Pages

Sunday, September 2, 2012

NLDပါတီလှုပ်ရှားမှုအပေါ်ရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ လှုပ်ရှားဆောင် ရွက်မှုတွေ ဟာ ပြည်
ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီများ အတွက် ပြဌာန်းထားတဲ့
ဥပဒေတွေနဲ့ မညီညွတ် တာတွေ ရှိနေလို့ လာရောက် ဆွေးနွေး ဖို့ ဖိတ်ခေါ်တာ
ကြောင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းတို့ဟာ
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ကို မနေ့မနက်ပိုင်းက နေပြည်
တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo courtesy of NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များအား ရှင်းလင်းနေစဉ်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေး သွားရောက်ကူညီ

မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခ ရဲ့အကြောင်းရင်းတွေကို ရှာဖွေပြီး ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


AFP
ဧရာဝတီတိုင်း ပုသိမ်မြို့ ရေဘေးဒုက္ခသည်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က သွားရောက်တွေ့ဆုံနေစဉ်။

စေတနာ ၀သန် ဖျော်ဖြေပွဲမှ မင်းကိုနိုင် ရဲ့ အမှာစကား (ရုပ်/သံ)

ယနေ့ ညနေ ၈၈ မျိုးဆက်ကျောင်းသားများအတွက် ရန်ပုံငွေ စေတနာ ၀သန် ဖျော်ဖြေပွဲမှ မင်းကိုနိုင် ရဲ့ အမှာစကား---

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

88 Generation Students

ကြွရောက်အားပေးကြသော ပရိတ်သတ်
ယနေ့ညနေ ၈၈ မျိုးဆက်ကျောင်းသားများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ ကို ၈၈မျိုးဆက်ကျောင်းသူများနှင့် အဆိုတော်များ ပူးပေါင်းသီဆိုသော ၈၈ငြိမ်းချမ်းရေးတေးသံသီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။

သမ္မတထံစာတင်သည့် ဆင်ပေါင်ဝဲတောင်သူများအား စစ်တပ်က ခေါ်ယူမေးမြန်း

ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ စစ်တပ် သိမ်းယူထားသော မြေများအား ပြန်လည် လုပ်ကိုင်လိုမှုဖြင့် သမ္မတထံ အသနား ခံ စာတင်ထားသော ဒေသခံများအား စစ်တပ်က ခေါ်ယူမေးမြန်း ခဲ့ကြောင်း ကာယကံရှင် များထံက သိရသည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လွှတ်တော်တွင် ခုံရုံးကိစ္စနှင့်ပတ်သက်၍ အချိန်မကုန်သင့်ဟု အင်အားကြီးပါတီများ သုံးသပ်

မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရာတွင် သဘောထားကွဲလွဲခြင်း ၊မတိုက်ဆိုင်ခြင်းများ ဖြစ်ပေါ်တတ်သော်လည်း လွှတ်တော်အတွင်းတွင် ဖြစ်ပေါ်နေသော ခုံရုံးကိစ္စနှင့်ပတ်သက်ပြီး ရေရှည်ဆက်လက် အငြင်းပွားခြင်း မဖြစ်ပေါ်သင့်ကြောင်း နိုင်ငံရေးပါတီအချို့က သုံးသပ်သည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တောင်ကြီးမြို့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ (ဓါတ်ပုံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့  (၁.၉.၂၀၁၂) ဝါခေါင်လပြည်နေ့ ၌ တောင်ကြီးမြို့  အတွင်းရှိ သံယာတော် အပေါင်းတို့အား ဆွမ်းဆန်စိမ်း လောင်းလှူ ကုသိုလ် ယူကြစဉ် ---

ဓါတ်ပုံ - Myanmar News Now

ဖားကန့် မှာ KIA ဆက်ကြေးကောက်ခံမှု တစ်နှစ်အတွင်း ကျပ်သိန်းပေါင်း ၃ သောင်းကျော်ရှိ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့

ကချင်ပြည်နယ် ဖားကန့် မြို့ မှာ KAI အဖွဲ့ မှ အဓမ္မခြိမ်းခြောက် ဆက်ကြေး ကောက်ခံမှုတွေ ရှိနေကြောင်း သိရပါတယ်။ လက်ရှိ KIA ရင်း ၆ တပ်ရင်းမှူး လက်ထက်တင်ကို သိန်းပေါင်း ၃ သောင်း ကျော်နေပြီလို့ သိရပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ