Pages

Saturday, December 1, 2012

ရန်ကုန်မြို့ တိုက်ခန်းကျဉ်းများမှာ ပြွတ်သိပ်နေထိုင်ခြင်း



ရန်ကုန်မြို့ တိုက်ခန်းကျဉ်းများမှာ ပြွတ်သိပ်နေထိုင်ခြင်း
Saturday, December 01, 2012

ရန်ကုန်မြို့ရဲ့ တိုက်ခန်းအငှား ဈေးကွက်မှာတော့ တိုက်ခန်း တခန်း ငှားမယ်ဆိုရင် ခြောက်လစာ/တနှစ်စာ ကြိုတင်ပေးပြီး စာချုပ် ချုပ် ငှားရမ်းနေထိုင်တာနဲ့ စပေါ်တင်ပြီး ငှားရမ်းနေထိုင်ရတာဆိုပြီး ရှိပါတယ်။အခုနောက်ပိုင်းမှာ ပိုများပြား လာတာကတော့ တိုက်ခန်း တခန်းကို မိသားစုတွေ စုပြီး ငှားရမ်းနေထိုင်တာတို့၊ အိမ်ရှင်နဲ့ အတူရောပြီး နေထိုင်ရတာတို့ပါပဲ လို့ ကမာရွတ် အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ အိမ်ခြံမြေ တိုက်ခန်း အငှားစရိတ်က တဖြည်းဖြည်း ကြီးမြင့်လာတာကြောင့် အိမ်ငှားနေထိုင်တဲ့ သူတွေ အတွက် ၀င်ငွေအတော်အသင့်ရှိမှ တဦးတည်းပိုင် တိုက်ခန်းကို ငှားနေနိုင်တာပါ။

ဝင်ငွေနည်းပါးတဲ့သူတွေအဖို့တော့ ဈေးအနည်းငယ်သက်သာတဲ့ ဆင်ခြေဖုံးဘက်တွေမှာ ငှားနေကြပါတယ်။

စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ငှားနေထိုင်ချင်တယ် ဆိုရင်တော့ တခြားမိသားစုတွေနဲ့ ရောပြီး အခန်း တခန်း ငှားပြီး နေထိုင်တာတို့ ရှိပါတယ်။

     “ကျွန်မတို့ လင်မယား နှစ်ယောက်ထဲလည်း ဖြစ်တယ်။ ၀င်ငွေကလည်း သိပ်မရှိတော့ တိုက်ခန်း တခန်းကို ခြောက်လချုပ်နဲ့က မငှားနိုင်ဘူး။ ဒါကြောင့် အလုပ်နဲ့နီးတဲ့ ကမာရွတ်မှာပဲ အိမ်ရှင်မိသားစု အခန်း တခန်းကို ငွေငါးသောင်းကျပ်နဲ့ ပေးငှားလိုက်တယ်။
    မီးဖိုချောင်တွေ ရေချိုးခန်း အိမ်သာကတော့ အတူတူသုံးရတာပေါ့။ မီတာကြေးကတော့ တလကို သုံးထောင် ထပ်ပေးရတယ်” 
လို့ ကမာရွတ်မြို့နယ် ပြည်ရိပ်မွန် တိုက်ခန်းမှာ ငှားရမ်းနေထိုင်သူ တဦးက ပြောပါတယ်။

အများနဲ့ ရောပြီးအခန်းတွေ ကန့်ပြီး နေထိုင်တဲ့ အငှားစရိတ်ကတော့ အခန်းအကျယ်အ၀န်းပေါ် မူတည်ပြီး သုံးသောင်းကနေ ငါးသောင်းဝန်းကျင် အထိ ရှိပါတယ်။ အဲဒီလိုမျိုး အခန်းတွေမှာတော့ သူငယ်ချင်း နှစ်ယောက် သုံးယောက် စုငှားတာတို့ လင်းမယား နှစ်ယောက် ငှားနေတာတို့ များပါတယ် လို့ တိုက်ခန်းပွဲစား တဦးက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ တိုက်ခန်း အငှားဈေးကွက်တော့ ကမာရွတ်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ လှိုင်၊ ကျောက်တံတား၊ ပုဇွန်တောင် စတဲ့မြို့နယ်တွေမှာ  ငှားနေမယ်ဆိုရင်တော့ လက်ရှိ ပေါက်နေတဲ့
ဈေးက မြေညီထပ်ကို တသိန်းကျော် နှစ်သိန်းကျော် သုံးသိန်းကျော်လောက် အထိ နေရာကောင်းရင် ကောင်းသလို ပေးရပြီး  အပေါ်ဆုံးလွှာတွေကို
တောင် အနည်းဆုံး ၇သောင်းလောက် ရှိနေပါတယ်။
ခြောက်သောင်းတန် ဆိုတာကတော့ မရှိသလောက် ရှားနေပါပြီ။

ခုနှစ်သောင်း ရှစ်သောင်းကို ခြောက်လ တနှစ်ချုပ်ပြီး
ပေးရတဲ့ ငွေပမာဏဟာ လူအများစု မတတ်နိုင်တဲ့ နှုန်းဖြစ်နေတာကြောင့် အခုလို အများနဲ့ ရောပြီး တိုက်ခန်း အိမ်ခန်းတွေ မှာ ကျပ်ကျပ်
တည်းတည်း နေနေရတဲ့လူတွေ များနေတာ ဖြစ်ပါတယ်။

 မြို့ထဲ နဲ့ ဝေးတဲ့ နေရာမျိုးမှာ နေရင် သည့်ထက်မက ဈေးသက်သာနိုင်ပေ
မယ့် သယ်ယူပို့ဆောင်ရေး ခက်ခဲတာနဲ့သွားလာရ ဝေးတဲ့အတွက်နဲ့ ပေးရတဲ့ လမ်းစရိတ်နဲ့  ကားတိုးစီးရတဲ့ ပင်ပန်းမှုတွေကြောင့် အခုလိုမျိုး နီးတဲ့နေရာမှာပဲ နေထိုင်ကြရတာ ဖြစ်ပါတယ်။

လမ်းမတော် လသာမြို့နယ်တို့မှာ ဆိုရင် အိမ်ထောင်ရှင်တွေအတွက် အဆောင်ငှားသလို အခန်းတွေနဲ့ ငှားတဲ့ အိမ်ထောင်ရှင် သီးသန့်
တိုက်ခန်းတွေ ရှိနေပြီး အငှားဈေးကွက်လည်း အောင်မြင်နေပါတယ်။

ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်ရှင်တွေအတွက်ကတော့ ဒီလို အများစုပြီး ရောနှော နေထိုင်ရတဲ့ အခန်းတွေကိုပဲ အားကိုးနေရ
တယ်လို့ လသာမြို့နယ်မှာ နေထိုင်သူ တဦးက ပြောပါတယ်။

ဧရာဝတီ

Saturday, December 01, 2012

ရန်ကုန်မြို့ရဲ့ တိုက်ခန်းအငှား ဈေးကွက်မှာတော့ တိုက်ခန်း တခန်း ငှားမယ်ဆိုရ
င် ခြောက်လစာ/တနှစ်စာ ကြိုတင်ပေးပြီး စာချုပ် ချုပ် ငှားရမ်းနေထိုင်တာနဲ့ စပေါ်တင်ပြီး ငှားရမ်းနေထိုင်ရတာဆိုပြီး ရှိပါတယ်။အခုနောက်ပိုင်းမှာ ပိုများပြား လာတာကတော့ တိုက်ခန်း တခန်းကို မိသားစုတွေ စုပြီး ငှားရမ်းနေထိုင်တာတို့၊ အိမ်ရှင်နဲ့ အတူရောပြီး နေထိုင်ရတာတို့ပါပဲ လို့ ကမာရွတ် အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ အိမ်ခြံမြေ တိုက်ခန်း အငှားစရိတ်က တဖြည်းဖြည်း ကြီးမြင့်လာတာကြောင့် အိမ်ငှားနေထိုင်တဲ့ သူတွေ အတွက် ၀င်ငွေအတော်အသင့်ရှိမှ တဦးတည်းပိုင် တိုက်ခန်းကို ငှားနေနိုင်တာပါ။

ဝင်ငွေနည်းပါးတဲ့သူတွေအဖို့တော့ ဈေးအနည်းငယ်သက်သာတဲ့ ဆင်ခြေဖုံးဘက်တွေမှာ ငှားနေကြပါတယ်။

စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ငှားနေထိုင်ချင်တယ် ဆိုရင်တော့ တခြားမိသားစုတွေနဲ့ ရောပြီး အခန်း တခန်း ငှားပြီး နေထိုင်တာတို့ ရှိပါတယ်။

“ကျွန်မတို့ လင်မယား နှစ်ယောက်ထဲလည်း ဖြစ်တယ်။ ၀င်ငွေကလည်း သိပ်မရှိတော့ တိုက်ခန်း တခန်းကို ခြောက်လချုပ်နဲ့က မငှားနိုင်ဘူး။ ဒါကြောင့် အလုပ်နဲ့နီးတဲ့ ကမာရွတ်မှာပဲ အိမ်ရှင်မိသားစု အခန်း တခန်းကို ငွေငါးသောင်းကျပ်နဲ့ ပေးငှားလိုက်တယ်။
မီးဖိုချောင်တွေ ရေချိုးခန်း အိမ်သာကတော့ အတူတူသုံးရတာပေါ့။ မီတာကြေးကတော့ တလကို သုံးထောင် ထပ်ပေးရတယ်”
လို့ ကမာရွတ်မြို့နယ် ပြည်ရိပ်မွန် တိုက်ခန်းမှာ ငှားရမ်းနေထိုင်သူ တဦးက ပြောပါတယ်။

အများနဲ့ ရောပြီးအခန်းတွေ ကန့်ပြီး နေထိုင်တဲ့ အငှားစရိတ်ကတော့ အခန်းအကျယ်အ၀န်းပေါ် မူတည်ပြီး သုံးသောင်းကနေ ငါးသောင်းဝန်းကျင် အထိ ရှိပါတယ်။ အဲဒီလိုမျိုး အခန်းတွေမှာတော့ သူငယ်ချင်း နှစ်ယောက် သုံးယောက် စုငှားတာတို့ လင်းမယား နှစ်ယောက် ငှားနေတာတို့ များပါတယ် လို့ တိုက်ခန်းပွဲစား တဦးက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ တိုက်ခန်း အငှားဈေးကွက်တော့ ကမာရွတ်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ လှိုင်၊ ကျောက်တံတား၊ ပုဇွန်တောင် စတဲ့မြို့နယ်တွေမှာ ငှားနေမယ်ဆိုရင်တော့ လက်ရှိ ပေါက်နေတဲ့
ဈေးက မြေညီထပ်ကို တသိန်းကျော် နှစ်သိန်းကျော် သုံးသိန်းကျော်လောက် အထိ နေရာကောင်းရင် ကောင်းသလို ပေးရပြီး အပေါ်ဆုံးလွှာတွေကို
တောင် အနည်းဆုံး ၇သောင်းလောက် ရှိနေပါတယ်။
ခြောက်သောင်းတန် ဆိုတာကတော့ မရှိသလောက် ရှားနေပါပြီ။

ခုနှစ်သောင်း ရှစ်သောင်းကို ခြောက်လ တနှစ်ချုပ်ပြီး
ပေးရတဲ့ ငွေပမာဏဟာ လူအများစု မတတ်နိုင်တဲ့ နှုန်းဖြစ်နေတာကြောင့် အခုလို အများနဲ့ ရောပြီး တိုက်ခန်း အိမ်ခန်းတွေ မှာ ကျပ်ကျပ်
တည်းတည်း နေနေရတဲ့လူတွေ များနေတာ ဖြစ်ပါတယ်။

မြို့ထဲ နဲ့ ဝေးတဲ့ နေရာမျိုးမှာ နေရင် သည့်ထက်မက ဈေးသက်သာနိုင်ပေ
မယ့် သယ်ယူပို့ဆောင်ရေး ခက်ခဲတာနဲ့သွားလာရ ဝေးတဲ့အတွက်နဲ့ ပေးရတဲ့ လမ်းစရိတ်နဲ့ ကားတိုးစီးရတဲ့ ပင်ပန်းမှုတွေကြောင့် အခုလိုမျိုး နီးတဲ့နေရာမှာပဲ နေထိုင်ကြရတာ ဖြစ်ပါတယ်။

လမ်းမတော် လသာမြို့နယ်တို့မှာ ဆိုရင် အိမ်ထောင်ရှင်တွေအတွက် အဆောင်ငှားသလို အခန်းတွေနဲ့ ငှားတဲ့ အိမ်ထောင်ရှင် သီးသန့်
တိုက်ခန်းတွေ ရှိနေပြီး အငှားဈေးကွက်လည်း အောင်မြင်နေပါတယ်။

ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်ရှင်တွေအတွက်ကတော့ ဒီလို အများစုပြီး ရောနှော နေထိုင်ရတဲ့ အခန်းတွေကိုပဲ အားကိုးနေရ
တယ်လို့ လသာမြို့နယ်မှာ နေထိုင်သူ တဦးက ပြောပါတယ်။

ဧရာဝတီ

မကွေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးပါမောက္ခ ခေါ်ယူစစ်ဆေးခြင်းခံရ





ရန်ကုန်၊ ဒီဇင်ဘာ ၁။

မကွေးကျောင်းတိုက်ဆရာတော် ဘန္တဒဦးပါမောက္ခအား နိုင်ငံတော်သံဃနာယက ဆရာတော်များနှင့်
တာဝန်ရှိသူများမှ ခေါ်ယူတွေ့ဆုံကြောင်း ဆရာတော်၏ ပြောစကားအရ သိရသည်။

“ ဘုန်းကြီးကို မသွားဖို့ ဆန္ဒသွားမပြဖို့ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က ခေါ်ပြီးတော့ သြဝါဒပေးတာပါ။
သံဃနာယက ဆရာတော်၄၇ပါးထဲက တချိုနဲ့ ရဲချုပ်တို့ကအစ အခြားတာဝန်ရှိသူတွေ အယောက်၄၀ လောက်ပါ
ပါတယ်။ ဒါနဲ့ဘုန်းကြီးကလဲ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးကို လက်ရှိအစိုးရအနေနဲ့ သံဃာတော်တွေကို
နှိပ်စက်ညှင်းပမ်း ခြင်း မပြုအောင် သြဝါဒပြန်ပေး ပေးဖို့ပြန်လည်လျှောက်ထားခဲ့ပါတယ်၊ဒီနေ့ မြေနီကုန်းကိုတော့
ရောက်ဖို့မရှိတော့ဘူး၊အဲဒီ သြဝါဒကို မလိုက်နာဘူးဆိုရင်တော့ ၁၀/၉၀နဲ့ ထောင်တစ်နှစ်ကျ ခံရမှာပါ။
လက်ပံတောင်း တောင်ကိစ္စနဲ့ပါတ်သတ်ပြီး ဆန္ဒပြတောင်းဆိုမယ့် သံဃာတွေကိုရော ဒကာတွေကိုပါ
မှာချင်တာကတော့ မိမိတို့လုပ်သင့် လုပ်ထိုက်တာတွေ ကို ဆက်လက်လုပ်ကိုင်ကြဖို့ ဘုန်းကြီးအနေနဲ့မှာ
ချင်ပါတယ်” ဟု ညနေ ၃နာရီကျော်ခန့်က ပြန်လည်မိန့်ကြားသည်။

ယနေ့ဆန္ဒထုတ်ဖော်တောင်းဆို မှုတွင် ပါဝင်မှု မပြုနိုင်သော်လည်း အမျိုး၊ ဘာသာ၊သာသနာကို ထိပါးလာမယ့်
ကိစ္စ ရပ်များနှင့် ကြုံတွေ့ရပါက ၎င်းအနေဖြင့် ဆက်လက် လုပ်ကိုင်ရန်အဆင်သင့်ရှိနေကြောင်း၊ ယခုဆန္ဒ
ထုတ်ဖော်တောင်းဆိုမှု များ မှထူးခြားချက်တစ်စုံတစ်ရာမရှိပါက ဒီဇင်ဘာလ၈ရက်နေ့တွင် မန္တလေးသံဃာများနှင့်
အတူ သံဃာသပိတ်တွင် ပါဝင်သွားမည် ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

လင်းသစ်
မကွေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးပါမောက္ခ ခေါ်ယူစစ်ဆေးခြင်းခံရ

by The Myanma Age on Saturday, December 1, 2012 at 4:41am ·
ရန်ကုန်၊ ဒီဇင်ဘာ ၁။

မကွေးကျောင်းတိုက်ဆရာတော် ဘန္တဒဦးပါမောက္ခအား နိုင်ငံတော်သံဃနာယက ဆရာတော်များနှင့်
တာဝန်ရှိသူများမှ ခေါ်ယူတွေ့ဆုံကြောင်း ဆရာတော်၏ ပြောစကားအရ သိရသည်။

“ ဘုန်းကြီးကို မသွားဖို့ ဆန္ဒသွားမပြဖို့ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က ခေါ်ပြီးတော့ သြဝါဒပေးတာပါ။
သံဃနာယက ဆရာတော်၄၇ပါးထဲက တချိုနဲ့ ရဲချုပ်တို့ကအစ အခြားတာဝန်ရှိသူတွေ အယောက်၄၀ လောက်ပါ
ပါတယ်။ ဒါနဲ့ဘုန်းကြီးကလဲ သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးကို လက်ရှိအစိုးရအနေနဲ့ သံဃာတော်တွေကို
နှိပ်စက်ညှင်းပမ်း ခြင်း မပြုအောင် သြဝါဒပြန်ပေး ပေးဖို့ပြန်လည်လျှောက်ထားခဲ့ပါတယ်၊ဒီနေ့ မြေနီကုန်းကိုတော့
ရောက်ဖို့မရှိတော့ဘူး၊အဲဒီ သြဝါဒကို မလိုက်နာဘူးဆိုရင်တော့ ၁၀/၉၀နဲ့ ထောင်တစ်နှစ်ကျ ခံရမှာပါ။
လက်ပံတောင်း တောင်ကိစ္စနဲ့ပါတ်သတ်ပြီး ဆန္ဒပြတောင်းဆိုမယ့် သံဃာတွေကိုရော ဒကာတွေကိုပါ
မှာချင်တာကတော့ မိမိတို့လုပ်သင့် လုပ်ထိုက်တာတွေ ကို ဆက်လက်လုပ်ကိုင်ကြဖို့ ဘုန်းကြီးအနေနဲ့မှာ
ချင်ပါတယ်” ဟု ညနေ ၃နာရီကျော်ခန့်က ပြန်လည်မိန့်ကြားသည်။

ယနေ့ဆန္ဒထုတ်ဖော်တောင်းဆို မှုတွင် ပါဝင်မှု မပြုနိုင်သော်လည်း အမျိုး၊ ဘာသာ၊သာသနာကို ထိပါးလာမယ့်
ကိစ္စ ရပ်များနှင့် ကြုံတွေ့ရပါက ၎င်းအနေဖြင့် ဆက်လက် လုပ်ကိုင်ရန်အဆင်သင့်ရှိနေကြောင်း၊ ယခုဆန္ဒ
ထုတ်ဖော်တောင်းဆိုမှု များ မှထူးခြားချက်တစ်စုံတစ်ရာမရှိပါက ဒီဇင်ဘာလ၈ရက်နေ့တွင် မန္တလေးသံဃာများနှင့်
အတူ သံဃာသပိတ်တွင် ပါဝင်သွားမည် ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

လင်းသစ်

"လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်း"


Saturday, 1 December 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်

အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်
ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦး ဆာင်၍ ပြည် သူလူထုနှင့် လက်တွဲအကောင် အထည် ဖော်ဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းပေးလျက်ရှိသည်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့် အညီ ''ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ''ကို ၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် ၂-၁၂-၂ဝ၁၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများဖြစ်စေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါ ဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများအနေဖြင့် မိမိတို့၏
လိုအင်ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့်
ဖော်ထုတ်ခွင့်၊ဟောပြောခွင့်များကို စနစ်တကျဆောင်ရွက်ခွင့်ပြု
ထားပြီး ဖြစ်သည်။

သို့သော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ကန့်ကွက်သူများအနေဖြင့် နိုဝင်ဘာ ၁၈ ရက်မှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် စီမံကိန်းနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်ကာ သပိတ်စခန်းများ ဖွင့်လှစ်ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း
မပြုနိုင်အောင်ပိတ်ဆို့မှုများ ဆောင်ရွက်လာခဲ့သည်။

တာဝန်ရှိသူများအနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအပေါ် ကန့်ကွက်မှုများ စတင်ဖြစ်ပွားချိန်မှစ၍ ဆွေးနွေးမှုများအကြိမ် ကြိမ်ပြုလုပ်ကာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

သို့သော်ဆန္ဒြပသူများအနေဖြင့် စီမံကိန်းတစ်ခုလုံးကို လုံးဝ ဖျက်သိမ်းပေးရ
မည်ဟု တစိုက်မတ်မတ်တောင်းဆိုလာသဖြင့် ညှိနှိုင်းဖြေရှင်းရန် ခက်ခဲ
လာခဲ့သည်။

ထိုကဲ့သို့ ကန့်ကွက်မှုများ ဖြစ်ပွားနေခြင်းအပေါ် ပြည်သူ့လွှတ်တော်တွင်
လည်း ပြည်သူတို့က ယုံကြည်ကိုးစားသည့် ပုဂ္ဂိုလ်များ/ပြည်တွင်းပြည်ပ
ပညာရှင်များ၊ အဖွဲ့အစည်းများပါဝင်သည့် လွတ်လပ်သော နိုင်ငံတော်
အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ကော်မရှင်၏လုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံး နိုဝင်ဘာ ၂၇ ရက် ည ၁၂ နာရီ နောက်ဆုံး
အချိန်ထားပြီး ဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ရှား ရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် သတင်းပေးထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံး ထွက်ခွာပေးရန် သတ်မှတ်သည့်အချိန်မတိုင်မီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့သည့်အပြင်သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်း မရှိသဖြင့် ထပ်မံ၍အကြိမ်ကြိမ်မေတ္တာ
ရပ်ခံခဲ့သည်။

သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်း မရှိသဖြင့် နိုဝင်ဘာ ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေး နည်းစနစ်များ အတိုင်း အဆင့်ဆင့်ရှင်းလင်း
ဆောင်ရွက်ခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ နယ်မြေခံသတင်းထောက်များက
ဖြစ်စဉ်အမှန်သိရှိနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့သွားရောက်၍ စုံစမ်းမေးမြန်းမှုများ အောက်ပါ အတိုင်းပြုလုပ်ခဲ့သည်။

ပထမဦးစွာ မုံရွာမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်က
ပြောကြားရာတွင် ''နိုဝင်ဘာ ၂၉ ရက်က လက်ပံတောင်းကြေးနီစီမံကိန်း
တွင် ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မုံရွာပြည်သူ့ဆေးရုံကို တက်ရောက်လာ တဲ့လူနာတွေကတော့ ရဟန်း ၂၇ ပါးနဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ တက်ရောက်လာကြတဲ့ လူနာတွေအားလုံး ကတော့ မီးလောင်ဒဏ်ရာတွေနဲ့ လူနာတွေဖြစ်ပါတယ်။ သာမန်အားဖြင့် ကြည့်လိုက်တဲ့အခါ အားလုံးဟာ မီးလောင်ဒဏ်ရာတွေဖြစ်ပြီး အချို့ကတော့ အနည်းငယ်နက်တဲ့ မီးလောင်ဒဏ်ရာတွေ ဖြစ်ပါတယ်''ဟုပြောကြားသည်။

အလားတူ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာလှဘုန်းက ''အဲဒီနေ့မနက် ကျွန်တော်တာဝန်ကျတဲ့ အချိန်မှာရဟန်းသံဃာတွေ ခွဲစိတ်ဆောင်က
ရောက်လာပါတယ်။ ရောက်ရှိလာတဲ့ အများစုဟာ မီးလောင်တဲ့ ဒဏ်ရာတွေချည်းပါပဲ၊ လူနာတွေကိုစစ်ဆေးရာမှာ သာမန်မီးလောင်မှု ဒဏ်ရာတွေအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ မီးလောင်ခံရတဲ့အကွက်တွေမှာ ပလတ်စတစ်အစနဲ့ ချည်ထည်မဟုတ်တဲ့ နိုင်လွန်သင်္ကန်းစတွေ မီးနဲ့ထိတွေ့ပြီး သံဃာတော်တွေရဲ့ အရေပြားကိုထိကပ်ခံရလို့ မပြင်းထန်တဲ့အနာပေါက်တချို့ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက
အတွင်းလူနာတွေအဖြစ် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ကြပ်မတ်
ကုသဆောင် ရွက်လျက်ရှိပါတယ်။ အချိန်ပြည့်ကုသပေးလျက်
ရှိပါတယ်''ဟု ပြောကြားသည်။

အထူးကုဆရာဝန်ကြီး(ဥပဒေရေးရာ၊ဆေးပညာ) ဒေါက်တာ ဌေးတင်ချစ်က ''ကျွန်တော်တို့ မီးလောင်တဲ့လူနာ တွေကို သွားရောက်ကြည့်ရှုတဲ့အချိန်မှာ အပူလောင်ဒဏ်ရာတွေ အများအားဖြင့်တွေ့ ရတယ်။ ဒီအပူ လောင်
ဒဏ်ရာတွေကို သေချာသုံးသပ်လိုက်တဲ့အချိန်မှာ ပြင်လိုက် အပေါ်ယံ
အပူလောင်ဒဏ်ရာတွေရှိသလိုပဲ ဧရိယာအလိုက်၊ အကွက်လိုက် အနည်းငယ်နက်တဲ့ မီးလောင်ဒဏ်ရာလေးတွေကိုလည်း
တွေ့ရပါတယ်။ ပြင်လိုက်အပေါ်ယံမီးလောင်တဲ့ဒဏ်ရာတွေကို သုံးသပ်တဲ့အခါမှာ ပုံမှန်မီးစွဲလောင်ရင်းနဲ့ ရနိုင်တဲ့ဒဏ်ရာ အမျိုးအစားမျိုးဖြစ်ပါတယ်။ အဲဒီအကွက်လိုက်၊ ဧရိယာအလိုက် အသေးလေးတွေမှာ အနည်းငယ်နက်တဲ့ ဒဏ်ရာအမျိုးအစား
သေးသေးတွလည်း တွေ့ရပါတယ်။ ဒါတွေကလည်း ပူပြီးတော့ မီးလောင်နေတဲ့အရာဝတ္ထု ပစ္စည်းတွေ ခန္ဓာကိုယ်နဲ့ ထိကပ်ရင်၊ ခန္ဓာကိုယ်ပေါ်ကျရင် ရနိုင်တဲ့ဒဏ်ရာအမျိုးအစားတွေ ဖြစ်ပါတယ်။

ဥပမာအားဖြင့် နိုင်လွန်သားပါတဲ့ အဝတ်အစားမျိုး ဝတ်ထားတဲ့
အချိန်မှာ မီးလောင်ရင် ဒီလိုမျိုးတွေ့နိုင်သလိုပဲ ပလတ်စတစ်အစ
မီးလောင်ပြီးတော့ ခန္ဓာကိုယ်ပေါ်ကျရင်လည်း၊ ထိမိရင်လည်း ဒီလိုဒဏ်ရာမျိုးတွေ တွေ့နိုင်ပါတယ်။ သွားရောက်စစ်ဆေးတဲ့အချိန်မှ
လည်း ဒဏ်ရာကနေပြီးတော့ ထူးခြားအနံ့အသက်တွေမရသလို ဒဏ်ရာအနေအထားတွေ ကြည့်လိုက်တဲ့အချိန်မှာလည်းစားလောင်စေတတ်တဲ့အက်စစ် စတာတွေသုံးပြီးတော့ ရတဲ့ မီးလောင်ဒဏ်ရာမျိုး မဟုတ်ပါဘူး'' ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ဆေးရုံအုပ်ကြီးက ''ယခုအခါ သံဃာတော်ကိုးပါးမှာ ဒဏ်ရာသက်သာခဲ့ပြီဖြစ်၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပါတယ်။
သံဃာတော် ၁၈ ပါးနဲ့ အမျိုးသားတစ်ဦးသာ ဆက်လက်ကုသမှု ခံယူလျက်ရှိပါတယ်။ အမြန်ဆုံး သက်သာပျောက်ကင်းဖို့အတွက် တာဝန်ရှိသူတွေက ကူညီထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်း
တွေက ဆေးဝါးလုံလောက်စွာနဲ့ အချိန်ပြည့် အထူးကုသပေးနေခြင်း
တို့ကြောင့် စိုးရိမ်စရာမရျိဘဲ ပျောက်ကင်း သွားမှာဖြစ်ပါတယ်''ဟု
ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သူရသွင်ကိုကိုကလည်း ''နိုဝင်ဘာ ၁၈ ရက်ကစပြီး ဆန္ဒပြသူတွေနဲ့ သံဃာတော်တွေဟာ ပုဒ်မ(၁၄၄)ထုတ်ပြန်ထားတဲ့ စီမံကိန်းနယ်မြေရှိ တားမြစ်ဧရိယာအတွင်းကို ဝင်ရောက်နေရာယူလာပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အသံချဲ့စက်တွေ အသုံးပြုပြီး လူစုခွဲဖို့၊ မိမိနေရပ် အသီးသီးကို ပြန်လည်
ထွက်ခွာဖို့ မေတ္တာရပ်ခံတောင်းပန်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန် ခဲ့တဲ့ကြေညာချက်ကိုလည်း မကြာခဏအသိပေး ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း မေတ္တာရပ်ခံ တောင်းပန်တဲ့ ကြားက နိုဝင်ဘာ ၂၈ ရက်အထိ ဥပဒေနဲ့ဆန့်ကျင်ပြီး ဆန္ဒပြမှုကို ဆက်လက်ဆောင်ရွက်လာခဲ့ပါတယ်။ သတ်မှတ် အချိန်အထိ ကျော်လွန်ခဲ့တဲ့အတွက် ပိုမိုဆိုးရွားလာမယ့်
အခြေအနေကို တားဆီးတဲ့အနေနဲ့ မလွှဲသာ မရှောင်သာ တော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျင့်ထုံးဥပဒေ ၁၂၈ အရ နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီမှာ နိုင်ငံတကာက အသုံးပြုလျက်ရှိတဲ့အဓိကရုဏ်းနှိမ်နင်းရေး နည်းစနစ်တွေအတိုင်း မီးသတ်ရေပိုက်တွေနဲ့ လူစုခွဲပြီး မျက်ရည်ယို ဗုံးတွေနဲ့ မီးခိုးဗုံးတွေကိုအဆင့်ဆင့်အသုံးပြုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်အင်အားကိုလည်း အသင့်အတင့်နဲ့သာ ဆောင် ရွက်ခဲ့ပါတယ်။ လူအုပ်စုခွဲလိုက်တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူတွေကို မုံရွာပြည်သူ့ဆေးရုံကြီးမှာဆေးဝါးများ
ကုသပေးလျက်ရှိပါတယ်''ဟုပြောပြခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်၊ ကန့်ကုန်းကျေးရွာ၌ နိုဝင်ဘာ ၂၉ ရက်က ပြောကြားရာတွင် ''အခုဒီဒေသမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့်ပုံစံနဲ့ ဖြေရှင်းချင်ပါတယ်။ အဲဒီလို လုပ်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ကူညီကြပါ။ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့
ပြဿနာကို အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်''ဟု ပြောကြားခဲ့သည်။

အလားတူ ယနေ့မွန်းလွဲပိုင်းက ဝင်းယူနတီဟိုတယ်၌ သတင်းဒီမီယာများနှင့်
တွေ့ဆုံရာတွင်လည်း ''အိမ်နီး ချင်းနိုင်ငံများနှင့် ဆက်ဆံရေးနဲ့ပတ်သက်၍ ကျွန်မကတော့ အဆင်ပြေစေချင်ပါတယ်။ ပြဿနာဖြစ်လာလို့ရှိရင် ဒီပြဿနာတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့လိုပါတယ်။ ကျွန်မတို့အားလုံး ကြိုးစားသွားပါမယ်။ လွှတ်တော်က နေပြီးတော့
ကော်မရှင်တစ်ခုကို အမြန်ဆုံးဖွဲ့ဖို့အတည်ပြုပြီးပါပြီ။ ဖွဲ့စည်းပြီးတော့ ဒီဒေသအတွက် အကောင်း ဆုံးဖြစ်အောင်လုပ်သွားရပါမယ်။ အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အဆင်ပြေဖို့၊ မိတ်ဆွေကောင်းတွေလို ရပ်တည်ဖို့ ကျွန်မတို့ လိုလားတယ်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ဆိုရင် မတူညီတဲ့သဘောတရားတွေကိုညှိနှိုင်းပြီးတော့ သဘောတူညီမှုတစ်ခု ရအောင် ကျွန်မတို့ ကြိုးစားရမှာဖြစ်ပါတယ်''ဟု ထည့်သွင်းပြောကြားခဲ့သည်။

မုံရွာမြို့တွင် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် မုံရွာမြို့ရှိ ဝင်းယူနတီဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးကလည်း ''မြန်မာနိုင်ငံ၏ ဥပဒေများကို
လေးစားမှုအခြေခံ၍ ဤစီမံကိန်းအဆင်ပြေစွာ အကောင်အထည် ဖော်နိုင်ရန် အကျိုးရှိသော အခြေအနေတည်ဆောက်ပေးပါရန် မေတ္တာရပ်ခံ
အပ်ပါကြောင်း''ဖြင့် ၄င်း၏သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း
သိရှိရသည်။

(သတင်းစဉ်)
(ဒီဇင်ဘာ ၁ ရက်နေ့ထုတ်ကြးမုံသတင်းစာမှ ပြန်လည်ကူးယူ
ဖော်ပြခြင်းဖြစ်ပါသည်။)

Popular Myanmar News Journal

ပြေးခုန်ပစ် အားကစားနည်းနှင့် မြန်မာနိုင်ငံ



ပြေးခုန်ပစ် အားကစားနည်းသည် မြန်မာနိုင်ငံတွင် သမိုင်းနှင့်အတူ ရှိခဲ့ဖူးသည်။ ဒဏ္ဍာရီပုံပြင်များထဲတွင် ပြေးခုန်ပစ် အားကစား နည်းများ ပြေးခုန်ပစ် အားကစားသမားများ ရှိခဲ့သည်။
သွားပါများ ခရီးရောက် ဆိုသည့် မောင်ပေါက်ကျိုင်းမှာ လမ်းလျှောက်အားကစားသမားဖြစ်သည်။ ပုဂံရာဇ၀င်တွင် ရှူးပျံကြီးကို လေးနှင့် ဖြိုခွင်း နှိမ်နင်းခဲ့သော ပျူစောထီးမှာလည်း ယခုခေတ်အရ ဆိုလျှင် မြားပစ် ချန်ပီယံ ဖြစ်နိုင်သည်။

ယာခင်းကို ကာထားသည့် ဆင်တရပ်အမြင့်ရှိသော ခြံစည်းရိုးကို လှံထောက်၍ ခုန်နိုင်သည့် ကျန်စစ်သား၊ ဧရာဝတီမြစ်ကို အသွား အပြန် ဖြတ်ကူးနိုင်သည့် ညောင်ဦးဖီး၊ ပုဂံနှင့် ပုပ္ပားတောင် ပြေးပြီး ပန်းများခူးပေးသည့် ဗျတ္တ ဆိုသူတို့မှာ သမိုင်းထဲမှ အားကစား သမားများ၊ ပြေးခုန်ပစ်သမားများပင် ဖြစ်သည်။ ပုဂံခေတ်လွန်ကာလများတွင်လည်း မြန်မာ့သမိုင်း၌ အားကစားလှုပ်ရှားမှုများ ရှိခဲ့သည်။
တောင်ငူခေတ်တွင် မြင်းစီး၍ ပိုလိုရိုက်ကစားနည်းနှင့် ဆင်တူသည့် “ကူလီ” ရိုက်ကစားနည်း ခေတ်စားခဲ့သည်။ ယင်းနောက် ခေတ် အဆက်ဆက်တွင် လှေပြိုင်ပွဲများ၊ မြင်းစီးပြိုင်ပွဲများ၊ လက်ဝှေ့ပွဲများ ရှိခဲ့ဖူးသည်။

သို့ရာတွင် ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင်မူ အထက်ပါ ပြိုင်ပွဲများ ကျင်းပသည့် မှတ်တမ်းမှတ်ရာများ မတွေ့ရပါ။

အင်္ဂလိပ်ခေတ်

မြန်မာကို အင်္ဂလိပ်တို့က သိမ်းပိုက်ပြီးနောက် အနောက်တိုင်း အားကစားနည်း (သို့မဟုတ်) ခေတ်သစ်အားကစားနည်းများ မြန်မာပြည်တွင်းသို့ ကျူးကျော်စစ်နှင့်အတူ ရောက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအားကစားနည်းများ စုစည်း၍ ပြိုင်ပွဲများအဖြစ် ပြောင်းလဲခဲ့ သည့် အဖွဲ့အစည်းများမှာ B A A (Burma Athletic Association) ပင် ဖြစ်သည်။ B A A က မြန်မာနိုင်ငံတွင် နိုင်ငံတကာ အားကစား နည်းများဖြစ်သည့် ဘောလုံး၊ ကြက်တောင်၊ တင်းနစ်၊ ဟော်ကီ စသည့်တို့အပြင် ပြေးခုန်ပစ်ပြိုင်ပွဲကို တနှစ် တကြိမ်ကျ မှန်မှန် ကျင်းပ ပေးခဲ့သည်။
သို့ရာတွင် ထိုစဉ်က မြန်မာနိုင်ငံတွင် တပ်စွဲလျက်ရှိသည့် အင်္ဂလိပ်များ၊ အင်္ဂလိပ်လက်အောက်ခံ တပ်များနှင့် သာသနာပြု ကျောင်းများမှ စစ်သားများ၊ ကျောင်းသားများသာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများတွင် အနိုင်ရသည့် စစ်ဘက်အမှုထမ်းများအား ဆုကြေးငွေများ ချီးမြှင့်သည်။ ၅ ကျပ်နှင့် ၁၅ ကျပ်ကြား ပေးခြင်းဖြစ်သည်။ အရပ်သား နှင့် ကျောင်းသားများကိုမူ ဆုဖလားနှင့် ဆုတံဆိပ်များသာ ချီးမြှင့်သည်။ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ထိုစဉ်က အင်္ဂလိပ် အတိုင်း အတာများ ဖြစ်သည့် လက်မ၊ ပေ၊ ကိုက် စသည့် အတိုင်းအတာ များကိုသာ အသုံးပြုသည်။ ကိုက် ၁၀၀ ၊ ကိုက် ၂၂၀၊ ကိုက် ၄၄၀၊ တမိုင် စသည်တို့ဖြစ်သည်။
ယင်းကဲ့သို့ ပြိုင်ပွဲများ ကျင်းပရာ၌ အမျိုးသမီးများအတွက် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပပေးခြင်း မရှိပါ။ ထည့်သွင်းကျင်းပပေးလျှင် လည်း မြန်မာအမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ကြဖွယ် မရှိပါ။

ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ပညာရေးဌာနမှ ကြီးမှူးလျက် ၁၉၂၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ထိုစဉ်က ထူးချွန်သည့် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်ခဲ့သော်လည်း ကမ္ဘာ့အိုလံပစ် အစရှိသည့် နိုင်ငံတကာ ပြိုင်ပွဲကြီးများတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရရှာကြပါ။ သက်ဆိုင်ရာ နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် ဆက်သွယ်မထားခြင်း၊ မြန်မာနိုင်ငံတွင် အိုလံပစ်ကော်မတီ မဖွဲ့စည်းသေးခြင်းကြောင့် ကမ္ဘာနှင့် အဆက်ပြတ်နေရခြင်းပင် ဖြစ်သည်။

ကဏ္ဍသစ်

မြန်မာနိုင်ငံ၏ အားကစားကဏ္ဍသစ်ကို ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၆ ခုနှစ်တွင် စတင်ခဲ့ရာ ပြေးခုန်ပစ် အားကစားနည်းလည်း အပါအ၀င် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဆန်းပိုင်းတွင် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်ကို စနစ်တကျ ဖွဲ့စည်းခဲ့သည်။ ပြေးခုန်ပစ်အဖွဲ့ ချုပ်နှင့်အတူ လက်ဝှေ့နှင့် အလေးမအဖွဲ့ချုပ်တို့ကိုလည်း ဖွဲ့စည်းခဲ့ကြပြီးနောက် အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်ခွင့်များလည်း ရရှိခဲ့သည်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကိုလည်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာပြည်အိုလံပစ်အသင်းကြီး၏ ပထမဆုံးသော နာယက နှစ်ဦးမှာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာပြည်ဆိုင်ရာ အင်္ဂလိပ်ဘုရင်ခံ ဆာ ဟူးဘရန့်စ် တို့ပင်ဖြစ်သည်။
မြန်မာပြည် ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် အလေးမ အဖွဲ့ချုပ်တို့သည် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ချုပ်များနှင့် ဆက်သွယ်ခွင့်ရရှိခြင်း အထိမ်း အမှတ်အဖြစ် ၁၉၄၇ ဇူလိုင်လ ၈ ရက်တွင် မြို့တော်ခန်းမ၌ လက်ဖက်ရည်ပွဲကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် ခဲ့သည်။

ကမ္ဘာ့အိုလံပစ်

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၈ ခုနှစ် ဇူလိုင် ၂၉ မှ သြဂုတ် ၁၄ ရက်အထိ ကျင်းပသည့် ကမ္ဘာ့အိုလံပစ်သို့ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည်။
ယင်းနောက် ၁၉၅၀ – ၅၁ တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အာရှအားကစားပွဲတော် (နယူးဒေလီ၊ အိန္ဒိယ)၊ ၁၉၅၉ ခုနှစ် ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ(South East Asia Penisula Games – SEAP GAMES) တွင်လည်း ဗွေဆော်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၇၇ ခုနှစ် ကွာလာလမ်ပူမြို့တွင် စတင်ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (South East Asia Games – SEA GAMES) တို့ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ရာတွင် ပြေးခုန်ပစ် အား ကစား နည်းသည် အောင်မြင်မှု အရှိဆုံး အားကစားနည်းပင် ဖြစ်သည်။

ဘောလုံး

မြန်မာနိုင်ငံတွင် လူကြိုက်များပြီး ထင်ရှားကျော်ကြားသည့် ဘောလုံးကစားနည်းမှာ ကျွန်းဆွယ်ခေတ်တွင် ပူးတွဲ ၁ ကြိမ်၊ ကျွတ်ကျွတ် လွတ်လွတ် ၄ ကြိမ်၊ အာရှအားကစား ပွဲတော်တွင် ကျွတ်ကျွတ်လွတ်လွတ် ၁ ကြိမ် (၁၉၉၆)၊ တောင်ကိုရီးယား နှင့် ပူးတွဲ ၁ကြိမ် (၁၉၇၀) နှင့် ကမ္ဘာ့အိုလံပစ်ဘောလုံးပြိုင်ပွဲ အသန့်ရှင်းဆုံးဆု (၁၉၇၂ ခုနှစ်၊ မြူးနစ်) တို့ ဆွတ်ခူးရရှိ ထားသည်မှာ ကျွန်းဆွယ် ခေတ် (၁၉၅၉ – ၁၉၇၅) အတွင်းသာ ဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ စကာ မြန်မာဘောလုံးအသင်း ရွှေတံဆိပ်ဆု မရသည်မှာ ကြာပြီ ဖြစ်သည်။
ပြေးခုန်ပစ်အားကစားနည်းကတော့ ၁၉၅၉ ကျွန်းဆွယ်ခေတ်မှ စကာ ၁၉၉၉ ခုနှင့် ၂၀၀၉ ခုနှစ် ဆီးဂိမ်းစ်  ပွဲ ၂ ပွဲ မှ အပ ကျန် SEA GAMES နှင့် SEAP GAMES များတွင် ရွှေတံဆိပ် မဆွတ်ခူး နိုင်သည့်နှစ် မရှိသလောက်ပင် ဖြစ်သည်။
ကျွန်းဆွယ် သို့မဟုတ် ဆီးဂိမ်းစ် ပြိုင်ပွဲ၌ မြန်မာအသင်း၏ ဆုတံဆိပ် ဆွတ်ခူးနိုင်မှုတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရရှိသည့် ဆုတံဆိပ် များက ဦးဆောင်လျက် ရှိသည်။ ကျွန်းဆွယ်ခေတ် ပထမပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆု ဆွတ်ခူးသည့် အထဲ၌ ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ် ၅ ဆု ဆွတ်ခူးပါဝင်ခဲ့သည်။
၁၉၆၁ ခုနှစ် ရန်ကုန်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ဒုတိယကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၅ ဆု ဆွတ် ခူးခဲ့ရာ ပြေးခုန်ပစ်အားကစားသမားများက ရွှေတံဆိပ် ၇ ဆု ဆွတ်ခူးခဲ့သည်။
၁၉၆၅ ခုနှစ် ကွာလာလမ်ပူ ကျွန်းဆွယ်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၈ ဆု ရရှိရာ ပြေးခုန်ပစ်က ရွှေတံဆိပ် ၆ ဆု ဆွတ် ခူးခဲ့သည်။
၁၉၆၇ ခုနှစ် ဘန်ကောက် ကျွန်းဆွယ်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆုသာ ရရရှိသည်။ ထိုအထဲတွင် ပြေးခုန်ပစ် အား ကစားက ရွှေတံဆိပ် ၅ ဆုပါဝင်သည်။
မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပသည့် ၅ ကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၅၇ ဆုဖြင့် နိုင်ငံ အလိုက် အဆင့် ၁ ရခဲ့သည်။ ပြေးခုန်ပစ်အားကစားသမားများက ရွှေတံဆိပ်ဆု ၂၀ အထိ ဆွတ်ခူးပေးနိုင်ခဲ့သည်။
၁၉၇၁ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာအားကစား တဖွဲ့လုံးက ရွှေတံဆိပ် ၂၀ ရသည်။ ပြေး ခုန်ပစ် အားကစားသမားများက ရွှေတံဆိပ် ၉ ဆု ပါဝင်သည်။
၁၉၇၃ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် ကျင်းပသည်။ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၈ ဆု ရသည်။ ပြေးခုန်ပစ် အား ကစားမှ ရွှေတံဆိပ် ၁၀ ဆုပါဝင်သည်။
၁၉၇၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျွန်းဆွယ်ပြိုင်ပွဲကို နောက်ဆုံးအကြိမ် ကျင်းပရာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၈ ဆု ရရှိပြီး ပြေး ခုန်ပစ် အားကစားမှ ၁၀ ဆု ရရှိသည်။
၁၉၅၉ ခုနှစ်တွင် စတင်ပြီး ၁၉၇၅ ခုနှစ်တွင် နိဂုံးချုပ်ခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ၈ ကြိမ်မြောက်တွင် မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ်ပေါင်း ၇၉ ဆု တိတိ ဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ဆီးဂိမ်းစ် အစ ပိုင်း ပြိုင်ပွဲများတွင် ပြေးခုန်ပစ် အားကစားသမားတို့ အစွမ်းပြနိုင်ကြသေးသည်။  ။

ခင်မောင်ထွေး(ပျဉ်းမနား)
ဧရာဝတီ

ဆီးဂိမ်းအကြို လှုံ့ဆော်မှုသီချင်း ၂ဝ၁၃ ခုနှစ် မတ်လတွင် ဖြန့်ချိမည်



Saturday, 1 December 2012

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းအကြိုလှုံ့ ဆော်မှု တေးသီချင်းများကို၂ဝ၁၃ခုနှစ်မတ်လတွင်စတင်ဖြန့်ချိသွားမည်
ဖြစ်သည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံ သည် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး နေပြည်တော်တွင် အဖွင့်ပွဲနှင့် ပိတ်ပွဲများသာ ကျင်းပသွားမည်ဖြစ်သည်။

ထိုဆီးဂိမ်းပြိုင်ပွဲအတွက် တေးသီချင်းများကို မြူးကြွသွက်လက်သော တေးသီချင်းများဖြင့် ရွေးချယ်တင်ဆက်၍အဆိုတော်များစွာပါဝင်သရုပ်ဆောင် ထားကြောင်း၊ ဆီးဂိမ်းလှုံ့ဆော်မှုများ အနေဖြင့် ဇာတ်လမ်းတို၊ ရုပ်ရှင်၊ ဂီတနှင့်သဘင်ဖျော်ဖြေပွဲများကိုလည်းဒီဇင်ဘာ၇ရက်မှ၉ရက်အထိ
ပြည်သူ့ရင်ပြင်၌ကျင်းပသွားမည်ဖြစ်ပြီးအနုပညာရှင်များစွာပါဝင်အား
ဖြည့်ထားကြောင်း ADMA Media မှ သိရသည်။

မြ၀တီ
6

ဂျပန် နိုင်ငံတွင် 3D နည်းပညာဖြင့် အသုံးပြု ပုံဖော်ထားသည့် သန္ဓေသား တွေ့မြင် နိုင်တော့မည်



Saturday, 1 December 2012

ဂျပန်နိုင်ငံမှ ကိုယ်ဝန်ဆောင် မိခင်များသည် ၎င်းတို့၏ ရင်သွေးငယ်အား MRI ရောင်ခြည်ဖြင့် စစ်ဆေး ပြီးနောက် ]]3D}} နည်းပညာကို အသုံးပြု
၍ ၉ စင်တီမီတာ (၃ ဒသမ ၆ လက်မ)အရွယ် ကော်စေ့ခန့် အဖြူရောင်
သန္ဓေသား ပုံစံငယ်ကို မြင်တွေ့နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ အမျိုးသမီးငယ် များသည် ယန်း ၁ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၁၂ဝဝ) တန်ဖိုးရှိ ]Shape of on Angle}} အမည်ရှိ လူပုံ အသေးစားကို မိုဘိုင်းလ်ဖုန်းတွင် အလှ တပ်ဆင် အသုံးပြု နေကြကြောင်း သိရသည်။

တိုကျိုမြို့၏ ဆေးခန်း တစ်ခု၌ ဒီဇင်ဘာလတွင် ယန်း ၅ဝဝဝဝ (ဒေါ်လာ ၆ဝဝ) ဖြင့် ၎င်းတို့ သန္ဓေသား၏ မျက်နှာပုံ သဏ္ဌာန်ကို 3Dပုံစံဖြင့် ဖော်ပြထား သည့် မော်ဒယ်လ် ပုံများကို ထုတ်လုပ် သွားမည် ဖြစ်ကြောင်းFASOTEC ကုမ္ပဏီက ပြောကြားခဲ့သည်။

FASOTEC ကုမ္ပဏီသည် ၎င်းတို့နှင့် အကျိုးတူ ပူးပေါင်းထားသည့် တိုကျိုမြို့ ရှိ ဆေးရုံ တစ်ရုံတွင် သန္ဓေသား များ၏ မျက်နှာသွင်ပြင် များကို Ultrasound ရိုက်ယူ၍ 3D နည်းပညာကို အသုံးပြုပြီး ဖော်ပြသွားမည် ဖြစ်သည်။

မိခင်လောင်းများ အနေဖြင့် ကိုယ်ဝန်ဆောင် ကာလ ရှစ်လ သို့မဟုတ် ကိုးလ ဝန်းကျင် သည်သာ စကင်ဖတ် စစ်ဆေးရန် အကောင်းဆုံးအချိန် ဖြစ်ကြောင်း ဂျပန်နိုင်ငံFASOTEC ကုမ္ပဏီမှ တိုမိုဟီရို ကီနိုရှီတာက ပြောကြားခဲ့ သည်။

မြ၀တီ
23

"မြန်မာ ရွှေ့ပြောင်းလုပ်သား တစ်သန်း ထိုင်းနိုင်ငံမှ ပြန်ပို့ခံကြရမည်"



Saturday, 1 December 2012

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သန်းခန့်သည် ဒီဇင်ဘာ ၁၄ ရက်မတိုင်မီတွင် နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ကို ပြီးပြတ်အောင် မလုပ်နိုင်လှ
ျင် နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကြောင်း မြန်မာအစိုးရ နှင့် ထိုင်းမီဒီယာတို့မှ သိရ၏။

မြန်မာနိုင်ငံက နောက်ဆုံးသတ်မှတ်ရက်ကို တိုးမြှင့်ပေးရန်
ပြောခဲ့သော်လည်း ထိုင်းဘက်မှ ထိုသို့ လုပ်ကိုင်ပေးရန် ငြင်းဆိုခဲ့၏။
ရွှေ့ပြောင်းအလုပ်သမားကိစ္စနှင့် ပတ်သက်သော ကျွမ်းကျင်သူ ပါရဂူ “အင်ဒီးဟာလ်” က ရွှေ့ပြောင်းမြန်မာအလုပ်သမား အများစုသည် အချိန်မီ စိစစ်မှုမလုပ်နိုင်ကြောင်း ပြောကြား ခဲ့၏။ မြန်မာနိုင်ငံမှ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၀န်ကြီး ဦးမြင့်သိန်းနှင့် ထိုင်း နိုင်ငံအလုပ်သမားနှင့် အလုပ်အကိုင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် “ပရမ်ဝစ်ခန်ပွန်” နှင့် တနင်္လာနေ့က ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ကာ
နောက်ဆုံးသတ်မှတ်ရက်ကို နောက်ထပ် ၆ လ သက်တမ်းတိုးပေးရန်
တောင်းဆိုခဲ့သော်လည်း ခွင့်မပြုဟု ဘန်ကောက်ပို့စ်သတင်းစာတွင်
ဖော်ပြခဲ့၏။

မြန်မာနိုင်ငံသမ္မတရုံးမှ နိုဝင်ဘာ ၂၃ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာ၌ မြန်မာရွှေ့ ပြောင်းလုပ်သားများကို ပြန်ပို့မည့်အစား တရားဝင် အသိအမှတ်ပြုလွှာ တစ်ခုခု ထုတ်ပေးရန် ပြောကြားခဲ့၏။

အကယ်၍ ဤကိစ္စမဖြစ်လျှင် နှစ်နိုင်ငံတို့၏ အကျိုးစီးပွားများ နစ်နာပြီး အလုပ်သမားများ၏ အခွင့် အရေးလည်း ဆုံးရှုံးနိုင်သည်ဟု ဆို၏။ ထိုင်းအစိုးရကမူ နောက်ဆုံးသတ်မှတ်ရက်ကို ဇွန်လ ၁၄ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ သက်တမ်းတိုးခဲ့ပြီးဖြစ်၍ ထပ်မံ ရက်မတိုးနိုင်တော့ဟု ဆို၏။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်ရှိရာ ထိုအထဲမှ တစ်သန်းဝန်းကျင်သည် မှတ်ပုံမတင်ရသေးဟု မြန်မာအစိုးရက ဆို၏။

မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် ထိုင်းငါးဖမ်းလုပ်ငန်း၊ အထည်အလိပ်စက်ရုံ၊ ဆောက် လုပ်ရေးလုပ်ငန်း သို့မဟုတ် အိမ်ဖော်လုပ်ငန်းများတွင် အခကြေးငွေ အနည်းအပါးနှင့် လုပ်ကိုင်နေကြရ၏။

အများစုသည် ထိုင်းရဲများကို ဆက်ကြေးပေးနေရ၏။ တရားမ၀င် အလုပ်သမားများသည် အလုပ်ရှင်များ၏ မတရားခေါင်းပုံဖြတ်မှု
ကိုလည်း ခေါင်းငုံ့ခံကြရသည်။

PN-099
Popular Myanmar News Journal
6