Pages

Monday, March 18, 2013

မြန်မာ့ တပ်မတော် နှင့် ခေတ်ပညာတတ် ဘွဲ့ရ အမျိုးသမီး အရာရှိ စစ်မှုထမ်းခွင့်

Tuesday, March 19, 2013

ယခုအခါ ပြည်သူများ စိတ်ဝင်စားမည် ယုံကြည်၍ ခိုင်လုံသော သတင်းလေးတစ်ရပ်ကိုလည်း မျှဝေလိုပြန်ပါသည်။
မည့်သည့်နေ့တော့ ထုတ်ပြန်မည်မသိ ဘွဲ့ရ ပညာတတ်သော အမျိုးသမီးများကို စစ်မှုထမ်းလိုက စစ်မှုထမ်းခွင့် တနည်းအားဖြင့်
အမျိုးသမီး အရာရှိများကို တပ်မတော်မှ မွေးထုတ်ပေးတော့မည်ဖြစ်သည်။ 
မကြာမီ ကာလအတွင်း နိုင်ငံတကာ တပ်မတော်များနည်းတူ မြန်မာ့
တပ်မတော်တွင် အမျိုးသမီးအရာရှိကြီးများ အရာရှိများ တပ်ဖွဲ့ဝင်များကို
တွေ့မြင်နိုင်ရန် မျှော်လင့်နေမိတော့သည်။

ဓာတ်ပုံ - ချမ်းမီမီကို 
ဝေဟင်ချစ်သူ

မြန်မာနိုင်ငံ၏ ပထမဦးဆုံးလေယာဉ်မောင်း သင်တန်းကျောင်း အတွက် သြစတြီးယား နိုင်ငံလုပ် အမောင်းသင် လေယာဉ် DM-40 အမျိုးအစား ၃ စီး ၀ယ်ယူ

Tuesday, March 19, 2013

မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးလေယာဉ်မောင်း သင်တန်းကျောင်း အတွက် သြစတြီးယား နိုင်ငံမှထုတ်လုပ်သည့် အမောင်းသင် လေယာဉ် DM-40 အမျိုးအစား ၃ စီးကို ၀ယ်ယူ ထားပြီ ဖြစ်ကြောင်းသိရသည်။ 

အဆိုပါလေယာဉ်များကို MAA (Myanmar Aviation Academy ) ပုသိမ် လေယာဉ်မောင်း သင်တန်းကျောင်း အတွက် ၀ယ် ယူခဲ့ခြင်း
ဖြစ်ကြောင်းသိရ သည်။ 

ယင်းလေယာဉ် ၃ စီးကို အမေရိကန်ဒေါ်လာ ၁.၃ မီလီလျံ ကုန်ကျခံကာ ၀ယ်ယူခဲ့ကြောင်းသိရသည်။ MAA (Myanmar Aviation Academy ) ပုသိမ် လေယာဉ်မောင်း သင်တန်းကျောင်း တွင် တက်ရောက်သည့် သင်တန်းသားများကို လက်တွေ့ အမောင်းသင်ကြားပေး မည် ဖြစ်ပြီး သင်တန်းကာလ တစ်နှစ်နှင့်ရှစ်လ ပြီးဆုံး ပါက ပြည်တွင်းလေကြောင်း လိုင်းများတွင် တိုက်ရိုက်လေယာဉ်မှူး အဖြစ်ခန့်အပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျ ၊
သတင်းဓာတ်ပုံ (ရဲနောင် - ဖယ်ခုံ) 
Yangon Media Group
မြန်မာနိုင်ငံ၏ ပထမဦးဆုံးလေယာဉ်မောင်း သင်တန်းကျောင်း 
အတွက် သြစတြီးယား နိုင်ငံလုပ် အမောင်းသင် လေယာဉ်
DM-40 အမျိုးအစား ၃ စီး ၀ယ်ယူ 
Tuesday, March 19, 2013

မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးလေယာဉ်မောင်း သင်တန်းကျောင်း အတွက် သြစတြီးယား နိုင်ငံမှထုတ်လုပ်သည့် အမောင်းသင် လေယာဉ် DM-40 အမျိုးအစား ၃ စီးကို ၀ယ်ယူ ထားပြီ ဖြစ်ကြောင်းသိရသည်။ 

အဆိုပါလေယာဉ်များကို MAA (Myanmar Aviation Academy ) ပုသိမ် လေယာဉ်မောင်း သင်တန်းကျောင်း အတွက် ၀ယ် ယူခဲ့ခြင်း
ဖြစ်ကြောင်းသိရ သည်။ 

ယင်းလေယာဉ် ၃ စီးကို အမေရိကန်ဒေါ်လာ ၁.၃ မီလီလျံ ကုန်ကျခံကာ ၀ယ်ယူခဲ့ကြောင်းသိရသည်။ MAA (Myanmar Aviation Academy ) ပုသိမ် လေယာဉ်မောင်း သင်တန်းကျောင်း တွင် တက်ရောက်သည့် သင်တန်းသားများကို လက်တွေ့ အမောင်းသင်ကြားပေး မည် ဖြစ်ပြီး သင်တန်းကာလ တစ်နှစ်နှင့်ရှစ်လ ပြီးဆုံး ပါက ပြည်တွင်းလေကြောင်း လိုင်းများတွင် တိုက်ရိုက်လေယာဉ်မှူး အဖြစ်ခန့်အပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျ ၊
သတင်းဓာတ်ပုံ (ရဲနောင် - ဖယ်ခုံ) 
Yangon Media Group

ဒါက တရုတ်ပြည်မှာ ခွေးတွေကို အရှင်လတ်လတ် အရည်ခွံချွတ်ပြီး ရေနွေးနဲ့ပြုတ်နေတဲ့ပုံပါ... ခွေးကြောင် အစရှိတဲ့ တရိစ္ဆာန်တွေဟာ မသေခင်မှာနည်းအမျိုးအမျိုးနဲ့နှိပ်စက်ခံနေရပါတယ်...

Video - http://goo.gl/gQt5c

ဒီကိစ္စတွေကိုရပ်ရန် တရုတ်အစိုးရကိုတောင်းဆိုဖို့အတွက် President of the European Commission Mr. Manuel Barroso နှင့် Mr. Barack Obama ဆီသို့ စာပို့ပြီးတောင်းဆိုမယ့် NOBODY TOUCH THE DOG: PUBLIC PETITION TO SAVE THE DOGS IN CHINA မှာပါဝင်ပြီး ဒီ Petition ( http://goo.gl/vXgTk ) မှာ sign ထိုးလိုက်ပါ.. ဘာမှမခက်ပါဘူး နာမည်ဖြည့်ပြီး Country နေရာမှာ Myanmar, 
Postal Codes တွေကတော့ ဒီမှာ(http://www.myanmars.net/myanmar/postal-codes.htm) သွားကြည့်နိုင်ပါတယ်... ပြီးရင် Sign The Petition ဆိုပြီးနှိပ်လိုက်ရုံပါပဲ... 

ကျေးဇူးပြုပြီး ဒီ ပုံလေးကို Share ပေးကြပါ... ကိုယ် share လိုက်လို့ လူတစ်ယောက်ပိုသီသွားမယ် petition မှာပါဝင်လိုက်နိုင်မယ်ဆို အများကြီး အထောက်ကူဖြစ်စေမှာပါ... သနားသောအားဖြင်ကူညီကြပါ...

Credit - Ha Bakit, Bakit Ano Yon? (VICE Ganda)

P.S တတ်သလာက်နားလည်လွယ်အောင်မြန်မာလို့ ဘာသာပြန်ထားပါတယ်.

နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်ရဲ့ ပိုင်ဆိုင်မှု တစိတ်တဒေသ

=============================

ပြည်လမ်း မရမ်းကုန်းမီးပွိုင့်အလွန်ကနေ (န၀ဒေးဖက် မောင်းမယ်ဆိုရင်) ကိုက် ၅၀၀ လောက်မှ စမောင်းလိုက်တာ ၁၀ မိနစ်နီးပါးလောက်အထိ ဖိုးလပြည့် တစ်ဦးတည်း ပိုင်တဲ့ မြေကွက်တွေက ရှည်ပါတယ် (ကြားမှာ ဘယ်သူစိမ်းပိုင်တဲ့ အိမ်/မြေမှ မရှိပါ) ။ 

၁၀ မိနစ်တောင် ကားမောင်းယူရတယ်ဆို ဒီမြေကွက်တွေရဲ့ အကျယ်အ၀န်း ဘယ်လောက်ရှိမယ် ဆိုတာ ခန့်မှန်းလို့ရတာပေါ့ ဒါ သူ့တစ်ယောက်တည်း ပိုင်တဲ့ ပိုင်ဆိုင်မှုနော် ။ ခုထိ အဲဒီအိမ်ယာ အဆောက်အဦ တစ်တန်းလုံးကို ရာချီတဲ့ မော်တော်ပီကယ်နဲ့ တပ်မတော်သားတွေ အတွက် တန်းလျားတွေဆောက်ပြီး ၂၄နာရီ လုံခြုံရေး ပေးထားရပါတယ်။ 

ကဲ ဘာပြောချင်သေးလဲ ? ဘာတတ်နိုင်သေးလဲ ကိုရွှေမြန်မာတို့ ?

မြန်မာပြည်အတွက် ဥပဒေအထက်မှာ လွှတ်တော် 
လွှတ်တော်အထက်မှာမှ ဦးသန်းရွှေ 
ဦးသန်းရွှေ အထက်မှာဆို အောက်ဆီဂျင်မရှိလို့ လေယာဉ်တွေတောင် ပျံသန်းလို့ မရတော့ဘူး ....

Photo credit - Irrawaddy English (2009)

ဘုရားသုံးဆူမြို့ကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် လေ့လာကွင်းဆင်းမှု စတင်ပြုလုပ်

Tuesday, March 19, 2013

ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူမြို့ကို လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်ရန် လေ့လာကွင်းဆင်းမှု စတင်ပြုလုပ်ပြီဟု သိရသည်။
၁၉၉ဝ ခုနှစ်ကစ၍ အစိုးရ အုပ်ချုပ်မှုသို့ ပြန်လည်ရောက်ရှိလာ ခဲ့သည့် အဆိုပါ မြို့မှာ လူဦးရေ ၁ သိန်းကျော် နေထိုင်နေပြီး နှစ် ၂ဝ ကျော်သည် အထိ အစိုးရ အကြီးအကဲတို့ ရောက်ရှိမှု မရှိခဲ့ရာ ၄င်းမြို့ကို ပိုမို တိုးတက်စေလိုသည့် အပြင် ငြိမ်းချမ်းရေးလည်း ရရှိနေ သည့်အတွက် ယခုကဲ့သို့ သက်ဆိုင် ရာ ဝန်ကြီးဌာနတို့က ဆောင်ရွက်ခြင်း ဖြစ်သည်ဟု
လေ့လာသူအဖြစ် လိုက်ပါသွားသူ Myanmar Peace Centre မှ
ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

စီမံကိန်းအရ မြေသားလမ်း အဖြစ် ရှိနေသောဘုရား သုံး ဆူ လမ်းကို ကတ္တရာလမ်းအဖြစ်လည်း ကောင်း၊ ရှိထားပြီးခဲ့သော သေမင်း တမန်ရ ထားလမ်းကို အသစ်ပြန် ဆောက်ရန် အတွက် ဆောင်ရွက် မည်ဟု 
၎င်းက ဆိုသည်။

မတ်လ ၁၆ ရက်နေ့က ရထား ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်
ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်များသည် ဘုရားသုံး ဆူကို ကွင်းဆင်းလေ့လာမှုပြုလုပ်ပြီး တိုင်းရင်းသား အဖွဲ့တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ဘုရား သုံး ဆူမှာ မော်လမြိုင် နှင့် ၆၄ မိုင်သာ ဝေးသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ရှိခဲ့သည့်အပြင် သွားရာလမ်းတစ်
လျှောက်တွင်လည်း ယခင် လူသူ နေထိုင်မှု မရှိခဲ့ကြောင်း၊ ယခုတွင် ကားလမ်းဟောင်းဘေး၌ အခြေချ မှု အချို့ရှိနေသည်ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။ 

PN-051
Popular Myanmar News Journal
ဘုရားသုံးဆူမြို့ကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်
လေ့လာကွင်းဆင်းမှု စတင်ပြုလုပ်

နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်

Tuesday, March 19, 2013

အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာနှင့် ပုံစံတူ တည်ဆောက်ထားသော နေပြည်တော် ဗုဒ္ဓဂယာ စီမံကိန်း ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်၍ နိုင်ငံ တဝန်းရှိ
ပြည်သူများ လာရောက်ဖူးမျှော်နိုင်ပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ 
သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။

အဆိုပါ ပုံစံတူ ဗုဒ္ဓဂယာကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် စတင် တည်ဆောက်ခဲ့ပြီး အန္ဒိယနိုင်ငံသို့ သွားရောက်ဖူးမျှော်ရန် ခက်ခဲသော ဗုဒ္ဓဘာသာဝင်များအတွက် ရည်ရွယ်တည်ထားခြင်း ဖြစ်ကြောင်း နေပြည်တော် ကောင်စီဝင်၊ အထူးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးကံချွန်က ပြောသည်။

“ဗုဒ္ဓဂယာကတော့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အထွတ်အမြတ်ထားတဲ့
နေရာဆိုတော့ ကျနော်တို့ဆီက လူတွေအများစု အနေနဲ့ လူတိုင်း အိန္ဒိယကိုသွားပြီး ဖူးဖို့ဆိုတာ မသက်သာဘူးလေ။ ဒါကြောင့်အများစု လာရောက်ဖူးမျှော်နိုင်အောင်အဓိက ရည်ရွယ်ပြီး တည်ထားတာပါခင်ဗျ။ အခုလည်း ဒေသတွင်းက ဘုရားဖူးဧည့်သည့်တချို့ လာကြပါတယ်” ဟု ဦးကံချွန်က ဧရာဝတီသို့ ပြောသည်။

နေပြည်တော် ဗုဒ္ဓဂယာကို အန္ဒိယ ဗုဒ္ဓဂယာနည်းတူ စေတီများကိုလည်း ဉာဏ်တော်အတူ တည်ဆောက်ထားသကဲ့သို့ အခြား စေတီပုထိုးနှင့် အဆောက်အအုံများကိုလည်း ပုံစံတူ၊ အကွာအဝေးနှင့် အကျယ်အဝန်းတူ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မဟာဗောဓိ စေတီတော်ကြီးနှင့် သတ္တ သတ္တာဟ ခုနှစ်ဌာနဖြစ်သည့် မဟာဗောဓိပင် ရွှေပလ္လင်တော်၊ အနိမိသ စေတီတော်၊ ရတနာ စင်္ကြတော်၊ ရတနာဃရ ရွှေအိမ်၊ အဇပါလညောင်ပင်၊ မုဉ္စလိန္ဒာရေကန်နှင့် ရာဇာယတန လင်းလွန်းပင်တို့ကိုလည်း အန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ အတိုင်းပင် တည်ထား
ကြောင်း ဦးကံချွန်က ပြောသည်။

ယင်းအရာများကို ပုံစံတူ တည်ထားသော်လည်း ကွဲလွဲမှု အနည်းငယ် ရှိကြောင်း၊ အိန္ဒိယရှိ ဗုဒ္ဓဂယာတွင် ဂေါတမ မြတ်စွာဘုရား ထိုင်တော်မူပုံကို
မြောက်အရပ်သို့ မျက်နှာမူထားသော်လည်း နေပြည်တော် ဗုဒ္ဓဂယာတွင်မူ အရှေ့အရပ်သို့ မျက်နှာမူထားကြောင်း၊ ယင်းနေရာတွင် အိန္ဒိယ ဗုဒ္ဓဂယာ၌ မြောက်အရပ်တွင်သာ မုခ်ဦးတခုထားရှိသော်လည်း
နေပြည်တော်တွင် အရှေ့ဘက်တွင်ပါ မုခ်ဦးတစ်ခု ထပ်တိုးထားကြောင်း သိရသည်။

“တခြား အကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။ ကျနော်တို့ ဗုဒ္ဓဘာသာတွေရဲ့ အယူအဆကတော့ ဘုရားဟာ အရှေ့ဘက် မျက်နှာမူတာပဲ ပိုအလေးထားတယ်လေ။ အဲဒါလေးတခုပဲ ပြင်ထားတာ ရှိတယ်လေ။ ကျန်တာတွေတော့ အတူတူပါပဲ။ အိန္ဒိယနဲ့ မြေအနေအထား ကွာတယ်ဆိုတာကလည်း ဒီမှာက တောင်တွေဝိုင်းထားတဲ့ ကုန်းပေါ်မှာ
ဖြစ်နေတာပေါ့” ဟု ဦးကံချွန်က ပြောသည်။

အဆိုပါ စီမံကိန်းသည် အနည်းဆုံး ကျပ် သန်းပေါင်း ၄၀၀၀ ကျော်မှ အများဆုံး ကျပ်သန်း ၁ သောင်းအတွင်း ကုန်ကျနိုင်မည် ဖြစ်ကြောင်း
ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။ ယင်းကုန်ကျငွေကြေးနှင့် ရရှိငွေကိုမူ တာဝန်ရှိသူများက
ဖြေကြားခြင်းမပြုပေ။

နေပြည်တော် ဗုဒ္ဓဂယာသည် ဥတ္တရသီရိမြို့ မြောက်ဘက်၊ ခွာညိုပန်း
အဝိုင်းမှ ၅ မိုင် ၆ ဖာလုံ အကွာရှိ ဥဒယရံသီ ကုန်းပေါ်တွင် တည်ထားကြောင်း ယခုလ ၁၆ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော် ဗုဒ္ဓဂယာသည် ၁၆ ဧက ကျယ်ဝန်းကြောင်း၊ မျက်နှာချင်း ဆိုင်တွင် တရားစခန်းတခုပါ တည်ဆောက်ထားပြီး ယင်းတရား စခန်းမှာ
၁၂ ဧက ကျယ်ဝန်းကြောင်း၊ အခမဲ့ တည်းခိုဆောင်များလည်း ပါဝင်ကြောင်း ယင်းစီမံကိန်းကို တည်ဆောက်နေသော ACE ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

အဆိုပါ စိမံကိန်းကို အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းပိုင် ACE ကုမ္ပဏီနှင့် ရွှေတောင် ကုမ္ပဏီတို့က ပူးတွဲလုပ်ခွင့် ရရှိထားကြောင်း သိရသည်။

နေပြည်တော် ဗုဒ္ဓဂယာ စီမံကိန်း မတည်ဆောက်မီ တနှစ်အလို ၂၀၁၀ ခုနှစ်ထဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် တို့သည် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်တွင် ဗုဒ္ဓဂယာသို့ သွားရောက် ဖူးမျှော်ခဲ့ကြသည်။

ယင်းခရီးစဉ်တွင် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၏ ဇနီးများနှင့် 
လက်ရှိ အစိုးရတွင်းဝန်ကြီးများ (ယခင် စစ်ဗိုလ်ချုပ်များ) များလည်း လိုက်ပါသွားကြသည်။

ယခု နေပြည်တော် ဗုဒ္ဓဂယာ တည်ဆောက်မှုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် မသက်ဆိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့်သာ တည်ဆောက်ခြင်း ဖြစ်ကြောင်း ဦးကံချွန်က
ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက်တွင် နေပြည်တော်ကို ဇဗ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိ မြို့နယ်တို့ဖြင့် တည်ထောင်ခဲ့ပြီး ရွှေတိဂုံစေတီကို ပုံစံတူအဖြစ် ဥပ္ပါတသန္တိ စေတီတော်
ကိုလည်း တည်ထား ကိုးကွယ်ခဲ့သည်။

ဓာတ်ပုံ - နေပြည်တော်ရှိ ပုံစံတူ ဗုဒ္ဓဂယာထဲမှ မြင်ကွင်းတခု ( မြန်မာ့အလင်း)

ကျော်ခ
ဧရာဝတီ

မူဆယ် - နမ့်ခမ်း လမ်းပေါ်မှ ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ

Tuesday, March 19, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း မတ်လ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် မူဆယ် မူးယစ်အဖွဲ့များမှ ကိုယ်ခန္ဓာတွင် ကပ်လျက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် 
ဘိန်းဖြူ ဆပ်ပြာခွက်များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ (၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် မူဆယ်မူးယစ်အဖွဲ့မှ သက်သေများနှင့်အတူ မူဆယ် - နမ့်ခမ်း ကားလမ်းပေါ်ရှိ လွယ်ဆုတောင်းစေတီအနီးတွင် ရှာဖွေစစ်ဆေးရာမှ နမ့်စန်ဂိုဒေါင်
ကျေးရွာဘက်မှ မူဆယ်ဘက် သို့ မောင်ဆမ် မောင်းနှင်ပြီး အိုက်မြင့် စီးနင်းလာသည့် ဇောင်ချန်း -၁၅၀ ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာမှ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မောင်ဆမ်၏ ရင်ဘက်တွင် ကြိုးနှင့် ချီထားသည့် အနက်ရောင် ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ထားသော ဘိန်းဖြူဆပ်ပြာခွက် (၁၁) ခွက် အလေးချိန် (၁၄၀) ဂရမ်ခန့်နှင့် အိုက်မြင့်၏ ရင်ဘက်အတွင်း သယ်ဆောင်လာ သော အပြာရောင် ပလက်စတစ်အိတ်ငယ်ဖြင့် ထုတ်ထားသည့် ပန်းရောင် စိတ်ကြွဆေးပြား (၁၅၀၀) ခန့် ဘိန်းဖြူဆပ်ပြာခွက် (၁၁) ခွက် စုစုပေါင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုးမှာ ဆေးပြားတန်ဖိုး (၃၁) သိန်းနှင့် ဘိန်းဖြူ 
ဆပ်ပြာခွက် (၂၂) ခွက် တန်ဖိုး (၅၁) သိန်းဖိုးသိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ မောင်ဆမ်နှင့် အိုက်မြင့်တို့နှစ်ဦးအား မူဆယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Shan News