တော်သလင်း လပြည့်နေ့ ရောက်ရှိတိုင်း ပုဂံညောင်ဦးမြို့နယ်
မြင်းကပါရပ်ကွက်ရှိ မနုဟာ ဘုရားပွဲတွင် အရုပ်သွင်းပွဲများ ထည့်သွင်း
ကျင်းပလေ့ ရှိကြောင်း သိရှိရသည်။ ထိုသို့ ကျင်းပခဲ့ရာ၌ ယခုနှစ်တွင်
ထူးခြားမှု အနေဖြင့် မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ် အောင်ဆန်း
အရုပ်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အရုပ်အား
ထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Pages
Monday, October 1, 2012
သီချင်းထုတ်လွှင့်မှုအတွက် FM လိုင်းတခုက ကျပ်သိန်းပေါင်း ၁၉၀၀ ကျော် ငွေမပေးချေ
အသံလွှင့် FM လိုင်းတခုက သီချင်းထုတ်လွှင့်မှုပေါင်း ၃ သိန်းနီးပါးအတွက်
ဂီတအစည်းအရုံးကို ငွေကျပ် သိန်းပေါင်း ၁၉၀၀ ကျော် မပေးသေးတဲ့အတွက် ဒီငွေတွေ
ပြန်ရဖို့ ညှိနှိုင်းသွားမယ်လို့ ဂီတအစည်းအရုံး အတွင်းရေးမှူး အဆိုတော်
ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
![]() |
| ဂီတအစည်းအရုံး အတွင်းရေးမှူး အဆိုတော် ဖြူဖြူကျော်သိန်း |
အလုပ်သမား ခုနှစ်ဆယ်ကို မကျေနပ်သဖြင့် အလုပ်သမား သုံးရာကျော် ဆန္ဒဖော်ထုတ်
ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်မင်းသားကြီးလမ်းပေါ်ရှိ အာရှနဂါး(MMM) အထည်ချုပ်
စက်ရုံရှိ အလုပ်သမား သမား အယောက်
ခုနှစ်ဆယ်ခန့်ကိုမကျေနပ်သဖြင့် အလုပ်
သမား သုံးရာကျော်က၎င်းတို့၏ စက်ရုံရှေ့တွင် ဆန္ဒ
ထုတ်ဖော် ခဲ့ကြောင်း မျက်မြင်များနှင့် ဆန္ဒပြစက်ရုံ အလုပ်သမားများက
ပြောကြားသည်။
အဆိုပါ အလုပ်သမား ခုနှစ်ဆယ်အား အလိုမရှိဟု ဆိုကာ အလုပ်သမား
သုံးရာကျော်က ယနေ့ နံနက်ရှစ်နာရီခွဲခန့်က ဆန္ဒ ဖော်ထုတ်လျှက် ရှိကြောင်း
ယင်းအလုပ်သမား ခုနှစ်ဆယ်ခန့်ကြောင့် စက်ရုံတွင်းမှ ထွက်လာ ခဲ့ရသည့်
အသက်နှစ်ဆယ်ကျော် အလုပ်သမား အမျိုးသမီးငယ်
တစ်ဦးက ပြောသည်။
ထိုအလုပ်သမား ခုနှစ်ဆယ်ကျော်ခန့် သည် အခြေခံ အလုပ်သမား သမဂ္ဂ
အဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ယင်း အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဥာဏ်လင်းအောင်တို့ကို
အလိုမရှိဟု ဆိုကာ စက်ရုံတွင်းမှ မောင်းထုတ်ခဲ့ ဘူးကြောင်း၊ ၄င်းအဖွဲ့ကို အလုပ်ခွင်
နစ်နာမှုအတွက် ညှိနှိုင်းပေးရန် စက်တင်ဘာလ ၂၆ ရက်နေ့က တောင်းဆိုခဲ့သော်
လည်း လိုက်လျောခဲ့ ခြင်း မရှိကြောင်း၎င်းအမျိုးသမီးငယ်က The Voice
Weekly သို့ ပြောသည် ။
‘’သူတို့ စက်ရုံထဲမှာက NLDနဲ့ ကြံ့ခိုင်ရေး အဖွဲ့ နှစ်ဖွဲ့လိုဥာဏ်လင်းအောင် ခေါင်းဆောင်
တဲ့ အဖွဲ့ နဲ့ စူပါတွေ ခေါင်းဆောင်တဲ့ အဖွဲ့ဆိုပြီး နှစ်ဖွဲ့ ကွဲနေတာ ညဏ်လင်းအောင်
တို့ အဖွဲ့ကို ချေးငွေတို့ လက်ဆောင်တို့  မပေးတော့ဘူး။ ဒီနေ့ကျရော ဥာဏ်လင်းအောင်
တို့ အဖွဲ့ ကို အလိုမရှိဆိုပြီး အထဲကနေ မောင်း ထုတ်လိုက်တာ’’ဟု၎င်းစက်ရုံအနီးရှိ အသက်လေးဆယ်ကျော် အရွယ် မျက်မြင်သက်သေ အမျိုးသား
တစ်ဦး ကဆိုသည်။
အဆိုပါကိစ္စအား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာမျိုးအောင်နှင့် ရှေ့နေဦးသိန်းလှိုင်ထွန်းတို့ က လာရောက် ဖြေရှင်းပေး
လျှက်ရှိပြီး ထိုစက်ရုံတွင် အလုပ်သမား ၁၄၀၀ ကျော်ရှိကြောင်း ၄င်းစက်ရုံ အလုပ်
သမားများထံမှ စုံစမ်း သိရသည်။
အလိုမရှိဟု ဆန္ဒဖော်ထုတ်သည့် အလုပ်သမားသုံးရာကျော်မှာ စက်ရုံထဲတွင် ရှိနေသဖြင့် ဆက်သွယ် မေးမြန်းခွင့် မရခဲ့ပေ
The Voice Weekly
မီဒီယာများ လက်ဆောင်ယူသင့် မယူသင့်
မန္တလေးတွင် ဆွေးနွေး
မန္တလေး မီဒီယာသမားများ အကြား၌် မီဒီယာသမားများ အနေဖြင့် လက်ဆောင်ယူသင့်
မယူသင့်ဟူ သည့်ကိစ္စအား မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၅)လမ်းပေါ်ရှိ
Simplecity စားသောက်ဆိုင်တွင် ပြုလုပ်သော မီဒီယာ စကားဝိုင်းတွင် သဘောထား
အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးခဲ့ကြသည်။ အဆိုပါစကားဝိုင်းကို
ရန်ကုန်မြို့မှ သတင်းစာဆရာရဲနိုင်မိုး ၊ ဒီဇိုင်းပညာရှင် စိုးဝင်းငြိမ်း
အပါအ၀င် အရှေ့တောင်အာရှမှ မီဒီယာသမားအချို့ တက်ရောက်ခဲ့ပြီး ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွား
အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအိမ်ရှေ့ရှိ ရေခြောက်လက်မသာရှိသော
ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံး
မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၃၀)ရပ်ကွက်၊
ဘုမ္မာ (၇) လမ်းတွင် အသက် ခြောက်နှစ်အရွယ် မောင်အောင်ခန့်ပိုင်မှာ ၄င်းတို့
အိမ်ရှေ့ရှိ ရေမြောင်းအကျယ် ၂ ပေခွဲဝန်းကျင်ရှိပြီး ရေအနက် ၆ လက်မသာရှိသော
ရေမြောင်းအတွင်း ပက်လက်လှန် အနေအထားဖြင့် လှဲကျ၍ သေဆုံးနေ
သည်ကို စက်တင်ဘာ ၃၀ ရက်၊ မွန်းလွှဲ ၃ နာရီခန့်က
တွေ့ရှိရသည်။
၎င်း၏မိဘများက အိမ်တွင်မောင်အောင်ခန့်ပိုင်မရှိသည်ကို မွန်းလွဲ ၂ နာရီ
ခွဲခန့်တွင် သိရှိပြီး ရပ်ကွက်အတွင်း လိုက်လံရှာဖွေပြီး မတွေ့၍ အိမ်ပြန်လာစဉ်
အိမ်ရှေ့ ရေမြောင်းထဲ၌ (မှတ်ချက်။ ၄င်းအား တွေ့သောနေရာမှာ ခြုံကွယ်နေ၍
မလွယ်တကူမမြင်ရပေ) လှဲကျသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း
မိဘများနှင့် ရပ်ကွက်အတွင်းမှ မျက်မြင်တွေ့ရှိသူများကပြောသည်။
၎င်းသည် မကြာခဏ တက်၊ တက်ပြီး ရေမြောင်းအတွင်း လှဲကျစဉ် တက်၍
သေဆုံးခြင်းဖြစ်နိုင်ကြောင်း မိဘများနှင့် မျက်မြင်တွေ့ရှိသူများက
မှတ်ချက်ချသည်။
ရဲတပ်ဖွဲ့များကလည်း ဖြစ်စဉ်မှာ ရေနစ်သေဆုံးသော ဖြစ်ရပ်သာဖြစ်ကြောင်း
မှတ်ချက်ပြုသည်။ ၄င်း၏ အလောင်းကို ဝေဘာဂီ ရဲတပ်ဖွဲ့စခန်း အမှတ်(၂)နယ်မြေရဲကင်းက မြောက်ဥက္ကလာပဆေးရုံသို့
ပို့ဆောင်ပေးခဲ့သည်။
7 Day News
င်ငံတကာရောက် ရခိုင်အမျိုးသားများ အသိပညာအတတ်ပညာ သင်ယူကြရန် ဦးအေးသာအောင်မှ တိုက်တွန်း
ရခိုင်လူမျိုးများအနေဖြင့် မိမိတို့ရောက်
ရှိနေကြ သည့် နေရာဒေသ အသီးသီး
တွင် အသိပညာ အတတ်ပညာများကို
အလေးထားပြီး သင်ယူ ဆည်းပူးကြရန် နယူးယောက်မြို့တွင်ရောက်ရှိနေသည့်
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က တိုက်တွန်း
ပြောကြားလိုက်သည်။
စက်တင်ဘာ (၃၀) ရက်နေ့တွင် ပြုလုပ်သည့် ” ရခိုင့်ခေါင်းဆောင် ဦးအေးသာအောင်နှင့်
ရခိုင်မိသား စုတွေ့ဆုံပွဲ″ အခန်းအနားတွင် ယခုကဲ့သို့ ဦးအေးသာအောင်က တိုက်တွန်း
လိုက်ခြင်းဖြစ်သည်။
ယင်းတွေ့ဆုံပွဲသို့ နယူးယောက်မြို့ရှိ ရခိုင်လူများအပြင် အနီးအနား
တ၀ိုက် မြို့များမှ ရခိုင်လူမျိုး စုစုပေါင်း (၁၀၀) ကျော်ခန့်
တက်ရောက်ခဲ့သည်။
“ဘယ်တိုင်းပြည်တွေကိုပဲရောက်နေပါစေ ရခိုင်လူမျိုးတွေ၊ အထူးသဖြင့် လူ
လတ်ပိုင်းနှင့် လူငယ်တွေကို ပညာသင်ကြပါလို့တိုက်တွန်းချင်တယ်။
ပြီးတော့ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေနဲ့ ရခိုင့်အသိုင်းအ၀န်းအတွက်
တတ်နိုင်သလောက် အကျိုးပြု လုပ်ငန်းတွေကို ပြန်လုပ်ကြပါ” ဟုဦးအေးသာအောင်
က ပြောသည်။
တွေ့ဆုံပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ဒေါက်တာ အသျှင် နာယက မှလည်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် ရခိုင်လူငယ်များအနေဖြင့်
ပညာရေးကို အဓိကထားပညာယူကြရန်၊ တတ်ထားသည့် ပညာရပ်များကိုလည်း
ကိုယ့်နေရာ ကိုယ့်လူမျိုးများ အတွက် တစွမ်းတစ ပြန်လည်အသုံးချကြရန်
ပြောကြားသွားသည်။
နယူးယောက်ပြည်နယ် ယူတီကာမြို့မှ တက်ရောက်လာသူတစ်ဦးဖြစ်သူ
စာရေးဆရာ၊ ကဗျာဆရာ ခိုင်လင်း (မေဃ၀တီ)ကလည်း “ မိမိတို့ ရခိုင်လူ့
အဖွဲ့အစည်းကို တိုးတက်ရေးဟာ တိုးတက်စေချင် တဲ့ ပြည်တွင်း ပြည်ပ
ခေတ်ပညာတတ်သူတွေရဲ့ ဆန္ဒအပေါ်မှာ မူတယ်ကြောင်း၊
အထူးသဖြင့်ခေတ်ပညာတတ်တွေ အနေနဲ့ မလုံ မခြုံသေးတဲ့ ရခိုင်ပြည်
ဖွံ့ဖြိုးဖို့အတွက် တတ်ထားတဲ့ အတတ် ပညာတွေ နဲ့ ပူးပေါင်းဆောင်ရွက်
ကြရန် လိုအပ်ကြောင်း” တိုက်တွန်း ပြောကြားသွားသည်။
တက်ရောက်လာကြသူများထဲမှ မေးခွန်းများကို ဦးအေးသာအောင်မှ စိတ်ရှည်
လက်ရှည်ဖြေကြားပြီး အခမ်းအနားကို ညနေ ၄ နာရီခန့်တွင် ပြီးဆုံးသွားကြောင်း
သတင်းရရှိသည်။
(ကိုဘခိုင် ပေးပို့သည်။)
နိရဉ္စရာ
၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ
တည်ရှိသော လုပ်ငန်းခွင် တစ်ခုတွင် နေ့
စား အလုပ်သမား တစ်ဦးကို နိုင်ငံခြား
အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင်
အဓမ္မ ပြုကျင့်ရန် ကြံစည်သည်ကို ရဲသို့
သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း
သိရသည်။
သူ ကျောက်ဖြူမြို့ နယ် ဂုံးရှိန်ကျေး၇ွာအုပ်စု စေပုတ်ကေ ကျေးရွာမှ အသက် ၁၇
အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်
ဟု သိရသည်။
“ ကြိုးစားတာက ၂၅ ရက်နေ့ နံနက် ၈ နာရီမှာ ဖြစ်ပါတယ်။ အရာရှိနဲ့ ဘေးလူတွေ
မြင်သွားတော့ အကြံအစည် မဖြစ်မြောက်လိုက်ဘူး။ ဒေသခံတွေက ရဲကို တိုင်ကြားတဲ့
အတွက် အဲဒီ အာလီ ကူမာကို ရဲစခန်းက ခေါ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ MOGE
ကုမ္ပဏီက တာဝန်ရှိသူတွေ လာ ပြီး အာမခံနဲ့ ခေါ်ထုတ်သွားခဲ့ပါတယ်” ဟု လူမူရေး
လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။
MOGE မှာ Myanmar Oil and Gas Enterprise ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းခွင်သို့ ပြန်ရောက်ပြီး ညနေ ၃ နာရီခန့်တွင် အာလီကူမာက နောက်ထပ်
တစ်ကြိမ် အမ္မပြုကျင့်ရန် ကြံစည် ကြိုးစားခဲ့သည်ဟု သူက ဆိုသည်။
“ ဒေသခံ ဂုံးရှိန် ရွာသူ ရွာသားတွေသားတွေနဲ့ ကျောက်ဖြူမြို့ ပေါ်က ပြည်သူတွေက
ဒီဖြစ်ရပ်ပေါ် မှာ ကျောက်ဖြူရဲသို့ သွားရောက် တိုင်ကြားတယ်။ သူတို့က ပိုက်ဆံ
ရထားတယ် ထင်ပါတယ်။ ဘာမှ အရေး မယူဘူး။ ဒေသခံတွေကတော့ ဒေါသ
ထွက်လျှက် ရှိနေကြပါတယ်” ဟု သူက ဆိုသည်။
အမူမှာ တရားရုံးသို့  ယခု အချိန်ထိ မရောက်ရှိသေးဘဲ ကျောက်ဖြူမြို့ ရဲစခန်းတွင်သာ
ရှိနေသေးကြောင်း တရားရုံးနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောကြားသည်။
“ နိုင်ငံခြားသား အမူဆိုတော့ ရဲက တရားရုံးကို မပို့ဘဲ ထားတယ်လို့ ထင်ပါတယ်။
ကျွန်တော်သိရ သလောက် အမူက တရားရုံးကို မရောက်သေးဘူး။ ဒီအပေါ်မှာ
ဒေသခံတွေက မကျေ မနပ် ဖြစ်နေကြတာပါ” ဟု ဆိုသည်။
ကျောက်ဖြူရဲစခန်းသို့ ဆက်သွယ်ရာ ဒီအမှုအကြောင်း မသိရှိကြောင်း
ပြောကြားသည်။
ယခင်ကလည်း ဂုံးရှိန် ကျေးရွာတွင် ယခုကဲ့သို့ အလားတူ အဖြစ်အပျက်များ
ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ကုမ္ပဏီမှ အမူကို ငွေပေးကာ
ကျေအေးမူများ ရှိခဲ့သည်ဟု ဆိုသည်။
ဒေသခံ ပြည်သူများကမူ မြေသိမ်း၊ မတော်မတရားလုပ်မူ အပါအ၀င် အနိုင်ကျင့် စော်ကားမူများကြောင့် နိုင်ငံခြား ကုမ္ပဏီများ အပေါ် အထူးမကျေမနပ်
ဖြစ်နေကြဟု ဆိုသည်။
ဘင်္ဂလာ ပင်လယ်အော်၏ ကောင်းမွေကို အစိုးရနှင့် နိုင်ငံခြား ကုမ္ပဏီများက
မြိန်ရှက်စွာ အကျိုးခံစားနေကြရသော်လည်း ဒေသခံများမှာမူ ကောင်းမွေကို တစ်စုံ
တစ်ရာ ခံစားခွင့်မရဘဲ ဆိုးမွေများကိုသာ ခံစားနေကြရသဖြင့် ရခိုင်မှ စီမံကိန်းများ
အပေါ် အထူး စိတ်ပျက် နေကြသည်ဟု သိရသည်။
နိရဉ္စရာသတင်းဌာန




