Pages

Thursday, December 27, 2012

မြန်မာပြည်ရောက် Bentley Continental GT

Bentley မှမဟုတ်ပါဘူး။ Lamborghini, Bugatti, Audi, Rolls- Royce အစရှိသဖြင့် ကမ္ဘာကျော် ကား Brand တွေအားလုံး မြန်မာ လမ်းမပေါ်မှာ မြင်တွေ့ နေ ရပါပြီ။ ပြီးခဲ့တဲ့ ၂ လကျော်ဝန်းကျင်က ရန်ကုန်မြို့ တွင်း ကားပြပွဲမှာဆိုရင် သိန်း ၅၀၀၀ ကျော်ကားတွေ ခင်းကျင်းပြသခဲ့ပါတယ်။ တပ်မတော်ပြခန်းတုန်းကလည်း တံခါး ၆ပေါက် လင်ကွန်း ကားရှည်ပါ တွေ့မြင်ခဲ့ရ ပါတယ်။ ဈေးကြီးပါဆိုတဲ့ စူပါကားတွေ မြန်မာပြည်မှာ အမှန် တကယ် ရနေပါပြီ။ ဒီထဲကမှ အမေရိကန်ဒေါ်လာ ၃ သိန်း ဝန်းကျင်တန်ဖိုးရှိတဲ့ အင်္ဂလန် ဈေးကြီး ဆလွန်း Bentely Continental GT ကို မိတ်ဆိက်ပါမယ်။

ပြပွဲမှာ ပြသခဲ့တာတော့ ၂၀၀၃ ကနေ ၂၀၁၀ ကြားထုတ် လုပ်ခဲ့တဲ့ Continental GT ဖြစ်မယ်ထင်ပါတယ်။ ၂၀၁၁ ကနေ နောင်းပိုင်းထုတ်တဲ့ကားက ဒီဇိုင်းအနည်း ငယ် ပြောင်းလဲထားတဲ့အတွက် သိသာပါတယ်။ ၂၀၁၁ နောင်းပိုင်းမှာ ဈေးပိုမိုသက်သာတဲ့ Continental GT ထုတ်လုပ်တဲ့အတွက် ၂၀၀၃ ကနေ ၂၀၁၀ ကြားက Continental GT ကမှ လူပိုရှိန်တဲ့ အနေအထားမှာ ရှိပါ တယ်။

ဈေးကြီးရတဲ့အကြောင်းက အသုံးပြုတဲ့ အင်ဂျင်နဲ့ ကားဘော်ဒီတည်ဆောက်မှု အဓိကဖြစ်ပါတယ်။ အင်ဂျင်ကို ၆၀၀၀ စီစီ ၁၂လုံးပူး ပစ်စတင် အသုံးပြုပါတယ်။ ဒီတော့ ထုတ်လုပ်နိုင်တဲ့ မြင်းကောင်ရေအားက ၅၅၂ bhp ဝန်းကျင်မှာ ရှိပါတယ်။ ၂၀၀၃ ကနေ ၂၀၁၀ ကြားတောင် ငါးမျိုးလောက် ခွဲထုတ်ပါတယ်။ GTC, GT Speed, GTZ, GTC Speed, Supersports တို့ ဖြစ်ပြီး SuperSport ကတော့ ၂၀၀၉ နောင်းပိုင်းမှာ ရောင်းချတဲ့ မော်ဒယ်ယ ဖြစ်ပါတယ်။

Basic မော်ဒယ်ဖြစ်တဲ့ ရိုးရိုး GTC တောင် အမြန်ဆုံးမောင်းနှင်နိုင်အား တစ်နာရီ ၁၉၅ မိုင်ကျော်ပါတယ်။ GT Speed နောက်ပိုင်းမော်ဒယ်ကတော့ တစ်နာရီ မိုင် ၂၀၀ အထက်တွေချည်း ဖြစ် ပါတယ်။ မြင်းကောင်ရေအားကလည်း GT Speed မှာတင် ၆၀၀ hp ထိရှိပါတယ်။ ဈေးနှုန်းကတော့ Super Sport ရောက်မှ သိသိသာသာ တက်သွားပြီး အမေရိကန်ဒေါ်လာ ၂သိန်း ၈သောင်းဝန်းကျင် ရှိခဲ့ပါတယ်။ ကျန်တဲ့ GT များကတော့ ၂ သိန်း ၁သောင်းကျော်မှာ ရှိပါ တယ်။ မြန်မာပြည်မှာ သိန်း ၃၀၀၀ ဝန်းကျင်နဲ့ ရောင်းချ မယ်လို့ ယူဆပါတယ်။ အမေရိကန်ဒေါ်လာ ၃ သိန်းခွဲ ဝန်းကျင် တန်ဖိုးရှိတဲ့ အင်္ဂလန် Rolls-Royce တောင် သိန်း ၅၄၀၀ ကျော်နဲ့ ဈေးခေါ်တဲ့အတွက် Continental GT ဆိုရင် ၂ သိန်းခွဲဝန်းကျင်ရှိတဲ့အတွက် သိန်း ၄၀၀၀ ဝန်း ကျင်တောင် ရှိနိုင်ပါတယ်။

ကိုယ်ထည်မှာ ကာဘွန်ဖိုက်ဘာ၊ အလူမီနီယံတို့ အများအပြားအသုံးပြုထားပါတယ်။ ကားအရှေ့ဘက်ခြမ်းကို အလူမီနီသားနဲ့လုပ်ပါတယ်။ အမိုးကို ဂျာမနီက မော်တော် ယာဉ်ထုတ်လုပ်ရေး စက်ရုံတစ်ခုမှ မှာယူးထားပါတယ်။ ရှေ့ မီးလုံးတပ် မျက်နှာပြင်တစ်လျှောက်ကတော့ ခရိုမီယံ-ကြေးနီ စပ် သံဇကာဒီဇိုင်းတပ်ဆင်ထားပါတယ်။ အချို့ ဆို ပလပ်စတစ်သားပေါ် ကာဘွန်ဖိုက်ဘာဖုံးတာမျိုး လုပ်ထားပြီး မတော်တဆ ကားတိုက်မှု ဖြစ်တောင် ပုံစံ မပြောင်းစေဖို့ ကာကွယ်ထားတာလည်း ဖြစ်ပါတယ်။ ကားဘော်ဒီတစ်ခုလုံးကို အလူမီနီယံ တော် တော်များများ အသုံးပြုတဲ့အတွက် ပြောင်လက်နေတာ တွေ့မြင်နိုင်ပါတယ်။
ဇိမ်ခံပစ္စည်းအနေကတော့ စပီကာ ၂၈လုံး၊ နောက်ကင်မရာ၊ ၄ရာသီဇုန်ထိန်း အဲယားကွန်းစနစ်၊ Navigation စနစ်၊ Bluetooth၊ iPod ချိတ်ဆက်ရန် အပေါက်၊ စမတ်ကီး၊ ပါဝါဝင်းဒိုး၊ ရေခဲသေတ္တာ၊ ကိုယ်ဟန် ၁၀မျိုးအထက်ပြောင်း ပါဝါထိုင်ခုံ၊ ပြင်ပအပူချိန်တိုင်းကိရိယာ၊ ကွန်ပျူတာ ထိန်းချုပ် အော်ဒီယို စနစ်၊ စီဒီ ၁၂ချပ်ထည့် စီဒီချိန်ဂျာ၊ ရှေ့ ခန်း၊ နောက်ခမ်း စုစုပေါင်း LCD တီဗီတပ်ဆင်ပြီး အစရှိ သဖြင့် စုံစုံလင်လင် ပါရှိပါတယ်။ တံခါး နှစ်ပေါက် လေးယောက်စီး အမိုးဖွင့်ပိတ်ကားနဲ့ အလုံပိတ်ကားဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားပါတယ်။

ကားအရှည် ၁၈၉.၃ လက်မ၊ အကျယ် ၇၅.၅ လက်မ၊ အမြင့် ၅၄.၇ လက်မ၊ ကိုယ်စီအတိုင်းရှိပြီး အလေးချိန်အားဖြင့် ၅၁၈၁ ပေါင်ရှိပြီး GTC ဆိုရင် ၅၄၇၈ ပေါင်ရှိ ပါတယ်။ ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၂သိန်း ၅ ဝန်းကျင်မှာ ရှိပြီး မြန်မာပြည်ဈေးကွက်မှာ သိန်း ၄၀၀၀ ဝန်းကျင်နဲ့ ရနိုင်တဲ့ကာ များအဟာ မြန်မာပြည်မှာ လက်ချိုးရေလို့ရအောင် အနည်းငယ်ပဲ ရှိပါသေးတယ်။
----
http://www.colayonline.com.mm/automobile
24

ဗြိတိန်ပေါင်၇ သိန်းတန် ကားသစ် McLaren P1

F1 ပြီးတော့ P1 ထွက်ရှိမယ်ဆိုတာ အင်္ဂလန် McLaren က ကြိုတင်ကြေညာ ထားပြီးသား ဖြစ်ပါတယ်။

မောင်းနှင်အားက တစ်နာရီ မိုင် ၂၄၀ နီးနီးရှိတယ်ဆိုတော့ စူပါကား လို့ ခေါင်းစဉ် တပ်ပေးတာကို အပြစ်ပြောမယ့် သူမရှိ ပါဘူး။ မြင်းကောင်ရေ အားကလည်း ၁၀၀၀ နီးနီးကပ်နေတဲ့ ၈လုံးပူး ၃၈၀၀ စီစီ အင်ဂျင်ကို အသုံးပြု ထားပါတယ်။

အလူမီနီယမ်ကိုယ်ထည်ထက် တစ်မူးသာပါတယ်။ စူပါအလူမီနီယမ်လို့ အမည်ပေးထားတဲ့ သတ္တုနဲ့ ကားတစ်ခုလုံး ပြုလုပ်ပြီး အလွိုင်းဝီးတောင် စူပါအလူမီနီယမ် အလွိုင်းလို့ ဆိုပါတယ်။ ပဲရစ်မော်တော်ယာဉ် ပြပွဲမှာ တစ်ခါ ပြသပြီးပေမယ့် ကျေနပ်ပုံ မရသေးဘူးနဲ့ တူပါတယ်။ အမေရိကန် ကို ရောင်းမယ့် ကားဆိုတော့ နယူးယောက်မှာ အမေရိကန် သားတွေ အတွက် သီးသန့် ပြသမှုကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ပါတယ်။

တံခါး၂ ပေါက် ၂ ယောက်စီး စူပါကားတွေထဲမှ ဈေးကြီးကြီးနဲ့ ပြိုင်ဘက် တစ်စီး တိုးလာတယ်ဆိုတော့ ဂျာမနီကားတို့အတွက် သေချာပြင်ဆင်မှ ရတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်ပေါင် ၇ သိန်း သတ်မှတ်ထားတဲ့ ကား ဖြစ်ပါတယ်။ အီတလီ Ferrari ကားများထက် သာလွန်မယ့်ကားများလို့ MaLaren ပရိတ်သတ်များက ထောက်ခံချီးကျူးထား ကြောင်း သိရပါတယ်။
--
Ref: autoblog.
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/mclaren-p1.html

အိန္ဒိယတွင် Samsung Galaxy ပစ္စည်းပေါင်း အလုံး ၁၀ သန်းကျော် ရောင်း ချပြီး

၂၀၁၀ ခုနှစ် ဇွန်လက စလို့ အိန္ဒိယနိုင်ငံမှာ Samsung Galaxy S ကို စဖြန့် ပါတယ်။ ယင်းနောက် Galaxy ကုန်ပစ္စည်းများ ဆက် တိုက် ရောက်ပြီး ရောင်းအား အရှိန်အဟုန်နဲ့ တက်ခဲ့ပါတယ်။

စစ်တမ်းအရ ၂၀၁၃ ခုနှစ် ပထမ ၆လ အတွင်း အိန္ဒိယမှာ စမတ်ဖုန်း စုစုပေါင်း အလုံးရေ သန်း ၁၀၂.၄၃ သန်း မက ရောင်းချပြီး ဖြစ်ပါတယ်။ ယင်းထဲမှာ Samsung ရဲ့  ဖုန်း ၅.၅ သန်း ပါရှိပြီး ဈေးကွက်ရဲ့  ၄၁.၆ ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ နိုကီယာတောင် ၁၉.၂ ရာခိုင်နှုန်းပဲ ရှိပြီး Blackberry ထုတ်တဲ့ RIM က ၁၂.၁ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါတယ်။

Galaxy Y, Galaxy SII Galaxy Tab , Galaxy Tab 2, Galaxy SIII အစရှိ တဲ့ ကုန်ပစ္စည်းများက ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ် ကာလအတွင်း အိန္ဒိယ မှ ဖြန့် ချိခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လူလတ်တန်းစားတွေ ပိုများ အတွက် Apple ကုန်ပစ္စည်းထက် Samsung ကိုပဲ ပိုမို အားပေးကြခြင်း ဖြစ် ပါတယ်။ Apple ရဲ့  ဈေးကွက် ပိုင်ဆိုင်မှုကတော့ အတော်လေးကို နည်းနေပါ သေး တယ်။

အနာဂတ်မှာ အိန္ဒိယဟာလည်း Samsung ရဲ့  ကြီးမားတဲ့ အီလက်ထရောနစ် ကုန်ပစ္စည်း ဈေးကွက် တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)

ကင်ဆာရောဂါအတွက် ဆေးနည်းတစ်ခွက်

ကင်ဆာရောဂါအတွက် ဆေးနည်းတစ်ခွက် 
( The Hot News )

Soursop ဒူးရင်း၊ သြဇာဟာ ကင်ဆာရောဂါသည်တွေအားကိုးရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ ဘာမဟုတ် တဲ့ဆေးမီးတိုကလေးက ရောဂါကြီးကြီး မားမားကြီးတွေကို ပျောက်စေတာက တော့ အံ့သြစရာပါပဲ။ဒါကြောင့်တစ်ဦး   တစ်ယောက်ရဲ့ လက်တွေ့ပျောက်ကင်း သွားတဲ့ဆေးနည်းကလေးကို လစ်လျူမရှု       သင့်ပါဘူး။ဒီဆေးနည်းကလေးကတော့ ငွေရေးကြေးရေးလည်း သိပ်ကုန်ကျမယ်   မထင်ပါဘူး။
ဆေးနည်းကေလးကိုတွေ့ရှိပုံက ဒီ  လိုပါ။ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်း အဝေးအတွက် နိုင်ငံအသီးသီးက တက် ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ တစ်ယောက်ကို ကျွန်မတွေ့လိုက်တော့   အံ့အားသင့်သွားရပါတယ်။ ဒီနှစ်အစ မှာပဲ ဆေးစစ်တဲ့အခါမှာ ကင်ဆာလို့အဖြေ ထွက်ခဲ့ပါတယ်။ ကျွန်မတို့တတွေလည်း အတော်စိတ်မကောင်းခြင်းဖြစ်ခဲ့ရပါတယ်။
အခုပြန်တွေ့တော့ လန်းဆန်းကျန်း  မာတက်ကြွနေတာတွေ့ရပါတယ်။သူ့ ရောဂါအကြောင်းစကားစမြည်ပြောရင်း နဲ့ဆေးနည်းကလေးတစ်ခုရလာတာကို ဝေမျှချင်ပါတယ်။
အခုတလော ကင်ဆာဆိုတာနဲ့ လူ  တွေက လန့်နေကြပါတယ်။ ကင်ဆာဆို တဲ့ ရောဂါကလည်း အမြစ်တွေလျှောက် တွယ်ပြီးကြောက်စရာကောင်းတဲ့ ရောဂါ တစ်မျိုးလည်းဖြစ်ပါတယ်။ ကုန်ကျစရိတ်   လည်းအလွန်များတယ်လို့ဆိုပါတယ်။
ခီမိုသွင်းရတာနဲ့မိသားစုဝင်တွေစိတ် ပင်ပန်းကြတာနဲ့ရုတ်တရက်သေဆုံးသွား  တာနဲ့ဒါကြောင့် ကျွန်မတို့ရုံးက အန်တီ ဆိုရင် သူကင်ဆာဖြစ်တာ သူများကို မ သိစေချင်ဘူး။သူများတွေ သူ့ကိုသေလူလို့  ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပြီး  ပြောပြရှာပါတယ်။
ကျွန်မရဲ့အချစ်ဆုံးကြီးကြီးလည်း  ကင်ဆာနဲ့ဆုံးသွားသလို၊အစ်မလို ခင်မင်  ပြီးချစ်ရတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်   လည်း ကင်ဆာနဲ့ဘ၀ဆုံးသွားရရှာပါ တယ်။အထူးသဖြင့် ကျွန်မတို့မိသားစု   နဲ့နှစ်အိမ့်တစ်အိမ်ဖြစ်နေတဲ့ မိုးကောင်း   က အန်တီနဲ့အန်ကယ်လည်း ကင်ဆာနဲ့  ပဲဆုံးပါးသွားကြပါတယ်။ အရင်ကတော့   ပန်းခါးဆိုတော့ အရမ်းကိုနာမည်ကြီးတယ်။  ပန်းပင်အခြောက်လေးတွေကို ရေနွေး  ကြမ်းလိုလုပ်သောက်ရပါတယ်။အရမ်းကို ခါးတော့ ကျွန်မတောင် စမ်းသောက် ကြည့်ပြီးတွန့်သွားတာနဲ့မသောက်ဖြစ် တော့ပါဘူး။ ခီမိုသွင်းထားတဲ့လူနာတွေ ဆိုခံတွင်းထဲ ဘာထည့်ထည့်အရသာမရှိ တော့ဘူး။အရမ်းလည်းသနားဖို့ကောင်း ပါတယ်။
ကင်ဆာရောဂါဖြစ်နေသူများအတွက်   သတင်းကောင်းပါးလိုက်ပါရစေ။အရသာ   လညး မဆိုးတဲ့သဘာဝအသီးပင်ရဲ့အရွက်  ကိုပြုတ်သောက်ရုံတင်နဲ့ကင်ဆာရောဂါ    ကိုပျောက်ကင်းသက်သာစေတာ ကျွန်မ  မျက်စိရှေ့မှာတင် ၄ယောက်လောက်တွေ့   ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။
ဆေးပညာအကြောင်းအစုံအလင်  နားမလည်ပေမယ့် ခီမိုသွင်းတာ  Cell အကောင်းရော အဆိုးပါသတ်ပစ်တာဖြစ်ပြီး  ဒီဒူးရင်းသြဇာအရွက်ပြုတ်ရေရဲ့အာနိသင် ကတော့ ကင်ဆာဆဲလ်ချည်းသတ်သတ်   ကိုသာ သတ်သတ်ပစ်တယ်လို့ရှင်းပြပါ တယ်။
ကျွန်မညီမလေးကျောင်းက ပရော် ဖက်ဆာကတော့ လူတိုင်းတော့ပျောက် နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။တစ် ယောက်နဲ့တစ်ယောက်ကင်ဆာဖြစ်ပုံ အမျိုးအစားချင်းမတူသလို ခန္ဓာကိုယ်က   တုံ့ပြန်ပုံချင်းလည်းမတူနိုင်ဘူးလို့ဆိုပါ တယ်။ ဒါပေမယ့် ကျွန်မအကြံပေးချင် တာကတော့ အနည်းနဲ့အများပျောက် သွားသည်ဖြစ်စေ၊သက်သာသွားသည် ဖြစ်စေ အန်္တရာယ်မရှိတာမို့ စမ်းသောက် ကြည့်ကြဖို့တိုက်တွန်းပါရစေ။ကိုယ်နဲ့သိ တဲ့မိတ်ဆွေ၊သူငယ်ချင်း၊ဆွေမျိုးသားချင်း  များမှာလည်း ကင်ဆာရောဂါရှိတဲ့သူများ  ရှိရင် ထပ်ဆင့်ဝေငှပေးကြပါ။

မအေးဆေး

http://www.hotnewsweekly.com/archives/15263

iPhone 5 ကိုယှဉ်ပြိုင်မည့် X phone ကို Motorola မှထုတ်မည်

Motorola ကထုတ်တဲ့ Razr ရဲ့  Generation တောင် မဟုတ်တာ့ပဲ X phone ဆိုပြီး နာမည် အသစ်နဲ့ ထွက်လာမယ့် ဖုန်းလို့ ဆိုပါတယ်။ 

လာမယ့် ၂၀၁၃ CES ကုန်စ္စည်ပြပွဲမှာ ဝင်ရောက် ပြသမှာလို့လည်း ဆိုပါ တယ်။ Apple ရဲ့  iPhone တင်မကပဲ Samsung ရဲ့  Galaxy ဖုန်းနဲ့ Tab တွေ ကိုပါ စိန်ခေါ်မယ်လို့ ဆိုပါတယ်။ Google ရဲ့  Nexus ဖုန်းနဲ့လည်း မတူ ပါဘူး။ Xphone က သီးသန့်ထွက်ရှိလာမှာ ဖြစ်ပါတယ်။ 

Motorola အနေနဲ့ မျိုးဆက်သစ် မိတ်ဆက်ခြင်း ဖြစ်ပြီး X Tablet ဆိုပြီးတော့ တောင် ကျောက်သင်ပုန်း ကွန်ပြူတာလည်း ထွက်ရှိမယ်လို့ သတင်းထွက်နေပါတယ်။ Motorola က အတည်မပြုပေးသေးပါဘူး။ သို့ပေမယ့် Wal Street Journal လို ဂျာနယ်မှာ breaking news အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် တကယ်ပဲ ထွက်ရှိတဲ့အခါ iPhone နဲ့ Galaxy တွေကို ယှဉ်နိုင်မလား ဆိုတာကို မေးခွန်း ထုတ်လျက် ရှိကြောင်း သိရပါတယ်။ 
--
Ref: engadgets
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/iphone-5-x-phone-motorola.html

---

မကြာခဏ နုံးချည့်ညောင်းညာတတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ

မကြာခဏ နုံးချည့်ညောင်းညာပြီး ပင်ပန်းသလိုလို စွမ်းအင်မရှိသလိုလို ဖြစ်နေပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိလာပါလိမ့်မယ်။

(၁) ရေများများသောက်ပေးပါ

ရေဓာတ်ခန်းခြောက်မှုဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့်ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက်ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင်တိုးစေပြီး စိတ်ရွှင်လန်းစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများမှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင်ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာတို့ကို ဖြစ်စေနိုင်ပါတယ်။

(၃) နံနက်စာကို ပုံမှန်စားပါ

နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ်ပေါ်မှာ မူတည်နေတဲ့အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲနေရင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် နုံးချည့်နွမ်းနယ်မှု ဖြစ်လွယ်ပါတယ်။

(၄) အာဟာရပြည့်ဝအောင်စားပါ

ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝစေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ်ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာတတ်တာကြောင့် အဆီနည်းအသားလို သံဓာတ်ပါဝင်မှုများတဲ့ အစာ စားပေးသင့်ပါတယ်။

(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်

ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတိုအတွင်း အလေးချိန်ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာလျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့်ညောင်းညာ နိုင်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ပါ

တစ်ညကို ရှစ်နာရီလောက် အိပ်ချိန်ပေးသင့်ပါတယ်။ အိပ်စက်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက်အနားယူပါ။

(၇) အိပ်ဆေးမသောက်ပါနှင့်

အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့အတွက် ဘာကြောင့် အိပ်မပျော်ရတာလဲဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့်ညောင်းညာနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ကြယ်စင်

41 megapixel ကင်မရာနှင့် ကမ္ဘာ့ပထမဆုံး Nokia 808 Pure View

ကင်မရာ 41 megapixel ပါတယ်ဆိုတော့ ကမ္ဘာ့ပထမဆုံး ဖုန်းပဲ ဖြစ် ပါတယ်။ သာမန် ဒီဂျစ်တယ် ကင်မရာ တစ်လုံးတောင် 20 Megapixel မရှိပါဘူး။ LED Flash လည်း ပါရှိတဲ့ Pure View က ကမ္ဘာ့ အဆင့်မြင့် ကင်မရာ တစ်လုံးလိုပဲ ဖြစ်ပါတယ်။ 

ထွက်တ ကြာပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၂၊ ဇွန်လကတည်းက ထွက်ရှိထား တာ ဖြစ် ပါတယ်။ မြန်မာပြည်ကိုလည်း ရောက်နိုင်ပါတယ်။ ဈေးနှုန်းကတော့ လက်ရှိ ကာလ မူရင်းရောင်းဈေးက ကန်ဒေါ်လာ ၇၂၄ ဆိုတော့ မြန်မာကျပ် ၇ သိန်းဝန်းကျင်မက ပေါက်ဈေး ရှိနိုင် ပါတယ်။ သို့ပေမယ့် မြန်မာပြည်မှာ ၄ သိန်းကျော် ဝန်းကျင်ပဲ ရှိတယ်လို့လည်း ဆိုပါတယ်။၂၀၁၂ ခုနှစ်က Mobile World Congress မှာ တစ်နှစ်တာ အကောင်းဆုံး မော်ဒယ်သစ် ဟန်းဆက် ဆုအပြင် Technical Image Press Association နဲ့ မဂ္ဂဇင်းများ ကပေးတဲ့ အခြားသော ဆုများကိုလည်း ရရှိခဲ့ပါသေးတယ်။ အဓိကကတော့ ကင်မရာ စားတဲ့ ဖုန်းမို့လို့ ဖြစ်ပါတယ်။ 

OS         

 Nokia Belle Feature Pack 1 (Nokia Belle Feature Pack 2 ကို Upgrade လုပ်နိုင်ပါတယ်။ နိုကီယာက သီးသန့်လုပ်တဲ့ Operating System ဖြစ်ပြီး သူ့စမတ်ဖုန်း တော်တော်များများမှာ အသုံးပြုပါတယ်။ တစ်ဖက်မှာ Microsoft ရဲ့  Windows Phone 8 OS ကို သုံးနေပေမယ့် ကိုယ်ပိုင် OS ကိုလည်း အဆင့်မြင့်တင်ဆဲ ဖြစ်ပါတယ်။ 

CPU & Memory

CPU က  1.3 GHz ARM11 ရှိပြီး Memory ကတော့ 512 MB RAM ပဲ ရှိပါတယ်။ သို့ပေမယ့် Storage ကို အထဲမှာ 16 GB ထည့်သွင်း ပေးထားပါတယ်။ ပြီးတော့ 64 GB အထိလည်း microSD နဲ့ ထပ်တိုး နိုင်ပါတယ်။ 

ဘက်ထရီ

3.8 V အားရှိတဲ့ Li-Ion BV-4D 1400 mAh ကို အသုံးပြု ပါတယ်။ 

အရွယ်အစား

အထူ ၀.၅၅ လက်မ၊ အကျယ် ၂.၃၇ လက်မ၊ အရှည် ၄.၈၈ လက်မ ကိုယ်စီ ရှိပါတယ်။ 

Display

ကင်မရာ အသားပေးဖုန်းဆိုတော့ Display ကလည်း အကောင်းဆုံး လုပ်ထားပါတယ်။ ၄ လက်မ အရွယ် AMOLED 2.5D curved nHD ကို သုံးပါတယ်။ ဖန်သားပြင်ကို သန့်ရှင်းရေးလုပ်လို့ လွယ်ကူအောင် Gorilla glass ဖုံးပေးထားတယ်လို့ ဆိုပါတယ်။ 

ကင်မရာ 

နောက်ကျော ကင်မရာ 41 megapixel ကို ဒီဂျစ်တယ် တစ်လုံးလို အဆင့်မြင့်နိုင်ဖို့ ထောက်ပံ့ပေးထားတဲ့ feature တွေ အများအပြား ပါဝင်ပါတယ်။ ဥပမာ Carl Zeiss Optics, F-number: f/2.4, ND filter, Xenon Flash,LED video light စတာတွေ ပါဝင်ပါတယ်။ ဗီဒီယို ရိုက်ဖို့အတွက်လည်း Auto Focus ပါဝင်ပြီး 1080p 30 fps video တောင် ရပါတယ်။  
 
နောက်ကျော ကင်မရာကတော့ 0.3 megapixel ပဲရှိတဲ့ Video calling ကင်မရာ ဖြစ်ပါတယ်။ 

Connectivity  

Bluetooth 3.0, Wi-Fi ပါရှိ,DLNA, Micro HDMI,Micro USB, USB On-The-Go ,Secure NFC တို့အပြင် TV နဲချိတ်မယ့် ၃.၅ မီလီမီတာ အကျယ် Audio connector, FM ရေဒီယို၊ GPS အစရှိသဖြင့် အားလုံး ပါဝင် ပါတယ်။ 

ုပြီးခဲ့တဲ့ ဇွန်လကတည်းက ထွက်ရှိထားပေမယ့် Samsung, Apple တို့နဲ့စာရင် လူသိနည်းနေပါတယ်။ အလုံးရေ ထုတ်လုပ်မှုပဲ နည်းတာလားလို့ တောင် မေးခွန်း ထုတ်ကြပါတယ်။ လက်ရှိချိန်ထိ ကတော့ ကမ္ဘာ့ ကင်မရာအကောင်းဆုံး ဖုန်း အဖြစ် အသတ်မှတ်ခံထားရ ကြောင်း သိရပါတယ်။ 
--
Ref: fonearena
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/41-megapixel-nokia-808-pure-view.html