Pages

Thursday, July 5, 2012

မြန်မာ့သတင်း » မြေတောင်းတဲ့ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရ

နေပြည်တော်က လမ်းကြီးတွေက အလွန်ကောင်းပေမယ့်လို့ ဘုန်းကြီးကျောင်းတွေတော့ မီးရှို့တယ်လို့ ဆိုပါတယ်။
နေပြည်တော် စည်ပင်သာယာက ကျူးကျော် ဘုန်းကြီးကျောင်းတွေကို လျော်ကြေးယူ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပေမယ့် မလိုက်နာဘဲ မြေအစားတောင်းလို့ဆိုပြီး မီးရှို့ပစ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။
နေပြည်တော် မြို့ပတ်လမ်း ဖောက်လုပ်ဖို့အတွက် မလွတ်တဲ့ အဆောက်အဦတွေကို ဖျက်ဖို့ နေပြည်တော် စည်ပင်သာယာရဲ့ အမိန့်အရ ဖျက်ရမယ့် အဆောက်အဦတွေ ထဲမှာ ဘုန်းကြီးကျောင်း ၅၀ လောက် ပါဝင်ပါတယ်။ တခိျု့ ဘုန်းကြီးကျောင်းတွေက ပေးတဲ့ လျော်ကြေးငွေကို ယူပြီး ဖျက်ပစ်ဖို့ သဘောတူခဲ့ပေမဲ့ တခိျု့ကျောင်းတွေကတော့ ဖျက်လိုတဲ့ဆန္ဒ မရှိကြဘူးလို့ သိရပါတယ်။ မနေ့ကတော့ ဘုန်းကြီးကျောင်း ၂ ကျောင်း မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

မီးရှို့ခံရတာဟာ နေပြည်တော်မှာ ဖြစ်တဲ့အတွက် လွှတ်တော်မှာ တင်ပြဖို့ ကြိုးစားသွားမယ်လို့ ဘုန်းကြီးတွေအတွက် အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဘီဘီစီကို ပြောပါတယ်။ မီးရှို့တာဟာ ပြစ်မှုမြောက်တဲ့ ကိစ္စရပ် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီကိစ္စတွေအတွက် တာဝန်ရှိတဲ့ နေပြည်တော်ကောင်စီ အတွင်းရေးမှူးကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။ သာသနာရေး ဦးစီးဌာနက အရာရှိ တစ်ယောက်ကတော့ သာသနာ့မြေလို့ သတ်မှတ်ထားခြင်း မရှိတဲ့ ကျူးကျော် ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်း တဲကျောင်းတွေကို ဖယ်ရှားခိုင်းတယ်လို့ သိရကြောင်း ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ မြန်မာပိုင်း

စစ်မက်ဖြစ်ပွားမှု စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့မယ်

မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို တက်တက်ကြွကြွဆောင်ရွက်နေသူ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ မီးရထားဝန်ကြီး ဦးအောင်မင်းက ဇူလိုင် ၁ က နေပြည်တော်မှာ ပြောကြားခဲ့တဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ကြိုဆိုလိုက်ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေ ဖြစ်တဲ့အခါ ဘယ်ဘက်ကစပြီး စည်းကမ်းချိုးဖောက်သလဲ ဆိုတာကို သိနိုင်ဖို့ မြန်မာ အစိုးရ တပ်တွေနဲ့ တိုင်းရင်းလက်နက်ကိုင် တပ်တွေကို ကိုယ်စားပြုသူတွေ၊ သတင်းသမားတွေနဲ့ ဂုဏ်သရေရှိတဲ့ ရပ်မိရပ်ဖတွေပါတဲ့ စောင့်ကြည့်ရေးအဖွဲ့ကို ပထမအဆင့် ဖွဲ့စည်းသွားဖို့ ရှိတယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

ဒုတိယအဆင့်မှာတော့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂစစ်မြေပြင် စောင့်ကြည့်ရေးအဖွဲ့တွေက အဲဒီ စောင့်ကြည့်ရေးအဖွဲ့မှာ ပါလာမှာဖြစ်ပြီး တတိယအဆင့်မှာတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကမဆို စောင့်ကြည်မယ်ဆို စောင့်ကြည့်နိုင်မယ့် အနေအထား ဖြစ်သွားနိုင်တယ်လို့ ဝန်ကြီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်ကတော့ အခုလို စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းသွားမယ်ဆိုတဲ့ သတင်းကို ကြိုဆိုလိုက်ပါတယ်။

အပြစ်ဖို့လိုက်၊ အကြောင်းပြလိုက် လုပ်နေတာထက်စာရင် အခုလို အဖွဲ့ဖွဲ့တာဟာ အလွန်ကောင်းတယ်၊ ဒါမှ ဘယ်သူက မှားသလဲ ဆိုတာကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်က ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလက ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်းဟာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရအောင် တက်တက်ကြွကြွ လုပ်ကိုင် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်း

မန်မာ့သတင်း » တိုင်းရင်းသားတန်းတူရေး လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးသင့်ဟု သမ္မတပြော

ဓါတ်ပုံ။ Myanmar President office
သမ္မတ နှစ်ဦး ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ၏ ပထမဆုံး အစည်းအဝေးတွင် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးရရှိရန် လွှတ်တော်မှ ဥပဒေ
ပြဋ္ဌာန်းဆောင်ရွက်ပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်မှ မှာကြားသည်ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

နေပြည်တော် သမ္မတ အိမ်တော်တွင် ဇွန်လ ၃ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ
နှစ်လပြည့် သည့်နေ့ ပထမဆုံးစည်းဝေးမှုတွင် တိုင်းရင်းသားများ အခွင့်အရေး အတွက် ဥပဒေ တရပ် ပြဋ္ဌာန်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောသွားသည်။

"တိုင်းရင်းသားများအတွက် အသက်တမျှ အရေးကြီးတဲ့ ဥပဒေတရပ်ပြဋ္ဌာန်းထားသော တန်းတူရည်တူ အခွင့်အရေးများနဲ့ အခြား
သော တိုင်းရင်းသားများ အခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေ ပြဋ္ဌာန်းပေးမယ်ဆိုရင် မိမိတို့ တာဝန်ယူ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းများ အလျင်အမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။" ဟု သမ္မတက ပြောသွား သည်။

သမ္မတက "ပြည်ထောင်စု မြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြသည့်အတွက် တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ အခွင့်အရေးရသင့်သူများ ဖြစ်ကြပါတယ်။ တိုင်းရင်းသားတို့ရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ ပြည်ထောင်စု အတွင်း တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ ညီမျှစွာ အခွင့်အရေး ရရှိရေးပင်
ဖြစ်ပါတယ်။" ဟုလည်း ပြောသွားသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၅ တွင်ပါရှိသည့် "နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုး ထားရှိသော စာပေ၊ ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်။" ဟူသည့် အပိုဒ်ကို ကိုးကားထည့်သွင်း ပြောကြားသွားသည်။

ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မထိခိုက်အောင် လွှတ်တော်မှ ဥပဒေများ ပြဋ္ဌာန်းပေးပါက တိုင်းရင်းသား တို့၏ လိုအင်ဆန္ဒ ပြည့်ဝမည်ဖြစ်ပြီး အမျိုးသား ပြန်လည်ပေါင်းစည်းညီညွတ်ရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ
ပြေလည်သွားနိုင်သည်ဟုလည်း ပြောသွားသည်။

စစ်အစိုးရထံမှ ၂၀၁၁ ခုနှစ် မတ်လအတွင် အာဏာလွှဲပြောင်းရယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က
ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ "စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက်ပေါ် တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲကို လိုလားနေခြင်းဖြစ်ပါတယ်။ " ဟုလည်း သမ္မတက ဖြည့်စွက်ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မေလ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီတွင် ဒုသမ္မတ ရာထူးမှ အနားယူသွားပြီ ဖြစ်သည့် သူရသီဟ ဦးတင်အောင်မြင့်ဦး၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုတိယ ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးလှမင်း၊ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းထားသည်။

မျိုးသန့် - ရန်ကုန် (မဇ္ဈိမ)

ဓါတ်ပုံ။ Myanmar President office

88 ကျောင်းသားအဖွဲ့ ကိုမြအေး တို့ ယနေ့ တရုတ်ပြည်နယ်စပ်မြို့  ဂျယ်ဂေါင်မှ မြန်မာလူထုနဲ့တွေ့ဆုံခဲ့

ကိုမြအေးခေါင်းဆောင်တဲ့ 88 ကျောင်းအဖွဲ့ဒီနေ့ 5.7.2012 နေ့ညမှာ တရုတ်မြန်မာ နယ်စပ် ဂျယ်ဂေါင်မြို့  ဖြိုးမောက်သာ လက်ဖက်ရည်ဆိုင်မှာ တရုတ်နယ်စပ်မှာ လာရောက်အလုပ်လုပ်ကြတဲ့ မြန်မာလူထု နဲ့ တွေ့ဆုံပွဲလေး လုပ်ခဲ့ပါတယ် ။ အပြန်အလှန်ဆွေးနွေးမှုလေးတွေလဲ လုပ်ခဲ့ပါတယ် ။ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကလဲ SKYPE က နေ တဆင့် မြန်မာလူထုကို တိုက်ရိုက် ဆွေးနွေးပေးခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်များနှင့် ရွေ့ ပြောင်းလုပ်သားအပါဝင် လူတစ်ရာကျော်လောက်တက်ရောက်ခဲ့ပါတယ် ။
by Zawmoehetet Zawmoe

SKYPE မှပြောနေသော ကိုမင်းကိုနိုင်. .
တရုတ်ပြည်ဂျယ်ဂေါင်မှာ ကိုမြအေးနဲ့ 88 ကျောင်းသားများကိုလာရောက်တွေ့ဆုံသော မြန်မာလူထု. . .
လူထုနဲ့ တွေ့ဆုံနေတဲ့ ကိုမြအေးနဲ့ 88ကျောင်းသားအဖွဲ့. .
လူထုနဲ့ တွေ့ဆုံနေတဲ့ ကိုမြအေးနဲ့ 88ကျောင်းသားအဖွဲ့. .

ဗန်းမော်ဆေးရုံမှာ အရိုးကုဆရာဝန်မရှိသည့် အတွက် ဒေသခံလူနာများ အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ဆေးရုံတွင် အရိုးအထူးကုဆရာဝန်ကြီး ပြောင်းရွှေ့ပြီး
ယခုတိုင်အောင် အရိုးဆရာဝန်မရှိသည့်အတွက် အရိုးနှင့်ပတ်သက်သည့် လူနာများ
အထူးအခက်အခဲဖြစ်နေကြောင်းသိရပါတယ်။

နေ့စဉ်နီးပါး ဆိုင်ကယ်မတော်တဆဖြစ်မူကြောင့် ရောက်သောလူနာများ၊ ဒုက္ခသည်စခန်း
များမှ လူနာများသည် မန္တလေး(သို့)တရုတ်ပြည်သို့ တိုင်အောင်သွားရောက်ကုသနေကြရ
ပါသောကြောင့် ဒေသခံလူနာများ များစွာ အခက်အခဲဖြစ်နေရကြောင်း ဗန်းမော်မြို့ ခံတဦး
က Myanmar News Now ကို ပြောပြထားပါတယ်။

ရွှေလုပ်ငန်းကြောင့် ချင်းတွင်းမြစ်ရေ ညစ်ညမ်းပြီး ဒေသခံများ ကျန်းမာရေး ထိခိုက်နေ

ချင်းတွင်းမြစ်ဘေးက လူနေမှု ဘ၀ တစ်ခုပါဘဲ။ မိုးတွင်းဆို ရေတွေ မြစ်အပြည့် တက်လာလို့ ရွာပေါ်ကို တက်ပြီး နေလေ့ရှိပေမယ့် ဆောင်းအစ ရေကျသွားတဲ့ အချိန်ကစလို့ သောင်ပြင်မှာ တဲထိုးနေကြတယ်။
မင်းကင်းမြို့ နယ် ကဗျက်ရွာအနီး ရေတွင်းရွှေကျင်လုပ်ငန်းများကြောင့် ချင်းတွင်းမြစ်ရေကို အဓိက အားထားသောက်သုံးနေကြသော ပြည်သူများ ကျန်းမာရေးထိချုက်မှူ့ များရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကင်းမြို့ နယ် ကဗျက်ရွာအနီး ချင်းတွင်းမြစ်ပေါ်တွင် ရေတွင်းရွှေကျင်လုပ်ငန်းများကြောင့် ချင်းတွင်းမြစ်ရေကို အဓိက အားထားသောက်သုံးနေကြသော ကျေး၇ွာနေ ပြည်သူများ ကျန်းမာရေးဆိုးဝါးစွာခံစားနေရကြောင်း သိရှိရပါသည်။
“ မြစ်ပြင်တွေမှာ ရေတွင်းရွှေမှော်လုပ်ငန်းများ လုပ်ဆောင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်က တရားဝင်ကန့်သတ်ထားပါတယ်။ ဒီရေတွင်းရွှေမှော်လုပ်ငန်းများမှာသုံးတဲ့ ဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းတွေဟာ မြစ်ရေကိုသောက်သုံးသူတွေအတွက် အသက်အန္တာရယ်စိုးရိမ်ရတဲ့အတွက် တားမြစ်ထားတာပါ။ဒါဟာဘာကိုပြသလဲဆိုတော့ အထက်ကဘယ်လောက်ပဲ ဥပဒေတွေချချ အောက်ခြေမှာရှိတဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက လိုက်နာမှု့ မရှိဘူးဆိုရင် အောင်မြင်မှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာပဲ”ဟု မင်းကင်းမြို့ မှ မြို့ ခံတစ်ဦးက Myanmar News Now ကို ပြောပါသည်။
အဆိုပါရွှေမှော်လုပ်ငန်းကို ၈၊၆၊၂၀၁၂ ခုနှစ်တွင် မင်းကင်းမြို့ နယ် မြို့ နယ်အုပ်ချုပ်ရေးမှုး ဦး နေလင်းထွန်းမှ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ချပေးခဲ့ပါသည်။အဆိုပါရွှေမှော်ကို ဦးအောင်လင်းက ဦးဆောင်ပြီး အဖွဲ့ (၈)ဖွဲ့ ခွဲကာ လုပ်ဆောင်နေကြပါသည်။
“ ရွှေမှော်လိုင်စင်ကြဖို့  မင်းကင်းမြို့ နယ် မြို့ နယ်အုပ်ချုပ်ရေးမှူး ဦး နေလင်းထွန်း ကို ကျွန်တော်တို့ (၈)ဖွဲ့ က စုပေါင်းပြီး ငွေသားစုစုပေါင်း ၂၅ သိန်း ၆ သောင်းကို ၁၂၊၆၊၂၀၁၂ ရက်နေ့ က ပေးခဲ့ရပါတယ်။ရွှေက သိပ်မထွက်သေးတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးဖြစ်နေတယ်”ဟု အဆိုပါရွှေမှော်မှ လူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။

CPI ကုမ္မဏီမှ တာဝန်ရှိသူများ မြစ်ဆုံရွာနှင့် အောင်မြင်သာ ရွာတွင် စည်းရုံးရေးဆင်း


CPI ကုမ္မဏီမှ စည်းရုံးရေးဆင်းနေစဉ်
မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် CPI ကုမ္မဏီမှ ကောကိမ်းလျောင်
( ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ)နှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၀ ယောက်ကျော် မြစ်ဆုံရွာနှင့် အောင်မြင်သာရွာဒေသခံများ အိမ်သို့ တစ်အိမ်တက်
တစ်အိမ်ဆင်းကာ ဇွန်လိုင် (၁) ရက်နေ့မှစတင်ကာ စည်းရုံးရေးဆင်းကြောင်း CPIကုမ္မဏီ နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သော ဒေသခံတစ်ဦးကဆိုသည်။

“မင်းတို့ဒေသခံတွေ ဒီရေအားလျှပ်စစ် စီမံကိန်းလုပ်တာကို သဘောမတူဘူးလား။ မင်းတို့ သဘောတူရင် မင်းတို့ကို လိုလေသေးမရှိအောင် ကူညီပေးမယ်။ မင်တို့ဘယ်လိုသဘောရလဲ” ဟု CPI ကုမ္မဏီမှ ကောကိမ်းလျောင်( ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ) က ဒေသခံများအား မေးမြန်စည်းရုံးခဲ့ကြောင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဒေသခံတစ်ဦးကပြောပြသည်။

အောင်မြင်သာတွေရှိသော အိမ်သစ်များသည် သူတို့CPI တွေဆောက်ထားပေးတာဖြစ်ကြောင်း ပြောကာ ၎င်းအိမ်များ ဘုရားကျောင်းများ၏ ခိုင်ခံမှုအခြေနေများကိုပါ ဆက်လက်မေးမြန်းသွားကြောင်းသိရသည်။

“ဒီမြစ်ဆုံစီမံကိန်း ပြီးသွားပြီဆိုရင် မင်းတို့ဘာမှပူစရာမလိုတော့ဘူး။ အခုက ငါတို့အားလုံးကြိုးအားပြီး တောင်တက်နေတာ တောင်ထိပ်မရောက်သေးဘဲ
 တောင်အလယ်မှာပဲရပ်နေရသလိုဖြစ်နေပြီ။ တောင်ထိပ်သွားရောက်သွားမယ်ဆိုရင် ငါတို့အားလုံးပျော်
ပြီ။ အခုက မင်းတို့နဲ့ငါတို့ကဒုက္ခရောက်နေတယ်။ လူဆိုတာ ဒက္ခရောက်နေတာကို ကျော်လွှားနိုင်ပြီးမှ ပျော်ရွှင်မှုကို ရတာ” ဟုCPI မှ ဆက်လက်ပြောကြားသွားကြောင်းကိုလည်းသိရသည်။

ဤမြစ်ဆုံစီမံကိန်းအား ၂၀၁၁ စက်တင်ဘာ (၂၃) ရက်နေ့တွင် နိုင်ငံသမ္မတ ဦးသိန်းစိန်က သူ၏ သမ္မတ အာဏနှင့်ရပ်ဆိုင်းထားခြင်းဖြစ်သည်။ CPI သည် ထိုကဲ့သို့ဒေသခံများအား စည်းရုံးရေးဆင်းကာ မြစ်ဆုံစီမံကိန်းအား တရားဝင် ပြန်လည်လုပ်ဆောင်နိုင်ရန်လုပ်
ဆောင်နေခြင်းဖြစ်သည်။