သူမမှာ
သာနိုင်တဲ့လရှိတယ်။
သူမ စကား
စန္ဒယားတလုံးလို၊ ချိုသာနွဲ့ပြောင်း
ဧည့်အလည် ဂုဏ်ဆောင်ကောင်းတယ်။
သူမဟာ
မြို့များကို ပြားချပ်
အသံကို ဆူညံရပ်တန့်
အဟန့်လည်း ကောင်းတယ်။
သူမဟာ
ရစ်သမ်ကဗျာကို မြန်စေသလို
ငှက်ဆိုတေးချင်း
နှင်းဆီမနက်
ရောင်လက်ညနေ
လှပစေသူပေါ့။
ကျွန်တော့မှာ
အရူးအမူး၊ ကဗျာတွေကူးချ
သူမအတွက် ဘဝ
ညတွေလည်း အချစ်ည
ဘ၀တွေလည်း အချစ်အလှ
ကော်ဖီတောင်မှ အချစ်ကျကျ
ရိုမန်တိက
ရိုမန်တိက
နောက်က လိုက်အော်ခဲ့ကြတယ်။
“ချစ်တယ်၊ ချစ်တယ်”
အော်တယ်.. သွေးရူးသွေးတမ်းပေါ့
သူမရဲ့ ဥပက္ခာ လျှာကြမ်းမှာ
ကမ္ဘာမီးလောင်၊ ပုလင်းထောင်၊ ဖောင်ကနဲဖွင့်
အင်ကနဲရှိုက်
ညဟာလည်း မိုက်လွန်းစွ
ဘ၀ဟာလည်း ကမ်းလွန်ဝေးပြ
ထွက်ပြေးကြဖို့ နေရာဟာ
ဗုဒ္ဓဂါယာမဟုတ်
မီးလောင်ပြင် ငုတ်တုတ်ထဲ
“မေမေရေ၊ မေမေ့သားတော့
လှလှပပ ဖျားပေါ့”
သည်းထန် အော့အန်
ကဗျာတွေ ဖန်ဆင်းခဲ့တယ်။
သူမဟာ
အသပြာအတွက်
ဂွတ်ဟုတ်အငူထက်၊ တက်ရပ်တတ်ပါသလား။
ကိုယ် သတိမထားမိ။
သူမဟာ
ရာသီစာ ကဗျာများ
ကျော်သွားတတ်ပါသလား
ကိုယ် သတိမထားမိ။
သူမဟာ
အဆောင်ယောင်အတွက်
အယောင်ဆောင်တတ်ပါသလား
ကိုယ် သတိမထားမိ၊
သူမအကြောင်း
ကိုယ် မသိပေဘူး။
ကျွန်တော်ဟာ
မသိတာကို သိချင်ယောင်ဆောင်
အသံဖွာလောင်၊ အဆန်ချောင်တယ်။
ကျွန်တော်ဟာ
ဘ၀ ပဓာန
တခဏ အဟာရ ဘာညာနဲ့
လျှာရည်စလည်း တသည်းသည်းပေါ့။
ကျွန်တော်ဟာ
သစ္စ၀ါဒီ၊ ကဗျာသီသူ
ဗမာပြည်သူ တဦးအတွက်
ရင်လေးစိတ်ပျက်၊ အရက်သောက်
ကဗျာတပုဒ်ကို ဖွားမြောက်
ဦးဏှောက်ခြောက်ခမ်း
အနာဂတ် စာတန်းကို
<ပွန်းပဲ့စွာ>
ပေးဆပ် ငိုကြွေးခဲ့ပါရဲ့။
သူမဟာ
“မဟာအချစ်၊ ကိုယ့်သစ္စာ”
ကဗျာရှည်ကို မဖတ်ဖူးလား
ဘုရားစူးထား
စကားသွားနဲ့
ခံစားချက် သွေးရည်ပေကျံ
မျက်ရည်လျှံဝေကြောင်း
ရက်ထောင်သောင်းကို
နှောင်းလူတွေမှ
သိခွင့်ရကြမယ် ထင်ပါရဲ့။
ယောဟန်အောင်
ဇန်န၀ါရီ ၁၄၊ ၁၉၈၇။
Pages
Saturday, March 10, 2012
သူမ ကဗျာဖတ်တတ်ပါ့မလား
ဗီယက်နမ် ကုမ္ပဏီ ၆၀ ကျော် မြန်မာပြည် လာမည်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးကုမ္ပဏီ ၆၀ ကျော်သည် မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ပြော သည်။
၂ဝဝ၇ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည့် ဗီယက်နမ်နိုင်ငံမှလေ့လာစရာများ ရှိနေသည်ဟု UMFCCI ၏ တွဲဖက် အတွင်းရေးမှူး (၁) ဒေါက်တာ မောင်မောင်လေး က မဇ္ဈိမကိုပြောသည်။
"လာမယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ Schedules တွေ မရှိသေးပါဘူး။ သူတို့ဆီ ကလည်း ကျနော်တို့က We have to learn from them လေ။ သူတို့က ကျနော်တို့ရှေ့က အရင်သွားနေပြီးတော့ပြုပြင်ပြောင်းလဲမှု လုပ်ထားတာကိုး။ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုက အခုမှလုပ်တော့ သူတို့ထက် နောက်ကျနေပြီ။ သူတို့ဆီက ယူစရာလေးတွေ အများကြီးရှိပါတယ်" ဟု ပြောသည်။
အဆိုပါ ကုမ္ပဏီ ၆၀ ကျော်၏ စီးပွားရေး လုပ်ငန်းရှင်များကို ဟိုချီမင်းမြို့တော် ကွန်မြူနစ်ပါတီကော်မတီ၏ အတွင်းရေးမှူး Le Thanh Hai က ဦးဆောင်မည်ဟုလည်း Viet Nam News အင်တာနက် စာမျက်နှာတွင်
ဖေါ်ပြပါရှိသည်။
ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက် ကုန်နှင့် သစ်တောထွက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့နေသည်ဟုလည်း ဗီယက်နမ် ကုန်သွယ်မှု အဖွဲ့၏ စီးပွားရေးပညာရှင် Pham Tat Thang ကို ကိုးကား၍ အဆိုပါ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၊ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၅၀၀ အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။
ဧပြီလ ပထမပတ်တွင်လည်း မြန်မာနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၁၄၀ ခန့် မြန်မာနိုင်ငံသို့လာရောက်ရန်ရှိပြီး နေပြည်တော်တွင်အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန်ရှိသည်ဟု ဒေါက်တာ
၂ဝဝ၇ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည့် ဗီယက်နမ်နိုင်ငံမှလေ့လာစရာများ ရှိနေသည်ဟု UMFCCI ၏ တွဲဖက် အတွင်းရေးမှူး (၁) ဒေါက်တာ မောင်မောင်လေး က မဇ္ဈိမကိုပြောသည်။
"လာမယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ Schedules တွေ မရှိသေးပါဘူး။ သူတို့ဆီ ကလည်း ကျနော်တို့က We have to learn from them လေ။ သူတို့က ကျနော်တို့ရှေ့က အရင်သွားနေပြီးတော့ပြုပြင်ပြောင်းလဲမှု လုပ်ထားတာကိုး။ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုက အခုမှလုပ်တော့ သူတို့ထက် နောက်ကျနေပြီ။ သူတို့ဆီက ယူစရာလေးတွေ အများကြီးရှိပါတယ်" ဟု ပြောသည်။
အဆိုပါ ကုမ္ပဏီ ၆၀ ကျော်၏ စီးပွားရေး လုပ်ငန်းရှင်များကို ဟိုချီမင်းမြို့တော် ကွန်မြူနစ်ပါတီကော်မတီ၏ အတွင်းရေးမှူး Le Thanh Hai က ဦးဆောင်မည်ဟုလည်း Viet Nam News အင်တာနက် စာမျက်နှာတွင်
ဖေါ်ပြပါရှိသည်။
ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက် ကုန်နှင့် သစ်တောထွက် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့နေသည်ဟုလည်း ဗီယက်နမ် ကုန်သွယ်မှု အဖွဲ့၏ စီးပွားရေးပညာရှင် Pham Tat Thang ကို ကိုးကား၍ အဆိုပါ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း၊ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၊ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၅၀ မှ သန်း ၅၀၀ အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။
ဧပြီလ ပထမပတ်တွင်လည်း မြန်မာနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၁၄၀ ခန့် မြန်မာနိုင်ငံသို့လာရောက်ရန်ရှိပြီး နေပြည်တော်တွင်အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရန်ရှိသည်ဟု ဒေါက်တာ
မောင်မောင်လေးကပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး ပညာရှင်များ၊ အစိုးရ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ရန်ရှိသည်ဟု သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး ပညာရှင်များ၊ အစိုးရ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ရန်ရှိသည်ဟု သိရသည်။
အာရှ စီးပွားရေးမျက်နှာစာ မြန်မာ ရောက်နိုင်
မြန်မာနိုင်ငံသည် လာမည့် နှစ်အနည်းငယ် အတွင်း အာရှတိုက်၏ စီးပွားရေးမျက်နှာစာ တွင် ရောက်ရှိလာ နိုင်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap University ကစီးပွားရေး ပညာရှင် ဒေါက်တာ သိန်းဆွေက ပြောကြားလိုက်သည်။
| ဒေါက်တာ သိန်းဆွေ (ဓာတ်ပုံ - ဧရာဝတီ) |
“မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ရည်တွေရှိပြီး အာရှမှာ မြန်မာဟာ နောက်ထပ် ထိပ်တန်း စီးပွားရေးမျက်နှာစာကို ရောက်လာနိုင်တယ်”ဟု ဒေါက်တာသိန်းဆွေက ဆိုသည်။
ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ချင်းမိုင် တက္ကသိုလ်တွင်ကျင်းပ ရာ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် ဒေါက်တာ သိန်းဆွေက ထို့ကဲ့သို့ ပြောခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ လူကြောင့်သာ ဆင်းရဲနေကြောင်းနှင့် သယံဇာတကျိန်စာသင့် နေသည်ဟု ဆိုသော ယခင်အစိုးရအဆက်ဆက် သယံဇာတကိုသာရောင်းချပြီး တိုင်းပြည်ဝင်ငွေရရေး အားကိုးခဲ့ပုံ၊ ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ မြန်မာနှင့် အာဆီယံ ဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ စသဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုအခြေ အနေများကိုလည်း ထည့်သွင်းဆွေးနွေးသည်။
တရုတ်၊ ထိုင်းနှင့် စင်္ကာပူတို့သည် အဓိက မြန်မာတွင် ရင်းနှီးမြုပ်နှံသူများ ဖြစ်ပြီး အဓိကအားဖြင့် ရေနံ၊ သဘာဝ ဓာတ် ငွေ့၊ ရေအား လျှပ်စစ်၊ အထည်ချုပ်၊ သတ္တုမိုင်းလုပ်ငန်းနှင့် နိုင်ငံခြား ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာမှုကြောင့်လည်း ရင်းနှီးမြုပ်နှံလိုသူများ တိုးပွားလာကြောင်း ဒေါက်တာ သိန်းဆွေက ဆိုသည်။
သို့သော် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အားကောင်းခိုင်မာသည့် ဥပဒေများ ပြန်ဌာန်းသွားရန် လုပ်ဆောင်ရမည် ဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး ဖြစ်စဉ် အရေးကြီးကြောင်း၊ ရုပ်ပိုင်း အခြေခံ အဆောက်အအုံ ကျယ်ပြန့်စွာတည်ဆောက် ရေး၊ ဘဏ်စနစ် ခိုင်မာမှု ပါဝင်သည့်၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အာမခံနိုင်သည့် အခင်းအကျင်းမျာသည် အရေးကြီးကြောင်း သူက ပြောသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ လက်ရှိ စနစ်တွင် လိုအပ်ချက်များရှိနေသေးပြီး လာဘ်ပေးလာဘ်ယူ မှုများ တိုက်ဖျက်ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းထား ကိစ္စ၊ အခွန်ဆိုင်ရာကိစ္စ စသည်တို့သည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဒေါက်တာ သိန်းဆွေက ထောက်ပြသည်။
မတ်လ ၁ ရက်က အစိုးရသက်တမ်း တနှစ်ပြည့် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်“ကျနော်တို့အစိုးရ လက် ထက် မှာ နိုင်ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကိုရေတိုရေရှည် လုပ်ငန်းစဉ်တွေချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက် နေတာပဲ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောဆိုထားသည်။
အစိုးရသစ်က ယခင် အမေရိကန် ၁ ဒေါ်လာ ၆ ကျပ် ပြား ၄၀ နှင့် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်း ထားကို လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ နှုန်းရှင်အဖြစ် သတ်မှတ်ပြောင်းလဲမည်ဖြစ်ကြောင်း၊ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ ၀န်းကျင် ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းများ ရှာဖွေနေကြောင်း သတင်းများတွင် ဖော်ပြသည်။
ထိုသို့ စီးပွားရေး တိုးတက်ပြောင်းလဲနိုင်ရန် နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း လေ့လာသူများကလည်းပြောဆိုကြ သည်။
ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် Burma Partnership အဖွဲ့မှ မခင်ဥမ္မာက ပြုပြင်ပြောင်းလဲမှုများသည် အောက်ခြေအဆင့်အထိ သက်ရောက်မှု မရှိသေးကြောင်း၊ တိုင်းရင်းသား ဒေသများတွင် ယခုအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပုံနှင့် စစ်ပွဲများဖြစ်နေကြောင်း၊ လက်တွေ့ အပြောင်းအလဲ တခုလုံးအတွက် လိုအပ်နေသည့် အဓိက အချက် ၃ ချက် ကို ထောက်ပြ ပြောဆိုသည်။
“ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အသိအမှတ်ပြုပြီး ခြွင်းချက်မဲ့ လွှတ်ပေးဖို့လိုတယ်။ နိုင်ငံလုံး ဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန် ငြိမ်းချမ်းရေး ရဖို့ အတွက် လုပ်ဆောင်ဖို့လိုတယ်။ အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို လွှတ်တော်ပြင်ပက လုပ်ဆောင်ဖို့လိုတယ်”ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံအခြေဆိုက် ဗဟု အဖွဲ့မှ ဦးအောင်နိုင်ဦးကလည်း ၁ နှစ်တာ အတွင်း မြန်မာ့ ပြောင်းလဲမှုသည် မြန်ဆန်ကြောင်း၊ အပေါ်ယံဟု မယူဆကြောင်း ပြောဆိုသည်။
“ကျနော်တို့မှာ ဥပဒေချမှတ်လိုက်ပေမယ့် ချက်ချင်း အလုပ်မဖြစ်တာတွေ ရှိတယ်။ ဖွဲ့စည်းပုံက ပေးထားပေမယ့် ဖွဲ့ စည်းပုံက ဟာကို လုပ်ရမှန်းမသိတာတို့၊ မလုပ်တတ်တာတို့ မလုပ်ရဲတာတို့ စတဲ့အရင်က စနစ်တွေက ရှိနေသေးတယ် လေ။ ကျနော်တို့ နိုင်ငံ ပြောင်းလဲဖို့က အနည်းဆုံး အနှစ် ၂၀ လောက်ကြာမယ်”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
The Nation သတင်းစာမှ Mr. Supalak ကလည်း မခင်ဥမ္မာ ဆွေးနွေးချက်များကို ထောက်ခံလိုက်ပြီး ၄င်း၏ မြန်မာ ခရီးစဉ် အသစ်တွင်ပြောင်းလဲမှုဆိုင်ရာ တချို့ကို သတိထားမိခဲ့ပုံနှင့် ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာများကို လေ့လာ သင်္ခန်းစာယူနိုင်ရေး ဆွေးနွေးတင်ပြသွားသည်။
အဆိုပါ Burma Now Assessing the Reforms အမည်ရ ဆွေးနွေးပွဲတွင် Reforms in Burma: Overview of New Political and Economic Dynamics ခေါင်းစဉ်ဖြင့် ဒေါက်တာ သိန်းဆွေ က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ကျန်လူများ ဖြစ်သော ဦးအောင်နိုင်ဦးက An Exile’s Personal Interpretation of Burma’s Reforms Upon Returning Home ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်ဥမ္မာက Examining Changes in Burma from an Activist’s Perspective ခေါင်းစဉ် ဖြင့် လည်းကောင်း၊ The Nation သတင်းစာမှ Mr Supalak Ganjanakhundee Implications of Burma’s Reforms for Thailand and the Region ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးသွားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်သူ ၈၀ ခန့်ရှိပြီး အများစုမှာ အနောက်နိုင်ငံများနှင့် ထိုင်းနိုင်ငံတို့မှ စိတ်ဝင်စားသူများဖြစ်သည်။
ဒေါ်စု စည်းရုံးရေးခရီး လုံခြုံမှုအတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်း
| ဓာတ်ပုံ AP |
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် မွန်ပြည်နယ်ကို သွားရောက်မယ့် စည်းရုံးရေးခရီးစဉ်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အရင်လို အခြေအနေမျိုး မဖြစ်အောင် အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူတဦးက
ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ မန္တလေး-နေပြည်တော် စည်းရုံးရေးခရီးစဉ်အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း - ခဲနဲ့ပစ်ပေါက်ခံခဲ့ရတာပါ။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ် ပြင်ဆင်ချက်တွေကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရာ ရက်ပိုင်းသာ လိုတော့တဲ့အချိန် - NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံတ၀ှမ်း မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို တောက်လျှောက် ပြုလုပ်နေတာမှာ မနက်ဖြန် မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာတော့ မွန်ပြည်နယ်ကို သွားရောက်မှာဖြစ်ပါတယ်။ မနက် ၈ နာရီမှာ တက္ကသိုလ်ရိပ်သာလမ်း သူမရဲ့ နေအိမ် ကနေ ယာဉ်တန်းက စတင်ထွက်ခွာမှာပါ။ ဒီခရီးစဉ်မှာ ပြီးခဲ့တဲ့တခေါက် မန္တလေး-နေပြည်တော် ခရီးစဉ်အပြန်လမ်းမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ယာဉ်တန်း ခဲနဲ့ပစ်ပေါက်ခံရတာမျိုးလို ပြဿနာမျိုးတွေ မကြုံရလေအောင် ဒီကနေ့မှာပဲ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။
“အုပ်ချုပ်တဲ့ အစိုးရပိုင်းကပေါ့ - အဲ့လိုဖြစ်လိမ့်မယ်တော့ မထင်ဘူးပေါ့ အခုဟာကတော့ ကျနော်တို့ သိရသလောက်ပေါ့။ အဖွဲ့အစည်းတခုခု ကနေ တမင်ရည်ရွယ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကား ပစ်လိုက်မယ်ဟေ့လို့ မဟုတ်ဘဲနဲ့ လမ်းဘေးက လက်ဆော့ပြီးတော့ ကောက်ပစ်တဲ့ဟာမျိုး ဖြစ်ဖို့က ၉၀ ရာခိုင်နှုန်းရှိပါတယ်။ နောက်ဆုံးတော့ ဒီလူတွေက အုပ်ချုပ်တဲ့သူတွေဖြစ်နေတော့ တကမ္ဘာလုံးက ၀ိုင်းပြောကြမှာပေါ့လေ။ အဲ့တော့ သူတို့က အများကြီး- ဒီနေ့ပဲ အဲ့ဒါကို သွားပြီးတော့ ညှိနှိုင်းပါတယ်။ ကျန်တဲ့ခရီးစဉ်တွေအတွက် သူတို့ လုပ်ဆောင်ပေးမယ့်ဟာတွေ၊ သူတို့ ကြိုတင်ပြင်ဆင်ပေးမယ့်ဟာတွေပေါ့။”
ဒါ့အပြင် မော်လမြိုင်ကို သွားရောက်မယ့် ခရီးစဉ်တလျှောက် မြို့ရွာတွေက လူထုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နှုက်ဆက်သွားမှာ ဖြစ်ပြီး - မော်လမြိုင် မြို့ခံလူထုကို ပြောကြားမယ့် မိန့်ခွန်းအတွက် နေရာကတော့ အရင်စီစဉ်ထားတဲ့အတိုင်း ခွင့်ပြုချက်မရခဲ့ဘဲ မြို့ပြင်မှာ ဖြစ်တဲ့အတွက် တက်ရောက်နိုင်တဲ့ ပြည်သူလူထု အင်အားကတော့ နည်းသွားနိုင်ချေရှိတယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။
“ဟိုမှာ စီစဉ်ထားတာတွေ တော်တော်အဆင်ပြေပါတယ်။ မနက်ဖြန်မနက် ၈ နာရီ ထွက်ပါတယ်။ ထွက်ပြီးတော့ လမ်းမှာတော့ မြို့တွေ ဖြတ်ရမှာပေါ့။ ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မွန်ပြည်နယ် ခရီးစဉ်ဆိုပေမဲ့ မော်လမြိုင်မြို့နယ်က ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်အတွက်ကို သွားတာပါ။ မွန်ပြည်နယ်ကိုရောက်တာလည်း ပြည်နယ်နဲ့ပတ်သက်တဲ့စကားတွေ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့စကားတွေကိုလည်း ပြောဖို့ရှိပါတယ်။ အခက်အခဲရှိတယ်ဆိုတာကတော့ ပထမပိုင်းမှာက မြို့ထဲမှာရှိတဲ့လွတ်လပ်ရေးကွင်းကို တောင်းတာပေါ့။ တောင်းတော့မရဘူးပေါ့။ ပေးလိုက်တာကတော့
မော်လမြိုင်မြို့နဲ့ ၆ မိုင်ဝေးပါတယ်။ ၆ မိုင် သွားရမယ်ပေါ့လေ။ နောက် တခုကတော့ ကွင်းက အဲ့လောက်ဝေးတော့ကျတော့ ပရိသတ်ကြားဖြတ်သွားလို့ရှိရင် ပရိသတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တွေ့လိုက်ရတယ်။ လက်ပြလိုက်ရတယ်။ အော်ဟစ်ပြီး နှုတ်ဆက်လိုက်ရတယ်။ ပန်းစည်းပေးလိုက်ရတယ်ဆိုရင်ကို ကျေနပ်သွားကြ တာပါပဲ။ ပြောမယ့် မိန့်ခွန်းကို နားထောင်ဖို့ တက်ရောက်နိုင်မယ့်သူကတော့ နည်းသွားတာပေါ့”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်သာမြင့် ဖြစ်ပါတယ်ရှင်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ် နေရာ ၄၈ နေရာစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့ပေမဲ့ - စစ်ကိုင်းတိုင်း အင်းတော်မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကိုတော့ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ထားတာဖြစ်ပါတယ်ရှင်။
Ref: VOA
ဒေါ်စု ရုပ်သံကလွှင့်မယ့်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် အနေနဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနတွေကနေ တပါတီချင်းအလိုက် မိန့်ခွန်းတိုပြောကြားခွင့် ပြုထားတာမှာ မကြာသေးခင်ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် - ရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်တင်သွင်းရတဲ့ မူကြမ်းကနေ အခုလို ဖြတ်တောက်ခံခဲ့ရတာပါ။ ဘယ်အချက်ကို လက်မခံခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ဧပြီလ၁ရက်ကျင်းပမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံပိုင် ရေဒီယို - ရုပ်မြင်သံကြားတွေကနေ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းပြောကြားခွင့် ရရှိထားတာမှာ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့တာပါ။ လာမယ့် ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကို မေးကြည့်တော့ -
“ကျနော်တို့မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲအတွက် ဟောပြောမယ့်ဟာကို
ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျနော်တို့ တင်ခဲ့ပါတယ်။ စာပိုဒ်တပိုဒ်ကို ဖြုတ်ခိုင်းပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းလေး ရေးထားတဲ့ စာပိုဒ်ပါ။ အဲ့ဒီဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျနော်တို့ အစားထိုး ထပ်တင်တယ်။ အချိန်ကနည်းတော့ ကျနော်တို့ဘက်ကလည်း Fax နဲ့ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ။”
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ အလားတူပဲ - ဒီိမိုကရက်တစ် ပါတီ မြန်မာအဖွဲ့က ဦးသုဝေရဲ့ ရုပ်သံနဲ့ ရေဒီယိုတွေမှာ ပြောကြားဖို့ ရေးသားထားတဲ့မူကြမ်းထဲက ပါတီမူဝါဒဆိုင်ရာ ဆောင်းပါးနှစ်ခုစလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးစံနစ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ယှဉ်ပြီး သုံးသပ်ပြထားတာတွေ ပြောခွင့်မပြုခဲ့တာကြောင့် ဒီအချက်တွေချန်ပြီး ပြောခဲ့ရတယ်လို့ ဦးသုဝေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဒီ ကြားဖြတ်ရွေးကောက်ပွဲအတွက် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း အဟန့် အတား အကန့်အသတ်တွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ - ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေမှာ မမှန်မကန် လုပ်ဆောင်တာတွေ တွေ့ရသလို - အထူးသဖြင့် - မဲဆန္ဒရှင်စာရင်းတွေထဲမှာ ကွယ်လွန်ပြီးသား လူတွေရဲ့ နာမည်တွေ ပါဝင်နေတယ်လို့ ကြာသာပတေးနေ့က သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဥာဏ်ဝင်းကတော့ - မဲစာရင်းကွာဟမှုတွေကို သက်ဆိုင်ရာကော်မရှင်ထံ အချိန်မီ အကြောင်းကြားပေးနေပြီး - ကော်မရှင်တွေ ဘက်ကလည်း ဥပဒေအရ လုပ်ပိုင်ခွင့်ထဲကနေ ပြင်ဆင်မှုတွေ လုပ်ပေးနေကြောင်း ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကရော အာဆီယံကပါ - ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရခေါင်းဆောင်တွေကို ထပ်ခါတလဲလဲ ပြောဆိုနေတာပါ။ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ဒီဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး - မရုပ်သိမ်းရေးကိစ္စကို ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေအပေါ် မူတည်ပြီးတော့မှ ဆုံးဖြတ်မယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် အာဆီယံကလည်း - ဒီကြားဖြတ် ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာရေး အကဲခတ်အဖွဲ့တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
Ref: VOA
Friday, March 9, 2012
မဲဆွယ်စည်းရုံးမှု အကန့်အသတ်များအပေါ် ဒေါ်အောင်ဆန်းစုကြည် သတိပေး
မြန်မာနိုင်ငံသည် အမှန်တကယ် ဒီမိုကရေစီလမ်းကို သွားနေခြင်း ရှိမရှိကို ကြားဖြတ် ရွေးကောက်ပွဲ မဲထည့်မှုသာမက မဲဆွယ်စည်းရုံးမှု လွတ်လပ်ခွင့်ကိုပါကြည့်ပြီး နိုင်ငံတကာကသတ်မှတ်မည် ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
| နေပြည်တော် ဒက္ခဏိသီရိမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးနေစဉ် (ဓာတ်ပုံ - ဧရာဝတီ) |
“ဒီရွေးကောက်ပွဲ ဖြစ်စဉ်ကိုကြည့်ပြီး နိုင်ငံတကာက ဆုံးဖြတ်မှာပါ။ ရွေးကောက်ပွဲဖြစ်စဉ်ဆိုတာ ဒီရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲ မဲထည့်တာ၊ လွတ်လပ်တာ၊ တရားမျှတာတာကိုပဲ ကျမတို့ ပြောတာမဟုတ်ဘူး။ ရွေးကောက်ပွဲ မတိုင်မီအချိန်မှာ၊ စည်းရုံးရေး ကာလမှာ လုပ်ပုံလုပ်နည်းတွေက မှန်ရဲ့လား၊ မမှန်ဘူးလားဆိုတာ ကမ္ဘာက ကြည့်နေတယ်ဆိုတာ ကျမ အသိပေးပါရစေ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်ငူမြို့ မိုင်ဒါကွင်း မဲဆွယ်ဟောပြောပွဲတွင် ထည့်သွင်းပြောဆိုသွားသည်။
NLDပါတီ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် နေပြည်တော်မှထွက်ခွာလာသော ဒေါ်အောင်ဆန်း စုကြည်သည် တောင်ငူမြို့သို့ ယနေ့ နေ့လယ် ၂ နာရီ ခွဲခန့်က ရောက်ရှိလာပြီး မိုင်ဒါကွင်းအတွင်းရှိ ရာနှင့်ချီသော လူထုပရိတ်သတ်ကို ၁၅ မိနစ်ခန့် မဲဆွယ်ဟောပြောသည်။
“ကိုယ့်ဟာကိုယ်ချည်း နိုင်ချင်ဇောနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်လို့ရှိရင် ကျမတို့ တနိုင်ငံလုံး နာမယ်ဆိုတာ သေချာမှတ်ထားကြပါလို့ ကျမတို့ ပြောချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အကူအညီပေးရေး စိတ်ဝင်စားလာကြသည်မှာ တနှစ်ခန့်သာ ရှိသေးပြီး ကန့်သတ်မှုများ လုပ်ဆောင်ပါက လိုအပ်သည့် နိုင်ငံတကာအကူအညီများလည်း မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “အဲဒီလို ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ် တက်တော့မယ်၊ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် အစုအဖွဲ့ပေါင်းစုံ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ရတော့မယ်လို့ ထင်လို့ ကူညီချင်တဲ့ စိတ်တွေ ရှိနေတာပါ။ အဲဒီလို မဟုတ်ဘဲနဲ့ ဘယ်သူ မပါကြေး၊ တို့ပဲပါကြေးဆိုတာ လုပ်လို့တော့ ဒီမိုကရေစီလမ်းပေါ်မှာ ရောက်မှာလည်း မဟုတ်ဘူး၊ လိုအပ်တဲ့ အကူအညီတွေကိုလည်း ရမှာ မဟုတ်ဘူးဆိုတာကို ကျမက ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများကို မိမိ၏ သားသမီးအရင်းပမာ စိတ်ထားပြီး နိုင်ငံသားများ နစ်နာမည့်အရာများကို မလုပ်သင့်ကြောင်းလည်း မဟောသဓာ သားတရား စီရင်ခန်းကို ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေးပြောကြားသည်။
“ဒါကြောင့်မို့ ကိုယ့်အတွက်ကိုယ်တင် မကြည့်ပါနဲ့။ မဟောသဓာ သားစီရင်ခန်းထဲက ဘီးလူးမလို ကိုယ်လိုချင်တာပဲ ကိုယ်မဆွဲပါနဲ့။ ကိုယ်လိုချင်တာကိုပဲ ဆွဲလို့ရှိရင် ကိုယ့်သားနာမယ်ဆိုတဲ့ ပြည်သူတွေ နာမယ့်ကိစ္စတွေ မလုပ်ပါနဲ့။ ကျမတို့ နိုင်ငံကို ကမ္ဘာက အထင်သေးရမယ့် ကိစ္စတွေကို မလုပ်ပါနဲ့လို့ ကျမကတော့ သက်ဆိုင်သူ အားလုံးကို မေတ္တာ ရပ်ခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
NLD အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ လုပ်မှားကိုင်မှား ရှိခဲ့လျှင်လည်း NLD အဖွဲ့ချုပ်သို့ စာရေးတိုင်ကြားနိုင်ကြောင်း၊ ထိုသို့ တင်ပြပြောဆို တိုင်ကြားမှုများကို သိရမှသာ၊ ပြည်သူ၏အသံကို ကြားသိရမှသာ NLD အဖွဲ့ချုပ်ကို မည်ကဲ့သို့ ပြုပြင်ရမည်ဆိုသည်ကို သိရှိနိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ ယနေ့ နံနက် ၇ နာရီခန့်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များမှ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် တွေ့ဆုံခဲ့သည်။
ဦးဖြိုးဇေယျာသော် (အဆိုတော် ဇေယျာ်သော်) ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် NLD ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခြင်းခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ပုဗ္ဗသီရိ မဲဆွယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “အောက်တန်းကျသည့်လုပ်ရပ်” ဟု ပြင်းပြင်းထန်ထန် ဝေဖန်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက NLD ၏ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ဦးဉာဏ်ဝင်းက အာဏာပိုင်တချို့သည် ကြားဖြတ် ရွေးကောက်ပွဲ အတွက် လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုကို ကန့်သတ်နေကြောင်း၊ ထိုကန့်သတ်မှု များကြောင့် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာကြောင်း ပြောဆိုဝေဖန်ခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရာတွင် အထစ်အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီး အစောပိုင်းက ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကိုလည်း ဦးဉာဏ်ဝင်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
မဲဆွယ်စည်းရုံးရေးခရီးစဉ် ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က မန္တလေးတိုင်း တံတားဦးမြို့၊ နွားထိုးကြီးမြို့၊ မိတ္ထီလာမြို့များမှတဆင့် နေပြည်တော်သို့ ရောက်ခဲ့ပြီး ယနေ့တွင် ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
Ref: ဧရာဝတီ
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်အဖြစ် ထားရှိမည်
နိုင်ငံခြားခရီးသွားများကို သိမ်ဖြူငွေလဲစင်တာတွင် တွေ့ရစဉ်
လာမည့်၂၀၁၂-၂၀၁၃ဘဏ္ဍာ ရေးနှစ်မှစ၍ မြန်မာငွေလဲနှုန်းထားကို ဈေးကွက်ပေါက်ဈေးအတိုင်း
နှုန်းရှင်အဖြစ် ထားရှိမည်ဖြစ်ပြီး အစိုးရအဖွဲ့၏ ရ-သုံးငွေရှင်းတမ်းနှင့် ၀န်ကြီးဌာနများ၏ နိုင်ငံခြားငွေသုံးစွဲမှုများကို အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၈၀၀ နှုန်းဖြင့် တွက်ချက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နီးစပ်သည့် ပညာရှင်များနှင့် ငွေလဲနှုန်းတစ်ခုတည်း ပေါင်းစည်းရေးနှင့် ပြောင်းလဲရေးတွင် ပါဝင်သည့် ပညာရှင်များထံမှ သတင်းရရှိပါသည်။
''လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားသွားမယ်၊ အစိုးရရဲ့ အသုံးစရိတ်တွေမှ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၈၀၀ အဖြစ် တွက်ချက်မယ်လို့ သိထားပါတယ်။ ပြင်ဆင်ရမယ့် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကိုတော့ ဒီကြားထဲပြင်ဆင်သွားဖို့ လိုမှာပါ''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ စီးပွားရေး တက္ကသိုလ်)က ပြောကြားပါသည်။
နိုင်ငံတော်သမ္မတရုံး စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က ''ဧပြီလ ၁ ရက်နေ့ကစပြီး ပြောင်းမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတစ်ဦးက အစည်းအဝေးတစ်ခုမှာ ပြောသွားတာပါ။ ဒီကိစ္စကို ဗဟိုဘဏ်က ဆုံးဖြတ်တာပါ၊ ကျွန်တော်နဲ့ မဆိုင်ဘူး။ ထင်မြင်ချက်လည်း မပေးလိုပါဘူး'' ဟု ဆိုပါသည်။
''လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားသွားမယ်၊ အစိုးရရဲ့ အသုံးစရိတ်တွေမှ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၈၀၀ အဖြစ် တွက်ချက်မယ်လို့ သိထားပါတယ်။ ပြင်ဆင်ရမယ့် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကိုတော့ ဒီကြားထဲပြင်ဆင်သွားဖို့ လိုမှာပါ''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ စီးပွားရေး တက္ကသိုလ်)က ပြောကြားပါသည်။
နိုင်ငံတော်သမ္မတရုံး စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က ''ဧပြီလ ၁ ရက်နေ့ကစပြီး ပြောင်းမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌတစ်ဦးက အစည်းအဝေးတစ်ခုမှာ ပြောသွားတာပါ။ ဒီကိစ္စကို ဗဟိုဘဏ်က ဆုံးဖြတ်တာပါ၊ ကျွန်တော်နဲ့ မဆိုင်ဘူး။ ထင်မြင်ချက်လည်း မပေးလိုပါဘူး'' ဟု ဆိုပါသည်။
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် (မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ-ငြိမ်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကြံပေးအဖွဲ့ခေါင်းဆောင်) ကလည်း ''ဒါက ဗဟိုဘဏ်က ဆုံးဖြတ်ပြီး လုပ်ကိုင်မှရမယ့် ကိစ္စပါ။ ကျွန်တော်တို့က ဆုံးဖြတ်လို့ မရပါဘူး။ အခုထိတော့ တရားဝင် မကြေ ညာသေးဘူး။ ဒီကိစ္စက လုပ်ကိုလုပ်ရမယ့် ကိစ္စပါ။ လုပ်နည်းကိုင်နည်း မှန်ဖို့အရေးကြီးတယ်။ အလောသုံးဆယ်လည်း လုပ်ဖို့မသင့်တဲ့ထဲမှာ ပါတယ်။ အိုင်အမ်အက်ဖ်လို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုလည်း လိုတယ်။ အခုလို နှုန်းရှင်ထားတော့မယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒီလထဲမှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားနိုင်တယ်''ဟု ထင်မြင်ချက်ပေးပါသည်။
ယင်းကဲ့သို့ ငွေလဲနှုန်းကိုနှုန်းရှင် ထားရှိရာတွင် Managed Float အဖြစ်ထားရှိမည်ဖြစ်ပြီး လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၀င်ရောက် ထိန်းကျောင်းဖွယ် ရှိနေကြောင်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပို့ကုန်မှရငွေ (earning) တို့ကိုလည်း ထားရှိတော့မည်မဟုတ်ဘဲ ငွေလဲနှုန်း တစ်မျိုးတည်းသာ ထားရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။
ယင်းကဲ့သို့ ငွေလဲနှုန်းကိုနှုန်းရှင် ထားရှိရာတွင် Managed Float အဖြစ်ထားရှိမည်ဖြစ်ပြီး လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၀င်ရောက် ထိန်းကျောင်းဖွယ် ရှိနေကြောင်း၊ အက်ဖ်အီးစီဈေးနှုန်း၊ ပို့ကုန်မှရငွေ (earning) တို့ကိုလည်း ထားရှိတော့မည်မဟုတ်ဘဲ ငွေလဲနှုန်း တစ်မျိုးတည်းသာ ထားရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုတွင် ဒေသတွင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရန် အခြေခံကျသော အချက် နှစ်ချက်ရှိသည်ဟု ဦးမြင့်က သုံးသပ်ထားပြီး ၎င်းတို့မှာဖြစ်ပေါ်နေသော ငွေလဲနှုန်းထားအမျိုးမျိုးကို တစ်မျိုးတည်းအဖြစ် ပေါင်းစည်းရန်နှင့် နိုင်ငံ၏ လက်ရှိ ငွေပေး ငွေယူ ရှင်းတမ်း (balance of payments)၊ သာမန်စာရင်း(current account) တို့တွင် ချမှတ်ထားသော အတားအဆီးများကို ဖယ်ရှားရန်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရေးသည် ငွေလဲနှုန်းကိစ္စချည်းသက်သက် မဟုတ်တော့ဘဲ နိုင်ငံအဆင့် စီးပွားရေးမူဝါဒ (macroeconomic policy) များနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ ရန်လိုအပ်ကြောင်း ယမန်နှစ်က ပြုလုပ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဦးမြင့်က ထင်မြင် သုံးသပ်ထားပါသည်။
ပါမောက္ခ Dr. Joseph Stiglitz ကလည်း မြန်မာနိုင်ငံအနေဖြင့် သဘာဝ သယံဇာတကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ အဆိုပါကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇာတမှရရှိငွေများကို လွဲမှားစွာ အသုံးချခြင်းဆိုသော ပြဿနာများကို ဖြစ်ပေါ်စေပြီး ၀င်ငွေခွဲဝေမှုမမျှတခြင်းကဲ့သို့ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေသော်လည်း စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ကောင်းမွန်ပါက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သော စီးပွားရေးပညာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်းသုံးသပ်ထားပါသည်။
| မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတ ကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက်ရှိကြောင်း၊ အဆိုပါကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇာတမှ ရရှိငွေများကို . . . |
ပါမောက္ခ Dr. Joseph Stiglitz က ''နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးမြင့်ပြီး ကူးစက်တတ်တဲ့ Dutch Disease ပြဿနာကို ရှောင်ရှားနိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ အဲဒီလို ငွေတန်ဖိုးတက်တာက ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီး ဖြစ်စေတာကြောင့် နိုင်ငံခြားငွေလဲနှုန်းကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရမှာ ဖြစ်ပါတယ်။ တရုတ်နဲ့ အရှေ့အာရှနိုင်ငံတွေမှာ နိုင်ငံခြား ငွေလဲနှုန်း စီမံခန့်ခွဲမှုကို ထိရောက်ကောင်း မွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့ သာဓကကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးလမ်းမှာ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်းသာ ရှိစေတဲ့နည်းနဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်သင့်ပါတယ်။ ငွေလဲနှုန်း အမျိုးမျိုးကြောင့် ဘတ်ဂျက် ခွဲဝေမှုမှာ ထင်သာမြင်သာ မရှိဘဲ ထိရောက်မှုကိုလည်း အားနည်းစေတယ်။ ဘတ်ဂျက်ခွဲဝေမှု စနစ်မကျတာနဲ့ မထိန်းချုပ်နိုင်တာတို့က ငွေကြေးဖောင်းပွမှုကို ဖြစ်စေတယ်။ တစ်ခုတည်းသော နိုင်ငံခြားငွေလဲနှုန်း မထား နိုင်သေးရင်တောင် ဈေးကွက်ပေါက်ဈေးအရ ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းကိုတော့ နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရပါမယ်''ဟု ငွေလဲနှုန်းနှင့်ပတ်သက်၍ ဟောပြောခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ငွေလဲနှုန်းကိစ္စ အပါအ၀င် စီးပွားရေးကိစ္စများ ပြုပြင်ပြောင်းလဲမှုပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ချိတ်ဆက် လုပ်ဆောင်လျက်ရှိကြောင်း၊ အိုင်အမ်အက်ဖ်အဖွဲ့အနေဖြင့် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်စေရန် အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းများကိုတစ်ခုတည်း ဖြစ်စေရန် ပေါင်းစည်းရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် သုံးသပ်ထားပြီး မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်း တိုးတက်ကာ အနာဂတ်အာရှဒေသ၏ စီးပွားရေး ထွန်းသစ်လာသည့် နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု သုံးသပ်ထားပါသည်။
Ref: EMG

22:06
mwrn

