Pages

Wednesday, January 2, 2013

Super Custom ကားများ သွင်းကားဈေးနှင့် လက်ရှိကားဈေးနှုန်း သိန်းသုံးဆယ်ကျော်ကွာ


Wednesday, 02 January 2013

လူစီးများသော Super Custom ကားများသည် သင်္ဘောပေါ်မှ ချဈေးထက် ယခုလက်ရှိ ရန်ကုန်မြို့တွင် စီးနေသော အိမ်စီးကားများထက် သိန်း ၃၀ နည်းပါးမြင့်တက်နေကြောင်း သိရှိရသည်။

လက်ရှိကားဈေးကွက်သည် အစိုးရ၏ ပါမစ်ဈေး ကျလာသည်နှင့်အမျှ ကျဆင်းမှုများ ရှိနေသော်လည်း ကုမ္ပဏီမှ သွင်းလာပြီး ရောက်ရှိလာသော
ဈေးနှုန်းမှာ ယခင်က ရောက်ရှိနေသော ကားများဈေးနှုန်းနှင့် အနည်းငယ် ကွာခြားနေကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ရှင်းပြသည်။

“သင်္ဘောပေါ်က ချတဲ့ကားတွေက ဒီမှာရှိတဲ့ ကားတွေထက် သိန်းသုံးဆယ်လောက် အောက်ထစ်ကွာတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောပေါ်က ကားတွေက အသစ်တွေ ပြီးတော့ မော်ဒယ်လဲမြင့်တယ် နံပါတ်အမြင့်နဲ့လဲ ရမယ်။ အရင်တုန်းက ကားတွေက စက်မှုဇုန်ထုတ် ကားတွေဆိုပြီး စက်မှုဇုန် နံပါတ်နဲ့လည်း ဖြစ်တယ်။ ဒါကြောင့် ဈေးနှုန်း ကွာခြားတာပါ” ဟု ကားအကျိုးဆောင် တစ်ဦးဖြစ်သူ ကိုအောင်က ပြောကြားသည်။

ယခင် တင်သွင်းထားသော ကားများသည် အစိုးရမှ တရားဝင် ထားခွင့်ပြုထားသော ကားများ မဟုတ်ကြောင်း၊ မြ၀တီစသော နယ်စပ်များမှ တင်သွင်းထားပြီး ကားပစ္စည်းများကို တစ်စစီဖြုတ် သယ်ဆောင်လာသော ကားများဖြစ်ပြီး ရန်ကုန်သို့ ရောက်ရှိပါက စက်မှုဇုန်တွင် ပြန်လည်
တပ်ဆင်သော ကားများဖြစ်ကြောင်း သိရှိရသည်။

ယခု ကားကုမ္ပဏီများမှ တင်သွင်းသော ကားများသည် သက်ဆိုင်ရာ
နိုင်ငံများမှ သင်္ဘောနှင့် တရားဝင် တင်သွင်းခွင့်ပြုထားပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်း မော်ဒယ်များဖြစ်ကြောင်း ကားအကျိုးဆောင်များက
ပြောကြသည်။

“ကားတွေကတော့ အစိုးရပါမစ်ဈေးပေါ် မူတည်ပြီး အတည်ကျရှိနေမှာပါ။ ဒါပေမယ့် အရင်တုန်းက သွင်းတဲ့ကားတွေက မူရင်း အတိုင်းနဲ့ မတူတာတွေ ကားတစ်စီးမှာ (၈) ချက် (၁၀) ချက်လောက်ပါတယ်။ အခုက သင်္ဘောနဲ့ တရားဝင်လည်း လာတယ်။ ပြီးတော့ နောက်ဆုံးနံပါတ်လည်း ရမယ်။ မော်ဒယ်ကလည်းမြင့်တယ်။ ဒါကြောင့် ဈေးကွာသွားတာပါ”ဟု ကားဈေးကွက် ကျွမ်းကျင်သူ ကိုမောင်စိုးက ပြောကြားသည်။

ယခုစူပါကာစတန် ကားများသည် သိန်း ၁၅၀ နီးပါးရှိနေပြီး ယခင် စက်မှုဇုန် နံပါတ်ကားများသည် သိန်း၁၀၀ နှင့် သိန်း ၁၂၀ ၀န်းကျင်သာ ရှိနေကြောင်း သိရှိရသည်။

စူပါကာစတန်တွင် လူကြိုက်များသော ကားများမှာ Limlited,Living ကားအမျိုးစားများဖြစ်ကြောင်း ကားအမျိုးအစားမှာfour wheelsနှင့် two wheels ရှိရာ four wheels မှာ ဆီကုန်ကျမှု ပိုမိုမြင့်မားသောကြောင့် two wheels ထက် လူကြိုက်နည်းပြီး ဈေးနှုန်းမှာလည်း two wheels ထက် သိန်း ၃၀ ကျော်ကွာခြားမှုရှိကြောင်း သိရှိရသည်။

အဆိုပါ စူပါကာစတန် ကားများသည် မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းမှာ ဆယ်နှစ်နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ ယခင်က စူပါကာစတန် ကားဈေးနှုန်းမှာ သိန်းရှစ်ရာနီးပါးရှိကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ပြောကြသည်။

ရှုမဝ
The Myanma Age

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ဂျပန်ထောက်ပံ့ရန် စီစဉ်


Wednesday, 02 January 2013

ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံ
သို့ လာရောက်မည်ဖြစ်ကြောင်း Yahoo သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးအရ လုပ်ကိုင်ရန်စီစဉ်ထားသည့် ကဏ္ဍများအပေါ် ထောက်ပံ့ပေးသွားရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ပါ တွေ့ဆုံဆွေးနွေးမည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ဂျပန်မှဟတ်တာ ၂၄၀၀ အတွင်း အကောင်အထည်ဖော်မည့် သီလ၀ါ
အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်တည်ထောင်မည်ဖြစ်ပြီး ပထမ
အဆင့်အနေဖြင့် ဟတ်တာ ၄၅၀ ကို စတင်အကောင်အထည်ဖော်ရန်
အတွက် သဘောတူလက်မှတ်ရေးထိုးပြီး ဖြစ်ပါသည်။ 

သီလ၀ါအထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ထောက်ပံ့ရန်စီစဉ်ထားကြောင်းအဆိုပါသတင်းတွင် ဖော်ပြ
ထားပါသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ရန် ကိုရီးယား၊ ထိုင်းအပါအ၀င်
နိုင်ငံတကာမှ ရင်းနှီးတည်ဆောက်သူ Developer များ လာရောက်လေ့လာ
ဆွေးနွေးလျက်ရှိသော်လည်း ပထမအဆင့် ဟက်တာ ၄၅၀ ကိုမူ ဂျပန်နှင့်
မြန်မာကုမ္ပဏီများ ပူးပေါင်းအကောင်အထည်ဖော်မည် ဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့် စတင်အကောင်အထည်
ဖော်ရာတွင် အလုပ်အကိုင်အခွင့်အလမ်း ၃၃၀၀၀ မှ ၄၅၀၀၀ အထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကို ၂၀၁၃ ခုနှစ် ပထမလေးလပတ်
အတွင်း စတင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၅၀ MVA အထိ လိုအပ်ချက်
ရှိမည်ဖြစ်ကြောင်း သိရသည်။

“အထူးစီးပွားရေးဇုန်တစ်ခုလုံးအတွက်ဆို လုပ်သားအင်အား ၂၃၀၀၀၀ အထိ ရနိုင်မှာပါ။ ပထမဆင့် အကောင်အထည်ဖော်မယ့် လုပ်ငန်းအတွက်ကတော့ လုပ်သားအင်အား ၄၅၀၀၀ အထိ အလုပ်အကိုင် ရရှိလာမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးခု အကောင်အထည်ဖော်မည်ဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ
အထူးစီးပွားရေးဇုန်တို့ ဖြစ်သည်။

Eleven Media Group
1

နိုင်ငံတကာ ပျံသန်းနေသည့်MAI လေကြောင်းလိုင်းမှ ပြည်တွင်း ခရီးစဉ်များတွင် ပျံသန်းရန်စီစဉ်


Wednesday, 02 January 2013

နိုင်ငံတကာ ခရီးစဉ်များသာ ပျံသန်းနေသည့် Myanmar Airways International(MAI) လေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များတွင် ပထမဆုံးအကြိမ် စတင်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း ယင်းလေကြောင်း
လိုင်းမှ Marketing Manager မအေးမရသာ၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းခရီးစဉ်တွေ ပျံသန်းခွင့်ရဖို့အတွက် သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံထားပါတယ်။ ခွင့်ပြုမိန့်တော့ မကျသေးပါဘူး။ ခွင့်ပြုမိန့်ရပြီးတာနဲ့ ပြည်တွင်းခရီးစဉ်တွေကို ပြေးဆွဲသွားမှာပါ” ဟု မအေးမရသာက ပြောကြားခဲ့သည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ခရီးသည် ၁၀၀ ကျော်ဆံ့ AirBus လေယာဉ်များဖြင့် နိုင်ငံတကာခရီးစဉ်များကို ပျံသန်းလျက်ရှိပြီး အဆိုပါ AirBus လေယာဉ်များသာ ဆင်းသက်နိုင်သည့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်များကို စတင်ပျံသန်း ပြေးဆွဲသွားမည်ဟု သိရသည်။

“လက်ရှိမှာ AirBus လေယာဉ်တွေပဲ ရှိတဲ့အတွက် ဒီလေယာဉ်တွေ ဆင်းနိုင်တဲ့ မြို့တွေကိုပဲ စတင်ပြေးဆွဲသွားမှာပါ။ နောက်ပိုင်းမှာ ပြည်တွင်းက တခြားမြို့တွေကို ခရီးစဉ်တွေ ပြေးဆွဲနိုင်ဖို့ ATR အမျိုးအစား လေယာဉ်တွေ ထပ်မံဝယ်ယူသွားဖို့ ရှိပါတယ်” ဟု မအေးမရသာက ပြောကြားခဲ့သည်။

MAI လေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်များ ပျံသန်းလျက်
ရှိသည့် လေကြောင်းလိုင်း ဖြစ်သည့်အတွက် safety ပိုင်းကိုနိုင်ငံတကာ
သတ်မှတ်စံနှုန်းများအတိုင်း လိုက်နာလုပ်ဆောင်လျက်ရှိသည်။ ယခု ပြည်တွင်းခရီးစဉ်များ ပျံသန်းရန် စီစဉ်ရာတွင်လည်း ယင်းသို့
နိုင်ငံတကာ စံသတ်မှတ်ချက်များအတိုင်း လိုက်နာ၍ ခရီးစဉ်များကို
ပြေးဆွဲသွားမည်ဟု သိရသည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်မှ တိုက်ရိုက် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဆီယမ်ရိ၊ ဂယာ၊ ကွမ်ကျိုး၊ ဘန်ကောက်-စင်ကာပူ-ဘန်ကောက်၊ မန္တလေး-ဂါယာ-မန္တလေး ခရီးစဉ်များကို ပျံသန်းလျက်
ရှိသည့်အပြင် မန္တလေးမှ ဘန်ကောက်၊ စင်ကာပူ၊ ကူမင်းမြို့များသို့
ပြေးဆွဲရန် စီစဉ်လျက်ရှိပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းတွင် ရန်ကုန်မှ ဟောင်ကောင်သို့ တိုက်ရိုက်ခရီးစဉ် ပျံသန်းသွားမည်ဖြစ်သည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် AirBus အမျိုးအစား လေယာဉ်
ရှစ်စင်းဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Eleven Media Group

ဖိုက်ဘာအင်တာနက်လိုင်းများ ကနဦးတပ်ဆင်ခ ဈေးနှုန်းလျှော့ချ


Wednesday, 02 January 2013

ဖိုက်ဘာ အင်တာနက်လိုင်း (FTTx) ၏ ကနဦးတပ်ဆင်ခအား ကျပ်ခုနစ်သိန်းခွဲမှ ကျပ်ငါးသိန်းသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်လျှော့ချခဲ့ကြောင်း Fortune Int''l Ltd မှ သိရသည်။

ထိုသို့ဈေးနှုန်းလျှော့ချရာတွင် ကနဦးတပ်ဆင်ခများသာ လျှော့ချပေးခြင်း
ဖြစ်ကြောင်းနှင့် နှစ်စဉ်ကြေးနှင့် လစဉ်ကြေးမှာ ယခင်သတ်မှတ်ထားသည့်
နှုန်းထားအတိုင်းသာဖြစ်ပြီး မိမိဝယ်ယူထားသည့် service plan (512 Kbps, 1Mbps, 2Mbps) အပေါ်မူတည်၍ လစဉ်ကြေးကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် service plan 4Mbps သုံးစွဲလိုပါက သီးခြား
လျှောက်လွှာတင်ရန် လိုအပ်ကြောင်း သိရသည်။

ဖိုက်ဘာအင်တာနက်စနစ်အား Fortune Int''l Ltd ကုမ္ပဏီနှင့် 
Elite Tech ကုမ္ပဏီနှစ်ခုမှ Network Provider အဖြစ် ရန်ကုန်မြို့အား ဇုန်နှစ်ခုသတ်မှတ်ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး Fortune Int''l Ltd ကုမ္ပဏီမှ လက်ရှိတွင် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကင်းမြို့နယ် (အချို့)၊ တာမွေမြို့နယ် (အချို့)၊ မရမ်းကုန်းမြို့နယ် (အချို့) တို့တွင် ဖိုက်ဘာအင်တာနက်စနစ်အား ၀န်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖိုက်ဘာအင်တာနက်စနစ်အား လက်ရှိတွင် အင်တာနက်လိုင်းနှင့် VOIP တယ်လီဖုန်းလိုင်းတို့အား ၀န်ဆောင်မှုပေးလျက်ရှိပြီး Triple Play Service (အင်တာနက်၊ VOIP ဖုန်းလိုင်း၊ ရုပ်သံလိုင်း) အား နောက်ပိုင်းတွင် ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Sea Gameအမှီ အဝယ်လိုက်နေတဲ့ မန်းအိမ်ခြံမြေဈေးကွက်


Wednesday, 02 January 2013

နှစ်သစ်ကူးကာလအတွင်း မန္တလေးမြို့ထဲဘက်တွင် အိမ်ခြံမြေအရောင်း အ၀ယ် သွက်လာပြီး ထောင်ကြီးပိုင်းအထိ ဈေးရှိလာကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင် အသိုင်းအ၀ိုင်းမှသိရှိရသည်။

မြို့ထဲလူစည်ကားသည့် ၇၁ကနေ ၈၁ အကြားအိမ်ခြံမြေများ အရောင်း အ၀ယ် သွက်နေပြီး သိန်းထောင်ဂဏန်းနဲ့ အရောင်းအ၀ယ် ဖြစ်ကြကြောင်း၊ အဓိက ၀ယ်လက်များသည် (Sea Game)အမှီ ကုမ္ပဏီများ ဖွင့်ဖို့အတွက်
ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ အ၀ယ်တွေ ဆင်းလာကြသလို ၀ယ်ရောင်းတွေ လည်း အဝယ်များလာကြောင်း ၀ါရင့်အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။

“ဝယ်ရောင်း အများစုကလာမယ့် အရှေတောင်အာရှ(Sea Game) ပြိုင်ပွဲ ကာလမှာ အိမ်ခြံမြေ အ၀ယ်လိုက်လာမယ်လို့ ခန့်မှန်းပြီး ၀ယ်ကြတာ။
နေရာကောင်းတွေကို အဓိကထား ဝယ်နေကြတယ်။ ပိုင်ဆိုင်မှု ခိုင်မာ လာ
လေလေ ရရှိထားတဲ့နေရာတွေ တဖြည်းဖြည်း ဈေးပိုကောင်း လာလေလေ ပဲ”ဟု အိမ်ခြံမြေပွဲစား ကိုပိုင်လင်းအောင်က ပြောကြားသည်။

(၂၀၁၂)တွင် မန္တလေးမြို့ရှိ အိမ်ခြံမြေအရောင်းအ၀ယ်များ သိသိသာသာ
အေးခဲ့သော်လည်း ၂၀၁၃ နှစ်စပိုင်းလောက်တွင် အိမ်ခြံမြေ အရောင်းအ၀ယ် များ တစ်ဖြေးဖြေးသွက်လာသည်နှင့်အညီ နှစ်သစ်ကူးပြီးလျှင်လည်း ယခု ထက် ပိုမိုသွက်လာနိုင်ကြောင်း (SeaGame) ပြိုင်ပွဲပြီးလျှင်လည်း ဈေးနှုန်း အပြောင်းအလဲ ရှိလာနိုင်င်ကြောင်း ဝါရင့်ပွဲစားများက ခန့်မှန်းကြကြောင်း သိရသည်။

မြို့သစ်မှ ဧကကွက်များတွင် ရောင်းအ၀ယ်နည်းနေသော်လည်း လိုက်လံ စုံစမ်းသူများ ရှိနေပြီး အရောင်းအ၀ယ် နည်းပါးနေသည်ဟု သိရသည်။

မောင်ထိန်လင်း
The Myanma Age
4

အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ



အသက် ၁၀၀ နေဖို့ဆိုတာထက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာ မာ နေနိုင်ဖို့အတွက် ပုံမှန် စားသုံးနေရမယ့် အစားအစာများ ဖြစ်ပြီး အောက် ပါ အတိုင်း ဖော်ပြလိုက်ရပါတယ်။

Don't skimp on vegetables

အသီးအရွက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ တစ်ရက်ကို အသီးနဲ့ အရွက် ငါးမျိုးလောက် စားသင့်တယ်လို့ တိုက်တွန်းပါတယ်။ ငါးမျိုးဆိုတာထက် အစိမ်းရောင် ဟင်းသီး၊ဟင်းရွက်ကို များများစားဖို့ ဆိုလိုရင်း ဖြစ်ပြီး အသည်း၊ နှလုံး၊ ကင်ဆာနဲ့ ဆက်စပ်ရောဂါများ မဖြစ်အောင် အဓိက ကာကွယ် တားဆီးပေးတဲ့ အစားအစာ ဖြစ်ပါတယ်။

Eat yogurt

အဆီထုတ်ပြီး ဒိန်ချဉ် ကို နေ့စဉ် သောက်သုံးခြင်းဖြင့် ကိုယ်ခံအား ကောင်း စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြား ရောဂါ ဘယများ မဝင်ရောက်နိုင်သလို အဆီချရန် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

Have fish for dinner

တစ်ပတ်ကို ငါးဟင်းလျာ ၂ ကြိမ်မှ ၃ ကြိမ်လောက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ ငါးဆီများတဲ့ ဆောလမွန်ငါးတို့လိုက အိုမီဂါ-၃ fatty အက်ဆစ် ပါတဲ့အတွက် ကျန်းမာရေးအတွက် ပိုမို ထိရောက်ပြီး ရောင် ရမ်းခြင်းကို ဖြစ်စေတဲ့ ရောဂါအားလုံးကို လျော့ချပေးပါတယ်။

Go nuts

အခွံမာသီးများ ပုံမှန်စားသုံးရမှာ ဖြစ်ပါတယ်။ အခွံမာသီးဆိုလို့ သစ်ကြားသီး၊ ဆိမ့်သော အစိမ်းရောင် အသီးကို ပုံမှန် စားသုံးခြင်းဖြင့် နှလုံးနဲ့ ဆက်စပ် ရောဂါများကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

Focus on fiber

ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာကို တစ်ရက် ၂၅ ဂရမ်လောက် စားရမယ်လို့ ဆိုပါတယ်။ ယင်းဓာတ်က နေ့စဉ်စားသုံးနေတဲ့ အသီး၊ အရွက်၊ ဆန်၊ ဂျုံ တို့မှာလည်း ပါဝင်နေတဲ့အတွက် တကူးတက ရှာစားနေရန် မလိုအပ်ပါဘူး။
high-fiber အစားအစာများကို မည်သည့်ရောဂါ အမျိုး မျိုးကြောင့် မဆို သေဆုံး ရမည့် အန္တရာယ်ကို လျော့ချပေး တယ်လို့ဆိုပါတယ်။
----------
----------
----------
တန်ဆေးလွန်ဘေးဆိုသလို အမေရိကန် USDA မှ ပရော်ဖက်ဆာ တစ်ဦးက 'Eat food, not too much,' လို့ ဆိုထားပါတယ်။ အစားအသောက်ကို ပုံမှန်စားသောက်ခြင်းကသာ အသက်ရှည်စေတယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် အသက်ရှည်ရန်၊ ကျန်းမာစေရန် နေ့စဉ် ပုံမှန်လေး စားသုံး ရမယ့် အစားအစာများကို ယခုလို ဖော်ပြပေးလိုက် ရပါတယ်။
--
Ref: foxheaths
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_1.html

ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး



ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။

ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးကေတာ့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ (647 kJ) ပေးစွမ်းနိုင်ပါတယ်။

ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံးစားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီးတာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။
--
Ref: health-care
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_9054.html