Pages

Wednesday, August 29, 2012

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အနုပညာ အရည်အချင်းအရ ရွေးချယ်မည်

မြန်မာနိုင်ငံမှာ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်ရာမှာ အနုပညာ အရည်အချင်း အပေါ် အခြေခံပြီး စတင် ဆုံးဖြတ်ရွေးချယ် သွားတော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အကြီးအကဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သတင်းစာ ရှင်းလင်းပွဲတွင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း အမှာစကား ပြောကြားနေစဉ်။

နေပြည်တော် ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်း-မြန်မာ နယ်စပ်က ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအတွက် ထောင်ဒဏ်ကျ

ပြည်ပရောက် မြန်မာတွေပြန်လာဖို့ သမ္မတက ဒီနှစ်ဆန်းမှာ ဖိတ်ခေါ်လိုက်တဲ့နောက် ထိုင်းမြန်မာ နယ်စပ်ကနေ ပြန်သွားတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူအရင်က စွပ်စွဲခံထားရတဲ့ တရာရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။---


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၂၇ / ၂၀၁၂ )

၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်

(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ အောက်ပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-

(၁) ဦးသန့်ကျော် - နိုင်ငံခြားရေးဝန်ကြီးဌာန

(၂) ဦးဇင်ယော် - နိုင်ငံခြားရေးဝန်ကြီးဌာန

(၃) ဒေါက်တာမောင်မောင်သိမ်း - ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန


(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတရုံး ၀က်ဆိုဒ်

သုံးရက်အတွင်း ပြည်ထောင်စု အဆင့် ရာထူး (၃၀) အပြောင်းအလဲ ဖြစ်

နိုင်ငံတော် သမ္မတရုံး သြဂုတ် ၂၇ ၊၂၈ ၊၂၉၊ ရက်နေ့များတွင် ထုတ်ပြန် ကြေညာချက်များ အရ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အပါအဝင် ပြည်ထောင်စု အဆင့် ရာထူးနေရာ ၃၀ အပြောင်းအလဲ ဖြစ်ခဲ့သည်။


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြုပြင်လဲမှုများ ဆက်တိုက် ပြုလုပ်နေသည့် သမ္မတဦးသိန်းစိန်

7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၂၅ 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၂၅ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၂၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

မနန်းဝိုးဖန် အမှု၊ စသုံးလုံးဝန်ထမ်း ၅ ဦး ကို အရေးယူမည်

ဂျပန်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူဈေး ကစားမှုဖြင့် စစ်ဆေးခံရရင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန အဆောက်အအုံမှ ပြုတ်ကျသေဆုံးခဲ့ရသော မနန်းဝိုးဖန်မှာ မတော်တဆ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းဖော်ထုတ် ရရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရှိရသည်။

ဂျပန်နိုင်ငံသား Mr.Namase Motohiko ဖြစ်သူသည် မနန်းဝိုးဖန်နှင့်လက်ထပ်ပြိး မြေကွက်များကိုဝယ်ယူဈေးကစားနေကြောင်း တိုင်ကြားချက်ကို ၂၀၁၂ ခုနှစ်မတ်လအတွင်းက ရရှိခဲ့သဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ဆင့်ဆို အကြောင်းကြားချက်အရ မနန်ဝိုးဖန်က ၄င်း၏ ရှေ့နေဖြစ်သူ မအိအိအောင်နှင့် မတ်လ ၂၁ရက်နေ့တွင် လာရောက်သတင်းပို့ခဲ့ပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အားပြစ်မှုကြောင်းအရ တရားခံအဖြစ်ခေါ်ယူ စစ်ဆေးခဲ့ခြင်းမဟုတ်ကြောင်း၊ မနန်းဝိုးဖန်အားပြစ်မှုကြောင်းအရ တရားခံအဖြစ် ခေါ်ယူစစ်ဆေးခဲ့ခြင်းမဟုတ်ဘဲ အမှုနှင့်ပတ်သက်သည့် သက်သေအထောက်အထားများနှင့် စာရွက်စာတမ်း သက်သေခံချက်များ ရှာဖွေစုဆောင်းခြင်း၊ ဆက်စပ်အတည်ပြု မေးမြန်းခြင်းများကိုသာ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး သိကျွမ်းသည်ဟု ထင်မြင်ယူဆရသူများကို တစ်ဆက်တစ်စပ်တည်း တားဆီးချုပ်နှောင်ထားရှိချိန် ၂၄နာရီထက် မကျော်လွန်စေရေးအတွက်လည်း အထူးအလေးထားစီမံကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ ၂၄ရက်နေ့ နံနက် ၅နာရီတွင် မနန်းဝိုးဖန်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအဆောက်အအုံမှာ ကျသေဆုံးသွားကြောင်း၊ ယင်းသေဆုံးမှုကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အခြေအနေအသေးစိတ်စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ မနန်းဝိုးဖန်မှာ မတော်တဆပြုတ်ကျသေဆုံးခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်တရားရုံးကလည်း ဇွန်လ ၁၃ရက်နေ့တွင် သေမှုသေခင်းဖြစ်စဉ်အဖြစ် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်းသိရှိရသည်။

သို့သော်လည်း မနန်းဝိုးဖန်သေဆုံးမှုအတွက် ရန်ကုန်တိုင်းဒေသကြီးရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အကြီးအကဲနှစ်ဦးတို့ကို ဌာနညွှန်ကြားရေးမှူးချုပ်က သတိပေးဆုံးမပြီး အထိုက်အလျောက်တာဝန်ရှိသည့် ဦးစီးအရာရှိ၊ စုံစမ်းစစ်ဆေးရေးမှူး၊ ဒုတိယစုံစမ်းစစ်ဆေးရေးမှူးအပါအ၀င် ၀န်ထမ်း (၅) ဦးကို ဌာနဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မနန်းဝိုးဖန်၏ခင်ပွန်း ဂျပန်နိုင်ငံသား Mr.Namase Motohiko အပါအ၀င်မြေကွက်အရောင်းအ၀ယ်လုပ်သူ ခြောက်ဦးကို မေလ ၁၇ရက်နေ့မှ စတင်ဖမ်းဆီးပြီး လှိုင်သာယာမြို့နယ် တရားရုံတွင် ပြစ်မှုကြီးအမှတ် ၉၇၆/၂၀၁၂ဖြင့် တရားစွဲဆို အမှုစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Venus News Weekly


သေဆုံးသူ မနန်းဝိုးဖန် (ဓာတ်ပုံ - YPI)