Pages

Friday, February 15, 2013

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ဖွံ့ ဖြိုးရေးစီမံကိန်းတွင် ဗြိတိန်အခြေစိုက် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီ နည်းပညာပိုင်း အကြံပေးအဖြစ် တာဝန်ယူ


Friday, February 15, 2013

မြန်မာနှင့်ထိုင်းတို့ ပူးပေါင်းဆောင်ရွက်နေသော ထားဝယ်
ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များ ဖွံ့ ဖြိုးရေးစီမံကိန်းတွင် ဗြိတိန်အခြေစိုက် မော့တ်မက်ဒေါ်နယ်ကုမ္ပဏီသည် နည်းပညာ ပိုင်းအကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည် ။

အဆိုပါထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းကို ထားဝယ်ဖွံ့ ဖြိုးရေး ကုမ္ပဏီကတည်ဆောက်မည်ဖြစ်ပြီး၊ ယင်းတွင် ပင်လယ်
ရေနက် ဆိပ်ကမ်းတစ်ခု၊ စက် မှုဇုန်မြေနေရာများ၊ သယ်ယူ ပို့ ဆောင်ရေးအတွက်လမ်းကြောင်းများလည်း ပါဝင်မည်
့ဖြစ်သည်။

မောင်းမကန်ပင်လယ်အော်တွင်တည်ရှိပြီး ထားဝယ်မြို့
မြောက်ဘက် ၂၈ ကီလိုမီတာတွင်ရှိသော အဆိုပါစီမံကိန်း
ကို ဆယ်နှစ်အတွင်း အဆင့်သုံးဆင့်ဖြင့် တည်ဆောက်
သွားမည်ဖြစ် ၏သည်။

ရေနက်ဆိပ်ကမ်းတွင် ဆိုက်ကပ်မည့်သင်္ဘောများမှ ကုန်
တန်ချိန်သန်း ၂၅၀ ခန့် ကို ပို့ ဆောင်ပေးနိုင်မည်ဖြစ်ပြီး
စက်မှုဇုန်များ၏ အကျယ် အဝန်း မှာ ၂၅၀ စတုရန်းကီလို
မီတာ အကျယ်ရှိမည်ဖြစ်သည်။

စက်မှုဇုန်တွင် အသေးစားနှင့် အကြီးစားစက်မှုလုပ်ငန်းများ၊
ရေနံနှင့် ဓါတ်ငွေ့ စက်ရုံများ၊ဓါတုဗေဒစက်ရုံများ ပါဝင်မည်
ဖြစ်သည်။

မော့တ်မက် ဒေါ် နယ်သည် ထားဝယ်ဖွံ့ ဖြိုးရေး မဟာ
စီမံကိန်း မူကြမ်းကိုလေ့လာခဲ့ပြီးနောက် စက်မှုဇုန်များ
အတွက် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး၊ ရေသွယ်ယူစွန့်ထုတ်မှု စနစ်ကောင်းမွန်ရေးတို့အတွက် အကြံပေးခဲ့ပြီး စီမံကိန်း၏
လမ်းများဒီဇိုင်း၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် စက်ရုံများ
အတွက် လည်းကောင်း၊စက်မှုဇုန်ဖေါ်ဆောင်ရာတွင် လိုအပ်
သော သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စများ ကိုင်တွယ်
ဖြေရှင်းနိုင်ရေးတို့ကို လည်း ကောင်း လိုအပ်သည့် အကြံ ဥာဏ်များ ပေးခဲ့သည်။

မော့တ်မက်ဒေါ်နယ်၏ စီမံကိန်းမန်နေဂျာ ခရီယက်တီ
ဆတ် ဆရီရာယမ်က “ထားဝယ်ဖွံ့ ဖြိုးရေးစီမံကိန်းဟာ
ဒေသအတွက် အဓိကကုန်သွယ် ရေးနဲ့  သယ်ယူပို့
ဆောင်ရေးဆိုင်ရာ ဗဟိုချက် တစ်ခု ဖြစ်လာပါလိမ့်မယ်။
မြန်မာနဲ့ ဒေသတွင်းအတွက် စီးပွားရေး အလားအလာ
ကောင်း ဖြစ်ပါ တယ်။ထားဝယ်ရေနက်ဆိပ်ကမ်းသစ်ဟာ မာလက္ကာရေလက်ကြားပေါ် မှီခိုရမှုကို လျှော့ချပြီး အိန္ဒိယ၊
တရုတ်၊ အရှေ့ အလယ်ပိုင်းနဲ့ ဥရောပ၊ အာဖရိကတို့ကို
ဆက်သွယ်ပြီး အပြန်အလှန် ကုန်စည်ပို့ဆောင်မှု အချိန်နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်မှာပါ” ဟုပြောကြားသည်။

www.sandandgravel.com

The Myanma Age
17

အထည်ချုပ်လုပ်ငန်းအချို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲ လုပ်ကိုင်လာ


Friday, February 15, 2013

တိုင်းရင်းသားအမည်ခံ အထည်ချုပ် လုပ်ငန်းအချို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
အဖြစ် လမ်းကြောင်းပြောင်း လုပ်ကိုင်လာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အမည်ခံ အထည်ချုပ်လုပ်ငန်းအချို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြီးခဲ့တဲ့ တလကျော် လောက်က လမ်းကြောင်းပြောင်း လုပ်ကိုင်လာကြတယ်။ အထည်ချုပ်လုပ်ငန်း ၁၀ ခု ၁၅ ခုလောက် ရှိခဲ့ပါတယ်။ ဒီလုပ်ငန်းတွေဟာ ၁၀ စုနှစ်ကျော်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ကြိုဆိုရမယ့်ကိစ္စပါ” ဟု ၎င်းအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်း က ပြောသည်။

ယင်းအပြင် ပြည်ပနိုင်ငံများက မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကြီးများ လုပ်ရန် ဆွေးနွေးမှုများ ရှိနေသဖြင့် ယခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်း ရာချီ၍ ဝင်ရောက်လာဖွယ် ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

“တင်ပို့တဲ့ ပစ္စည်းအမျိုးအစားပေါ် မှုတည်ပြီး ၁၅ ရာခိုင်နှုန်းခန့်အထိ အခွန်သက်သာခွင့်ပြုမည့် EU ၏ GSP အခွန်သက်သာခွင့်က မကြာမီ ရရှိတော့မှာမို့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း ကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ဖို့ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေက စီးပွားရေး လုပ်ငန်းရှင်တွေ လာရောက် ဆွေးနွေးမှုတွေ ရှိနေပါတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင် ဦးလှဝင်း က ပြောဆိုသည်။

လာရောက်ဆွေးနွေးကြသည့် အထည်ချုပ်လုပ်ငန်းရှင် အများစုမှာ မြေဧက ကျယ်များ တောင်းဆိုမှု ရှိသည်။ အထည်ချုပ်လုပ်ငန်း အကြီးစား ရင်းနှီးမြှုပ်နှံမှုများအတွက် စက်မှုဇုန် မြေကွက်များတွင် တဆက်စပ်တည်း မြေကွက်ကျယ်များ ရရန် လွယ်ကူမှု မရှိနိုင်ဟု ဆိုသည်။

“အထည်ချုပ် လုပ်ငန်းတွေအတွက် မိန်းလမ်းပေါ်က မြေကွက်တွေကို လယ်သမားတွေဆီက တရားဝင် စက်မှုမြေအဖြစ် ခွင့်ပြုပေးမယ်
ဆိုရင် မြေပိုင်ရှင်တွေကလည်း သဘောတူ၊ လုပ်ငန်းရှင်တွေကလည်း ဝယ်ပြီး နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်နိုင်အောင် MIC ကလည်း ခွင့်ပြုပေးမယ်ဆိုရင် စက်ရုံတွေ အများကြီး တိုးလာနိုင်ပါတယ်” ဟု ဒေါက်တာအောင်ဝင်း က ဆက်ပြောသည်။

အထူးသဖြင့် အထည်ချုပ် လုပ်ငန်းကဲ့သို့ လုပ်သားအင်အားသုံး စက်ရုံကြီးများ ဖြစ်ပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှု တိုးတက်လာနိုင်သည်ဟု ဆိုသည်။

“တဖက်က ဖက်စပ်လုပ်ကိုင်နိုင်အောင် ခွင့်ပြုပေးမယ်ဆိုရင် လုပ်ငန်းရှင်တွေဘက်ကလည်း စက်ရုံကို အပြီးတည်ဆောက်ဖို့၊ ဒါမှမဟုတ်ဘဲ စည်းကမ်း ဖောက်ဖျက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ မူတခုကို ထုတ်ပေးလိုက်ရင် ပြည်တွင်းလုပ်ငန်းရှင်၊
ပြည်ပ လုပ်ငန်းရှင်နဲ့ အစိုးရ သုံးဦးသုံးဖလှယ် အကျိုးရှိနိုင်ပါတယ်” ဟု အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

ခင်မျိုးသွယ်
Mizzima - News in Burmese
6

ရွာပြင်ရှိ ကွမ်းခြံစောင့် ယာတဲ ၂ လုံးတွင် ညအိပ်စောင့်နေသူ ၄ ဦးအား ဘင်္ဂါလီ ၁၀ ဦးခန့်မှ တုတ်၊ ဓါးများ ကိုင်ဆောင်ကာ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား


Friday, February 15, 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦးမြို့နယ်၊ ဘူးတစ်လုံးကျေးရွာ အုပ်စု၊ ဒုံဘွေကျေးရွာနေ ဦးသာထွန်း (၆၈နှစ်) နှင့် ဇနီး ဒေါ်ဖြူမချေ (၅၈နှစ်)၊ ဦးမောင်ရွှေသန်း (၂၂နှစ်) နှင့် ဇနီး
ဒေါ်ဝင်းဝင်းဖြူ (၂၂နှစ်) တို့သည် ရွာအရှေ့မြောက်ဘက် ကွမ်းခြံရှိ ယာတဲ
၂ လုံး၌ ညအိပ်စောင့်နေစဉ် ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် အမည်မသိ ဘင်္ဂါလီ ၁၀ ဦးခန့်မှ တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဦးသာထွန်းနှင့်
ဒေါ်ဖြူမချေ တို့၏ တဲသို့ ရောက်ရှိလာပြီး ဦးသာထွန်းနှင့် ဒေါ်ဖြူမချေတို့ကို လက်ပြန်ကြိုးတုပ်၍ တိုင်တွင် ချည်နှောင် ထားခဲ့ပါသည်။

အဆိုပါ အမည်မသိ ဘင်္ဂါလီ ၁၀ ဦးသည် ထပ်မံ၍ ဦးမောင်ရွှေသန်းနှင့်
ဒေါ်ဝင်းဝင်းဖြူတို့၏ တဲသို့ သွားရောက်စဉ် ဦးမောင်ရွှေသန်းနှင့် ဘင်္ဂါလီအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားပြီး ဒေါ်ဝင်းဝင်းဖြူ မှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။

ထို့နောက်တွင် ဒေါ်ဝင်းဝင်းဖြူမှ ဒုံဘွေကျေးရွာရှိ ရွာသားများအား
ခေါ်ဆောင်ကာ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် ယာတဲသို့ သွားရောက်ကြရာ ဘင်္ဂါလီများ ထွက်ပြေးသွားပြီး ဦးသာထွန်း၊ ဒေါ်ဖြူမချေ၊ ဦးမောင်ရွှေသန်းတို့ ၃ ဦးကို လက်ပြန်ကြိုးတုပ်၍ ပါးစပ်များကို အဝတ်ဖြင့် ပိတ်နှောင်ထားသည်ကို တွေ့ရှိရ ကြောင်း သတင်းရရှိပါသည်။

ထိုဖြစ်စဉ်တွင် ဦးသာထွန်း၏ ဘယ်ဘက်လက်တွင် ကြိုးဖြင့်ချည်နှောင် ထားသဖြင့် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဦးရွှေမောင်သန်း၏ နှာခေါင်းတွင် ထိုးကြိတ်ဒဏ်ရာ ၁ ချက်စီရရှိကာ ယာတဲ ၂ လုံးအတွင်းမှ ဓာတ်မီး ၆ လက်၊ လက်ပတ်နာရီ ၁ လုံး၊ ဓားရှည် ၂ ချောင်း၊ ပိုက်ကွန် ၁ ခု၊ ငွေကျပ် ၅ ထောင်ကို ဘင်္ဂါလီများ ဘင်္ဂါလီများမှ ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် အမှတ်(၂၆၃) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူး နေလင်းထွဋ် ဦးစီး ၇ ဦးနှင့် မြောင်းဘွေရဲစခန်းမှ ဒုရဲအုပ် စိုးရွှေ ဦးစီး ၆ ဦးတို့ ပူးပေါင်း၍ သတင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန်တွင် ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်စဉ်တွင် ပါဝင်သော
အောက်ပါ ဘင်္ဂါလီ ၄ ဦးကို ဆီသည်ရွာအနီးတွင် ဖမ်းဆီးရမိခဲ့ ပါသည် -

(၁) မောဇိရာမောက်၊ ၂၀ နှစ် (ဘ)ဦးအာတီရာမက်၊ ရှမ်းတောင်ရွာ၊ မြောက်ဦးမြို့နယ်။

(၂) အဒူဂျာဇိ၊ ၃၇ နှစ် (ဘ) ဦးမားဒူ၊ လက်မရွာ၊ မင်းပြားမြို့။

(၃) ဒူမာမောက် ၊ ၃၀ နှစ် (ဘ)ဦးဇူလတန်၊ လက်မရွာ၊ မင်းပြားမြို့။

(၄) ဒူဒူလာဖိ၊ ၂၅ နှစ် (ဘ) ဦအာဇန်မာ၊ လက်မရွာ၊ မင်းပြားမြို့ တို့ ဖြစ်ကြပါသည်။

ပါဝင်သူများကို စစ်ဆေးချက် အရ ငါးရှာထွက်လာရာမှ အစာရေစာ
ပြတ်လပ်၍ ကွမ်းခြံထဲသို့ အစား အစာများ ဝင်ရောက်ရောက် ရှာဖွေစဉ် တဲရှင်များရှိနေ၍ အန္တရာယ်မပြုနိုင်ရေး ကြိုးဖြင် ချည်နှောင်ကာ ရိုက်နှက်ခြင်း ဖြစ်ကြောင်း ဝန်ခံ ထွက်ခိုခဲ့ကြပါသည်။

ဖမ်းဆီးရမိသူများကို အရေးယူနိုင်ရေး အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း
နှင့် ကျန်ရှိသူများအား ဆက်လက် ဖမ်းဆီးနိုင်ရေး နယ်မြေခံ တပ်မတော်နှင့် နယ်မြေခံ ရဲတပ်ရင်းတို့မှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြ၀တီ
25

လမ်းဘေးဈေးသည်အချို့နှင့် စည်ပင်ဝန်ထမ်းများ ပဋိပက္ခဖြစ်ပွား


Friday, February 15, 2013

ယနေ့ နေ့လည် ၂ နာရီ ၃၀ မီနစ် ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့တော်
ခန်းမရှေ့၌ လမ်းဘေးဈေးသည်အချို့နှင့် ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီမှ ဝန်ထမ်းအချို့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း
သိရသည်။

စည်ပင်သာယာမှ ဝန်ထမ်းများနှင့် စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်း
များအပြင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တို့ ပူးပေါင်း၍ သတ်မှတ်
ချက်နှင့် မကိုက်ညီသော လမ်းဘေးဈေးသည်များအား လိုက်လံအ
ရေးယူ ရာတွင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့က ညနေ ၃ နာရီကနေ ည ၈ နာရီထိပဲရောင်းရတာ သိတယ်
ဒီလို ရောင်းရတဲ့အခါ ဈေးဦးတောင် မပေါက်ကြဘူး။ ဒါပေမယ့် အခု
လည်း ၃ နာရီ မထိုးသေးတဲ့ အတွက် ဈေးလည်း မရောင်းဘူး။ နေရာ
လေးဦးထားတဲ့ ဟာကို လူ ၂၀ လောက်က ကျွန်မ ဈေးဘန်းကို သိမ်းသွား
တယ်။ သိမ်းတာတောင် ရိုးရိုးတန်းသိမ်းတာ မဟုတ်ဘူး။ ရေခွက်ကို ခွဲသွား
တယ်။ ကားပေါ် ပစ္စည်းတွေ ပစ်တင်သွားတယ်။ ကျွန်မရဲ့ အရင်းအနှီးတော့
ကုန်ပါပြီ" ဟု ပစ္စည်းများ အသိမ်းခံရသူ လမ်းဘေးဈေးသည် တစ်ဦးက ပြော
သည်။

သတ်မှတ်ချက်နှင့် မညီသော ဈေးသည်များ၏ ပစ္စည်းများကို သိမ်းဆည်း
ပြီး သက်ဆိုင်ရာ တရားရုံးသို့ အပ်နှံရကြောင်း နှင့် တရားရုံးမှ ဒဏ်ငွေ
ရိုက်ကာ ပစ္စည်းများကို ပြန်လည်ထုတ်ပေးကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ဈေးများဌာနမှ အမည်မဖော်လိုသူ အရာရှိ
တစ်ဦးက ဆိုသည်။

ယနေ့ ဖြစ်ပွားမှုတွင် ပစ္စည်းသိမ်းရာ၌ စည်ပင်ဝန်ထမ်းများက ဆဲဆို
ကြိမ်းမောင်းကာ အတင်းလုယူ သိမ်းဆည်းသွားကြောင်းနှင့် အချို့
ပစ္စည်းအချို့ကိုလည်း ချိုးဖဲ့ ဖျတ်ဆီးသွားကြောင်း လမ်းဘေးဈေးသည်
ဒေါ် ညွှန့်ညွှန့်လွင်ကပြောသည်။

"သူတို့ ဒီလို လာလုပ်တာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ ပထမနေ့က အဲလိုတော့
မဟုတ်ဘူး။ ၃ နာရီမထိုးခင် ရောင်းတဲ့ ဈေးသည်တွေ ဆီက ပစ္စည်းတွေ
ကို သိမ်းသွားတာပဲ။ ဘာမှ တော့ ပြသနာ အကြီးအကျယ်မဖြစ်ဘူး။ ဒီနေ့
တော့ တော်တော်ဆိုးတယ်"ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ လမ်းဘေးဈေးသည် တစ်ဦးဖြစ်သူ ဦးရွှေ
ပိတောက်ဟု ဆိုသူကလည်း" ဖန်ခွက်ခွဲတာဟာ အရမ်းကိုမိုက်ရမ်းတာ
ဥပဒေမှာ ဖန်ခွက်ခွဲရမယ် ဆိုတာ မပါဘူး။ လမ်းဘေးဈေးသည်တွေရဲ့
နောက်မှာ သားသမီးတွေ သက်ကြီးရွယ်အိုတွေရှိတယ်။ မိသားစု ၅ ယောက်
လောက်က မှီခိုနေကြရတာ၊ ဘယ်လိုခံစားရလဲဆိုတာ မစာနာဘူး"ဟုဆိုသည်။

"ဥပဒေ ဆိုတာ တစ်ပြေးညီ ဖြစ်သင့်တယ်။ အားလုံး တစ်ပြေးညီ လုပ်သင့်
တယ်။ နောက်ပြီး ကျွန်တော်တို့အတွက် ဈေးရောင်းခွင့်ကို ၈ နာရီ အစား ၁၀
နာရီ လိုအပ်တယ်။ ဒါမှ ထမင်းစားရမှာလေ။ ကျနော်တို့အနေနဲ့ သတ်မှတ်
ချက်ဥပဒေတွေနဲ့ စည်းကမ်းတစ်ကျ ရောင်းမယ်။ အဲလိုမှ မှားခဲ့ရင် ဥပဒေ
အတိုင်း အရေးယူ" ဘားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ထီးရောင်း
နေသူ ဦးသန်းထွန်းက ပြောသည်။

ယနေ့ ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ဆက်လျဉ်းပြီး စည်ပင်သာယာရေးကော်
မတီ၊ဈေးများဌာနမှ ဦးအောင်ဇော်မိုးက "စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကို စည်း
ကမ်းထိမ်းသိမ်းတာ" ဟုသာ ဖြေကြားခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှုတွင် ပစ္စည်းများ
ပျတ်ဆီးမှုနှင့် ပက်သက်၍ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

စူးရှ
ဓါတ်ပုံ - စူးရှ
The Myanma Age

ခေါင်းမပါလည်း ကြက်တို့က အသက်ရှင်နိုင်


Friday, February 15, 2013

Miracle Mike လို့အမည်ပေးထားတဲ့ ကြက်က သက်သေပြသွား ပါတယ်။ ခေါင်းမပါပဲနဲ့ တစ်နှစ်ခွဲတိတိ အသက်ရှင်လျက် ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်သွားပါတယ်။

ထူးခြားအံ့သြစွာပါပဲ။ ဘယ်သူမှ မယုံဘူးလို့ဆိုတဲ့ အတွက် ဆေး တက္ကသိုလ်တွေထိတောင် သယ်ဆောင်ပြီး သက်သေကပြခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလက Colorado ပြည်နယ်Fruita မြို့  က လယ်ခင်းတစ်ခု မှာ မွေးဖွားပါတယ်။ တစ်နေ့တော့ ပိုင်ရှင်ဖြစ်သူက ခေါင်းဖြတ်လိုက်ချိန်မှာ ပုဆိန်သွားအနည်းငယ် လွဲပြီး ဦးနှောက် Sterm နဲ့ နားတစ်ဖက်က ကျန်ခဲ့ ပါတယ်။ ဒါကြောင့် အခြားကြက်တွေလို ချက်ချင်းမသေပဲ ပုံမှန်အတိုင်း ခပ်ကြာကြာ ရုန်းနေတဲ့အတွက် ပိုင်ရှင် ဖြစ်သူက အံ့သြခဲ့ပါတယ်။

ဒီလိုနဲ့ ရက်အနည်းငယ် စောင့်ကြည့်တော့ ကျန်းကျန်းမာမာပဲ အသက်ရှင်နေတာကို မြင်တွေ့ရပါတယ်။ ခေါင်းမပါတာတောင် မြေပြင်မှ ဆန်ဖွဲကောက်ဖို့ လည်ပင်းနဲ့ ဆိုက်ပါတယ်။ ဒါကြောင့် သခင် ဖြစ်သူက အစားအသောက်များကို အရည်ဖျော်ပြီး မျက်လုံးပေါက်ထဲ ကို ဖျော်ထည့်ပေးပါတယ်။ ယင်းအစာကျွေးနည်းနဲ့ပဲ ကျွေး ထားလိုက်တော အသက်ရှင်တော့ မြို့ မှာ နာမည်ကြီးလာပြီး အမေရိကန်နိုင်ငံအနှံ့ မြို့ တွေမှာ လိုက်လံ ပြသပါတယ်။

ခေါင်းပြတ်နေသည့်တိုင် ခပ်မြင့်မြင့်အတန်းပေါ် ခုံပျတ်တက်တဲ့ အကျင့် မပျက်ပါဘူး။ ညနေတိုင်း တွန်ဖို့ သူကြိုးစားပါတယ်။ သို့ပေမယ့် သာမန် ကြက်တစ်ကောင် တွန်သလို ဘာအသံမှထွက်မလာပါဘူး။ ဒီလိုနဲ့ တစ်နှစ်ခွဲ (၁၈လကြာ) အသက်ရှင်ပြီးမှ အစာကျွေးဖို့ နောက်ကျတဲ့အတွက် ၁၉၄၇ ခုနှစ် မတ်လက သေဆုံး သွားခဲ့ပါတယ်။

ခေါင်းပြတ်ပေမယ့် ဦးနှောက် အစိတ်အပိုင်းအချို့  ကျန်ရှိခဲ့တဲ့အတွက် သူ့အနေနဲ့ အသက်ရှင်ခြင်း ဖြစ်ပြီး အခြားသာ သူများလည်း အသက်ရှင် လိုရှင်ငြား စမ်းသပ်ခဲ့ကြပါတယ်။ တစ်ရက် နှစ်ရက်ထက်တော့ ပိုအသက် မရှင်ကြပါဘူး။ Miracle Mike ကတော့ သမိုင်းတစ်လျှောက် မှာ ခေါင်းပြတ်ပေမယ့် အကြာဆုံး အသက်ရှင်ကျန်တဲ့ ကြက် အဖြစ် သမိုင်းတွင်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_954.html

--
International news for myanmar
27

စစ်ဒဏ်ခံရသူများ လူ့အခွင့်အရေး ဘယ်သူမှ အရေးတယူ မလုပ်


Saturday, February 16, 2013

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်းရှိ ကျေးရွာများ တွင် ဒေသခံ
ပြည်သူတို့အား မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ် (KIA) တို့က လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ငွေကြေးနှင့် ဆန် စပါး ဆက်ကြေးတောင်းယူမှုများ ရှိနေဖြင့် လူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

“စစ် စဖြစ်ကတည်းက ဒေသခံ ပြည်သူလူထုက စစ်တပ်ရော၊
ကေအိုင်အိုရော ၂ ဘက်စလုံးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ခံခဲ့ရတယ်။ တပ်သားသစ် အစုဆောင်းခံရတာ၊ ရွာကို မီးတိုက်
သွားတာတွေကို ကျနော်တို့ ပြည်နယ်အစိုးရနဲ့ လူ့အခွင့် အရေး
ကော်မရှင်ကို တောက်လျှောက် တိုင်ခဲ့ပါတယ်။ ခုချိန်ထိ ဘာတစ်ခုမှ အရေးယူလာတာ မရှိဘူး” ဟု ဗန်းမော်မြို့ ဒေသခံ တဦးက ဧရာဝတီကို
ပြောသည်။

၂၀၁၂ ဒီဇင်ဘာလက မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာသို့ အစိုးရ တပ်မတော်စစ်ကြောင်း ၀င်ရောက်လာသည့် အတွက် ရွာလူထုက
ခေတ္တရှောင်ပေးစဉ် တပ်မတော်သားများက ကျေးရွာသားများ၏ ငွေကြေး၊ ပရိဘောဂ အသုံးအဆောင် များနှင့် မွေးမြူထားသော တိရိစ္ဆာန်များကို ယူငင်သွားပြီး နေအိမ်များကိုလည်း ဖျက်စီးခဲ့သည့် အတွက် ဒီဇင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူ့အခွင့်အရေး
ကော်မရှင်နှင့် သက်ဆိုင်ရာ လွတ်တော် အမတ်များထံသို့ ပေးပို့ တိုင်ကြားခဲ့ သော်လည်း အရေးယူမှု တစုံတရာ မရှိကြောင်း သိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ
ဒေသခံ ၇၀ ခန့်ကို KIA က တပ်သားသစ် စုဆောင်းခဲ့သည့် ကိစ္စကို ရပ်မိရပ်ဖများက တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း အရေးယူမှု တစုံတရာ မရရှိဘဲ KIA ၏ ခေါ်ယူ သတိပေးခြင်းသာ ခံခဲ့ရကြောင်း မန်စီဒေသခံ တဦးက ဆိုသည်။

“ပြည်နယ် အစိုးရဘက်က ဘယ်လို ပြောသလဲ ဆိုတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ တဘက်အဖွဲ့ အစည်းကို အပြစ်တင်တဲ့ အလုပ်မျိုး မလုပ်ချင်ဘူးလို့ ဆိုတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ သည်းခံနေကြဖို့ နားတောင်ချ လိုက်သေးတယ်။ ဒေသခံ ပြည်သူလူထုက ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဗန်းမော်မြို့နယ် ကုန်းတိမ်ကျေးရွာ ဒေသခံ တဦးက “ကျနော်တို့ ရွာကို တအိမ်ထောင် ဆန်တတင်းနှုန်း ပေးဖို့ တောင်းထား ပါတယ်။ ရွာက အိမ်ခြေ ၁၀၀ ကျော်ဆိုတော့ ဆန်တင်း ၁၀၀ ကျော်ကို သူတို့ စခန်းကို သွားပို့ရမှာ။ ဒါပေမယ့် အဲလို သွားပို့လို့ အစိုးရ စစ်ကြောင်းနဲ့ တိုးရင် ကျနော်တို့ကို တပ်မတော် က သူပုန်ကို ထောက်ပံ့တဲ့သူဆိုပြီး ဒုက္ခပေးမှာ အသေအချာပဲ။ ဒါကြောင့် ကျနော်တို့ ငွေပေးဖို့ပဲ စဉ်းစားထား ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကုန်းတိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ၁ အိမ်ထောင် ဆန် ၁ တင်းနှုန်း ကောက်ခံပြီး၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့
တွင်ပေးပို့ပေးရန် KIA မလိဘာ တိုက်နယ်မှူးက အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ဆန် ၁ တင်းကို ငွေ တသောင်းတထောင် ကျတယ်။ ပေးနိုင်တဲ့သူရှိတယ်။ မပေးနိုင်တဲ့ မတတ်နိုင်တဲ့သူလည်း ရှိတယ်။ မတတ်နိုင်သူ တွေအတွက် တတ်နိုင်သူက ပေးပေးရမယ်လို့ ဆိုတယ်။ ကျနော်တို့မှာ အစိုးရ ၂ ရပ်
ရှိပါတယ်။ ကေအိုင်အေ အစိုးရနဲ့ မြန်မာအစိုးရ ကျနော်တို့ကို ဘာမှ လုပ်မပေးနိုင်ပေမဲ့ ကျနော်တို့က အများကြီး လုပ်ပေးနေရပါတယ်” ဟု ကုန်းတိမ် ကျေးရွာ ဒေသခံများက ဆိုသည်။

ဗန်းမော်ခရိုင်၊ မန်စီ မြို့နယ်တွင်လည်း ၁ နှစ်စာအတွက် တအိမ်ထောင်လျှင်
မြန်မာငွေကျပ် သုံးသောင်း KIA ကို အခွန်ဆောင် နေရပြီး သစ်လုပ်ငန်း လုပ်သူ ဒေသခံများကို တနိုင် တပိုင် သစ်သယ်ယူသည့် ဆိုင်ကယ် တစီးလျှင် ငါးထောင်ကျပ် ကောက်ယူနေကြောင်း သိရသည်။

မန်စီဒေသခံ တစ်ဦးက “စစ်တပ်ကလည်း တောင်းတာပဲ။ စစ်တပ်က တအိမ်ထောင် ဘယ်လောက် ဆိုပြီး မတောင်းတာ တခုပဲ။ သစ်လုပ်ငန်း လုပ်တဲ့သူ၊ သစ်သယ်တဲ့ ကားတွေကို ဂိတ်ကြေး၊ ဘာကြေး၊ ညာကြေး ယူနီဖောင်းနဲ့ သေနတ်လွယ်ပြီး တောင်းနေတယ်။ လုံခြုံရေး ကျတော့ ဘယ်ဘက်ကမှ ကောင်းကောင်း လုပ်မပေးနိုင်ဘူး” ဟု ပြောသည်။

မန်စီဒေသသည် KIA တပ်မဟာ ၁၊ တပ်ရင်း ၁၂ နှင့် တပ်ရင်း ၁၇ တို့ စခန်းချရာ ဒေသဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ
ရွှေလီမြို့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီနှင့် KIA တို့ တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်ဒေသ တ၀ိုက်တွင် တိုက်ပွဲများ စဲသွားသော်လည်း ဖေဖော်ဝါရီ ၈ ရက်နေ့က မန်စီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးကို KIA က ၀င်ရောက်ခဲ့သေးကြောင်း သိရသည်။

“ပေးနိုင်တာ မပေးနိုင်တာတော့ မသိဘူး။ မပေး မနေရပဲ။ မနှစ်က တိုက်ပွဲ ဖြစ်ပြီးပြီးချင်းမှာ ဒီလိုပဲ ၁ အိမ်ထောင် ဆန် ၁ တင်း
တောင်းဖူးတယ်။ ကျနော်တို့က ၁ တင်းတော့ မလုပ်ပါနဲ့ ဆိုပြီး မနည်းတောင်းပန်လို့ ၁ အိမ်ကို ဆန် ၂ ပြည်ပဲ ပေးခဲ့ရတယ်။ ခုတော့ ဘယ်လိုမှ ဈေးဆစ်လို့ မရတော့ဘဲ ပေးရတော့မယ်။ ရွာက အိမ်ခြေနဲ့ဆို ဆယ့်ကိုးသိန်းနဲ့ နှစ်သောင်းလောက် ပေးရမယ်” ဟု ကုန်းတိမ်ကျေးရွာ ဒေသခံ တစ်ဦးက ဆိုသည်။

KIA နှင့် မြန်မာအစိုးရ တပ်မတော် တိုက်ပွဲများကြောင့် ပျက်စီး
ဆုံးရှုံးသွားသည့် ကျေးရွာစာရင်းသာ ကောက်ယူထားနိုင်ပြီး ဒေသခံ ရှမ်း၊ ကချင်၊ လီဆူး စသည့် တိုင်းရင်းသား တသိန်းခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။

စစ်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသများရှိ ပြည်သူလူထုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေရသော်လည်း လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်၍ အကြောက်တရားကိုပါ ထပ်ဆင့်ခံစားရပြီး ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း ဗန်းမော်မြို့နယ် ရှမ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


ဓာတ်ပုံ - ကချင်ပြည် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မန္တလေးသို့
ရောက်ရှိလာစဉ် ကြိုဆိုကြသည့် ကချင်တိုင်းရင်းသားများ
(တေဇလှိုင် / ဧရာဝတီ)

ဧရာဝတီ
6

မတော်မလျော် အဆိုမတင်သွင်းကြစေလို


Saturday, February 16, 2013

ကျွန်မသည် မြန်မာလူမျိုးဖြစ်သည်။ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည်နှင့်
အညီ ကိုယ့်နိုင်ငံ၏ အရေးကိစ္စမှန်သမျှ မျက် ခြည်မပြတ်စေရန် အစဉ်အမြဲကြိုးစားသူ တစ်ယောက်ဖြစ်ပါသည်။

လွှတ်တော်အစည်းအဝေးများကို လည်း စိတ်ဝင်စားသည်။ မည်သည့် အဆိုတင်သွင်းသည်၊ မည်သည့်ဥပဒေ ကြမ်းတင်သွင်းသည်။ မည်သည့်ဥပဒေ ပြင်ဆင်သည်။ ဥပဒေဟောင်းများထဲမှ
ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပယ်ဖျက်မဖျက်၊ ဒါက ကျွန်မအတွက် အာရုံစိုက်ရမည့်ကိစ္စများသာဖြစ်နေပါ တော့သည်။

ဤသို့ အာရုံစူးစိုက်မှုများမှသည် မတော်မလျော် အဆိုတင်သွင်းမည့်
ကိစ္စတစ်ခုကိုကျွန်မအတော်ပင် တုန်လှုပ်မိပါသည်။ “အမျိုးသမီး လိင်
အလုပ်သမားများအတွက် ဥပဒေသစ်ပေါ်ထွက်စေရေး ထောက်ခံ
ပေးမည်”ဟူသော သတင်းတစ် ပုဒ်ကို ထိတ်လန့်တကြား ဖတ်လိုက်ရ ပါသည်။

တစ်ဆက်တည်း ၎င်းသတင်းထဲ၌ပင် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တစ်ယောက်ဖြစ် သည့်ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သော
ဒေါ်လဲ့လဲ့ဝင်း ဆွေကထိုဥပဒေကို လွှတ်တော်တွင် အဆိုတင်သွင်းလာပါက ကန့်ကွက်သွား မည်ဟု သိရှိရပြန်တော့ အနည်းငယ် ရင်အေးရသလို
ခံစားသွားရပြန်ပါသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေသာမက လွှတ်တော် ကိုယ်စားလှယ်များအားလုံး အမျိုးသားရေးတစ်ရပ်အနေဖြင့်သော်လည်းကောင်း မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် ကိုယ့်ကျင့်တရားကို ထိန်းသိမ်းသည့် အနေဖြင့်သော်
လည်းကောင်း၊ ယင်း ဥပဒေသစ်လုံးဝပေါ်ပေါက်မလာစေရန် အထူးတလည်ကာကွယ်ကြရမည်သာ ဖြစ်ပါသည်။

မြန်မာမိန်းကလေး တစ်ဦး၏ ခြေတစ်လှမ်းသည် ကုဋေ တစ်သန်းပင်
တန်သည်ဟု တင်စားဖွဲ့ဆို ခဲ့ကြသည်မဟုတ်ပါလား။ ယခုတလော ရန်ကုန်မြို့ လူစည်ကားရာအရပ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု
ပွဲတော်များမှာပင် မြန်မာအမျိုးသမီးငယ်များ၏ မလုံမခြုံ ၀တ်စား
ဆင်ယင်မှုများကို တွေ့မြင်နေရ သဖြင့် ရင်မောရသည့်အထဲ Sex Worker ဆိုပြီး ကိုယ့်မြန်မာနိုင်ငံမှာ တရားဝင် ဟိုဟာလုပ်ကိုင်ခွင့်တောင်းဆို
ကြဦးမည် ဆိုသည်ကတော့ လားလားမျှမသင့်တော် ကျွန်မတို့ဗိုလ်ချုပ်
ပြောသလို ဟိုနိုင်ငံဖြစ် ဖို့ကြိုးစားနေကြပြီလားဟု မေးလိုက်ချင် ပါသည်။

အမျိုးသမီး Sex worker ဆိုတာ ဟိုဟာကဟိုဟာပဲမဟုတ်လား။
Worker ဆိုတာ ဘယ်လိုပဲဘာသာပြန်ပြန်လုပ် သား(သို့)အလုပ်သမားပဲ
မဟုတ်လား။ ရုံးလုပ်သား၊ ပညာရေးလုပ်သား၊ အထည် ချုပ်လုပ်သား၊
ဆောက်လုပ်ရေးလုပ်သား၊ စက်ရုံလုပ်သား စသဖြင့် အလုပ်လုပ်နေသူ
အားလုံးကပဲ။ လိင်အလုပ် သမားများဖြင့်ရောထွေးမသွားစေချင်ပါ။

ကျွန်မတို့မြန်မာလူ့ဘောင်အသိုင်းအ၀န်း မှာ Sex Worker ဆိုတာ လုံးဝမရှိအပ်ဘူး၊ ဘယ်ခေတ်ဘယ်အခါကမျှ ဒါမျိုးလုပ်စား နေသူ
တွေကို ရှေ့တန်းမတင်ဘူး၊ ဘုရင် ခေတ်ကလည်း အောက်ဆုံးအလွှာပဲ၊
ခေတ်အဆက်ဆက်အောက်ဆုံးအလွှာပဲ၊ လူတွေရဲ့ အထင်သေးရှုတ်ချ
ခံခဲ့ရတဲ့သူ တွေပဲ။

အမျိုးသမီးလိင်အလုပ်သမားများ အတွက် ဥပဒေသစ်ပေါ်ထွက်စေရေး
ထောက်ခံပေးမည့် လူ့အခွင့်အရေးများ လှုပ်ရှားမှုများဆောင်ရွက်နေသူ မဟာ ကရုဏာရှင် အမျိုးသမီးကို မေတ္တာရပ်ခံ ချင်ပါသည်။

သူတို့လေးတွေရဲ့ ဘ၀ကို ကူညီချင်တယ်ဆိုရင် သူတို့ကို ဒီဘ၀ တွေထဲက ဆွဲထုတ်ရမှာမဟုတ်ဘူးလား။ အခုဆိုရင် ပြောင်းလဲလာသည့်ခေတ် အခြေအနေအရ အလုပ်အကိုင် အခွင့် အလန်းသစ်တွေအမျိုးကြီးပေါ်နေပြီ၊ သူတို့ကို နိမ့်ကျသည့်ဘ၀လေးတွေထဲက ဆွဲထုတ်ပြီး မှန်ကန်တဲ့
ဘ၀လမ်းကြောင်း ပေါ်ကို ဆွဲတင်နိုင်မှသာ သူတို့ရဲ့ဘ၀ကို ကယ်တင်ရာ
ရောက်မှာဖြစ်ပါသည်။

အခုတော့ လူ့လောကအ၀န်းအ၀ိုင်း ထဲမှာ သိက္ခာမဲ့သထက်မဲ့
ရပ်ကွက်ထဲ မျက်နှာငုံ့ပြီး လျှောက်လှမ်းနေရတဲ့ဘ၀ ချိုင့်ဝှမ်းထဲ
ဆွဲသွင်းနေသလိုဖြစ်မနေဘူး လား။ မြန်မာ့လူ့ဘောင်မှာ Sex worker ဆိုတဲ့ မိန်းကလေးတွေကို လမ်းမှာတွေ့ ရင်တောင် လက်ဆွဲနှုတ်ဆက်ကြလိမ့် မည်ဟု ထင်ပါသလား၊ တွေ့လျှင်ကွေ့ ရှောင်သွားမည့် သူများချည်း
ဖြစ်ပါလိမ့် မည်။

သူတို့၏ မိသားစုဝင်များသည်ပင် လျှင် ရပ်ကွက်ထဲ ရဲရဲဝံ့ဝံ့
လျှောက်လှမ်း နိုင်မည်မဟုတ်၊ သူတို့လေးတွေကို သနားလျှင်
ကယ်တင်လိုသည်ဆိုလျှင် လူ့အ သိုင်းအ၀န်းမှာ ခေါင်းမော့ပြီးလျှောက် လှမ်းနိုင်အောင် Factory Worker,Sewing Worker,Sale Worker
စသဖြင့် လမ်း ကြောင်းမှန်ပေါ်ဆွဲတင်ပေးလိုက်စမ်းပါ၊

သွေးသား Worker တွေဖြစ်အောင်တော့ မလုပ်လိုက်ကြပါနဲ့၊
ရေနစ်သူကို ၀ါးကူ ထိုးသလိုမလုပ်ကြပါနဲ့။ မြန်မာအမျိုးသမီးများ
ကမ္ဘာ့ အလယ်မှာ တင့်တယ်နိုင်ကြပြီး မြန်မာ့ ကျက်သရေဆောင်
နိုင်သူများဖြစ်ကြပါ စေဟု မြန်မာကိုချစ်သော မြန်မာအမျိုး သမီး
တစ်ယောက်အနေဖြင့် လေးလေး နက်နက် ဆန္ဒပြုလိုက်ရပါတော့သည်။

ခင်နွဲ့မူ(အင်းစိန်)
ွှThe Hot News
14