Pages

Friday, November 30, 2012

အင်တာနက်မီတာတပ်မယ်

GSM/WCDMA Internet မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်း

ကျွန်တော်ပြောပြန်ရင်လည်း ဒီအစိုးရ ကောင်းလာစရာမရှိတော့ဘူး၊ ဖုန်းနဲ့ အင်တာနက်သုံးစွဲခ ကို အဆမတန်မြှင့် လိုက်တာက သွေးရိုးသားရိုးအကြံမဟုတ်ပါဘူး၊ အမြဲတမ်းအဆိုးမြင်နေတယ်လို့ ဒီအစိုးရပြောဦးမယ်။

လုံးခြုံရေးအကြောင်းပြချက်နဲ့ အင်တာနက်ကြေးတွေမြင့်ပြီး သတင်းပြန့်နှုန်းကို လျှော့ချဖို့ လုပ်ခဲ့တဲ့ ဒီအစိုးရနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကလူေ
တွကို မှတ်တမ်းတင်ထားပါတယ်။ ဒီအစိုးရလက်ထက်မှာ မကောင်းတာလုပ်ခဲ့သမျှ သင်ပုန်းချေပစ်မယ်လို့ မထင်ထားပါနဲ့။

ဆက်သွယ်ရေးက မတောက်တခေါက်ပညာလေးနဲ့ လူကြီးအလိုကျ လိုက်လုပ်ပေးနေတဲ့ ပညာရှင်လို့ မိမိကိုယ်အထင်ကြီးနေတဲ့ အရာရှိကြီးတွေ ပြည်သူတွေအတွက်ကတော့ စိတ်ပျက်စရာပဲ။ ပြည်သူတွေ သက်သာအောင်လုပ်ပေးတာပါလို့ပြောတဲ့ ပုဂ္ဂိုလ် မရှက်ဖူးလား။

Facebook မိတ်ဆွေများ အောက်က Bit Meter Software လေးကို Download လုပ်ပြီး စမ်းကြည့်လိုက်ပါ။ ပြည်သူတွေ သက်သာအောင်လုပ်ပေး/မပေး သိလာပါလိမ့်မယ်။

မိမိသုံးစွဲယူနစ် (bit) အား Computer တွင် မှတ်တမ်းတင်နည်း

၁။ ယခုလင့်မှ Installer ကို Download ရယူပါ။
http://download.cnet.com/BitMeter-2/3000-2381_4-10398686.html

၂။ bit meter 2 Installer ကို Computer တွင် Install လုပ်ပြီး ဖွင့်လိုက်လျှင် Graid Screen လေး Computer မှာ ပေါ်လာပါလိမ့်မယ်။ Grid လေးတွေလှပ်နေတာကတော့ မိမိသုံးစွဲနေတဲ့ Real Time bit/sec နဲ့ အနိမ့်အမြင့် ပြနေမှာပါ။ ပြီးရင် အဲဒီ Transparent Screen လေးပေါ်မှာ Right Click နှိပ်ပြီး Statistics Grid ကိုနှိပ်ပါ။ ပြီးရင်ပေါ်လာတဲ့ Browser လေးပေါ်က မိမိကြည့်လိုတဲ့ သုံးစွဲပြီး bit/sec ကို ကြည့်လိုက်ပါ။

၃။ ဒီ bit meter လေးက မိမိသုံးစွဲလိုက်တဲ့ Upload bit/sec နဲ့ Download bit/sec ကို အချိန်တိုင်း၊ နေ့ရက်လိုက်၊ နာရီလိုက် မိမိသုံးစွဲလိုက်တဲ့ Bit/sec ကို မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။

၎။ Facebook တစ်ခုတည်းဖွင့်ကြည့်ရုံနဲ့ 1M/sec download ရှိပြီး ဆက်ကြည့်ရင်ကြည့်သလောက် Mbit/sec နှုန်းဖြင့် ဆက်လက်တက်နေမှာဖြစ်တာ တွေ့ရမှာပါ။

၅။ မိမိ ကြည့်နေကျ Website လေးတွေရဲ့ သုံးစွဲကျသင့်မည့် ငွေကို တွက်ကြည့်နိုင်ပါတယ်။

Myanmar Mobile Users Group

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှ မထွက်ခွာမီ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်

၁။ လက်ပံတောင်းစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် အမြန်ဆုံးဖွဲ့စည်းပြီး စနစ်တကျ ပြဿနာကို ပြေလည်အောင် ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်ကြောင်း

၂။ အကြမ်းဖက်ခဲ့ခြင်း ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ခြင်းအားလည်း အမြန်ဆုံးဖော်ထုတ်ရမည်ဖြစ်ကြောင်း

၃။ သံဃာတော်များအားနှင့် ဒဏ်ရာရပြည်သူများအားလည်း တောင်းပန်ရန်လိုကြောင်း

၎။ ဖမ်းတာဆီးတာရှိရင်လည်း သူ့ကိုပြောနိုင်ကြောင်း တာဝန်ယူနိုင်ကြောင်း

၅။ တရုတ်ကို ကျေးဇူးရှင်အဖြစ် မမြင်ဘဲ အိမ်နီးချင်း မိတ်ဆွေအဖြစ်သာ သတ်မှတ်လိုကြောင်း
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကွဲကွာပြီးပြောင်းနေလို့ မရတဲ့အတွက် မိတ်ဆွေကောင်းဖြစ်ရန် ကြိုးစားဖို့လိုကြောင်း

၆။ ရွာသူရွာသားတွေရဲ့ မိမိတို့ဒေသကို ကာကွယ်လိုတဲ့ စောင့်ရှောက်လိုတဲ့ တိုးတက်စေလိုတဲ့စိတ်ဟာ သဘာဝကျကြောင်း
၇။ ဘက်ပေါင်းစုံရဲ့ အသံကို နားထောင်ပြီး အားလုံးအတွက် အဆင်ပြေစေမယ့် ညှိုနှိုင်းသဘောတူညီချက်ရအောင် ကြိုးစားသွားမှာဖြစ်လို့ မီဒီယာများကလည်း ကူညီပေးရန်လိုကြောင်း

ပြောကြားသွားခဲ့ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=avJCx3VYsKE
Zaw Min Oo

SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် အကုန်ကျခံ ချိတ်ဆက် သွားမည်

Friday, November 30, 2012

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်စေဖို့ အတွက် SE-ME-WE-5ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့် ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အတွက် ဖိုက်ဘာ ဆက်ကြောင်း ချိတ်ဆက် ထားမှုဟာ SE-ME-WE-3 နဲ့ ဆောင်ရွက်
နေတာဖြစ်ပြီး အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန် စေမယ့် SE-ME-WE-5 ကို ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE-3 နေရာမှာ အစားထိုး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဖိုက်ဘာ ဆက်ကြောင်း သွယ်တန်းမှု ကိုတော့ လာမယ့် ဒီဇင်ဘာလမှာ စတင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းဟာ စင်ကာပူ နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အချို့ကို သွယ်တန်း နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ချောင်းသာ သို့မဟုတ် ငွေဆောင် ကမ်းခြေ တစ်ခုခုမှ ခန့်မှန်းခြေ ရေမိုင် ကီလိုမီတာ ၂၀၀ ကျော်အထိ ဖိုက်ဘာ ဆက်ကြောင်း ပြုလုပ်ပါက မြန်မာနိုင်ငံ အတွက် SE-ME-WE-5 ဖိုက်ဘာကြောင်းနဲ့ ချိတ်ဆက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖိုက်ဘာ ဆက်ကြောင်းနဲ့ ချိတ်ဆက်မှု ကိုတော့ လာမယ့် ၅ လအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပြီး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ချိုင်းနား ယူနီကွန်း နဲ့ တည်ဆောက်ရေး လုပ်ငန်းများ သဘောတူ စာချုပ်ချုပ်ဆို ထားပြီး ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။

MRTV - 4

Thursday, November 29, 2012

သမ္မတ ဦးသိန်းစိန်လည်း သြစီ သွားမယ်

Friday, November 30, 2012

မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်ဟောင်း ဦးသိန်စိန်ဟာ လာမယ့် လတွင် သြစတြေးလျနိုင်ငံမှာ သြစီ အစိုးရရဲ့ ကော်ဇောနီ ခင်းပြီး ကြိုဆိုမှု တခုကို ရပါတော့မယ်။

ဒါဟာ အရှေ့တောင် အာရှနို
င်ငံတခုမှာ သြစီ ၀န်ကြီးချုပ် Gillard အစိုးရရဲ့ သြဇာတည်ဆောက်ဖို့ နည်း လမ်း ရှာဖွေမှု တခုလည်းဖြစ်တယ်လို့ The Sydney Morning Herald ရဲ့ အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။

ယခုထိ စစ်တပ်ရဲ့ လွှမ်းမိုးမှုရှိနေတဲ့အစိုးရမှာ တချိန်ကဗိုလ်ချုပ်ကြီးဟောင်း
တဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် ဟာ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ကန့်သတ်ချုပ်ချယ်မှုတွေ
ကနေ ဖယ်ရှားပေးပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ဆီကို ဦးတည် ပဲ့ကိုင်သူဖြစ်တယ်လို့ ချီးမွမ်းထောပနာ ပြုတာခံရသူလည်း ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သြစီက ကန်ဘာရာနဲ့ ဆစ်ဒနီ မြို့တွေကို ၂ ရက်တာ အလည်အပတ် သွားမှာဖြစ်ပါတယ်။ ဒါကလည်း သြစီ နိုင်ငံခြားရေး ၀န်ကြီး Bob Carr ရဲ့ ဇွန်လပိုင်း က မြန်မာ ခရီးစဉ်အတွင်းမှာ သြစီကို လာဖို့ ၀န်ကြီးချုပ် ဂျူလီယာ ဂျီးလတ်ရဲ့ ဖိတ်ကြားမှုကို ကမ်းလှမ်းခဲ့ တာဖြစ်ပါတယ်။

ဒါပေမယ့် သြစီ လူ့အခွင့်အရေး သမား Zetty Brake ကတော့ ဦးသိန်းစိန်ကို သြစီမှာ အခုလို ကြိုဆိုဖို့နဲ့ အလည်အပတ် လာဖို့ ကိစ္စဟာ အချိန်မတန်သေးဘူးလို့ ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ လူနည်းစုတွေ အပေါ် အနိုင်ကျင့်မှုတွေ အထင်အရှားဖြစ်နေသေးလို့ စိုးရိမ်မိကြောင်း အဆိုပါ သတင်းမှာ ဖော်ပြထားပါ တယ်။

ဦးသိန်းစိန်ကို မကြာသေးခင်ကာလအထိ ဗီဇာ ကန့်သတ်ပိတ်ပင်ထားမှု
ရှိခဲ့ပြီး ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာလည်း ရှိနေခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ကပဲ သြစီက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေး
လိုက်တာပါ။ တိုင်းပြည် နာမည်ပြောင်း လိုက်တဲ့ Myanmar ဆိုတာကိုလည်း သြစီ နိုင်ငံခြားရေးဝန်ကြီး Mr Carr က အသိ အမှတ်ပြု
ပြောဆိုလိုက်တာ မကြာသေးပါဘူး။

မစ္စ Brake ဆိုသူအမျိုးသမီးက ပြောတာကတော့ စစ်အုပ်စု ကြိုးကိုင်
ထားတဲ့ မြန်မာနဲ့ ဆက်ဆံပြောဆိုမှုတွေဟာ စိုးရိမ်စရာ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

Griffith Asia Institute က သံတမန်ဟောင်း Andrew Selth က ပြောတာကတော့ ဦးသိန်းစိန်ရဲ့ ခရီးစဉ် ကို ကြိုဆိုသင့် တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ မရေမတွက်နိုင်တဲ့ ပြဿနာပေါင်းများစွာ မဖြေရှင်နိုင်သေး
ချိန်မှာ အကောင်းဆုံးနည်း လမ်းကတော့ လက်ရှိ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ဆက်ပြီး သွားနေဖို့ ပြုပြင်ပြောင်းလဲရေး သမားတွေကို အားပေး ထောက်ခံသင့်တယ်” လို့ သူက ဆိုပါတယ်။

irrawaddy
13

ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန် တင်ဒါခေါ်ယူ သွားမည်

Friday, November 30, 2012

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဆောင်ရွက်မယ့် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်မှု အတွက် တင်ဒါ ခေါ်ယူမှုကို လာမယ့် ဒီဇင်ဘာ

လအတွင်းမှာ ခေါ်
ယူ သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အခုလို ခေါ်ယူရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ
ဆောင်ရွက်မယ့် အိမ်ရာ စီမံကိန်းများ ဖြစ်တဲ့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး အိမ်ရာ စီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်း၊ ပင်လုံအိမ်ရာ စီမံကိန်းနဲ့ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ် ရှိ ဧရာပန် အိမ်ရာ စီမံကိန်းနဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ တက္ကသိုလ် အိမ်ရာ စီမံကိန်းများ
ဆောင်ရွက်ဖို့ အတွက် ခေါ်ယူမှာ ဖြစ်ပါတယ်။

ဒီလို တင်ဒါခေါ်ယူ ရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး
ကော်မတီက ရေးဆွဲ ထားတဲ့ အဆောက်အဦး ပုံစံများအတိုင်း ဆောင်ရွက် သွားဖို့ဖြစ်ပြီး လျှောက်ထားတဲ့ လုပ်ငန်းရှင်များ အနေနဲ့ အစီအစဉ်များ
ရေးဆွဲကာ တင်ဒါများ တင်သွင်း နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်မှု အတွက် တင်ဒါ လျှောက်ထား လိုတဲ့ လုပ်ငန်းရှင်များ အနေနဲ့ တင်ဒါ လျှောက်လွှာနဲ့ အဆောက်အဦး ပုံစံများကို အင်ဂျင်နီယာ ဌာန အဆောက်အအုံမှာ လာမယ့် ဒီဇင်ဘာလ အတွင်း စတင် ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4
15

‎"ကျွန်တော်ကတော့ အကြမ်းနည်း သုံးပြီး ဖြိုခွင်းတာမျိုးကိုလုံးဝ သဘောမတူဘူး။ နောက်တစ်ခုက ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် တို့ပြောတဲ့ စကားကိုသ ဘောတူပါ တယ်။

"ကျွန်တော်ကတော့ အကြမ်းနည်း သုံးပြီး ဖြိုခွင်းတာမျိုးကိုလုံးဝ သဘောမတူဘူး။ နောက်တစ်ခုက ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် တို့ပြောတဲ့ စကားကိုသ ဘောတူပါ တယ်။

ဘယ်ကိစ္စပဲဖြစ်ဖြစ် ဆန္ဒပြ သပိတ်မှောက်တဲ့နည်းနဲ့ပဲဖြေရှင်းလို့ မ
ရပါ ဘူး။ တချို့ဟာတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားမယ့်
ဟာမျိုးတွေ၊ လူကြီး လူကောင်းဆန်ဆန် စာ ချုပ်စာတမ်းချုပ် ဆိုထားတဲ့ ကိစ္စမျိုး တွေဟာ ကလေးကစားသလိုမျိုး ဖျက်ပစ်လို့မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ဒါပေမယ့် ဆန္ဒ ပြတာကိုလည်း ဆန္ဒပြတဲ့သူတွေမှာ လည်း သဘောမတူကြောင်းဆန္ဒပြ ခွင့်ရှိပါတယ်။

သူတို့မှာ နိုင်ငံသား အခွင့်အရေး အပြည့် အဝရှိပါတယ်။ နောက်တစ်ခုက ဆန္ဒပြတာကိုရော ဆန္ဒပြတဲ့သူတွေကို ဆန္ဒမပြဖို့ပြော တာကိုရော အစိုးရအနေနဲ့ဒီစီမံကိန်း ဖျက်လို့ မရတာကိုရော ကျွန်တော်က သဘောတူခြင်း၊ မတူခြင်းကို အသာထား၊ ဒီလို ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးမှာ ဒီလိုရက်ရက် စက်စက် ဘာမှခုခံတာမျိုးမလုပ်တဲ့
ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒပြနေတဲ့ သံဃာတော် တွေနဲ့ ဒေသခံတွေကို ဒီလိုနည်း လမ်းနဲ့ဖြိုခွင်းတာကို ကျွန်တော်လုံးဝ ပြတ်ပြတ်သားသား ဆန့်ကျင်ပါ တယ်။ ကန့်ကွက်ပါတယ်။

နိုင်ငံ တကာမှာလည်း ဆန္ဒပြတဲ့ အဓိက ရုဏ်းနှိမ် နင်းတာ နဲ့
ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အဆင့်လိုက် ရှိပါတယ်။
ဒီအဆင့်တွေကို ကျွန်တော် ပြောပြစရာ လိုမယ် မထင်ပါဘူး။
အ စိုးရ အနေနဲ့ကလည်း နှစ်ရက်တိုင် တိုင် သတိပေးထားတယ်လို့
သိရပါ တယ်။ သို့သော် ဒီလောက်အချိန် မတော်ကြီးမှာမှလုပ်ဖို့လိုမလား၊

ဒီ လိုမျိုးအဓိကရုဏ်းဖြိုခွင်းဖို့လက်နက် သုံးတဲ့သူတွေကရော
သေချာစနစ် တကျလေ့ကျင့်ထားတဲ့သူတွေရော ဟုတ်ရဲ့လား၊
ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ပေးထားတယ် ဆိုပေမယ့် တကယ်ရော ရဲတပ်ဖွဲ့ဝင်တွေ ဟုတ်ရဲ့လား ကျွန်တော်တို့မှာ ဒီလိုမျိုးမေးစရာေ
တွေအများကြီး ရှိပါတယ်။

နာက် တစ်ခုက ဒီလောက်ကြီး ဘာကြောင့် လွန်လွန်ကျွံကျွံ လုပ်ရတာလဲ။ ရခိုင် မှာဖြစ်တဲ့ အဓိကရုဏ်း ကိစ္စတွေမှာ တောင် အင်မတန်
အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်စိတ်ရှည် လက်ရှည်ဖြစ်ခဲ့တဲ့
ရဲ တပ်ဖွဲ့ဝင်တွေ ဟာ ဒီကိစ္စမှာဘာဖြစ်လို့ ဒီလောက် အထိ စိတ်လိုက်မာန်ပါလုပ်ကြတာ လဲ ဒီလိုမေးခွန်းတွေရှိပါတယ်။

နောက်တစ်ခုကလည်း တရုတ်ပြည် သူ့သမ္မတ နိုင်ငံ ကုမ္ပဏီ တစ်ခုနောက်ကွယ်က ပါနေခြင်းကြောင့်လား ဆိုတဲ့ မေးခွန်းမျိုး
ကိုလည်း အစိုးရဘက် ကဖြေဖို့ အသင့်ရှိဖို့လိုပါလိမ့်မယ်။

အဓိကကတော့ ခြုံပြီး ပြောရရင် ဆန္ဒပြတဲ့ အကြောင်းအရာကို သဘောတူခြင်း မတူခြင်းကို ကျွန်တော်ပြောစ ရာမလိုဘူး။ ဘယ်ကိစ္စမဆိုဆန္ဒပြ တဲ့နည်း သပိတ်မှောက် တဲ့နည်းနဲ့ ဖြေ ရှင်းလို့
မရပါဘူး။ ဒါကိုလည်းပြည်ူသူလူထုကလက်ခံလာအောင် စိတ် ရှည်လက်ရှည်နဲ့ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။

စိတ်လိုက်မာန်ပါ နဲ့ သွားရှင်းပြလို့မရဘူး။ နှစ်ဘက်စလုံးမှာ ကျွန်တော် သဘောတူခြင်း မတူခြင်း ဆိုတာမျိုးထက် အဓိကပြောချင်တာက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာမျိုးကို ဒီလို အကြမ်းနည်း သုံးပြီးဖြိုခွင်းတာမျိုးကို ကျွန်တော်လုံးဝလုံးဝ သဘောမတူပါဘူး"

(ဦးကျော်မင်းဆွေ၊ အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်)

Posted by EMG

အေးချမ်းမွန်မှ  Zaw Win တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Zaw Win

ဘယ်ကိစ္စပဲ
ဖြစ်ဖြစ် ဆန္ဒပြ သပိတ်မှောက်တဲ့နည်းနဲ့ပဲဖြေရှင်းလို့ မ

MTV EXIT ၏ ဖြစ်ရပ်မှန်လူကုန်ကူးမှု မှတ်တမ်းဗီဒီယို အပိုင်း (၁).

MTV EXIT အထူးအစီအစဉ်အဖြစ်၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် လူကုန်ကူးခံခဲ့ရသည့် မကြည်ကြည်နှင့် ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေတွင် အလုပ်လုပ်ရန် ရောင်းစားခံခဲ့ရသည့် ကိုမင်းတို့၏ မချိမဆံ ခံစားခဲ့ရသော အတွေ့အကြုံများကို မှတ်တမ်းတင်ထားပါသည်။ အစီအစဉ်မှူးအဖြစ် R ဇာနည်မှ ၎င်းတို့၏ တစ်ကယ့်ဖြစ်ရပ်မှန်များကို လာရောက်သည့် ပရိသတ်များနှင့်
၎င်းတို့ကိုယ်စားပြုသည့် အသိုင်းအဝိုင်းအဖွဲ့အစည်းများကို တင်ဆက်ပေးသည်။ တစ်ချိန်တည်းပင် လူငယ်များအနေဖြင့် ၎င်းတို့ကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းတို့မိသားစုဝင်များကိုသော်လည်းကောင်း လူကုန်ကူးခံရမည့်ဘေးမှ မည့်သို့မည်ပုံ ကာကွယ်နိုင်မည်ဆိုသည်ကို သရုပ်ပြတင်ဆက်သည်။ ဥပဒေရေးရာဆိုင်ရာ အရာရှိ ရဲမှူးအွန်မာရမ်မီနှင့် လူကုန်ကူးမှုဆန့်ကျင်ရေးတွင် အောင်မြင်ထင်ရှားသော ဒေသခံ မကေသီရှိန်တို့နှင့် တွေ့ဆုံမေးမြန်းခန်းများမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ယင်းတွေ့ဆုံမေးမြန်းခန်းများတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိနေသည်များ၊ ယနေ့ဖြစ်ပျက်လျက်ရှိသော အလွန်အရေးကြီးသည့် လူမှုဆိုင်ရာအမည်းစက်နှင့် ပတ်သက်လျက်ရှိသော ပြဿာနာများကို ဖြေရှင်းရန် ဆောင်ရွက်ရမည့်အရာများကို တင်ပြသွားကြသည်။
Length: ‎12:54