Pages
Thursday, November 1, 2012
မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားမှန် ရိုက်ခွဲဖျက်ဆီးမှု ဒုတိယအကြိမ် ဖြစ်ပွား
 ၂၀၁၂ ရက်နေ့ အောက်တိုဘာလ
၃၁ ရက်နေ့ အလွန် နိုဝင်ဘာလ (၁)
ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့်၌
 မြိတ်မြို့ ကန်ကြီးရပ်ကွက်နှင့် ရေပုန်း
ရပ်ကွက်ရှိ နေအိမ်များ အရှေ့တွင် ရပ်နားထားသော မော်တော်ကားများ
၏ ရှေ့လေကာမှန်နှင့် နဘေးမှန်များအား အမည်မသိ လူငယ်တစ်စုမှ ရိုက်ခွဲ
ဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။
ထို့သို့ လူငယ်တစ်စုမှ ရမ်းကားစွာ ကားမှန်များ ရိုက်ခွဲဖျက်ရှိမှုကြောင့် ရေပုန်းရပ်ကွက်
 ငြိမ်းချမ်းရေး (၂) လမ်းနေ ဦးချစ်ပွေ၏ ကင်တာအမျိုးအစား ကားအမှတ် ၈စ / ၆၈၀၀ မော်တော်ကား ဘေးမှန် ကွဲကြေခြင်း၊ ရေပုန်းရပ်ကွက် စည်ပင်သာယာလမ်းနေ ဒေါ်မိသီ၏ တောင်းအေ့စ် အမျိုးအစား ယာဉ်အမှတ်
 ၈/ဆ- ၄၁၄၉ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း၊ ကန်ကြီးရပ်ကွက်
သာကေတ (၁)လမ်းနေ ဦးအာကာစိုး၏ မတ်တူးအမျိုးအစား ယာဉ်အမှတ် ၄ဂ/ ၉၁၈၃ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း စသည့် မော်တော်ယာဉ်
(၃)စီးတွင် ဖြစ်ပွားခဲ့သည်။
မနက်ပိုင်း ရရှိသော သတင်းအရ ဖြစ်ပွားမှုမှာ မော်တော်ယာဉ် (၆)စီးထက် မနည်း
ဖျက်ဆီးခြင်း ခံရနိုင်ကြောင်း နှင့် မော်တော်ယာဉ် ပိုင်ရှင်များအနေဖြင့် အမှုအခင်း
 မလုပ်လိုသဖြင့် အမှုဖွင့်ခြင်း မပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။
မြစ်ပုလဲမြေ မှကူးယူဖော်ပြသည်။
ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ
မန္တလေးမြို့တွင် ဗြောက်မဖောက်ရန်
တားမြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး
ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု
သီတင်းကျွတ်လပြည့်ညက ဖြစ်
ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
သီတင်းကျွတ်လပြည့်ည ၈ နာရီခွဲအချိန်က မန္တလေးမြို့ အမှတ်(၅)ရဲစခန်းမှ နယ်မြေလှည့်ကင်းအဖွဲ့ ကင်းလှည့်စဉ် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂိရိရပ်၊ လမ်း-၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား အရောက်တွင် ဗြောက်အိုးပစ်ဖောက်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးအား ဗြောက်မဖောက်ရန် လှည့်ကင်းအဖွဲ့မှ ရဲတပ်ကြပ်ကြီးက တားမြစ်ခဲ့ရာမှ လူငယ်မှ လက်မခံဘဲ ကိုယ်ထိလက်ရောက် ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ရာ ထိုးကြိတ်ခံရမှုကြောင့် ရဲတပ်ကြပ်ကြီးမှာ ရုတ်တရက် စကားမပြောနိုင်တော့ဘဲ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ တားမြစ်သည်ကို လက်မခံဘဲ ရဲအရာရှိအား ထိုးကြိတ်သူ ပြည့်စုံ (၂၂ နှစ်) မန္တလေးမြို့နေသူအား ပြစ်မှုပုဒ်မ ၂၉၄/
၃၃၃ ဖြင့် အမှတ်(၅)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ရပ်ရွာလုံခြုံရေးအပေါ် ထိခိုက်မှုရှိနိုင်သဖြင့် ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရောင်းဝယ်ခြင်း မပြုရန် မန္တလေးတိုင်းအစိုးရအဖွဲ့မှ တားမြစ်ထားကာ တားမြစ်ချက်ကို မလိုက်နာသူများအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီး သက်ဆိုင်ရာ မြို့နယ်ထွေအုပ်မှ တရားလိုပြုလုပ်ကာ တရားဝင်ကြေညာချက်ကို ဆန့်ကျင်သည့် ပြစ်မှုပုဒ်မ-၁၈၈ ဖြင့် အရေးယူဆောင်ရွက်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးငြိမ်းကပြောသည်။
လက်ထဲတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းတွေ့လျှင် ရောင်းသူ၊ ၀ယ်သူ၊ ပစ်ဖောက်သူ မည်သူကိုမဆို ဖမ်းဆီးအရေးယူနေကြောင်း ၄င်းကပြောသည်။
ရဲမှူးစိုးငြိမ်းက "ပင်ရင်းရောင်းတဲ့ဆိုင်တွေကို အဓိကဖမ်းချင်ပါတယ်။ သတင်းပေးတိုင်ကြားကြပါ"ဟု ပြောသည်။
 မန္တလေးမြို့ပေါ်တွင် ဗြောက်အိုး၊ မီးရှူးမီးပန်း ရောင်းချသူများကို ဖမ်းဆီးအရေးယူမှုအနေဖြင့် အောက်တိုဘာ ၂၈ ရက်တွင် ၄ မှု၊ ၂၉ ရက်တွင် ၉ မှု၊
၃၀ ရက်တွင် ၁၈ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကာ လာမည့် တန်ဆောင်တိုင်ကာလ၊ ခရစ်စမတ်ကာလတွင်လည်း တင်းကြပ်စွာ ဖမ်းဆီးအရေးယူမှုများ ဆက်လက်ပြု
လုပ်သွားမည်ဖြစ်ကြောင်း ရဲမှူးစိုးငြိမ်းကပြောသည်။
ဖမ်းဆီးရမိသော ဗြောက်အိုး၊ မီးရှူးမီးပန်းများမှာ တရုတ်နိုင်ငံလုပ်များ အများဆုံးဖြစ်ပြီး ဗြောက်အိုးတစ်ခုချင်းစီ၏ တန်ဖိုးမှာ ကျပ်ရာဂဏန်းမှ ကျပ်သိန်း
ဂဏန်းအထိ တန်ကြေးရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
7 Day news 
တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ
လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော
 ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ်
 ၁၈၀ ခန့်  သိမ်းဆည်း ရမိသည်ဟု
 နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး
 ထုတ်ပြန်ချက်အရ သိရသည်။
 ဖမ်းဆီး သိမ်းဆည်းရမိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။
ဒေသခံများသည် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသအတွင်း သေနတ် လုပ်တတ်သူများဖြင့်
 အဆိုပါ လက်လုပ်သေနတ်များကို ပြုလုပ်ခဲ့ကာ များမကြာခင်က ဖြစ်ပွားခဲ့သော
 နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။
ယခုအခါ စစ်တွေမြို့ အပါအ၀င် မြို့တိုင်းတွင် သံထည်ဆိုင်များကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေပြီး စစ်တွေတွင်မူ သံထည် အရောင်းဆိုင် တချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု စစ်တွေ မြို့နယ်  ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။
“ ဟုတ်တယ်။ လွန်ခဲ့သော ရက်အနည်းငယ် သံထည် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် သုံးလေးဆိုင်ကို စစ်တွေမှာ အာဏာပိုင်တွေက ၀င်ရောက် စစ်ဆေးတာကို တွေ့ရတယ်။ အဓိကတော့ သံပိုက်လုံးတွေနဲ့  လက်နက်လုပ်တဲ့ သံထည်တွေကို ၀င်ရောက် စစ်ဆေးတာ ဖြစ်တယ်လို့ သိရတယ်။ ဖမ်းဆီး အရေးယူတာတော့ မရှိဘူး” ဟု သူက ဆိုသည်။
ဇွန်လအရေးအခင်း ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် အတွင်း ဓါး၊လှံနှင့် တူမီး ယမ်းထောင်သေနတ်များ ပြုလုပ်ရာတွင် အသုံးပြုသော သံပိုက်လုံးများကို ၀ယ်ယူသူ များပြားခဲ့ပြီး ယခုအခါ သံထည်ဆိုင်များမှ သံထည်များကို အကန့်အသတ်များဖြင့် ရောင်းချနေကြရသည်ဟု သိရသည်။
ယခုအချိန်ထိ ရခိုင်ပြည်နယ် ကျေးလက် တောရွာများတွင် စစ်တပ်မှ လုပ်သေနတ် တူမီးများကို လိုက်လံ ရှာဖွေ သိမ်းဆည်းနေပြီး တူမီးသေနတ်များရှိသည်ဟု စွပ်စွဲကာ ကျေးရွာများမှ ငွေကောက်ခံနေသည်ဟုလည်း သတင်း ရရှိသည်။
ပြည်တွင်းမှ သတင်းဌာန တစ်ခု ဖြစ်သော Rakhine Straight Views ဖေါ်ပြသော သတင်း တစ်ခုတွင်  အောက်တိုဘာလ ၂၈ ရက်နေ့က  ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ခမရ (၃၇၅) တပ်ရင်းမှ ဗိုလ်ကြီး သက်နိုင်မောင်နှင့် တပ်သားအချို့သည် ရခိုင်ကျေးရွာများ ဖြစ်ကြသော ဆင်အိုးချေ ကျေးရွာမှ ၅၀၀၀၀ ကျပ် ၊ ဆင်အိုးချေ ရွာသစ်မှ ၃၀၀၀၀ ကျပ်၊ ဗျာလ္လကျေးရွာမှ ၃၀၀၀၀ ကျပ်၊ ပိုက်ဆိုက်ကျေးရွာမှ ၅၀၀၀၀  ကျပ်တို့ကို တူမီး သေနတ်ရှိသည်ဟု စွပ်စွဲကာ အသီးသီး ကောက်ယူခဲ့သည်ဟု ဖေါ်ပြသည်။
မြောက်ဦးမြို့နယ်တွင်သာမက ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင်လည်း စစ်တပ်က လုပ်သေနတ်များ ရှိသည်ဟု အကြောင်းပြကာ ကျေးရွာ အလိုက် ခြိမ်းခြောက်ငွေတောင်းမူများ ပေါ်ပေါက်နေကြောင်း သိရသည်။
များမကြာမှီ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးအခင်းတွင် ရခိုင်ဘက်မှ သေဆုံးသူ အများစုမှာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ကြရပြီး ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာ တစ်ခုတည်းတွင် ၄ ဦး ပွဲချင်းပီး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖြစ်ပွားခဲ့သော အရေးအခင်းအတွင်း သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦးနှင့် လူနေအိမ် ၅၃၅၁ လုံး မီးရှို့ခံရပြီး လူပေါင်း၃၂၂၃၁ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ စာရင်းမှာ သမ္မတ ညွှန်ကြားရေးမှူးရုံးက အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်သောစာရင်း ဖြစ်သည်။
နိရဉ္စရာသတင်းဌာန 
ကချင်တိုက်ပွဲကြောင့် ဖားကန့်တွင် လူနှစ်ဦး သေဆုံး
မြန်မာ အစိုးရနှင့် ကေအိုင်အေ 
တို့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပြုလုပ်
သည့် အောက်တိုဘာ ၃ဝ ရက်နေ့
 နေ့လည် ၁ နာရီခွဲ တွင် ဖားကန့် မြို.
နယ် ဆိုင်းတောင် နှင့် ကံမခံ အသွား
(ဓါက်ပုံ)ကချင်စစ်ပြေး ဒုက္ခသည် စခန်းများ
ကား လမ်း ပေါ်တွင် နှစ်ဖက် ပစ်ခတ်မှု များကြောင့် ခရီးသွား ဗင်ကား တစ်စီးပေါ်မှ လူနှစ်ဦး
 သေဆုံးပြီး သုံးဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြော
ကြားသည်။
သေဆုံးသူ များမှာ အသက် (၂၂)နှစ် အရွယ် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြောင်း၊အမျိုးသမီးမှာ ဖားကန်ဆေးရုံမှ ဆင်းလာသူဖြစ်ပြီး ၊ဒဏ်ရာ 
ရသူ များမှာ အမျိုးသမီး နှစ်ဦးနှင့် ယာဉ်မောင်း အမျိုးသား တစ်ဦး တို့ ဖြစ်ကြောင်း၊
အစိုးရ တပ်မတော် နှင့် ကေအိုင်အေ တို့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ခြောက်ကြိမ် ပြု 
လုပ်ပြီး နောက် တွင် တိုက်ပွဲပေါင်း (၁၈ဝဝ)ကြိမ် ဖြစ် ပွား ခဲ့ကြောင်း ကေအိုင်အေ 
မှ သတင်း ထုတ်ပြန် ထားသည်။
ဖားကန့် ဒေသရှိ ဒုက္ခသည် စခန်းများ တွင် နောက် ဆုံး ကောက်ယူ ထားသော 
စာရင်းအရ ဒုက္ခသည် စုစုပေါင်း (၃၇၈၉)ဦး ရှိကြောင်း၊ ယင်း အနက် ကျောင်းသား
 အရွယ် နှင့် နို့စို့ ကလေး အရွယ် ဦးရေ တစ်ထောင်ခန့် ရှိကြောင်း ဖားကန့် ဒေသရှိ
 ငြိမ်းချမ်းရေး လိုလားသူ အကျိုးဆောင် များထံမှ သိရသည်။
 The Voice Weekly
လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ
ကရင်အမျိုးသားအစည်းအရုံး-
ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ်
နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်)
အတွင်း ယမန်နေ့ ညနေ(၅)နာရီခွဲ
အချိန် ခန့်က လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူများအနက်
 ဗိုလ်မှူးအဆင့်ရှိ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံး လျှက်ရှိသည်ဟု သိရသည်။
ပျောက်ဆုံးသွားသူမှာ အသက် ၅၅ နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး
ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာ
မလာတို့နှင့်အတူ အလည်သွားပြီး မြန်မာဖက်ခြမ်းသို့ ပြန်လာခဲ့ရာ
 သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး ရေစီးသန်သည့် နေရာတခု အရောက်တွင်
 လှေတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။
တပ်မဟာ(၇) ဆေးတပ် တာဝန်ခံ ဗိုလ်ကြီး စောအယ်မွီးက “(သေ့ဘေ့ထာ့)ကမ်း
မရောက်ခင် သောင်လေး တခု ရှိတယ်။ အဲဒီ သောင်နဲ့ ကမ်းနားကြားမှာ ရေစီးကြမ်းတဲ့
 ရေခပ်နက်နက်နေရာတခုရှိတယ်။ အဲဒီမှာ လှေမှောက်တာ။ ဗိုလ်ရိုးက ရေမကူး
တတ်ဘူး။ ဂျီသရီး(ဗိုလ်မှူးစောဆဲဂေ၀ါးသော)က ဗိုလ်ရိုးကို လှမ်းဆွဲလို့ အချင်းချင်း
 လက်ကိုင်မိကြသေးတယ်။ နောက် ဗိုလ်ရိုးက သူ့ လက်ကို လွှတ်လိုက်တယ်တဲ့”ဟု
 ကေအိုင်စီသို့ ပြောသည်။
ဗိုလ်မှူးစောရိုးသည် ဗိုလ်မှူးစောဆဲဂေ၀ါးသောအား ၎င်းနှင့်အတူ ရေထဲသို့ မျှောပါ
မသွားအောင် လက်လွှတ်လိုက်ခြင်း ဖြစ်နိုင် သည်ဟုလည်း ဗိုလ်ကြီးအယ်မွီးက
 ခန့်မှန်းပြောဆိုသည်။ သို့သော် ပျောက်ဆုံးသွားသော ဗိုလ်မှူးစောရိုးအား
ယမန်နေ့ ညနေကစ၍ ရှာဖွေခဲ့သေယ်လည်း ယနေ့ ညနေအထိ မတွေ့ရှိ
ရသေးကြောင်း သိရသည်။
“လူတယောက်ဟာ ရေနှစ်ရင် ၂၄နာရီကြာမှ အလောင်းပြန်ပေါ်တယ်လေ။ ဒါပေမဲ့ အခုထိတော့ ပျောက်ဆုံး နေဆဲပဲ”ဟု ဗိုလ်ကြီးစောအယ်မွီးက ယနေ့ညနေတွင်
 ပြောဆိုသည်။
တောင်ငူဇာတိဖြစ်သည့် ဗိုလ်မှူးစောရိုးသည် ကေအဲန်ယူ တပ်မဟာ(၅)တွင် ဒုထောက်ပို့မှူး
အဖြစ် တာဝန်ယူ လျှက်ရှိပြီး အသက် ၅၀ အရွယ် ဇနီး နော်မာချူးလာနှင့်
သမီး ၃ဦး ရှိသည်။
ကေအိုင်းစီ
ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော် လည်းလူ(၂)ဦးသေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ်
 ဖြစ်ပွားခဲ့သည့်  တိုက်ပွဲများ ကြောင့်
 နန့်မော်ရွာ ၌ အောက်တိုဘာ လ(၃၀)
ရက် နေ့နေ့လည်ပိုင်းက   နန့်မော်ရွာ၌
 ခရီးသည် တင်ကား ကားသေနတ်
မှန်၍ ခရီးသည် (၂)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်ဒေသခံ
များထံက သိရှိရသည်။
အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဖားကန့်မှ တာမခံသို့ သွားသော ခရီးသည်တင်
ကားသည် နန့်မော်ရွာ တွင် သေနတ်ထိ မှန်ခဲ့ပြီှး တာမခံနယ်ေ ညာင်ပင်ကုန်းရွာမှ
ကိုကျော်ကျော် အသက်(၂၂)နှစ်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပေါက်သဖရွာမှ
 မဆွေဆွေအောင် အသက် (၂၆)နှစ်တို့နေရာတွင် သေဆုံးပြီးကားဆရာ
ကိုမျိုးထွန်းအောင်၊ မမြင့်မြင့်ခိုင်၊ ကိုစိုင်းခမ်းအောင် တို့ ဒဏ်ရာအသီး
သီးရခဲ့ကြောင်း သိရှိရသည်။
 “အစိုးရတပ်နဲ့KIAတို့တိုက်ပွဲက ကျည်ဆံလာမှန်တာလို့ ပြောတယ်၊နန့်မော်ရွာနားမှာ ဖြစ်တာပါ နှစ်ယောက် ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊သုံးယောက်ဒဏ်ရာရတယ်”
ဟု ဖားကန့်NLDပါတီမှ ကိုစိန်ထွန်းက ပြောသည်။
အောက်တိုဘာ(၃၀)ရက် သီတင်းကျွတ်လပြည့်နေ့တွင် ဖားကန့်မြို့နယ်အမှိုက်ခုံရွာ၊မဏိဇေရုံဘုန်းကြီး ကျောင်းနှင့် စရှော်ခကျေးရွာတို့တွင်
”ငြိမ်းချမ်းပါစေ ကချင်မြေ” ၊ ”ငြိမ်းချမ်းပါစေ ရတနာမြေ” နှင့်”ငြိမ်းချမ်းပါစေ
ကမ္ဘာမြေ”ဟူ မီးပုံး(၃)လုံး လွှတ်တင်လိုက်ကြောင်း ဒေသခံများထံက
သိရှိရသည်။
 “ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဖို့အတွက် ဆုတောင်းပြီးသုံးနေရာခွဲပြီး မီးပုံးသုံးလုံးလွှတ်တင်လိုက်တယ်”ဟု ဖားကန့်ဒေသခံ ကိုကျော်မြိုင်ကပြောသည်။
 ကချင်ပြည်နယ်တွင် (၁)နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သော ကေအိုင်ကေနှင့် မြန်မာ
စစ်တပ်ကြား စစ်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၁ခုနစ်ဇွန်လ(၉)ရက်ကတည်း
ကဖြစ်ပြီး ယခုအခါ တစ်နှစ်နှင့် လေးလကြာမြင့်လာပြီဖြစ်သည်။
အောက်တိုဘာလ(၃၀)ရက်နေ့ကလည်း တရုတ်နိုင်ငံရွှေလီမြို့၌အစိုးရဘက်
မှပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး အကျိုးတော်ဆောင်များနှင့် KIA(ဗဟို)ဘက်မှ
 အရာရှိများ ပထမဆုံးအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ငြိမ်းချမ်း
(မြစ်မခမီဒီယာ)
မှောင်ခို ကုန်ပစ္စည်းတွေကို ဖမ်းတော့မည်
မြန်မာနိုင်ငံမှာ အဓိက ကုန်သွယ်ရေး
 လမ်းကြောင်းကြီးတွေ ဖြစ်တဲ့ ရန်ကုန်
- မြ၀တီ၊ မူဆယ်- မန္တလေး ကုန်သွယ်
လမ်းကြောင်းမှာ တရားမ၀င် ကုန်စည်
မူဆယ်-မန္တလေး လမ်းပေါ်တွင် တွေ့ရသည့် ကုန်များတင်၍ သယ်ဆောင်သွားနေသော လူစီးယာဉ် တစီး (ဓာတ်ပုံ – ဧရာဝတီ)
တွေကို ဖမ်းဆီးထိမ်းသိမ်းတော့မှာဖြစ်ပါတယ်။ 
တရားမ၀င် ကုန်သွယ်မှု လျော့နည်း ကျဆင်းရေးနဲ့ စားသုံးသူတွေကို အကာအကွယ်ပေးဖို့အတွက် အခုလို စီမံချက်တွေနဲ့ ဖမ်းဆီး အရေးယူမှုတွေလုပ်ဆောင်သွားဖို့ စီးပွား ကူးသန်း ၀န်ကြီးဌာနက လုပ်ဆောင်မယ့် အစီအစဉ်ကို ထုတ်ပြန်လိုက်တာပါ။ 
ဝန်ကြီးဌာနက သက်ဆိုင်ရာ ဆက်စပ်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ Mobile Team တွေနဲ့ တရား မ၀င် ကုန်စည်တွေကို ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သတင်းစာတွေ မှာ ဖော်ပြထားပါတယ်။ 
ဒီလို လုပ်ဆောင်မယ့် ကိစ္စတွေကို ရှင်းလင်းပွဲတွေ လုပ်ပြီး ဆွေးနွေးပြောကြားမှုတွေလည်း လုပ်ဆောင် ထားပြီးဖြစ်ပါတယ်တဲ့။ 
နိုင်ငံတော်ကို အခွန်မဆောင်တဲ့ ကုန်ပစ္စည်း၊ တရားဝင် သွင်းကုန်၊ ပို့ကုန် လိုင်စင်မရှိပဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတိုင်းကို တရားမ၀င် ကုန်ပစ္စည်းတွေအဖြစ်သတ်မှတ် ဖမ်းဆီး အရေးယူသွားကြတော့မှာမို့ နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းတွေ အခြေအနေ ဘယ်လို ဆက်ရှိလာမလဲ ဆိုတာ စောင့်ကြည့်ရ မှာဖြစ်ပါတယ်။
သတင်းစာများမှာ ဖော်ပြထားတဲ့ အဆိုပါ သတင်းထုတ်ပြန်ချက်များ
(ဧရာဝတီ )