲ့တယ်။

တစ်နိုင်ငံလုံးအနှံ့ကို တွင်ကျယ်ခဲ့တယ်။ ဘယ်လောက်ထိများ တွင်ကျယ်ခဲ့သလဲဆိုရင် တစ်ခုခုကို အတုတွေပဲ၊
အစစ်မဟုတ်ဘူးလို့ ပြောချင်ရင် “ဦးဘိုချမ်း” ပဲ “ဓနုဖြူ” ပဲလို့ ပြောကြတဲ့အထိတောင် ဖြစ်တယ်။ ဒါတွေဟာ achievement တစ်မျိုးပဲ။
ဒါကြောင့် ပိုက်ဆံမရှိလို့၊ ပညာမသင် နိုင်လို့ ဆိုပြီး စိတ်ပျက်အားလျော့ မဖြစ်စေချင်ဘူး။
ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ စူးစူးစိုက်စိုက်ကြိုးစား အားထုတ်ရင် တခု၊ တစ်ကောင်၊ တစ်ယောက် ဖြစ်နိုင်တယ်လို့ ပြောလိုက်ချင်ပါတယ်။


အပေါ်ကစာကို ဆရာလူထုစိန်ဝင်းရေးတာပါ။ ။

ကျွန်တော့် အမြင်လေးကို တခါထပ်ပြောလိုက်ချင်ပါတယ်.. အခုဆိုရင်ဗျာ လူတော်တော်တော်များများက အလုပ်အဆင်မပြေဘူး လစာမတိုးပေးဘူး ရောက်တာကြာပြီ အင်းးးး အမျိုးမျိုးကြားနေရတယ် ..စိတ်မကောင်းစရာပါ ဘာလို့လစာမတိုးပေးလဲ အဖြေတော့
မရှာဘူး ဒီက သူဌေးအများစုကတော့ မတတ်ပဲနဲ့တော့ လစာအများကြီး မပေးပါဘူး ကိုယ်တိုင်ကြိုးစားဖို့လဲ လိုပါတယ် တနေ့ကို
တစ်ဆယ်ဖိုးလောက် လုပ်တဲ့သူကို ဘယ်သူဌေးကမှ ဆယ့်ငါးကျပ်မပေးပါဘူး ကြိုးစားကြပါလို့ပဲ ပြောပါရစေ။ ။

အွန်လိုင်းချစ်သု

s
မင်းနဲ့ငါတွေ့ခဲ့တာ
Online ပေါ်မှာ ..........
မင်းနဲ့ငါ ရင်းနှီးခဲ့တာ
Online ပေါ်မှာ .............
မင်းနဲ့ငါ ချစ်သူဖြစ်တာလည်း
Online ပေါ်မှာ........
နောက်ဆုံး
မင်းငါ့ကိုလမ်းခွဲဖို့ပြောတာ
Online ပေါ်မှာ ..........
ဒါပေမယ့်
ခံစားရတာ ၊ အသဲကွဲတာ
Online ပေါ်မှာမဟုတ်ဘူး
အပြင်ဘက်ကငါနှလုံးသားပါ....................

ငယ်ချစ်ဦး

တာရာ့ ရဲ့ ငယ်စဉ်ကတကယ်အဖြစ်အပျက်လေးတစ်ခုကိုအရှိအတိုင်းရေးသားထားတာပါ။အဖြစ်အပျက်ကနဲနဲရှည်တာမို့အပိုင်းလိုက်ခွဲပြီးရေးသားထားပါတယ်။အချစ်ဦးပြီးရင်ရည်းစားဦး။အချစ်ဆုံးအထိရေးသားသွားမှာပါ။
အမှတ်တရအဖြစ်ရေးသားထားတာမို့ဖတ်လို့ ကောင်းအောင်မရေးတတ်တာကိုခွင့်လွှတ်ပေးကြစေချင်ပါတယ်။
အမှားပါရင်လဲပြင်ဆင်ဖတ်ရှုပေးမယ်ဆိုရင်တာရာက အရမ်းကျေးဇူးတင်မှာပါလို့ ---
မြန်မာချစ်သူများမှသူငယ်ချင်းများကိုအစဉ်လေးစားချစ်ခင်လျှက်--
တာရာ

နေ့စဉ်နေ့တိုင်းကျောင်းသွားဖို့ ကိုမပြင်းရိတော့ ပါ
မြို့ မှာတုန်းကဆိုအမေကတုတ်တစ်ချောင်းနဲ့ ကျောင်းသွားဖို့နှိုးရတာကိုပြန်အမှတ်ရရင်သူမရီချင်နေမိပါသည်
သူမကမြို့ကျောင်းကနေဒီလိုတောကျောင်းကိုပြောင်းပြီးတတ်ရလိမ့် မယ်လို့ဘယ်တုန်းကမှမတွေးခဲ့ မိဖူးပါဘူး။
အခုတော့ တောမှသူမပျော်နေပါပြီလေ။တောဆိုပေမယ့် သူမတို့တောက--
တောမကျမြို့မကျလေးရယ်ပါ။မြို့ လောက်နီးပါးလဲကျယ်ပါတယ်။
နွေရာသီခနလာလည်ရာကမပြန်ချင်တော့ လောက်အောင်ပျော်သွားလို့အမေကကျောင်းပြောင်းပြီးနေလေတော့
လို့ လွတ်ပြီးအဒေါ်တွေလက်အပ်လိုက်တာလေ။မြို့မှာမရနိုင်တဲ့ စက်ဘီစီးပြီးကျောင်းသွားရတဲ့ 
အခွင့်အရေးကတော့အကြိုက်ဆုံးပေါ့ ။
သူမကကျောင်းမှာဆိုရန်ကုန်သူဆိုပြီးနာမည်ကြီးနေတော့တာပဲ၊။ဒါထက်သူမကိုကြိုက်သူလိုက်သူတွေဝိုင်းဝိုင်းလည်နေတော့ တာပေါ့ ။သူမကတော့ သိတယ်မှလားလုံးဝလုံးဝစိတ်မ၀င်စားပေါင်။
အဲ့ ဒီလိုနဲ့ ရှစ်တန်းကုန်လို့ ကိုးတန်းရောက်လာတယ်ဆိုပါတော့ ။ကိုးတန်းရောက်လာ
တော့ ကျောင်းနဲ့လဲနေသားကျနေပြီ။ဆရာဆရာမတွေချစ်။သူငယ်ချင်းခင်သူတွေပေါတဲ့ ကျောင်းသူ
တစ်ယောက်ဖြစ်လာခဲ့ ပါတယ်။အဲ့ ဒီမှာသူမသူ့ ကိုစတွေ့ ခဲ့ တာပါ။ရှစ်တန်းနှစ်ကသူနဲ့ အခန်းမတူခဲ့ လို့ အမှတ်တမဲ့ ပင်မယ့် ဒီနှစ်သူမတို့အတန်းကို3ရက်တိတိနောက်ကျပြီးမှဝင်လာတဲ့ သူ့ ကိုသူမသတိထားမိသွားပါတယ်။
သူမကဆရာမခန့် အပ်ထားတဲ့ အတန်းခေါင်းဆောင်ဖြစ်တာမို့သူ့ ကိုတွေ့ တွေ့ခြင်းပါဝါပြမိပါတယ်။
“ နာမည်ကသူရနော် ဘာလို့ ကျောင်းစစချင်းတတ်ရက်တွေမတတ်တာလဲ၊ ခွင့်မဲ့ ပျက်ကွက်လုပ်လိုက်မယ်တဲ့ 
ဆရာမက”သူမျက်လုံးနဲ့ တစ်ချက်ပဲကြည့်ပြီး“လုပ်ချင်တာလုပ်ပေါ့ ”လို့ ခက်ပြတ်ပြတ်ဖြေပါတယ်
“ငါ့ကိုပြေပြေလည်လည်အကျိုးအကြောင်းပြောမယ်ဆိုရင်တော့ အခြေအနေပြောင်းသွားနိုင်ပါသေးတယ်”
“ မလိုပါဘူးဟာ”ပြောပြီးသူထထွက်သွားပါတယ်
သူမတစ်ယောက်သာဘယ်သူ့ ကိုထွက်မှန်းမသိတဲ့ ဒေါသတွေပွေ့ ပိုက်ပြီးကျန်ရစ်ခဲ့ရပါတယ်။ ”အလကားဘ၀င်မြင့်နေတဲ့ ကောင်” အဲ့ ဒီသူရဆိုတဲ့ ဂျစ်တစ်တစ်ကောင်လေးဟာတစ်ချိန်မှာသူမရဲ့ ရင်ထဲမှာနေရာယူတော့ မယ့် သူမရဲ့ အချစ်ဦးဖြစ်လာမယ့် သူဆိုတာအဲ့ ဒီတုန်းကတော့လုံးဝမရိပ်မိခဲ့ ပါရှင်။
“ငါတော့ပြသနာပဲဟာ”သူမဘေးမှသူငယ်ချင်းမြတ်နိုးကိုငြီးတွားသလိုပြောမိပါတယ်။“ဘာလို့ လဲဟ” “သူရနဲ့ ငါတစ်သင်းထဲဟနောက်ပြီးသူကအသင်းခေါင်းဆောင်တဲ့ ငါ့ကိုအသင်းနေ့ ဆိုပါဝါပြတော့မှာသေချာတယ်” “ဘာဆိုင်လဲဟာကိုယ့်တာဝန်ကိုကျေနေရင်သူဘာလုပ်လို့ရမှာလဲ” “ဒါပေမယ့် ဟာ--ငါ” “ကဲပါဟယ်--သူရကအဲ့ လောက်လဲမဆိုးသေးပါဘူးနင်ထင်လို့ပါဟ” သူမစိတ်ထဲတော့ မကျေမနပ်ဖြစ်နေတုန်းပါပဲ

တကယ့်တကယ်ပြသနာကိုစမွှေးတာကသူမပါ
“ဟဲ့ --သူရ သောက်ရေအိုးရေမရှိသေးဘူး ” သူ့ မျက်နှာကစိတ်ပျက်သလို ဖြစ်သွားပါတယ်။ “ငါ--ခတ်ရမှာလား”
“အေးပေါ့  နင်ကအသင်းခေါင်းဆာင်ပဲဟာ ” သူဘာမှမပြောတော့ပဲရေပုံးကိုင်ပြီးထွက်သွားပါတော့ တယ်
သူမစိတ်ထဲအနိုင်ရလိုက်လို့ ကျေနပ်သလိုဖြစ်နေမိပါတယ်။ “သူရ ငါ့ကိုဒီဘုရားပန်းအိုးလေးတင်ပေးပါနော် ငါမမှီလို့”
အမှန်တကယ်ကမှီပါတယ်သူ့ကိုခိုင်းချင်လို့ကိုခိုင်းတာပါဒါကိုသူကသိရက်နဲ့ ဘာမှမပြောပဲတင်ပေးပါတယ်။
သူမကသူ--မတင်ပေးဘူးပြောရင်ပြသနာရှာမလို့ ဟာကိုသူကတင်ပေးသွားတော့ --အင်း ဒီလိုကျပြန်တော့လဲ--မဆိုးပါဘူး

အဲ့ လိုနဲ့ သူမစိတ်ထဲသူရကိုခင်မင်မိသလိုဖြစ်လာပါတယ်။“ဟဲ့သူရ နင်ကစာတော်တယ်နော် မနှစ်ကအေခန်းမှာတောင်အဆင့် 1-5 ၀င်တယ်ဆို ဘာလို့  ဒီနှစ်အီကိုယူတာလဲ။ဘိုင်အိုယူရောပေါ့ ဟ ” “ငါက အင်ဂျင်နီယာပဲဖြစ်ချင်တာဟ အဲ့ ဒါကြောင့်ပါ”
သူရနဲ့ သူမနဲ့ ဟာဘေးခြင်းကပ်အနေအနားအထား(အလယ်မှာလူသွားလမ်းသာခြားပြီး)ထိုင်ရတာမို့ စာသင်နားချိန်တွေမှာ
စကားပြောရင်း--ခင်မင်လာကြရပါတယ်။သူရကလဲတစ်တန်းလုံးမှာဆိုရင်တစ်ခြားလူတွေနဲ့ သိပ်စကားမပြောပဲသူမနဲ့ သာစကာြးေ့ပာပါတယ်။
“လင်းတာရာဖြူ -မနေ့ကအီကိုတွေငါမပြီးခင်ဆရာမကဖြတ်သွားတယ်ဟာ။ငါ့ကိုနင့်စာအုပ်ခနငှားပါလား” သူမရီချင်သွားရပါတယ် ။သူတောင်းတဲ့စာအုပ်ကိုထုတ်ပေးနေရင်းက“ သြော် သူရရယ် နင့်ရဲ့ အောင်သူရပိုင်ဆိုတဲ့ နာမည်အရှည်ကြီးကိုတောင်ငါ က သူရလို့ ပဲခေါ်တဲ့ ဟာကိုနင်ကမဖြစ်မနေငါ့ကိုအဲ့ လိုလင်းတာရာဖြူလို့ မမောမပန်းခေါ်ရမှဖြစ်မှာလား။ငါ့ကိုတခြားသူငယ်ချင်းတွေခေါ်သလို လင်းလင်း ဒါမှမဟုတ်လဲမြတ်နိုးခေါ်သလို တာရာ လိုပဲခေါ်ပါ့ လားဟယ်။သူငယ်ချင်းတွေပဲဟာကိုနင်ကလဲ”သူမပြောတာကိုသူကရီပဲရီနေပြီးမတုံပြန်ခဲ့ပါ။
သူမကမ်းပေးသောစာအုပ်ထဲကစာတွေကိုသာကူးနေပါတယ်။
ဒီလိုနဲ့ လပတ်စာမေးပွဲတွေဖြေချိန်ကိုရောက်လာခဲ့ ပါတယ်။သူမကရှစ်တန်းတုန်းက ဘီခန်းမှာအဆင့် တစ်နေရာက်ုမြဲခဲ့ သူမို့  ကိုးတန်းမှာလဲ အဆင့် တစ်ကိုသာလိုချင်နေခဲ့ တာပါ။သူမရဲ့ ကိုက်နဲ စာတွေကိုအပြင်းအထန်ကျက်မှတ်နေရပါတယ်။သူမ မသိခဲတာကဒီနှစ်ကိုးတန်းမှာသူမရဲ့ အဆင့်တစ်နေရာကိုမလုပဲရယူမယ့်သူရှိနေမယ်ဆိုတာကိုပါပဲ။
သူမစာမေးပွဲကိုလုံးဝသေချာစွာဖြေဆိုနိုင်ခဲ့လို့ ကျေနပ်နေမိပါတယ်။ “ဘယ်လိုလဲတာရာ--ဖြေနိုင်ရဲ့ လား” “ အင်း--နင်ရော သူရ” “အိုကေပါတယ်--ဒါပေမယ့် နင့်လောက်တော့ ရမှာမဟုတ်ပါဘူး” ”အမယ်-ဆရာကြီးကတော့ လုပ်ပြီ။
ငါတို့အဖြေတိုက်ရအောင်ဟာ”
“အင်း-ကောင်းသားပဲ--သြော်-ဒါနဲ့ ငါနင့်ကိုပြောရဦးမယ်သိလား။ငါလေ True False တွေကိုဘာရွေးရမှန်းမသိလို့  ငါးခုလုံးFalse တွေချည်းပဲရွေးလိုက်တယ်ဟာ ။မှတ်ကရော နှစ်ခုလောက်တော့ မှားမယ်ထင်တယ်။“နင်ကလဲဟယ် အဲ့ လိုလုပ်ရလား။သေချာမကြည့်ပဲနဲ့  နာပါတ်နှစ်နဲ့ သုံး ကTrue လေ နင်မှားပြီ” “ဟုတ်လားမှားပါစေဟာမတတ်နိုင်တော့ ဘူး။”
ဘာပဲဖြစ်ဖြစ်လောလောဆယ်ဘာအဖြေမှမတိုက်ရသေးခင်မှာကိုသူမကနှစ်မှတ်လောက်တော့ သာသွားပြီ
မို့ စိတ်ထဲမှာကျိတ်ဝမ်းသာနေမိပါတယ်။တကယ်တမ်းသူမထင်သလိုမဟုတ်လာခဲ့ သောအခါ--..................

အချစ်ဥတု

အချစ်ဆိုတာ စချစ်တုန်းကတော့ ကိုယ်ချစ်တဲ့သူဆီကအဖြေရရင် မိုးရာသီထဲမှာထီးတစ်လက်ကို နှစ်ဦးအတူဆောင်းပြီး လျှောက်ရသလို အေးမြချမ်းအေးစွာနှင့်ဘ၀တစ်ခုကို လျှောက်လှမ်းဖို့ အင်အားအပြည့်နှင့်ပါ။ချစ်ပြီးလို့  တစ်ဦးနှင့်တစ်ဦး နားလည်မှု့တွေ ကြင်နာမှု့တွေပေးနိုင်တုန်း
ကဆိုရင်လည်း ဆောင်းရာသီမှာ အနွေးထည်လို နွေးနွေးလေးပါဘဲ။တစ်ဦးနှင့်တစ်ဦးခွင့်လွတ်
နားလည်မှု့တွေ၊သီးခံမှု့တွေမရှိကြတော့ဘူး မာနချင်းပြိုင်လာကြ ပြီဆိုရင်တော့ အချစ်ဟာ
နွေရာသီလို နှစ်ဦးအတူတူထီးတစ်လက်ကိုဆောင်းသွားရင်လည်း ပူပြင်းခြောက်သွေ့ နေမှာ
ဖြစ်သလို ဘယ်အနွေးထည်ကိုမှလည်း ၀တ်စရာမလိုဘဲ ပူပြင်းခြောက်သွေ့ နေမှာပါဘဲ။နောက်
ဆုံး အထီးကျန်စွာနှင့် လွမ်းဆွေးမှု့တွေ သတိရခြင်းများစွာနှင့် တသလွမ်းမောစွာစောင်မျှော်
နေရတော့မှာပါဘဲ။
ချစ်တတ်သူတိုင်းတစ်ဦးနှင့်တစ်ဦးနားလည်ခွင်လွတ်နိုင်ကြပြီး ဘ၀တစ်လျှောက်လုံး
ပျော်ရွှင်သာယာနိုင်ကြပါစေ။
ဤအရာများသည်ကျနော့်၏အတွေးစလေးများသာဖြစ်၍စာဖတ်သူများနှင့်တိုက်ဆိုင်
မှု့မရှိပါက စိတ်မရှိကြပါနှင့်။

လွမ်းကောင်းကောင်းနဲ့ လွမ်းလိုက်တာအပြစ်ပေးခံရတယ်.

ကျွန်တော်မမေ့ နိုင်တဲ့အဖြစ်ပြစ်လေးတခုပါ.......(1998)ခုနှစ်....နွေရာသိလေးကိုရောက်ရှိလို့ လာခဲပါပြီ....ကျွန်တော်တို့ တပ်နယ်မှာတပ်ရင်းသုံးရင်ရှိပါတယ်...တောင်ကုန်းတွေမှာပေါ့...ဖိုခနောက်ဆိုင်ပုံစံပါကျွန်တော်တို့ တပ်ရင်းကအမြင့်ဆုံးတောင်ကုန်းပေါ်မှာပါ.
ဒီလိုနဲ့ကျွန်တော်တို့ ကင်အဖွဲ့ ကင်ချိန်းဖို့ အချိန်ကျလာပါပြီ...ဘယ်ညာဘယ်ညာဘယ်ညာဘယ်.......ဗဟိုကင်းရှိတဲ့တောင်ကုန်ပေါ်က
ဲခြေတက်သွားကြသည်...ကင်းမှူး..ကင်းအဖွဲ့ ရပ်..ကင်အဖွဲ့ ကင်းဟောင်းအားအလေးပြု.......ကင်းဟောင်းကင်းသစ်အားအလေးပြု....
ကင်းသစ်ကင်းဟောင်ချိန်ပြီးသည်နှင့်တပ်သားအောင်အောင်ကင်းဝင်ပါကင်းမှူးကအမိန့် ပေးလိုက်သည်...ဟုတ်..ကျွန်တော်ကင်း
သွားချိန်းပါသည်....အဲ့သည်မှာပဲအလွမ်းတွေအဆွေးတွေက၀င်လာပါတော့တယ်...တောင်ကုန်းပေါ်ကနေပြီတော့.....
မှိုင်းညို့ ညို့ တောင်ပြာတန်းတွေကြီပြီ...ရွက်ဝါတွေကြွေကျဧ။်...ဟို......ဘက်ကဥသြေားငှက်ကလေးလဲအော်နေသည်
ဥသြောဥသြော..အင်ပင်ကြီအောက်မှာသူငယ်ချင်းတယောက်ကလဲဂစ်တာတီးပြီးဦးဆိုင်းရဲ့ သီချင်းကိုဆိုလို့ နေပါပြီ...(မျှော်နေမယ်တို့ ရှမ်း
တောင်ပေါ်ဝယ်........ချယ်ရီငုံလို့ ဖူးပွင့်တော့မယ်.........အဝေမှာအနေကြာပြီ...ပြန်ခဲ့တော့အချစ်ဆုံးနန်းရယ်.......)အရမ်းကိုလွမ်းကောင်း
နေပါတော့တယ်...နေခင်း(၁၂)နာရီထမင်းကလည်းစားပြီခါစ.......ပဲရဲ့ အရှိန်ကလည်းတက်လာတော့မျက်လုံးကလေးကမှေီးမေးမှေီးမေးနဲ့ 
ပေါ့ ........ဒီလိုနဲ့ ဌာနချူပ်တပ်ခွဲမှူးတက်လာတာကိုမသိလိုက်ပါဘူးဗျာ...တပ်ခွဲမှူးကလည်းအသာလေးတက်လာပြီ...ကင်မှူး...(ရှိ).
မင့် ကင်းသမားငါ့ကိုအလေးမပြုဘူးကွ...ကင်မှူးကဟုတ်လို့ ပြောပြီကျွန်တော့ကိုလှမ်းခေါ်ပါတော့တယ်..ကင်းသမား........(ရှိ)ကျွန်
တော်အပြေးတက်နဲ့ သွားပါတယ်...မင့်ကင်းအိပ်နေတာလား...မဟုတ်ပါဘူးခင်ဗျာ...ဒါဆိုဘာလုပ်နေတာလဲ...ဟုတ်ကဲ့ကျွန်တော်
အတွေးလွန်သွားလို့ ပါ...မင့်...ခွဲမှူးတက်လာတာမသိဘူးလား...ဟုတ်..မသိလိုက်ပါဘူး..ဒါဆိုမင့်မှာအပြစ်ရှိလားမရှိဘူးလား.....
ရှိပါတယ်...ဒါဆိုမင့်ကိုယ်ပိုင်အားလပ်ချိန်ထဲက.......အိမ်သားကျဉ်းတူးရမယ်...ဟုတ်ကဲ့...အဲ့ဒီနေကစပြီးကျွန်တော်အိမ်သား
ကျဉ်းတူးရပါတော့တယ်...ကိုယ့် အားလပ်ချိန်ထဲကဆိုတော့(၇)ရက်လောက်ကြားသွားတယ်...အပြစ်ပေးတာဆိုတော့သူငယ်ချင်းများကလည်းဝိုင်းမတူးရဲပါ...ညဘက်အိပ်
ချိန်မှာကိုယ်လက်တွေနာပြီအိပ်လို့ မပျော်တော့ပါ......သြော်...တပ်မတော်ရဲ့ ဆရာကဒီလိုပါလား...အပြင်ကဆရာတွေနဲ့ မျာစွာကွဲပြာဧ။်


နာနာ ကြင်ကြင်
အပြစ်မြင်တိုင်
ဝမ်းတွင်းမသို
ဟုတ်တိုင်းဆိုရ်ျ
ကျိုးလိုစိတ်က
ဆုံးမတတ်သည်
ဆရာဟူတည်း....
တပ်မတော်ရဲ့ဆရာပါကိုယ့် တပည့် သားသ္မီတွေကိုနာနာကြင်ကြင်ဆုံးမပါတယ်အပြစ်တွေ့ တိုင်းတွေ့ တိုင်းနာကြင်အောင်ဆုံးမပါတယ်..
ဆရာတယောက်ဧ။်ဝမ်းထဲမှာဘာအငြိုးအတေးမှမရှိပါ............ဒါဆိုဘာလို့ များအဲ့လို ဆုံးမရပါသလည်း...ကိုယ့် တပည့် ဧ။်အကျိုး
တွက်ပါ....စစ်မြေပြင်ရောက်တဲ့အခါမှာ....ဆရာရဲ့ ဆုံးမစကားတွေဟာမိမိရဲ့စိတ်ထဲမှာနာကြင်နေမှသာမှတ်မိနေပါတယ်..
ဒါမှလဲမိမိရဲ့အသက်ချမ်းသားရာရမှာမဟုတ်ပါကလား....ကျွန်တော်ကျူးလွန်လိုက်တဲ့အပြစ်ဟာ..တပ်ဖွဲ့ တဖွဲ့ လုံးကိုသေစေနိုင်
တယ်မဟုတ်ပါကလား.....တပ်ဖွဲ့ အားလုံးဧ။်အသက်သည်ကင်းသမားရဲ့လက်တွင်သာရှိသည်....မိမိဧ။်အဖွဲ့ သည်ကင်းသမားကိုအားကိုး
ရ်ျအေးဆေးစွာနေကြသည်မဟုတ်ပါလား...အဲ့နေရာမှာတပ်ခွဲမှူးမဟုတ်ဘဲ.....ရန်သူသာဖြစ်ခဲ့ လျှင်ကျွန်တော်တို့ အကုန်
သေကြရမည်မဟုတ်ပါလား......ဒါကြောင့်လည်ဆရာသည်နာကြင်အောင်အပြစ်ပေးခြင်းဖြစ်ပါသည်...........သူငယ်ချင်းတို့ ပျော်ရွှင်
ချမ်းမြေ့ ပါစေ........လွမ်းကောင်းကောင်းနဲ့ လွမ်းလိုက်တာအပြစ်ပေးခံရတယ်...