Pages

Sunday, October 28, 2012

ဥပဒေ အကောင်အထည်ဖော်မှု အားနည်း၍ ပြဿနာကြုံရဟု ALP ဆို



အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တာဝန်ရှိသူများ အကောင်အထည် ဖော်ရာတွင် အားနည်းခဲ့၍ ယနေ့ပြဿနာများ ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)က ပြောဆို လိုက်သည်။

ထို့ကြောင့် စက်တင်ဘာလအတွင်းက ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ရခိုင် လူထု အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်း ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို တိကျစွာ အကောင်အထည်ဖော်ရန် ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခ က ပြောသည်။

“ဥပဒေကတော့ ရှိနေတယ်။ ဒါပေမယ့်လို့ နယ်စပ်မှာရှိတဲ့ အရာရှိတွေ လာဘ်စားတာတို့၊ တခြားနည်းမျိုးစုံနဲ့ ခိုးဝင်တဲ့ သူတွေဆီက လာဘ်စားတာတို့၊ ကိုယ့်တိုင်းပြည်ထဲမှာ တဘက်နိုင်ငံက လူတွေ ပြည့်သွားတာပေါ့။ အဲဒါကြောင့်မို့လို့ ကိုယ့်တိုင်းပြည်ထဲမှာ ရှိတဲ့ ဥပဒေကို ဥပဒေအတိုင်းပဲ တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားရေး၊ ဥပဒေအတိုင်း အကောင်အထည်ဖော်သွားရေး ကျနော်တို့က ပြောတာပါ။ အစိုးရက သူ့အလုပ်သူ မလုပ်လို့ ပြည်သူက မခံမရပ်နိုင် လို့ ထလုပ်ရတာ” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလအတွင်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရရှိထားသည့် ALP အနေနှင့် ရခိုင်လူမျိုးတို့အား မြန်မာစစ်တပ်မှ ပစ်ခတ်နေခြင်းကိုလည်း ကန့်ကွက်ကြောင်းလည်း ကြာသပတေးနေ့ ကြေညာချက်တွင် ပါရှိသည်။

“အကုန်လုံးကို ခြုံပြီးကြည့်ရင် အစိုးရကနေပြီးတော့ နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ဘူး ဆိုတဲ့ဥစ္စာကို ပြနေတာပဲ။ ဦးသိန်းစိန် အစိုးရက ပြောထားတာ ရှိပါတယ်။ သူ့အနေနဲ့ ရခိုင်ဘက်ကလည်း မပါဘူး။ ဘင်္ဂလီဘက်ကလည်း မပါဘူး။ ကြားက ရပ်တည်မယ်ဆိုတဲ့ ဥစ္စာမျိုး။ တကယ်ပြောမယ်ဆိုရင်တော့ ဘင်္ဂါလီ က တဘက်နိုင်ငံက ခိုးဝင်လာ တာ။ ရခိုင်က ညီအကို တိုင်းရင်းသားဗျ” ဟု ခိုင်သုခ က ဆိုသည်။

ALP ကို ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ၁၉၇၄ မှစ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် လှုပ်ရှား
ဆောင်ရွက်ခဲ့သည်။

တနင်္ဂနွေနေ့မှ ပြန်လည်စတင်လာသည့် အကြမ်းဖက်မှုများကြောင့် ယခုအခါ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး မြို့နယ်များ၌ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံး သူပေါင်း ၁၂ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦးနှင့် လူနေအိမ် ၁၉၄၈ ဆောင်၊ ဘာသာရေး အဆောက်အဦ ၈ ခု မီးလောင်၍ ပျက်စီးဆုံးရှုံး ခဲ့ရသည်ဟု သမ္မတ ရုံးမှ ကြာသပတေး
နေ့က ထုတ်ပြန်ကြေညာခဲ့သော်လည်း အတည်မပြုနိုင်သေးသည့် သတင်းရပ်ကွက်များကမူ သေဆုံးသူဦးရေ ၁ဝဝ ကျော်ရှိနေသည်ဟု ဆိုကြသည်။

ပထမ စတင်ခဲ့သော အကြမ်းဖက်မှုများအတွင်း ဇွန်လ ၁၄ ရက်အထိ သေဆုံးသူ ၅ဝ ဦး၊ ဒဏ်ရာရရှိသူ ၅၄ ဦးရှိခဲ့ပြီး လူနေအိမ် ၂,၂၃ဝ လုံးနှင့် ဘာသာရေး အဆောက်အဦ ၁၄ ခု မီးလောင်ဆုံးရှုံးခဲ့ကာ ၆၁,၄၆၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့ရကြောင်း ကြာသပတေးနေ့ထုတ် သမ္မတရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဗဟိုဘဏ် အပ်ငွေ-ချေးငွေ အတိုးနှုန်းကို စောင့်ကြည့် သတ်မှတ်မည်




ရန်ကုန် (မဇ္ဈိမ)။     ။ မူဝါဒများနှင့် ကိုက်ညီသော ဗဟိုဘဏ်အတိုးနှုန်းအား သတ်မှတ်ပြီး ဘဏ်များ၏ အပ်ငွေနှင့် ချေးငွေများအပေါ် အတိုးနှုန်းများကို စောင့်ကြည့် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချေးငွေအပေါ် အတိုးနှုန်းအား ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်း သို့လည်းကောင်း လျှော့ချပေးပါက အပ်ငွေအပေါ် အတိုးနှုန်းကိုလည်း လျှော့ချပေးရမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန် ဒု-ဝန်ကြီးက ပြောဆိုလိုက်သည်။

“နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်မယ့် စီးပွားရေး အခြေအနေ၊ ပြည်သူတို့၏ စုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ စားသုံးမှုတို့အပေါ် လေ့လာသုံးသပ်ပြီး ဆီလျော်တဲ့ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒဆိုင်ရာ နည်းလမ်းများကို ချမှတ်ပြီး ယင်းမူဝါဒများနှင့် ကိုက်ညီသော ဗဟိုဘဏ် အတိုးနှုန်းအား သတ်မှတ်ပြီး ဘဏ်များ၏ အပ်ငွေအပေါ် အတိုးနှုန်းများ၊ ချေးငွေအပေါ် အတိုးနှုန်းများကို စောင့်ကြည့်သတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု သတ္တမနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားသည်။

စုငွေအတွက် ၁၂ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းသို့လည်းကောင်း ချေးငွေအတွက် ၁၇ ရာနှုန်းမှ ၁၅ ရာခိုင်နှုန်းထက်မပိုသည့် အတိုးနှုန်းများ လျှော့ချမှုကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် လျှော့ချပေးခဲ့သည်။

စုငွေအတွက် အတိုးနှုန်းများ ထပ်မံ၍ လျှော့ချဦးမည်ဆိုပါက အငြိမ်းစားဝန်ထမ်းများအတွက် နစ်နာသွားနိုင်ကြောင်း အာရှစိမ်းလန်းမှု ဖွံဖြိုးရေးဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က ဆိုသည်။ 

“မြန်မာနိုင်ငံမှာတော့ ဘဏ်တိုးနှုန်း ပေးရတာတွေကို များတယ်လို့ အများစုက ထင်ကြတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာလည်း များတဲ့နိုင်ငံအချို့လည်း ရှိပါတယ်။ အခြားနိုင်ငံအချို့မှာ နှစ်ရှည်အပ်ရင် အတိုးများများပေးတာ၊ နှစ်တိုအပ်ရင် အတိုးနည်းနည်း ပေးတာမျိုးတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ငွေအပ်နှံစရာ ဆိုလို့ ဘဏ်ပဲ ရှိနေတာပါ။ စတော့ ရှယ်ယာ ဈေးကွက်တို့၊ အခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေမှာ သာမန်ပြည်သူတွေအနေနဲ့ လုပ်ဖို့ မရှိသေးပါဘူး။ သာမန်လူတွေထဲက ဘဏ်မှာ အပ်သူအများစုက အငြိမ်းစားသမားတွေ များတယ်။ သူများနိုင်ငံမှာ အငြိမ်းစား ယူပြီးရင် စားနိုင်သောက်နိုင်လောက်အောင် ကျန်တော့ သိပ်ပူစရာမရှိဘူး။ ဒီိမှာကျတော့ အငြိမ်းစားသမားတွေက ဘဏ်ကိုအပ်ပြီး ဘဏ်တိုးကို အားကိုးစားကြရတဲ့ သူတွေ ရှိနေတယ်။ အကယ်၍သာ ဘဏ်တိုးနှုန်းကို ထပ်ချမယ်ဆိုရင် ဘဏ်တိုးကို အားပြုကြရတဲ့ အငြိမ်းစား ဝန်ထမ်းတွေ အတွက်တော့ ထိခိုက်မှု ရှိနိုင်ပါတယ်” ဟု ပြောဆိုသည်။

ဟာရီကိန်းအန္တရာယ် ကာကွယ်ရေး စိုင်းပြင်း


အမေရိကန် ပြည်ထောင်စု ပြည်မ ကုန်းတွင်းပိုင်းကို အင်အား အပြင်းထန်ဆုံး မုန်တိုင်း တိုက်ခတ် မယ်လို့ မိုးလေ၀သ ကျွမ်းကျင် သူတွေက ခန့်မှန်း နေတာကြောင့် အရှေ့ဘက် ကမ်းခြေတကြော မှာ လေနဲ့ရေဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး ပြင်ဆင် နေကြပါပြီ။

စန္ဒီ လို့ နံမည် ပေးထားတဲ့ ဟာရီကိန်း မုန်တိုင်းဟာ Atlantic သမုဒ္ဒရာ ကမ်းရိုးတန်း ဘက်ကို ဦးတည်နေပြီး မြောက်ဘက်က လာမယ့် ဆောင်းရာသီမုန်တိုင်း ၂ ခုနဲ့ ထိတွေ့ပြီး Super Storm ခေါ် အင်အားအပြင်းထန်ဆုံး မုန်တိုင်းအသွင်ပြောင်း တိုက်ခတ်မယ်လို့ မိုးဇလကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ အဲဒီ Super Storm ဟာရီကိန်းမုန်တိုင်းဟာ မိုင် ၇၅၀ အ၀န်းအ၀ိုင်းအထိ ကျယ်ပြန့်နိုင်ပြီး အရှေ့ဘက်ကမ်းခြေတကြောက လူဦးရေ သန်း ၆၀ ကို ဒုက္ခပေးနိုင်ပါတယ်။

မုန်တိုင်း တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းက ၀ါရှင်တန်ဒီစီ၊ ဘော်လ်တီမိုး၊ နယူးယောက်၊ ဖီလာဒဲဖီးယားနဲ့ ဘော်စတွန် မြို့ကြီးတွေမှာ ကြိုတင် ကာကွယ်ကြဖို့ ပြင်ဆင်နေကြပါပြီ။ စန္ဒီ ဟာရီကိန်း မုန်တိုင်းဟာ အရှေ့ဘက်ကမ်းရိုးတန်းကို တနင်္လာနေ့ ညပိုင်းမှာ တိုက်ရိုက် ၀င်ရောက် တိုင်ခတ်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက် အရ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတိပေး နှိုးဆော်နေပါတယ်။

အရှေ့ဘက်ခြမ်းက ပြည်နယ်အတော်များများမှာ လေမုန်တိုင်းနဲ့အတူ မိုသည်းထန်ပြီး ရေကြီးနိုင်သလို တချို့ဒေသတွေ မှာ ဆီးနှင်းမုန်တိုင်းပါ တိုက်ခတ်နိုင်ဖွယ်ရှိပါတယ်။ အခုလောလောဆယ် စန္ဒီ မုန်တိုင်းဟာ တနာရီ ၇၅ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး မုန်တိုင်းဗဟိုချက်ကနေ မိုင် ၁၀၀ အ၀န်းအ၀ိုင်းနဲ့ လည်ပတ် ရွေ့လျားနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)


ဘာသာကွယ်၊ လူမျိုးပျောက်မည့် အန္တရာယ်အား ကာကွယ်နိုင်ရန် ရဟန်းတော်များကွန်ယက်ဖွဲ့စည်း





ဘာသာကွယ်၊ လူမျိုးပျောက်မည့် အန္တရာယ်အား ကာကွယ်နိုင်ရန် ရဟန်းတော်များကွန်ယက်ဖွဲ့စည်း ရခိုင်ပြည်နယ်တွင် ကျရောက်နေသည့် ဘာသာကွယ်၊ လူမျိုးပျောက် နယ်မြေတစ်လျှောက်အား သိမ်းပိုက် ရန် ကြံရွယ်၍ စံမံကိန်းဖြင့်ဖန်တီးနေသော အန္တရာယ်ကြီးတစ်ရပ်အား ကာကွယ်နိုင်ရန် သံတွဲမြို့နယ်၏ ညီညွတ်သော ရဟန်းတော်များကွန်ယက်ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့ သိမ်ကုန်းပရိယတ္တိ စာသင်တိုက်၌ အောက်တိုဘာ (၂၇) ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အန္တရာယ်အား ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်သော ရဟန်းရှင်လူအားလုံးမှ ကိုယ်စွမ်းညဏ်စွမ်း ဖြင့် နိုင်ရာတာဝန်ကို မထမ်းဆောင်၊ မကာကွယ်ကြလျှင် လူမျိုးဘာသာကိုယ်းကွယ်ရာဖြစ်သော မြတ်ဗုဒ္ဓ သာသနာသည် နယ်မြေနှင့်အတူ မိစ္ဆာလူမျိုးတို့၏ ရက်စက်စွာဝါးမျိုခြင်းသို့ ကျရောက်သွားမည်ဟု ယူဆ ကာ ကွန်ယက်ကို ဖွဲ့စည်းခဲ့ကြသည်။


သံဃာတော်များနှင့် နောက်လိုက်ဒကာများ၊ အစည်းအဝေးသို့ တက်ရောက်လာသော လူထုပရိသတ်များ အား အစည်းအဝေးခေါ်ယူရခြင်းမှာ အကြမ်းဖက်ရန် အားပေးအားမြောက်ပြုသော အစည်းအဝေးမဟုတ်
ကြောင်း သံတွဲမြို့နယ်၏ ညီညွတ်သောရဟန်းတော်များကွန်ယက်အားဖွဲ့စည်းရန် ခေါ်ယူခြင်းသာဖြစ် သည်ဟု ရခိုင် သမိုင်း သုတေသီ၊ စာရေးဆရာ အရှင်ကောသလ္လ(ဂဝေသီ) က အစည်းအဝေးတွင် မိန့် ကြားခဲ့သည်။

မတူညီသောခံယူချက် ၀ါဒလမ်းစဉ်တို့ကို တစ်စုတစ်စည်းတည်းပေါင်းစည်းကာ အမျိုးသားရေးတာဝန် တစ်ရပ်အား စုပေါင်း၍ ကျေပွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သံတွဲမြို့နယ်၏ ညီညွတ်သော ရဟန်းတော် များ ကွန်ယက်ကို ဖွဲ့စည်းရန် သံတွဲမြို့နယ်လုံးဆိုင်ရာ သံဃာ့ အစည်းအဝေးကို အဆိုပါနေ့၌ ကျင်းပခဲ့ သည်။

ကွန်ယက်ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ပုလဲရတနာ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင် ဣန္ဒာစာရက "လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်အရေးပြဿနာတွေကို လိုအပ်သလို မြို့နယ်အလိုက်ဝိုင်းဝန်း ကူညီဆောင် ရွက်ရန်ဖြစ်တယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာမှာ တစ်ချို့ ဒကာ၊ ဒကာမတွေက တချို့ထက်ဝက် သိသ လို၊ တစ်ချို့က လုံးဝ မသိသလို၊ တစ်ချို့ သိပြီးတော့ ဘယ်လို ဆောင်ရွက်ရမှန်း၊ ဘယ်လို ပူးပေါင်းရမှန်း မသိဖြစ်နေကြတော့ ဒီဒကာ၊ ဒကာမတွေအားလုံးဟာ အမျိုးသားရေစိတ်ဓါတ် ပေါ်လွှင်စွာနဲ့ လူမျိုး၊ ဘာသာ သာသနာကို ဘုန်ကြီးတွေနဲ့လက်တွဲပြီး ဆောင်ရွက်သွားနိုင်အောင် ကြိုးပန်းသွားမယ်" ဟု ဆရာတော်က မိန့်ကြားသည်။



ကွန်ယက်၏သက်တမ်းမှာ လိုအပ်မှုရှိသ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး လိုအပ်မှုမရှိက ကွန်ယက်၏သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

သံတွဲမြို့နယ်၏ ညီညွတ်သော ရဟန်းတော်များကွန်ယက်၏ ဥက္ကဌမှာ ဂျိတ္တောကျေးရွာ ပုလဲရတနာ ပရိယတ္တိ စာသင်တိုက်မှ ဆရတော် ဣန္ဓာစာရဖြစ်ပြီး ဒု- ဥက္ကဌနှစ်ပါးမှာ အောင်မြေသာစည် ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အရှင်ကုသလ္လနှင့် သိမ်ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်မှ ဆရာတော် အရှင်တေဇိန္ဒ၊ အတွင်းရေးမှူးမှာ မဟာအောင်မြေကျောင်းမှ ဆရာတော် အရှင်ကောသလ၊ တွဲဘက် အတွင်းရေးမှူးမှာ သုခ၀တီ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အရှင်စန္ဒမာနှင့် နံတော်ကျောင်းမှ ဆရာတော် အရှင် က၀ိန္ဒ၊ ဘဏ္ဍာရေးမှူးမှာ မဟာဗောဓိစာသင်တိုက်မှ အရှင်ကလျာဏ၊ တွဲဘက်ဘဏ္ဍာ
ရေးမှူးမှာ မူလမင်းကွန်း(နန်းချောင်း)မှဆရာတော် အရှင်ဥာဏနှင့် မြို့မဝေဠုဝန်ကျောင်းတိုက်မှ ဆရာတော် အရှင်ကုဝေရ၊ စာရင်းစစ်မှာ ကျောက်ကြီးကျောင်းကြီးမှ ဆရာတော် ဇာဂရ၊ တွဲဘက်စာရင်း စစ်မှာ ခမောင်းတုန်း ကျောင်းမှ ဆရာတော် အရှင်ဥာဏိကနှင့် အံ့တော်တောင်ပေါ်ကျောင်းမှ ဆရာတော် အရှင် တေဇောဘာသ တို့ဖြစ်ကြောင်း သိရသည်။

အစည်းအ၀းသို့ သံဃာတော်(၅၄)ပါးနှင့် လူပုဂ္ဂိုလ်(၂၀၀)ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက်(၈) နာရီခွဲတွင်စတင်ပြီး နေ့လည်(၁)နာရီတွင် ကွန်ယက်အား စတင်ဖွဲ့စည်းကာ သဘာပတိ ဆရာတော် သုံးပါး၊ ဥက္ကဌ ဆရာတော် သုံးပါး၊ အကျိုးတော်ဆောင် ဆရာတော် သုံးပါး၊ ဘဏ္ဍာရေးမှူး သုံးပါး၊ စာရင်းစစ် သုံးပါး၊ နယ်မြေခံဆရာတော်များအား ရွေးချယ်တင်မြှောက်ကာ သံတွဲမြို့နယ်၏ ညီညွတ်သောရဟန်းတော်များ ကွန်ယက်အား အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး အခမ်းအနားကို ညနေ(၄) နာရီတွင် ရုပ်သိမ်းခဲ့သည်။





သတင်း
Arakan Times
SUNDAY , OCTOBER 28, 2012

အမေဇုန်မှ Kindle တက်ဘလက်များကို ဂျပန်ဘာသာဖြင့်ထုတ်



အွန်လိုင်း ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Amazon သည် ပြီးခဲ့သည် အောက်တိုဘာ ၂၆ ရက်နေ့က ဂျပန် ဘာသာဖြင့် Kindle တက်ဘလက်များကို လာမည့်လအတွင်း ထုတ်လုပ်ဖြန့်ချိတော့မည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ထိုအချိန်သည် Apple ကုမ္ပဏီကလည်း iPad Mini ကိုဖြန့်ချိမည့်အချိန်နှင့် ကိုက်ကာ စီစဉ်ထားခြင်းဖြစ်ပြီး လုံးရေ ၅ သောင်းခန့် ဂျပန်ဘာသာဖြင့် ထုတ်မည်ဟုဆိုသည်။
လာမည့်နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဂျပန်ဘာသာဖြင့် တက်ဘလက်များကို စတင်ဖြန့်ချိမည်ဟုဆိုသည်။ ဝိုင်ဖိုင်ရသည့် တက်ဘလက်ကို ၁၀၇ ဒေါ်လာဖြင့်လည်း ကောင်း၊ 3G ရသည့် တက်ဘလက်ကို ၁၆၃ ဒေါ်လာခန့်ဖြင့် ဖြန့်ချိမည်ဟုဆိုသည်။

ဒိန်းမတ်နိုင်ငံမှ မျက်လုံးဖြင့် ထိန်းချုပ်နိုင်သည့် ဖုန်းနှင့် တက်ဘလက်ဆော့ဖ်ဝဲကိုထုတ်



ဒိန်းမတ်ကုမ္ပဏီတစ်ခုမှ မျက်လုံးဖြင့် ထိန်းချုပ်နိုင်သည့် ဆော့ဖ်ဝဲကို တက်ဘလက်နှင့် မိုဘိုင်းဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုဆော့ဖ်ဝဲသည် e-Book များအား စာမျက်နှာလှန်ခိုင်းခြင်းကို မျက်လုံးဖြင့် ပြုလုပ်ခိုင်းနိုင်မည်ဖြစ်ပြီး၊ ဂိမ်းများကိုလည်း မျက်လုံးဖြင့် ကစားနိုင်မည်ဖြစ်သည်။
ထိုဆော့ဖ်ဝဲသည် မျက်လုံး၏လှုပ်ရှားမှုကို တက်ဘလက် သို့မဟုတ် မိုဘိုင်းဖုန်း မှတစ်ဆင့် အနီအောက် ရောင်ခြည်ဖြင့် အာရုံခံကာ ခိုင်းစေမှုကို တုံ့ပြန်ပေးမည်ဟု သိရသည်။ တက်ဘလက် သို့မဟုတ် မိုဘိုင်း ဖုန်းများတွင် ပါဝင်သည့်ကင်မရာများမှတစ်ဆင့်လည်း အာရုံခံကာ မြင်ကွင်းတစ်ခုလုံးကို ထိန်းချုပ်ခိုင်းစေ နိုင်မည်ဖြစ်သည်။
Eye Tribe ဟုအမည်ပေးထားသည့် ထိုဆော့ဖ်ဝဲကို Ph.D ကျောင်းသားလေးယောက်မှ တီထွင်ထားခြင်း ဖြစ်ပြီး၊ လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက စတင်လုပ် ဆောင်နေခြင်းဖြစ်ကြောင်း၊ နည်းပညာကို ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကူညီထောက်ပံ့ငွေအဖြစ် ဒေါ်လာ ၈ သိန်းရယူကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်အတွင်း ထောက်ပံ့ထားသည့် ကုမ္ပဏီမှတစ်ဆင့် ဆော့ဖ်ဝဲကို အများသုံးနိုင်ရန် ဖြန့်ချိနိုင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။

0 Comments.

ပုဂံမှာဆေးရုံလိုအပ်



မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်မှာရှိတဲ့ ပုဂံမြို့သစ်က ဒေသခံ ပြည်သူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အထူး လိုအပ်နေတယ်လို့သိရပါတယ်။ ပုဂံမြို့သစ်နယ်မြေမှာ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဒေသန္တရကျန်းမာရေးဌာန ဖွှင့်လှစ်ထားပေမယ့် ဌာနအနေနဲ့ ဖျားနာတဲ့သူတွေလောက်သာ ဆေးဝါးကုသမှုပေးနိုင်သလို ဆေးဝါးလုံလောက်မှုမရှိဘူးလို့လည်း ဒေသခံတွေကိုဆိုပါတယ်။ ဒါကြောင့်လည်း ဒေသခံပြည်သူတွေအနေနဲ့ သူတို့အတွက် ကျန်းမာရေးစောက်ရှောက်မှုအမှန်တကယ် ပေးနိုင်မယ့် ဆေးရုံမျိုကို ပုဂံမြို့သစ်နယ်မြေအတွင်း ရှိစေချင်တယ်လို့ ပြောဆိုနေကြပါတယ်။လက်ရှိပုဂံမြို့သစ်နေရာဟာ အရင်ပုဂံမြို့ဟောင်းမှာနေထိုင်ခဲ့ကြသူတွေကို နိုင်ငံတော်အစိုးရကနေ ၁၉၉၀ ခုနှစ် ဇွန်လမှာ ပြောင်းရွှေ့နေရာချပေးထားတာ ဖြစ်ပါတယ်။