Pages

Saturday, September 29, 2012

ဒေါ်အောင်ဆန်းစုကြည် (San Francisco) မြန်မာ တိုင်းရင်းသား မိသားစုများနဲ့ တွေ့ဆုံပွဲ (ရုပ်/သံ)

 နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (San Francisco) မြန်မာ တိုင်းရင်းသား မိသားစုများနဲ့ တွေ့ဆုံပွဲ (ရုပ်/သံ) အစအဆုံး

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ရွာသား ၅ ဦး သေနတ်ပစ်ခံရ (ရုပ်/သံ)

 ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေးရွာ၌ စက်တင်ဘာ ၂၆ရက်နေ့တွင် သေနတ် (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း သိရပါသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး နောက်တရက်တွင် ဆေးရုံ၌ ၁ ဦး ထပ်မံသေဆုံး သွားခဲ့ပါသည်။ ကျန်ရှိသည့် သေနတ်ပစ်ခတ်ခံရသူ ကျော်ဇင်သက် နှင့် ဝင်းသန့်ကို ပုသိမ်ဆေးရုံမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ စက်တင်ဘာလ ၂၈ရက်နေ့ ည ၉း၀၀ နာရီအချိန်တွင် ရောက်ရှိလာကြောင်း သိရပါသည်။

 ဖြစ်ပွားသည့် အကြောင်းအရင်းကို သက်ဆိုင်ရာများနှင့် အတူလိုက်ပါလာသည့် ကာယကံရှင် မိသားစုများမှ တစုံတရာပြောကြားခြင်း မရှိသေးဘူးဟု သတင်းရရှိပါသည်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Burma VJ Media


စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်

 အပတ်စဉ် သတင်းစာ စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ

သတင်းစာ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်


ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် 
လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင်
 ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ 
တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် 

အမတ်များထံတင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ
 ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယု
က ပြောကြားသည်။

“လူတွေ လက်ခံလာမှ ကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ။ မြန်မာ့ 
ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ် တယ်” ဟု ၎င်းကရှင်းပြသည်။


မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရ 
သောကြောင့် လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် 
 ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ 
ဆုံးရှုံးလျက် ရှိကြောင်း ၎င်းကဆို သည်။

“ကျွန်တော်တို့ လွှတ်တော် အမတ် တွေကို Advocacy (မူဝါဒ လျှောက်လဲ) 
လုပ်ဖို့ တခြား နိုင်ငံတွေနဲ့ ယှဉ်ပြီး သုတေသန လုပ်နေပါတယ်” ဟု မြန်မာ 
နိုင်ငံ ပြည့်တန်ဆာများ ကွန်ရက် အား ထောက်ပံ့ နေသော ဗြိတိန်သံရုံးရှိ ပျိုးပင် အဖွဲ့မှ ဒေါက်တာမျိုးလွင်က ပြောပြသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ခွင့် ရပါက 
လူမှုရေး အခက်အခဲကြောင့် ခိုးဝှက်လုပ် ကိုင် နေရသူများနှင့် အသက်ကြီးပိုင်းပြည့်
တန်ဆာများ အခက်အခဲ တွေ့ သည်မျိုးလည်း ဖြစ်လာနိုင်ကြောင်း
 ဒေါ်နှင်းနှင်းယုက ပြောကြားသည်။

မြန်မာနိုင်ငံ တွင် ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ကို ‘ပြည့်တန်ဆာ နှိပ်ကွပ် 
ရေးဥပဒေ’ အရ လုပ်ကိုင်ခွင့် မရှိကြောင်း၊ ယခု တောင်းဆိုမှုမှာ ယင်းဥပဒေကို 
ပယ် ဖျက်၍ လုပ်ကိုင်ခွင့် ပြုပေးရန် တောင်း ဆိုသည်မျိုး ဖြစ်နိုင်ကြောင်း၊ အခြားနိုင်ငံ 
များတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင်ခွင့် ပြုသော်လည်း မြန်မာ့ယဉ်ကျေးမှု 
ဓလေ့အရမူ အံမဝင်သည့် အနေ အထားဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ယခင် 
ဒီမိုကရေစီ စနစ် ကျင့်သုံးစဉ်ကလည်း ခွင့်ပြုသည်ကို မတွေ့ရကြောင်း၊ 
 
သို့သော် လိင်လုပ်သားများ အနေနှင့်မူ ၎င်းတို့၏အခွင့်အရေးကို တောင်းဆို နိုင်ကြောင်း၊ 
ခွင့်ပြု၊ မပြုကိုမူ ဥပဒေပြု အာဏာပိုင်း က စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း တရား 
လွှတ်တော် ရှေ့နေ ဦးကိုနီက ရှင်းပြသည်။

“ကျွန်တော့် ထင်မြင်ချက် အရတော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရ အံမဝင်နိုင် 
သလို တစ်ဖက်ကလည်း သူတို့ရဲ့ အခွင့် အရေးဖြစ်နေတော့ ဥပဒေပြု အာဏာပိုင်
 တွေဘက်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ရမယ်။ အမြော်အမြင် ကြီးကြီးနဲ့ လုပ်
 ဆောင်ရမယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန် ရက် (SWIM Network) ကို ၂၀၀၉ ခုနှစ် 
တွင် စတင် တည်ထောင်ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂၃ရက် နေ့တွင် အတည်ပြု 
ဖွဲ့စည်းကာ အဖွဲ့ဝင် ၇၀၀ ဦးရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
 
The Voice Weekly 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းရန် အစီအစဉ် မရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် မြန်မာ စီးပွားရေး ဦးပိုင် လီမိတက်မှ အကြီးတန်း အရာရှိ ဦးဝင်းကြည်က ပြောသည်။  -----


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




စစ်တွေ သတင်းဖေါ်ပြရာမှာ အတည်ပြုချက်
မရှိတာကို သတင်းထောက်အား
ချက်ချင်းဖြုတ်ခိုင်းလိုက်ကြတော့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာ ရပ်ကွက်က ရေခဲချောင်းရောင်းတဲ့
ကလေးတစ်ဦးဟာ ဒီကနေ့နံနက် ၁၁ နာရီခန့်ကရိုဟင်ဂျာရပ်ကွက်တစ်ခုဖြစ်တဲ့
အင်ပါလာ (အောင်မင်္ဂလာ)ရပ်ကွက်ကို ဈေးသွားရောင်းရာက ပြန်ထွက်မလာ
တာကြောင့်အသတ်ခံရတယ်ဆိုတဲ့ ကောလာဟလ ဖြစ်ပေါ်ခဲ့ပြီး နေ့လည်ပိုင်းမှာ
သံဃာတော်နဲ့ပြည်သူတစ်ထောင်ခန့် စုဝေးပြီး

------ -------- ------- ---------
အခုလို -RFA- က စစ်တွေမှာ မရှိတဲ့  ရပ်ကွက်နာမည်ကို တမင်ရေးထည့်တာဟာရခိုင်
လူမျိုးကို သက်သက်စော်ကားတာဖြစ်တယ်- ဒီသတင်းကို လွှင့်ပေးတဲ့ ကိုကျော်ကျော်အောင်နဲ့  ဦးခင်မောင်စိုးတို့  လွှင့်ပေးတဲ့  သတင်းမှာတော့အဲဒီလို ဖေါ်ပြတာ မကြားရဘူး- ဒါပေမဲ့  သတင်းရေးထားတာကိုတော့ အခုလိုဖေါ်ပြထားတယ်- ဒါကို ကိုကျော်ကျော်အောင်ဆီ
စစ်တွေက လူတွေ သွားပြီးချက်ချင်း ဒီစာသားဖြုတ်ပေးဖို့  ပြောပေးကြပါ ။  

သတင်းတပုဒ် လွှင့်မယ်ရေးမယ်- ဖေါ်ပြမယ် ဆိုရင် အတည်ပြုချက် ယူရပါလိမ့်မယ်။
ရပ်ကွက်ကျေးရွာသတင်းအတည်ပြုချက် ယူမယ်ဆိုရင် မြေစာရင်းဦးစီးဋ္ဌါန ယူရမှာ ဖြစ်ပြီး
လူမျိုးစာရင်း အတည်ပြုယူရမယ်ဆိုရင် လူဝင်မှုဦးစီးဋ္ဌါနနဲ့  သန်ကောင်စာရင်းဋ္ဌါနဆီမှာ
ယူရလိမ့်မယ် ။

ဒါ့ကြောင့် စစ်တွေမြို့ မှာ အဲဒီလို သမိုင်းလိမ်နာမည်နဲ့  ရပ်ကွက်မရှိတာကို ချက်ချင်း
 ဖြုတ်ပေးဖို့  အဲဒီ -RFA-သတင်းထောက်ရှိရာသို့  အမြန်ဆုံး ချီတက်သွားကြပါတော့လို့ 
 ပြောချင်တယ် ။

ဒီလို မဟုတ်တာတွေကြောင့် လူမျိုးရေးပဋိပက္ခတွေဟာ အမြဲတမ်းဖြစ်ပေါ်နေ
တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ် ။ ဒါ့ကြောင့် တို့ မီး ရို့  မီးတောမ
လုပ်ကြပါနဲ့ လို့  ပြောချင်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

 ရွှေမြန်မာမီဒီယာဂရု


မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်
အရွယ်အရ ၂၀၁၅ ခုနှစ်အထိသာသမ္မတ
အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း
 ထုတ်ဖော်ပြောကြားထားမှုသည် တိုင်းပြည်၏ 

အခြေအနေ၊ ပြည်သူများ၏ ဆန္ဒပေါ်တွင် မူတည်ပြီး
 အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတ
ဦးသိန်းစိန်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အာရှအသင်းနှင့်
စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်မည်ဆိုသည့် ဆုံးဖြတ်ချက် ပြင်ဆင်သွားရန် ရှိ၊ မရှိ မေးမြန်းမှုနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''သက်တမ်းအားဖြင့်တော့ ကျွန်တော်ရဲ့ ပင်ကိုယ်ဆန္ဒအရ စောစောကပြောသလို
 one term ပဲ လုပ်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။

သို့သော်လည်း တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ ဒီအပေါ်မှာ
မူတည်ပြီးတော့ပဲ အနာဂတ်ကို ဆုံးဖြတ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။
 သို့သော်လည်း ကျွန်တော့်ရဲ့ မျှော်မှန်းချက်ကတော့ one term ပဲလုပ်မယ်လို့
ဒီကနေ့အထိ ကျွန်တော် စိတ်ကူးထားပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က
 ဖြေကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်က မိမိ၏ ကျန်းမာရေးအခြေအနေနှင့် အသက်အရွယ်အရ
၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း
 ဇူလိုင်လ နောက်ဆုံးပတ်က Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

Channel News Asia ရုပ်သံက "နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်မယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရ ရှိနေစေချင်ပါသလဲ။ ဘယ်လိုမျိုး မှတ်မှတ်သားသား ရှိနေစေချင်ပါသလဲ"ဟု မေးမြန်းခဲ့ရာတွင် ''တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့ အသက်အရွယ်အရ၊ ကျွန်တော့်ရဲ့
ကျန်းမာရေးအရ ဒီလို စဉ်းစားလာတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်နိုင်မယ့်
လူမျိုးတွေ၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ့် မျိုးဆက်မျိုးတွေ၊
ဒီလိုမျိုးဆက်မျိုးက ဆက်ပြီးတော့ တာဝန်ယူသွားစေချင်ပါတယ်''ဟု သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားခဲ့သည်။

Eleven Media Group