Pages

Monday, December 6, 2010

ကောင်းကင်ပြာ(၂)



ပူလောင်မှုတွေ ဘယ်လိုပေးပေးပေါ့
ထွက်သတ်အထီတောင်
မင်းနောက်
ငါတကောက်ကောက်လိုက်နေချင်လေရဲ့
ပြောချင်ခဲ့တဲ့ စကားတွေရယ်
အတောင်ပံတက်ပေးချင်လိုက်တာ
မင်းလေးပျံသန်းဖို့နောက်နေ့ဝက်လေးတောင်
အချိန်မေပေးချင်တော့ဘူးလား
ရင်မှာတကယ်မွန်းကြပ်နေလို့ပေါ့ .......
ချစ်သူရယ်..........
ဟိုအဝေးဆီကို လေ
ငါပျံသန်းခွင့်လေး ရချင်တယ်။


အတားဆီကင်းမဲ့စွာနဲ့ပေါ့
ကိုလေနေ့တိုင်းပေါ့
သတိရမိတာ
အိပ်စက်ခွင်လေးတောင်လန့်နိုး
အကြီမ်ကြိမ်မူးမေ့မတတ် ပေါ့ .....
တွေဝေနေရင်လဲ
ကို …ခွင်းလွတ်ပါတယ် ။


အစစ်အပိုင်းတခုရဲ့
လူသားတွေ ကောင်းကျိုးအတွက်
ဆိုရင်ပေါ့…………
ဘာပဲဖြစ်ဖြစ်
ပျော်နေကြရင်ကြည်နက်မိတယ်။
ရင်အစုံကို ခြွေမွသွားရင်တောင်
နောင်တမရမိတဲ့
အဖြစ်ဆိုးတွေနဲ့
ဆက်လက်လျှောက်(ချစ်)နေရဦးမှာပေါ့
တောင်စိုင်းပြို မိုးနှင်းဖွဲ့တွေရယ်။


သတိရမိပါတယ်………
ချစ်တယ်ဆိုတဲ့ စကားတွေသာ
ဘ၀ အမှတ်တရဆိုရင်လေ
ဆုံစည်းခွင်းလေ
ရချင်မိတယ် ။ ။

သံယောဇဉ် လေးတွေရယ်
တောင်ပံ မတတ်ပေးရင်လေ လွမ်းကျန်ရမှာခက်တယ်
နေရက်တွေကိုအရောင်တွေဆို့ချင်လို့ မှန်ကန်မှုတွေလိုအပ်သလားလို့ပါ
မဟုတ်ရင်လည်း ကြွေကွဲမှုတွေနဲ့အတူ
လမင်းဆီကိုတောင့်တ အော်ငိုသံနန့် လေ
လွမ်းတေးတွေဆိုနေကြရင်း
ဟို... မနက်ဖြန်ဆိုတာတွေ စိတ်ဝင်စားလာမိတယ်
မင်နဲတွေတဲ့အခိုက်အတန့် 
(မင်းလေး အနားမှာရှိရင် အရာအားလုံးကိုမေ့နေသလို မျိုး)
အိပ်မက်တွေကို ရပ်ဆိုင်းထားချင်တယ်
စိတ်ထွက်ပေါက်တခုအတွက်ပေါ့........

အိုမင်းရင့်ရော်ခဲရင်တောင်
မနေ့ ကအဖြစ်ဆိုးတွေ သတိမရမှာစိုးတယ်
တောက်ပမှူတွေမရှီတဲ့ နောက်နေ့ရက်တွေတိုင်း
အသွေးသားတွေကုန်ခမ်းမသွားခင်
မေတ္တာ စိတ်တွေပွင့်ဖူး......
ရာသီစက်ကွင်းထဲအကန့်သတ်တခုနှဲ့
သိုလှောင်ထားချင်တယ်
လူသားတွေကောင်းကျိုးအတွက်
ပြောချင်ခဲ့တဲ့ စကားတွေရယ်
အတောင်ပံတက်ပေးချင်လိုက်တာ
မင်းလေးပျံသန်းဖို့  နောက်နေ့ဝက်လေးတောင်
အချိန်မေပေးချင်တော့ဘူး
ရင်မှာတကယ် မွန်းကြပ်နေလို့ပေါ့ .......
ချစ်သူရယ်…..။

ဟိုအဝေးဆီကိုလေ
ငါပျံသန်းခွင့်လေး ရချင်တယ်
အတားဆိးကင်းမဲ့စွာနဲ့ပေါ့
စမ်းရေမရှိရင်တောင်
ပူငွေ့ငွေ့လည်း သတ်သာရင်
တောက်ပခြင်းနေရက်တွေ
ချစ်ခြင်း ၊မေတ္တာတွေနဲ့ 
ငါပျော်ရွင်နေမှာပါ လိပ်ပြာလေးရယ်။

မင်းအတွက်ဆိုရင်ပေါ့
နုတ်ဆက်ခွင်းလေးသာ
တကယ့်အဖြစ်မှန်
ကိုယ့်ဘ၀.....
မင်းလေးသာဆိုရင်ပေါ့
တမ်းတအော်ငိုနေတာတွေလည်း
လေပြေသွေ့ ကစားပြသလိုမျိုး
ပင်လုံကို ဆုပ်ကိုင်
ကိုင်းကျိုးပြတ်တွေ လိပ်ပြာဝဲပျံနေကြမယ်ဆို
အငိုသတ်ရုပ်လုံးကြွင်း
ငါ ......... အဆုံးသတ်ရမှာပေါ့လေ။။

28.1.2010
ဝီလျှံ (စနိချောင်း)

ဆူးနင်းပန်းခရု



ဘ၀မှာ
ကိုယ် ခင်မင်သလို့ ဘယ်သူမှ မခင်ဘူးဆိုတာ
တဖြည်းဖြည်းသိလိုက်ရတဲ့ တနေ့ 
ဘ၀ကို စိတ်မကောင်းဖြစ်မိခဲ့ပါတယ်။
ခံစားချက်ကိုယ့်စိနဲ့  ရှေ့ ဆက်သွားရဦးမှာပါ ......
လူ့ ဘ၀ အဆုံး စွန်ထိမရောက်သရွေ့ 
ငါလေ.. လျှောက်လှမ်းနေရဦးမယ်လေ ......
စိတ်ဒုက္ခတွေကို ပင်ပန်းဆင်းရဲ့ စွာ ခံစားရင်နဲ့ ပေါ့ .... ချစ်သူရယ်။

"
ချစ်သူရယ်......
"ထာဝရ ပျော်ရွင်နိုင်ပါစေလို့ 
ငါလေ ဆုတောင်းပါတယ်။
စိတ်ညစ် မှုတွေ ကင်းဝေးပါစေ"


နားမလည်လိုက်တဲ့  အရာတခုက
ရင်ကို ထိုးနှိပ်တံဆိပ်ခက်လိုက်ခဲ့လေပြီးနောက်.........
ငါလေ အွန်လိုင်းကို
ကြွေကွဲ မောပန်းစွာ ငေးမောနေလေရဲ့ .....
ပြန်လာမလားရယ်လို့ အတွေးစိတ်ကူးတွေနဲ့ ပေါ့ ။ ။
ချစ်သူနုတ်ဆက်...လမ်းခွဲစကားဆိုတဲနေ"့ 

ကံမကောင်းခြင်းတွေကို
ဘ၀ .......
ဆုလဒ်အဖြစ် မျော်လင့်မထားခဲ့ပေမဲ့
အရာရာတွေ ဝေးလွင့်ခြင်းများစွာနဲ့ 
နေ့ ရက်တွေကို တိုက်စားခဲ့ရပြီလေ
. ..... ချစ်သူရယ်။


တွေ့ ဆုံးခဲ့တဲ့  ဟို .....
အစခရီးတနေရာစိကို
ဆွဲဆန့် ခဲ့ရင်တောင်
ပြန်မရှင်သန်နိုင်တဲ့
ညတွေကို ...အရိပ်ပမာလို့ 
စိတ်ဝိညာဏ်တွေက
မနက်ဖြန်တွေဆိ
ဆိတ်သုန်.... ငိုမျက်ရည်တွေနဲ့ 
ဘ၀ ကိုင်းကျိုးပျက်တွေ
အဖော်မဲ့အဖြစ် ...
(မောင်ချေ)ငါလေ
မျော်လင့်ချက် ..... ကင်းမဲ့စွာ
အသက်ရှင်သန်ဖို့ ကြိုးစားရဦးမှာပါ။ ။


စိတ်ဝိညာဏ်က
သူကိုပဲ တွေးထင် ရင်မှာမချိအပြုံးတွေနဲ့ 
ကြွေးကွဲမိလို့  ..........။ ။

ထာဝရဆိုတာ အုတ်ဂူ တခုရဲ့ တည်နေရာဖြစ်ခဲ့ရင် ....
ဖြူစင်ခြင်းတွေ
ဟို ....... မိုင်တိုင်ခရီတွေဆိကို
ရောက်ရှိခဲ့ရင် .......
နားလည်မှုတွေ ဆီ
လေပြေသွေ့ ကလေး ပေးဖြန်းစေချင်တယ်။

နွေးထွေးစေခဲ့တဲ့ စကားလုံးတွေကို
ဝမ်းမြောက်စွာကျေးဇူးတင်ဆက်ပါတယ်။
နောက်မနက်ဖြန်တွေ
ပျော်ရွင်ကြမဲ့ .......
ရင်ခွင်ထဲ့ ပန်းကလေးတွေ အတွက်
ပြုံပန်းတွေ ဆင်ပေးခဲ့ပါတယ်။

ရင်ထဲ မချိအောင် နာကျင်ကိုက်ခဲ့ပေမဲ့
ဝေးလွင့်ခြင်း တွေကို ပေးဆပ်မှုတွေနဲ့ 
နောက်နေ့ ရက်ပေါင်းများစွာ
ငါလေ .......
နွေရင်ခွင်မှာငုတ်ချိုးနေလေရဲ့
.....ချစ်သူရယ်။ ။

အထီးကျန်ခြင်းဆိုတာ
နေ့တနေ့ ရဲ့ ရလဒ်ဆိုရင်တောင်
နွေးထွေးခွင်းလေး နိုးထပြီးစေခဲ့ပါပြီ
ရင်အုံနာ အပြုံးတွေက
နှင်းရေမုန်းပြာနဲ့  ချယ်ရီလို့ 
အငွေ့ ကလေးထမြဲ ထနေမှာပါ.........။

နောက်ဆုံးတော့လေ
ငါ.....ရပ်ဆိပ်ထားခဲ့တဲ့ .....
.......ငါအုတ်ဂူရှေ့ 
.......ငါလေ... ထိုင်းမှိုင်ရီဝေစွာ
...ထွက်ခွါခဲ့ရပါပြီး။ ။

စိတ်မကောင်းများစွာဖြင့်
ဝမ်းနည်းခြင်းဆုံမှတ်ရာ။.

ခိုင်မြတ်သျှင်(စနီချောင်း

ကောင်းကင်ပြာ (၄)



နေ့ ရက်ဆက်တွေ တိုင်း
သတိရမူတွေသာ
ရင်မှာ မျှားလေးတစင်းဖြစ်ခဲရင်
မင်းလေးအနားကိုတရီးလောက်အိပ်မော့ချလိုက်ချင်တယ်။

ဘ၀ .....
မနက်ဖြန်တွေ တိုင်း
လှပအသက်ဝင်ရှင်သန်နေမယ်ဆိုရင်
ငါ....
အိပ်မက်လှလှလေးမက်ချင်သေးတယ်။


ဟိုး .....အဝေးဆုံးက
မှုန်ရီေ၀၀ါးစွာ ရောက်လာခဲ့တဲ့
ငါ.....လေသနင်းမှုတွေ
အထီးကျန်မဆန်လွန်းခဲပါဘူး
မင်းရှိနေတဲ့ ...ည
..............။
ကြယ်စင်လေးတွေ ငိုမျက်ရည်တွေနဲ့ 
ဒဏ်ရာတွေ ဗရဗသိုး
စကြာဝဠာထဲက မြူနှင်းမှုန်လေးတွေ
သရော်အပြုံးတွေနဲ့ 
ဟားတိုက်ခဲကြ။

ဝေးကွာခြင်းရဲ့
ရင်တွင်နက်ထဲ အပြုံးတစက်
ဖန်းမဆင်းပေးခဲ့တာ
နေ့ ရက်တွေတိုင်း ကြွေမျက်ရည်တွေ
ငါ....အလှူးလိမ့်ခံရင်းနဲ့ ပေါ့
ချစ်သူရယ် ......။

ဝီလျှံ(စနီချောင်း)

ကြွေကွဲကောင်းကင်



ကောင်းကင်ယံကို အဖော်မဲ့စွာ
ငေးကြည့်ရင်းနဲ့ ပေါ့
ပျောက်ဆုံးသွားတဲ့ ......
အွန်လိုင်း တွေ ရယ်....
တွေ့ မမြင်နိုင်တော့ဘူး လားကွယ်။

ညနေတိုင်း လမင်းကလေးဖြစ်ချင်ပေမဲ့
အတွေးနက်ထဲမှာတော့
ရင်ပူလိုင်းတွေ
ငါလေ ..........
မချိအောင် နာကျင်ခဲ့တယ်။


အချစ် အပြစ်ဖြစ်ခဲ့ရင်
ဒီရေတွေ စိးပြို ကျဖို့ 
မာနမဲ့ အားအင်တွေ
မနက်ဖြန်တွေမှာ
ငါဆုပ်ကိုင်ထားချင်တယ်။

ငါအတွေး နေ့ရက်တွေကတော့
ငါစာမျက်နှာပေါ်
ကဗျားရေစီးနေလိမ့်မယ်။
စုပ်ချက်မကောင်းတဲ့ 
ဆီခြည်သ ပန်းချီကားတချပ်
မှောင်အတိ နဲ့  ........
ရင်ခွင်ထဲ ကွဲကြေပျက်ခဲ့လေပြီ။

ဒဏ်ရာတွေ ဗရဗသိုးနဲ့ 
နောက်ဆုံးတော့
ရလာဒ်က မျက်ရည်စက်တွေရယ်ပါ.....
ငါ့ မနက်ဖြန်တွေ
ငါပိုင်ဆိုင်ထားချင်တယ် .....။

ခိုင်မြတ်သျှင်(စနီချောင်း)

အမေ့ရင်ခွင်



ဘ၀အမှတ်တရ လက်ဆောင်
အမေ ကံကောင်းခြင်းတွေကို
ပေးဆက်ခဲ့တယ် ။ ။

နေ့ ရက်သစ်တွေအတွက်
တောက်ပခြင်းများစွာ ဖန်းတီး
လောကသား အဖြစ်......


တွန်းပိုး ........
နောက်ကြောင်းမလှည့်ဖို့ 
ရဲ ရင့်ခြင်းဆောင်ပုဒ်ကို ရွက်ဆို
မျှတမှု နဲ့ ........
အမေ့နှလုံးသား
နုညံ့ပျော့ပျောင်းမှုရှိရင်လဲ
ပြတ်သားမှုတွေနဲ့ 
စိတ်ဓာတ်၊ခွန်အား
သားဆိကိုအမြဲ စိမ့်ဝင်အောင်
မေတ္တာ ဓာတ် လှိုင်း နဲ့  ရိုက်သွင်း
နာကြင်မှုတိကို အပြုံးမပျက်
တောင့်တင်းခံ
သားအတွက်ဆို ......
လင်းမီးအိမ် အဖြစ်
စကြာဝဠာတိုင်အောင် ထိုးဖောက်....
.................။
အမေ ဇရာညောင်း လို့ 
အိမ်ပြန်ရေညမှာ
တမိုးသားအောက် လူသားအားလုံး
တိတိပြုန်းမဲ့ အဖြစ်ဆိုး
သားမကြုံတွေချင်ပါ အမေ ။ ။

အမေ .......
ရင်ခွင်နှလုံး သွေးသားထည့်မှာ
အမေ့ရုပ်ရည် နုပျိုဆန်းသစ်
ထူးခြားမှုတွေနဲ့ 
ကမ္မည်းစိုက်ထိုး မှတ်တိုင်းများစွာ
လွင့်ထူးထားပါတယ် .... အမေ။ ။

"အမေဇရာအို
ပင်ညိုမပြိုပါစေလင့်"

ခိုင်မြတ်သျှင်(စနီချောင်း)
25.02.2010...

အမေ့သား



အမေ ....
သားရင်ထဲ စွဲချက်တွေနဲ့
ပူလောင်မိနေတယ်။
မလိမ်မာသားလူမိုက်ကို
ခွင်းလွတ်ဖို့ မတောင်ဆိုချင်ဘူး။
မသိမိနောင်တတွေအတွက်
အမေ .....
စိမညစ်စေချင်ဘူး။

သား ...ဘ၀ကံတရား
ကျိုးကိုင်းပဲ့ကြွေနေခဲ့ရပြီလေ
ရင်ထဲ မချိအပြုံတွေနဲ့
ရှေ့ ဆက်နေမယ် အမေရယ်။


အမေ ....
သားရင်ထဲဝမ်းနည်း စိတ်တွေ
ဆို့ နင့်မိတိုင်း
အမေကိုသိပ်လွမ်းမိတယ်။
သားဆိုးတယောက်အဖြစ်
ဘ၀မှာရပ်မတည်ချင်ပေမဲ့
အချစ်ဒဏ်ရာသားရင်ထဲ
ခိုဝင်ရောက်လာခိုက်.....

အမေ....
သားလူကောင်းမဖြစ်ချင်ဘူး။
ရူးမိုက်စွာချစ်တက်ခဲ့တဲ့
စစ်မှန်တဲ့အချစ်ကိုမြတ်နိုးတတ်နေပြီး။

အတွေးထဲ စိုးကော့က်ခဲပြီ
ဘ၀နေ့ ရက်တွေ
ပိုင်ဆိုင်တူနေခွင်းမရမှာကိုလေ။
အမေရဲ့ရင်လှိုင်းကြားခိုဝင်ပြေးချင်မိပါရဲ့
တမ်းတလွမ်းဆွဲမိတယ်။
သူကိုသတိရမိတိုင်း
အိပ်မပျော်နိုင်ရင်မှာ ပူလောင်
ဒဏ်ရာတွေကိုထွေးပိုက်နေတက်ခဲ့ပြီး
အမေရယ့်။

ဝီလျှံ(စနီချောင်း)

အမေ့ရဲ့သား




မထင်မှတ်တဲ့
ထိုးနှိပ်ချက်တွေရယ်။

ကံကြမ္မာလေရိုင်း မုန်းတိုင်းသဖွယ်
ရင်ကိုဆောင့်တွန်းပို့
သား... နောက်ဆုပ်ဖို့
မစဉ်းစားခဲ့တာအမှန်ပါ ......
ဖြစ်တည်ရာအရပ်တိုင်းမှာ
အမေရယ်.....
ရင်ထဲမွန်းကြပ်ပူလောင်နေမိတယ်။


ဆူးငြောင့်မိ နောင်တတွေရယ်
သားရင်ကို ထိုးဖောက်အသက်ပျောက်မတတ်
ကြွင်ကျန်ရစ်တဲ့....... နှလုံးသား
သား .....ပြန်ရှင်သန်လာဖို့
အလင်းမဲ့....ည
သူပြန်လာမဲ့လမ်း မျော်လင့်လို့
ကြွေးကြော်...
အချစ်ကျိန်စာသင့်နေသလို့
အဖော်မဲ့ကမ်းစပ် .......
မျော်လင့်ကြွေကွဲနေခဲ့။ ။

အမေ.... သား
ဒုက္ခမရောက်စဉ် ၀ိညာဏ်ကြိုး
ဖြတ်လွင့်ပေးပါ ......
စစ်မှန်တဲ့ကောက်ကြောင်း
သား....လမ်းဖြောင့်စေဖို့ 
..............။ ။

08.04.2010
ခိုင်မြတ်သျှင်(စနီချောင်း)
ဘ၀ရတနာ
ပျော်စရာမကောင်းမှန်း
သိရက်နဲ့
အိပ်မက်ထဲ
လမ်းလျှောက်တတ်နေခဲ့မိပါရဲ့.....

ဆုံးရှုံးမှုတွေများခဲ့ဖူးပေမဲ့
နောင်တမရမိတာ
ကိုယ့်ကို သနားတယ်။ ။
.
ယုံကြည်မှုတွေမရှိတဲ့နောက်
မွန်းကြပ်မှုတွေနဲ့
ပိတ်လှောင်နေခဲ့ရပေမဲ့
နေရောင်ခြည်ကို စိုးမကြောက်ခဲ့တာအမှန်ပါ။ ။

ထွက်ပေါက်တွေ
တွေ့မမြင်ခဲ့လို့
ရင်ထည့်
မချိနာကြင်အပြုံးတွေနဲ့
တလောကလုံးပြုံးပြနိုင်ခဲ့ပါတယ်။
28.10.2009
ခိုင်မြတ်သျှင်(စနီချောင်း)