Pages

Sunday, September 2, 2012

ကေအိုင်အို-ပလောင် လွတ်မြောက်ရေးပူးပေါင်းတပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲဆက်

ရှမ်းပြည် မြောက်ပိုင်းမှာ ကေအိုင်အိုနဲ့ ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်း တပ်တွေနဲ့ မြန်မာ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေ တာကြောင့် ဒေသခံ ပြည်သူ ထောင် ဂဏန်းလောက် ပြည်တွင်း တောတောင်တွေအတွင်း စစ်ဘေးလွတ်ရာ တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo courtesy of Kachin Media
ရှမ်းပြည်မြောက်ပိုင်းတွင် ကေအိုင်အို-ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်များနှင့် မြန်မာအစိုးရတပ် အကြား ၂၀၁၂ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းက ပုံ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံ

မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ဂီတနယ်ပယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် စွန့်လွှတ် စွန့်စားမှု အပြည့်နဲ့ ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု ၀န်ကြီးများနဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံပွဲမှာ ပြောကြားလိုက် ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo courtesy of Ministry of Information
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့တို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံစဉ်။

မိုးထိမိုးမိ ရွှေလုပ်သားဇုန်တွင်း ကုမ္ပဏီ ပြောက်ကျားအဖွဲ့ လက်နက်ကိုင်ဝင်ရောက်

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ ဒီကနေ့ မနက်ပိုင်းက ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့ လူ (၁၀၀) ကျော်က တုတ်တွေ၊ လက်ထိပ်တွေ ကိုင်ဆောင်ပြီး ရွှေလုပ်သားတွေ အလုပ်လုပ်နေတဲ့ ထုံးကြီးဇုန် (၈) ထဲကို ကျူးကျော်ဝင် ရောက်လာခဲ့တဲ့ အတွက် ရွှေလုပ်သားတွေနဲ့ ကျူးကျော် ၀င်ရောက်လာသူတွေ အကြား အဓိကရုန်း ဖြစ်ပွားခဲ့တယ်လို့ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


RFA
ရွှေမြင်တင် ဘုရားတောင်ခြေတွင် လုံခြုံရေးများ၏ ပိတ်ဆို့တားဆီးခံနေရသော မိုးထိ မိုးမိ ရွှေတွင်းလုပ်သားများ

မီးလောင်သေဆုံးခဲ့သော ရဲအုပ်ဝင်းမြင့်သန်းမှာ ယင်းနေ့နံနက် ရှစ်နာရီထိ ဖုန်းဆက်သွယ်မှုရှိခဲ့

နေပြည်တော်၊ စက်တင်ဘာ၊၂

ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ် မဟာလေး ကျွန်းစင်္ကြာ ရှင်စေ တီတော်
ရင်ပြင်တွင် မီးလောင်း သေဆုံးနေသော ရဲအုပ်ဝင်းမြင့်သန်း သည်သြဂုတ်လ
၂၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မီးလောင်သေ ဆုံးဖွယ်ရှိသည်ဟု
ယင်းဘုရားတည်ရှိသော ရွှေဗျိုင်းအင်းတောရကျောင်းမှ သံဃာအချို့ က
ပေါ်ပြူလာနယူစ်းနှင့်တွေဆုံစဉ်သုံးသပ်သည်။

သေဆုံးသူမှာ ရဲအုပ် အဆင့်ဖြစ်ပြီး အသက်(၄၁)နှစ်အရွယ် ဦးဝင်းမြင့်သန်းဖြစ်ကြောင်း
စက်တင်ဘာလ(၂)ရက်နေ့ထုတ်ကြေးမုံသတင်းစာ၏ နာရေးကြော်ငြာ
ကဏ္ဍမှ သိရသည်။၎င်းသည်နေပြည်တော်၊သတင်းတပ်ဖွဲ့မှဖြစ်ပြီး
မည်သို့မည်ပုံ သေဆုံးသည်ကို စီအိုင်ဒီ ဌာနမှ စုံစမ်းစစ်ဆေးလျှက်
ရှိကြောင်းသိရသည်။

အခင်းဖြစ်ပွားပုံအသေးစိပ်ကို စုံစမ်းဆဲဖြစ်ပြီး၊
သေဆုံးရုပ်အလောင်းကို တွေရှိရာ မဟာလေးကျွန်းစင်္ကြာရှင်စေ
တီတော်တည်ရာ ရွှေဗျိုးအင်းကျောင်းမှ ကျောင်းထိုင်ဆရာတော်ထံသို့လဲ
ဆိုင်ရာကသွားရောက်မေးလျှောက်လျှက်ရှိသည်ဟုသိရသည်။

ယင်းအမှုဖြစ်စဉ်နှင့်ဆက်လျှင်း၍ ပေါ်ပြူလာနယူစ်းဂျာနယ်မှ ရွှေဗျိုင်းအင်း
တောရကျောင်း ကျောင်းထိုင်ဆရာတော်အားတွေဆုံမေးမြန်းရာ
ဆရာတော်က“၂၈ရက်နေ့ ကဆွမ်းစားပြီးချိန်မှာ ဘုရားပေါ်မှ မီးလာဆင်
ကြတဲ့ ပန်းခင်းရပ်ကွက်နေဒကာအချို့က ဦးဇင်းကို ဘုရားပေါ်မှာ လူသေ
အလောင်းတစ်ခုတွေ့တယ်လို့လာပြီး လျှောက်ကြတယ်။

ဒါနဲ့ ဦးဇင်းကလည်း မဖြစ်ဘူးဆိုပြီး ရပ်ကွက်လူကြီးတွေနဲ့ ဆက်သွယ်ပြီး
နယ်ထိန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်။အပိုင်နယ်ထိန်းရောက်လာ
တော့ နေ့လည်တစ်နာရီခွဲ ကျော်ကျော်ပေါ့ ။အဲ့ဒီကြမှ ရပ်ကွက်လူကြီးတွေရယ်၊
အပိုင်နယ်ထိန်းရယ်၊ဦးဇင်းတို့ရယ် ဘုရားပေါ်တက်ကြည့်ကြတယ်။ပြီးနယ်ထိန်း
က သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားတယ်။

နယ်ထိန်းအကြောင်းကြားလို့မကြာခင်ဆိုင်ရာကရောက်လာကြတယ်။ဦးဇင်း
မြင်ခဲ့တာကတော့ ဘုရားအရှေ့ဖက်မုခ်ရဲ့မြောက်ဖက်အခြမ်း၊ညောင်ပင်ရဲ့
အနောက်ဖက်မှာ မီးလောင်ဒါဏ်ရာတွေနဲ့ အုတ်တံတိုင်ကိုမှီပြီး သေဆုံးနေ
တာကိုတွေ့ ရတယ်။လျှာလည်းထွက်နေတယ်။ခဏနေ သက်ဆိုင်ရာအဖွဲ့အစည်း
တွေရောက်လာပြီး သေမှုသေခင်းဆိုင်ရာမှတ်တမ်းတင်ကြတယ်။ဓါတ်ပုံ
ရိုက်ကြတယ်။မြေပုံအကြမ်းဆွဲကြတယ်။

ပြီးတော့ဦးဇင်းကို မေးလျှောက်တာလေးတွေရှိတယ်။နောက်ကနဦးမျက်မြင်
သက်သေဖြစ်တဲ့ ဦးဇင်းဆီကို လာလျှောက်ကြတဲ့ ဒကာတွေကိုမေးတယ်။သူတို့ရဲ့
ကိုယ်ေ၇းအချက်အလက်တွေယူတယ်။ အဲ့ဒီနေ့ကတော့ဒီလောက်နဲ့ပြီးသွားခဲ့တယ်။”
ဟုဆရာတော် အရှင်တိလောကာလင်္ကာရ ကပြောသည်။

သြဂုတ်လ(၃၀)ရက်နေ့နံနက်ရှစ်နာရီတွင်မှု သေဆုံးသူ၏ အမျိုးသမီးဟုယူဆရသူ
နှင့် မိတ်ဆွေများရွှေဗျိုင်းအင်းဘုန်းကြီးကျောင်းသို တစ်ဖန်ထပ်မံရောက်လာပြီး
ဦးဇင်းလေးပါနှင့် အခင်းဖြစ်ပွားရာရင်ပြင်တွင် ဆွမ်းသွပ်အမျှဝေခြင်းများပြု
လုပ်ခဲ့ကြောင်း၊လာမည့် စက်တင်ဘာလ ၄ရက်နေ့အင်္ဂါနေ့တွင် ရက်လည်ဆွမ်းကပ်
လှူမည်ဖြစ်ကြောင်းသိရသည်။

“၂၉ရက်နေ့မှာ စီအိုင်ဒီက ဦးဇင်း ကိုအခင်းမဖြစ်ခင်ဘာထူးခြားသေးလဲမေးတော
ဦးဇင်းက အခင်းဖြစ်ရက်မတိုင်မှီသုံးလေးရက်လောက်ကစပြီး ဘုရားပေါ်မှာ
မီးလာဆင်တဲ့ဒကာတွေရှိခဲ့တယ်လို့ပြောခဲ့တယ်။ဦးဇင်းကို အသိမပေးဘဲ သူတို့
အသိစိတ်နဲ့သူတို့လာဆင်တာဖြစ်တယ်လို့ပြောခဲ့တယ်။ပြီးတော့ဘယ်သူလာထား
သွားမှန်းမသိတဲ့ တစ်ဆယ့်ရှစ်လက်မလောက်ရှိတဲ့ ပလာစတာ ဘိုးဘိုးအောင်၊ဘိုး
မင်းခေါင် အရုပ်တွေရောက်လာလို့ရှင်းပြစ်လိုက်တာရယ်၊ဘယ်ကမှန်းမသိတဲ့
သစ်ခေါက်ဆိုးရောင်ဝတ်စုံ၊ခေါင်းပေါင်း ၀တ်တဲ့ ထွက်ရပ်ပေါက် ပုံသဏ္ဍန်
အမျိုးသားးတစ်ဦးကိုတွေ့ခဲ့တာရယ်၊ပြောပြလိုက်တယ်။

စက်တင်ဘာလ၂ရက်နေ့မြင်ကွင်း အရ မီးလောင်သေဆုံးခဲ့သည့် အခင်းဖြစ်
ပွားရာနေရာမည်သူမည်ဝါပြုပြင်သွားသည်ကို မသိရဘဲ ပြုပြင်ထားသည်ကို
တွေရကြောင်းသတင်းရရှိသည်။မီးလောင်စဉ် ကမီးအဟက်ခံရသော ဘုရား
ပုရ၀ုဏ်အတွင်းရှိ ညောင်ပင်မှာ ရင်ပြင်အထက်ပေနှစ်ဆယ်ကျော်ထိ
မီးဟက်ခံထားရသည်ဟုလည်းထပ်လောင်းသိရသည်။

စွမ်းရဲထွဋ် - Popular Myanmar News Journal


ကျော်သူ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာမည်

NED အတွက် ကျော်သူ၏ ပြည်ပခရီး National Endowment for Democracy (NED) ဖောင်ဒေးရှင်းသည် ၁၉၈၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီ အရေးနှင့် လူမှုအဖွဲ့ အစည်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လှုပ်ရှားဆောင် ရွက်နေသည့် အမေရိကန် ပြည်ထောင်စု အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

National Endowment for Democracy (NED) ဖောင်ဒေးရှင်းမှ ၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက် နေသူ (၅) ဦးအား ရွေးချယ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ပါဝင်ခဲ့သည်။

ထို့ကြောင့် ၂၉.၈.၂ဝ၁၂ ရက်နေ့ ည (၇း၄၅) နာရီ လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့သည်။ အမေရိကန်နိုင်ငံရှိ သုဿန်များအား လေ့လာရန်အတွက် ကြိုတင်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ.၉.၂ဝ၁၂ (ကြာသပတေး)နေ့တွင် အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် NED အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။

By: Kyaw Thu

သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုများပြုလုပ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး နှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိ နေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌ ဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း Eleven Media Group အင်တာနက် သတင်းအရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာတို့လည်း ပါဝင်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လကစပြီး အစိုးရ အဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှု ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အရင်အစိုးရ လက်ထက်မှာ ခင်ဗျားတို့ဟာ Black List ဖြစ်နေပေမယ့် အစိုးရသစ် လက်ထက်မှာတော့ ခင်ဗျားတို့က Black List မဟုတ်တော့ပါဘူး။ အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်နေတာပါ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ သိက္ခာမကျအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆိုတာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ" ဟု ပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲကို ကိုမိုးသီးဇွန်နှင့်အဖွဲ့က စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသူများကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။


သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဆွေးနွေးမှုများပြုလုပ် နေစဉ် (ဓါတ်ပုံ-လှမောင်ရွှေ ဖေ့စ်ဘုတ်)

ချယ်ရီကား ကိစ္စ တရုတ် ကုမ္ပဏီထံ မြန်မာ အစိုးရ ဖြေရှင်းချက် တောင်း

သြစတြေးလျ နိုင်ငံတွင် ချယ်ရီ (Chery) ကားအပါအ၀င် တရုတ်နိုင်ငံ ထုတ်ကား များတွင် အဆုတ် ကင်ဆာ ဖြစ်စေသော Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ အသုံးပြု ထားခြင်းကို တွေ့ရှိခဲ့သည့် အတွက် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်နိုင်ငံလုပ် ကားများတွင် အဆိုပါ Asbestos ဖိုင်ဘာဓာတ် ပစ္စည်းများ ပါဝင်ခြင်း ရှိ၊ မရှိ ကို တရုတ်နိုင်ငံမှ ကားထုတ်လုပ်သော ကုမ္ပဏီထံ ဖြေရှင်းချက် တောင်းခံ ထားကြောင်း---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ