Pages

Friday, February 15, 2013

မူးယစ် ကင်းစင်သော မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်ရေး မဟာဗျူဟာ ရည်မှန်းချက် ထားရှိ ဆောင်ရွက် လျက်ရှိ

Saturday, February 16, 2013

နိုင်ငံတော် အစိုးရ အနေဖြင့် အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ခံယူကာ မူးယစ် ကင်းစင်သော မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်ရေး မဟာဗျူဟာ ရည်မှန်းချက် ထားရှိ ဆောင်ရွက်လျက် ရှိရာ နိုင်ငံတော် အစိုးရ သာမက လူမှုရေး အသင်း အဖွဲ့များက ပူးပေါင်း ပါဝင် လာမှသာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အောင်မြင်မည် ဖြစ်ကြောင်း၊
MANA အသင်းကြီး အနေဖြင့် ပြည်သူချစ်သော အနုပညာ ရှင်များ၊ စာပေ ပညာရှင်များနှင့် ပူးပေါင်းဆောင် ရွက်ကာ ကျောင်းသား လူငယ်ထု အတွင်း မူးယစ် ဆေးဝါးနှင့် ဘေးထွက်ဆိုးကျိုး အန္တရာယ်များ တားဆီး ကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲ ပြုလုပ်ရာ အထူးပင် အောင်မြင် နေသည်ကို သိရှိ ရကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ တစ်ရပ်လုံး အနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး၊ မူးယစ်ဆေးဝါး အလွဲသုံး မှုကြောင့်
နောက်ဆက် တွဲ ဖြစ်ပေါ် လာမည့် ခုခံအား ကျဆင်းမှု ရောဂါ HIV/ AIDS အန္တရာယ် ကိုလည်း ကျဆင်းသွားအောင် ဆောင်ရွက်ကြရ မည်ဖြစ်သည့် အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ယနေ့ နံနက် ၈ နာရီခွဲတွင် ကမာ ရွတ် မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်၌ ကျင်းပသည့် မြန်မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင်ရေး အသင်း၏ (၁၄) ကြိမ်မြောက် ဗဟို ကော်မတီ အစည်း အဝေးတွင် တိုက်တွန်းမှာ ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ လူမင်း၊ မြန်မာနိုင်ငံ ဂီတ အစည်း အရုံးမှ ရုပ်ရှင် သရုပ်ဆောင်နှင့် အဆိုတော် ချစ်သုဝေ တို့အား MANA ၏ လူထု ဆက်ဆံရေး သံတမန် ခန့်အပ်လွှာများ ပေးအပ်သည်။

ဆက်လက်၍ MANA သို့ အလှူရှင်များ ဖြစ်ကြသည့် ရွှေသံလွင် ကုမ္ပဏီက
ငွေကျပ်သိန်း ၅ဝ၊ ရွှေကမ္ဘာ ကုမ္ပဏီက ငွေကျပ် ၁ဝ သိန်းနှင့် SI Group က ငွေကျပ် ငါးသိန်း စုစုပေါင်း ငွေကျပ် ၆၅ သိန်းကို ပေးအပ် လှူဒါန်းကြရာ တိုင်းဒေ သကြီး ဝန်ကြီးချုပ်က လက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည်
ပေးအပ်ကာ အစည်း အဝေးကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပ ခဲ့ကြောင်း သတင်း ရရှိသည်။

http://bit.ly/YwVNQx
မြ၀တီ
3

ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူတွင် ရိုက်နှိပ်ရန် လူငယ်အင်အားစုများ လိုလားနေ

Saturday, February 16, 2013

အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အမှတ်တရရှိစေရန် နောက်နောင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူများနှင့် တံဆိပ်ခေါင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ရိုက်နှိပ်ဖော်ပြရန်
နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ လူငယ်အင်အားစုများက လိုလားလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့ စံပြခေါင်းဆောင် က ဗိုလ်ချုပ်အောင်ဆန်းပဲ၊ သူ့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပေးပါ။ သူက မစားဘဲ စွန့်ခဲ့တဲ့
ခေါင်းဆောင်ပါ။ အခုခေတ်မှာ မစွန့်ဘဲစားတဲ့သူတွေ အများကြီးပဲ” ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုး က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက် နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားကန်ပေါင်တွင် ထိုနေ့ညနေ ၄ နာရီက ပြုလုပ်ခဲ့ပြီး ဗကသများ အဖွဲ့ချုပ်၊ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်၊ Generation Wave၊ Generation Youth နှင့် ရန်ကုန်မြို့အခြေစိုက် လူငယ်အင်အားစု ၁၀၀ ခန့် တက်ရောက်ခဲ့ရာ ယင်းအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း
ဖြစ်သည်။

၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနား တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာကို ငွေစက္ကူနှင့် တံဆိပ်ခေါင်း များပေါ်တွင် ပြန်လည် သုံးစွဲနိုင်ရန် တောင်းဆိုသော လက်မှတ်များ
ရေးထိုးခဲ့ကြပြီး ရရှိသော လက်မှတ်များနှင့် တခြား နေရာများမှ စုဆောင်းရရှိထားသော လက်မှတ် ၅၀၀ ကျော် ကို
ဒေါ်အောင်ဆန်းစုကြည်ထံ တဆင့် ပေးအပ်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက် ပို့ဆောင်ခဲ့ကြောင်း Generation Youth မှ ကိုနေထွဋ်ပိုင်က ပြောသည်။

အစိုးရသို့ တိုက်ရိုက် မတင်ပြရခြင်းမှာ ယခုကိစ္စကို
ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပြီး သူ၏ တုန့်ပြန်ဆောင်ရွက်ပေးမှုအပေါ် မူတည်၍ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြဿနာ အခက်အခဲရှိရင် သူ့ဆီကို အရင်လာပြီး အကူအညီတောင်းပါ ဆိုပြီးတော့ ပြည်ထောင်စုနေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်။ အဲဒါကြောင့် သူ့ဆီကို အရင်သွားပြီး အသိပေးတာ” ဟု သူက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများသည် ၁၉၈၈ ခုနှစ်
နောက်ပိုင်း ခြင်္သေ့ရုပ် ငွေစက္ကူများ ပေါ်ပေါက်လာပြီး နောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ရှင်းပြသည်။

“၁၉၅၂ ခုနှစ် မှာ ဗဟိုဘဏ်ဥပဒေ ပေါ်လာတော့ ဗိုလ်ချုပ်ပုံနဲ့ ငါးကျပ်တန်တွေ ထွက်လာတယ်။ ဆိုရှယ်လစ် တခေတ် လုံးလည်း ဗိုလ်တေဇပုံ သုံးခဲ့တာပဲ။ နိုင်ငံတကာမှာတော့ ကိုယ့်တိုင်းပြည် ထူထောင်တဲ့ သူရဲကောင်းပုံတွေကို သုံးကြတယ်။ တိုင်းပြည်အတွက် အမှတ်တရ ဖြစ်မယ့်သူတွေကို သုံးကြတယ်။ ကိုယ့်ခေါင်းဆောင်
တွေကိုလည်း တန်ဖိုးထားတတ်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာမှ ငွေစက္ကူများတွင် တိုင်းပြည် တည်ထောင်ခဲ့သော သူများကို အမှတ်တရရှိစေရန် ထည့်သွင်းဖော်ပြကြပြီး အိမ်နီးချင်း နိုင်ငံများတွင် ဂန္ဒီ၊ နေရူး၊ ဂျင်းနား၊ မော်စီတုန်း စသည့် ခေါင်းဆောင်ရုပ်ပုံများကို အသုံးပြုကြကြောင်း၊ အချို့နိုင်ငံများတွင် ခေတ်ကာလနှင့်
လျော်ညီသောရုပ်ပုံများကို အသုံးပြုကြကြောင်း ဦးသန်းလွင်က ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်သော ချစ်သူများနေ့ကို လူငယ်များ အမှတ်တရရှိကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကို
မေ့လျော့လာကြောင်း၊ သမိုင်းအမှန်ကို လူငယ်များသိရှိရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောသည်။

“ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ကလေးများနေ့လို့ သတ်မှတ်ခဲ့ပေမယ့် မည်ကာမတ္တပဲ ရှိခဲ့တယ်။ ကလေး လူငယ်တွေဟာ အနာဂတ်ရဲ့ခေါင်းဆောင်တွေပဲ။ အခု လူငယ်တွေ သမိုင်းကို မသိတဲ့ အတွက် တိုင်းပြည်က မျိုးဆက်နဲ့ချီပြီး နစ်နာနေပြီ။ အဲဒါကို ဖော်ထုတ်ကြဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုနှင့် တိုင်းပြည်အပေါ် အနစ်နာခံတတ်သော စိတ်ဓာတ်မှာ ယနေ့ခေတ် လူငယ်များအတွက် အတုယူ အားကျဖွယ် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ဆိုသည်။

“အနေအထိုင် ရိုးစင်းတာနဲ့ နိုင်ငံနဲ့ ပတ်သက်လို့ အသက်စွန့်လွှတ် အနစ်နာခံပြီးတော့ အဲဒီခေတ်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်ရေးကို ရူးသွပ်တာမျိုးပေါ့။ ကျနော်တို့ နိုင်ငံမှာလည်း အမျိုးသား
ပြန်လည်သင့်မြတ်ရေးမှာ ဘယ်လောက် ရူးသွပ်လဲ ဆိုတာ နိုင်ငံနဲ့ချီပြီးတော့ ရူးသွပ်မှုတွေ မွေးမြူကြရမှာပါ” ဟု သူက ထပ်ပြောသည်။

၉၈ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော ပဲပြုတ်နှင့် နံပြားကို ဓမ္မစေတီ ဆရာတော် အရှင် ဥူးကောသလ္လက ကုသိုလ်ပြု ကျွေးမွေးခဲ့သည်။

“သူ အသက်ရှင် နေထိုင်စဉ် ကာလအတွင်းမှာ တိုင်းပြည်အကျိုးကို အများကြီး လုပ်ခဲ့တဲ့အတွက် လေးစားမိပါတယ်” ဟု အင်းလျားကန်ပေါင် အခမ်းအနားသို့ တက်ရောက်လာသော စမ်းချောင်းမြို့နယ်မှ အသက် ၁၅ နှစ်အရွယ် မောင်အောင်မိုးသူ က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သီချင်း
သီဆိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည်
ခေါင်းဆောင်ကြီးများကို အလေးပြု၍ တမိနစ်ငြိမ်သက်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ သီချင်းများ သီဆိုခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ- ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားသည့် ငွေစက္ကူအဟောင်းများကို ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ရှေ့တွင် ရောင်းချနေစဉ် (ဂျေပိုင် / ဧရာဝတီ)

ဧရာဝတီ

Wednesday, February 6, 2013

မိတ္ထီလာ စစ်ဆေးရုံမှ ဗိုလ်မှူးကြီးတစ်ဦး အာဏာအလွဲသုံးစားပြုပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ကိုယ်ကျိုးရှာနေခြင်း (မိတ္ထိလာသားတစ်ဦးထံမှ ပးစာ)

မိတ္ထီလာ ခရိုင်အတွင...်း မြို.နယ်နှင့် ကျေးရွာများအတွက် အဓိကရေအရင်းအမြစ်ရရှိရာ မိတ္ထီလာကန်ကြီးမှာ ပြန်လည်မတူးဖော်လျှင် မရတော့လောက်အောင် ရေထုညစ်ညမ်းနေပြီ ဖြစ်ပါသည်။

မိတ္ထီလာကန်၏ သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသကို ထိန်းသိမ်းရန်အတွက် လွန်ခဲ့သောဆယ်နှစ်ခန့်မှစပြီး ကန်ဘေးပတ်လည်တွင် ဈေးဆိုင်များ၊ လူနေအိမ်များ ဆောက်လုပ်ခွင့်ကို တားမြစ်ခဲ့သော်လည်း မိတ္ထီလာစစ်ဆေးရုံမှ ဗိုလ်မှူးကြီး ခင်ဇော်ထွန်းဆို သူ၏ထီလာဦး အထူးကုဆေးခန်းကြီးကိုမူ ခရစ်ယာန်သာသနာ့ နယ်မြေအတွင်း မိတ္ထီလာကန်ဘောင်တွင် ဆောက်လုပ်ခွင့်ပြုထားပါသည်။ ကန်အတွင်းသို့ ဆေးခန်းရှိအိမ်သာများမှ စွန့်ပစ် ရေဆိုးများ၊ ဆေးရုံဆေးခန်းထွက် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်လျက်ရှိပါသည်။ မြို့သူမြို့သားများမှ သက်ဆိုင်ရာသို့ တင်ပြသော်လည်း ဗိုလ်မှူးကြီး ခင်ဇော်ထွန်းသည် ရာထူးအာဏာကို အလွဲသုံးစားပြု ခြိမ်းခြောက်ပြောဆိုသဖြင့် မြို့နယ်စည်ပင်မှ အရာရှိများမှာလည်း ၄င်းအားအရေးမယူရဲဘဲ ဖြစ်နေပါသည်။ ထို့အပြင် ဗိုလ်မှူးကြီး ခင်ဇော်ထွန်းသည် တပ်မတော်မှ ရာထူးကို ခုတုံးလုပ်ကာ ၄င်း၏ဆေးခန်းတွင် စစ်ဆေးရုံမှ တပ်မတော်သားလူနာများကို အခကြေးငွေဖြင့် ကုသခြင်း၊ တရားမ၀င် ခွဲစိတ်ကုသမှုများကို တပည့်တပန်းများဖြင့် ဆရာဝန်ဂုဏ်သိက္ခာနှင့်မညီ ပြုလုပ်နေခြင်း၊ စစ်ဆေးရုံ မှတာဝန်ထမ်းဆောင်ဆဲ ဆရာဝန်တစ်ဦးဖြစ်သော်လည်း တပ်မတော်သားလူနာများအား လုံးဝကြည့်ရှုမှုမရှိဘဲ မိမိဆေးခန်းတွင်သာ အချိန်ပြည့် စစ်ယူနီဖောင်းဖြင့် ကုသနေခြင်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့မှုယူကာ လစဉ်မျက်စိခွဲစိတ်ကုသမှုများ ပြုလုပ်ပေးသယောင်နှင့် ငွေကြေးချို့တဲ့သော ပြည်သူများနှင့် ဘုန်းတော်ကြီးများအား သွေးခွဲသပ်လျှိုကာ အစ္စလာမ်ဘာသာအပေါ် သဘောထားပျော့ပြောင်းပေးပါရန် စည်းရုံးနေခြင်း၊ အစ္စလာမ်ဘာသာဝင်များ မှတ်ပုံတင်ရရှိစေရန် တဖက်လှည့်နှင့် ပွဲစားလုပ်နေခြင်း၊ နိုင်ငံတော်သို့ တရားဝင် ဆောင်ရမည့်အခွန်များကို ရာထူးအာဏာ အသုံးပြု အာဏာပြကာ အခွန်မဆောင်ဘဲ အခွင့်ထူးရရှိနေခြင်း၊ စသည်တို့ကြောင့် မိတ္ထီလာမြို့ နေပြည်သူများမှ တပ်မတော်အပေါ် အကြည်ညိုပျက်လျှက် ရှိပါသည်။ ၄င်းဗိုလ်မှူးကြီးသည် ဆေးခန်းရှိသူနာပြု ၀န်ထမ်း မိန်းမပျို လေးများအား ခြေတော်တင်ရာတွင်လည်း နာမည်ကြီးသူတစ်ယောက် ဖြစ်ပါသည်။ တစ်ခါ သူ၏ဆေးခန်းမှ ၀န်းထမ်းအမျိုးသမီးအား ခြေတော်တင်မိရာမှ မဖုံးနိုင်မဖိနိုင်ဖြစ်ပြီး လျော်ကြေးပေးကာ ကလေးဖျက်ချခိုင်းသည့် အဖြစ်အပျက် ဖြစ်ခဲ့ဖူးပါသည်။
သို့ ဖြစ်ပါ၍ မိမိကိုယ်ကျိုးစီးပွားအတွက် တပ်မတော်နှင့် သာသနာကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာ အရာရှိတစ်ဦးအား နိုင်ငံတော် သမ္မတကြီးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဥပဒေနှင့်အညီ အရေးယူပေးပါရန် မိတ္ထီလာမြို့ အကျိုးရည်မျှော်၍ တင်ပြအပ်ပါသည်။

Awbar Tha shared Arakan Times' မှ ကူးယူဖော်ပြပါသည်။
(ဟင်းပေါင်းအိုးကြီး)
မိတ္ထီလာ စစ်ဆေးရုံမှ ဗိုလ်မှူးကြီးတစ်ဦး အာဏာအလွဲသုံးစားပြုပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ကိုယ်ကျိုးရှာနေခြင်း (မိတ္ထိလာသားတစ်ဦးထံမှ ပးစာ)
++++++++++++++++++++++++++++++++++++++++++

Like ·  ·  · 25 minutes ago · 

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်။
အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတော်တို့ ဌာပနာထားရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာသန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ပျက်စီးဆုံးရှုံးတော့မည်ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓဘုရားရှင်ရှိစဉ်ကဓါတ်တော်မွေတော်နှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်းတင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု Medhill Northwest တက္ကသိုလ်ပါမောက္ခနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Brent Huffman ဟာ လအတော်တန်ကြာကတည်းက အန္တရာယ်အလွန်များလှတဲ့အာဖဂန်နိုင်ငံအတွင်းရှိ အဆိုပါရှေးဟောင်းဒေသမှာ ရှာဖွေသုတေသနမှတ်တမ်းတင်လုပ်ကိုင်နေခဲ့ပါတယ်။ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းအောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက်ကိုတူးဖေါ်ခွင့်ရရှိထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီထုတ်လုပ်ဖို့အတွက် ရှေးဟောင်းအဆောက်တည်ရှိတောင်တန်းကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကိုအမိန့်ထုတ်ပြီးဖြစ်နေပါပြီ။ ဒေါ်လာသန်း၁၀၀ တန်ကြေးနီထုတ်လုပ်နိုင်ဖို့အတွက် တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးတော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့နီးကပ်လာနေပါပြီ။ ရှေးဟောင်းသုတေနအဖွဲ့လေ့လာရှာဖွေနေတဲ့ ရှေးဟောင်းဒေသနေရာကို စိတ်ဆိုးနေတဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ရဲ့ ညအချိန်ရော့ကက်ဖြင်တိုက်ခိုက်မှုတွေ လမ်းတလျောက်မိုင်ထောင်မှုတွေဖြင့်လည်းကြုံတွေ့ရပါတယ်။ တရုပ်ကုမ္မဏီရဲ့ ကြေးနီထုတ်လုပ်မှုကြောင့်ရှေးဟောင်းအမွေအနှစ်လက်ရာတွေပျက်ဆီးဆုံးရှုံးရတော့မယ့်အရေးကိုတွေးပြီး နှလုံးခုန်ရပ်သလိုခံစားရသည်ဟု Huffman ကစိတ်မကောင်းစွာဖြင့် CNN ရုပ်သံအင်တာဗျူးတွင်ပြောဆိုခဲ့ပါတယ်။

အစိုးရနှင့် ကေအိုင်အို စစ်ပြေငြိမ်းရေးအမြန်အကောင်အထည်ဖော်ရန် သဘောတူ

ရန်ကုန်၊ဖေဖော်ဝါရီ-၎

စစ်ပွဲများ နှစ်လကျော်ကြာအရှိန်မြင့်ဖြစ်ပွားပြီးနောက် ပြန်လည်တွေ့ဆုံဆွေးနွေးမှုအနေဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖေဖော်ဝါရီ ၄ ရက်က ခုနစ်နာရီကျော်ကြာ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ခိုင်မာသောစစ်ပြေငြိမ်းရေးကို အလျင်အမြန်အကောင်အထည်ဖော်ရန်၊ ပဋိပက္ခဖြစ်ပွားသည့် နေရာများ လေ့လာစောင့်ကြည့်စိစစ်သည့် စနစ်ပေါ်ပေါက်ရေး ဆက်လက်ဆွေးနွေးသွားရန်နှင့် ဖေဖော်ဝါရီလမကုန်မီ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် သဘောတူခဲ့ကြကြောင်း ဆွေးနွေးပွဲအပြီး နှစ်ဖက်ပူးတွဲကြေညာချက်ဖြင့် သတင်းထုတ်ပြန်သည်။

အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့မှ ဦးဆမ်လွတ်ဂမ် ဦးဆောင်ပြီး ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ပါဝင်သော အဖွဲ့တို့သည် တရုတ်အစိုးရ၏ ကြားဝင်ကူညီမှုဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ရွှေလီမြို့ ကျင်းချန်းဟိုတယ်၌ နံနက် ၉ နာရီမှစတင်ကာ ညနေ ၄ နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော ကေအိုင်အေဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော်က “အတော်အသင့် ကျေနပ်အားရပါတယ်။ ရှေ့ဆက်မယ့်ဆွေးနွေးပွဲတွေအတွက် အစပြုနိုင်တယ်လို့ ပြောနိုင်ပါတယ်” ဟု 7Day News ၏ ဆက်သွယ်မေးမြန်းချက်ကို အွန်လိုင်းမှတစ်ဆင့်ဖြေကြားသည်။ 

ပဋိပက္ခ၏ အဓိကပြဿနာဖြစ်နေသော နှစ်ဖက်တပ်များရောထွေးနေခြင်းနှင့် တပ်များနီးကပ်နေသည့်အတွက် တပ်များနေရာချထားရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းရှိ၊ မရှိ မေးမြန်းရာ ယခု ဆွေးနွေးပွဲတွင် တပ်ကိစ္စမပါသေးဘဲ မူအရဆွေးနွေးရေးနှင့် အဖြေရှာရန်၊ စစ်အရှိန်လျှော့ရန် အဓိက ဆွေးနွေးဖြစ်ခဲ့ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ဖြေကြားသည်။ 

“လူထုရဲ့ စိတ်ဓာတ်လုံခြုံ ရေးရဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွန်မော်က 7Day News ကို ဖြေကြားသည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ ဦးလှမောင်ရွှေက ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး “တော်တော်လေးအားတက်မိတယ်။ အလားအလာကောင်းတဲ့ ဆွေးနွေးပွဲတစ်ခုလို့ ပြောလို့ရပါတယ်။ ပဋိပက္ခတွေ ဒီလောက်ဖြစ်ပြီးရာကနေ ဆွေးနွေးရာမှာ တစ်ဖက်နဲ့တစ်ဖက် အပြစ်မတင်ဘဲနဲ့ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်မလဲဆို တာကို ဦးတည်ဆွေးနွေးခဲ့ကြတယ်။ မျှော်လင့်ချက်အများကြီးရခဲ့တယ်” ဟု ပြောကြားသည်။

ယခု ဆွေးနွေးပွဲ၏ ထူးခြားမှုမှာ တရုတ်အစိုးရမှ ကြားနေသက်သေအဖြစ် ဆောင်ရွက်ပေးခြင်းနှင့် တတိယအဖွဲ့အစည်းများဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်
ကြီးစောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးချုပ်စိုင်းလူး စသူတို့က သက်သေအဖြစ် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ဆက်သွယ်ရေးလမ်းကြောင်းထားရှိရေး၊ နှစ်ဖက် စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေး၊ ဆက်လက်ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်မည့် အဖွဲ့အစည်းများ ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ကေအိုင်အေအနေနှင့် ညီညွတ်သော တိုင်းရင်းသားဖက်ဒရယ် ကောင်စီ (UNFC) နှင့် ညှိနှိုင်းပြီးနောက် ဖေဖော်ဝါရီလမကုန်မီ ကျင်းပနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန် သဘောတူညီခဲ့ကြောင်း ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့စွဲဖြင့် ကေအိုင်အိုဘက်မှကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ မြန်မာ့တပ်မတော်အနေနှင့် ထိုးစစ်များ
ဆင်နွှဲခြင်းကို ရပ်ဆိုင်းပါက ကေအိုင်အေကလည်း ပြဿနာဖြစ်ပွားနိုင်မည့်စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်မည်မဟုတ်ဘဲ ကေအိုင်အိုအနေနှင့် နိုင်ငံရေးပြဿနာများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ နောက်တစ်နေ့မှာပင်အစိုးရဘက်မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ရာတွင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အို၊ ကေအိုင်အေနှင့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့အစည်းများ အပါအ၀င် အခြားသော အဖွဲ့အစည်းများက တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်နိုင်ရန် ကူညီနေမှုများကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ထိုသို့ ထုတ်ပြန်ပြီး နှစ်ရက်အကြာတွင် ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော လေးလအကြာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်က အစိုးရနှင့် ကေအိုင်အိုတို့ ရွှေလီမြို့မှာပင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုတွေ့ဆုံပွဲတွင် နိုင်ငံရေးအရ ဆွေးနွေးရန် အစိုးရဘက်မှ သဘောတူညီပြီး ဇန်န၀ါရီတွင် ပြန်လည်တွေ့ ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း ဒီဇင်ဘာလဆန်းမှစကာ ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာအနီး လဂျားယန်ဒေသတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ဖားကန့်ဒေသတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ နှစ်လကျော်အတွင်း တိုက်ပွဲအကြိမ်ရေ အများဆုံးနှင့် အတင်းမာဆုံး အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် တွေ့ဆုံနိုင်ခဲ့ခြင်းမရှိပေ။ အစိုးရဘက်မှ လေကြောင်းပစ်ကူမှုများကို တစ်လနီးပါးကြာ အသုံးပြုခဲ့ပြီး နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ လေကြောင်းအသုံးပြုခြင်းရပ်တန့်ရန် ဖိအားပေးတောင်းဆိုမှုများကြောင့် တစ်လအကြာတွင် ရိက္ခာပို့ရန်အတွက် သာ အသုံးပြုခဲ့သည်။ လိုင်ဇာအနီးဖြစ်ပွားသော တိုက်ပွဲများတွင် တရုတ်နိုင်ငံဘက်ခြမ်းသို့တိုင်အောင် လက်နက်ကြီးများ ကျရောက်မှုရှိခဲ့သည်။

ထိုသို့ ပဋိပက္ခများကြီးထွားလာပြီးနောက် တရုတ်နိုင်ငံအစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့်ရွှေလီမြို့တွင် ထပ်မံတွေ့ဆုံနိုင်ခြင်း ဖြစ်သည်။ ပဋိပက္ခများ ပြေလည်စေရန် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ကာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။

Tuesday, February 5, 2013

ရေကျော်ဈေးသစ် တည်ဆောက်ခြင်း ဈေးသူဈေးသားများ စိုးရိမ်

Tuesday, February 05, 2013

ပုဇွန်တောင်မြို့နယ်ရှိ ရေကျော် ဈေးအား ဈေးသစ်အဖြစ် ပြန်လည်
ပြုပြင်ဆောက်လုပ်မည့် ကိစ္စအပေါ် ဈေးသူဈေးသားများမှ ယခု လက်ရှိ ဈေးဟောင်းကိုသာ ပြန်လည်ပြုပြင် မွမ်းမံစေလိုပြီး ယာယီဈေး
နေရာအားလည်း ယခုချိန်ထိ သတ်မှတ်နိုင်ခြင်း
မရှိသေးကြောင်း သိရသည်။

ဆိုင်ခန်းပေါင်း ၂၇၀ ကျော်ရှိ ယင်းဈေးကြီးအား ဈေးသစ်အဖြစ်
ပြန်လည်ဆောက်လုပ်ရန် စီစဉ်နေသော်လည်း မြောင်းကြီး ရပ်ကွက်တွင်
ယာယီဈေးနေရာ သတ်မှတ်ခြင်းကို ယင်းရပ်ကွက်မှ ကန့်ကွက်ကြသောကြောင့်
ယခုချိန်ထိ အတိ အကျသတ်မှတ်နိုင်ခြင်း မရှိသေးဘဲ ဇေယျာမြိုင်ပန်းခြံနှင့် လိပ်ကန်ပန်းခြံတို့တွင် သတ်မှတ်ပေးနိုင်ရန် စီစဉ်လျက်ရှိပြီး ဈေးသူ
ဈေးသားများမှလည်း ဈေးသစ် ပြန်လည်ဆောက်လုပ်မည့် အပေါ်တွင်
စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ဈေးတွင်းမှ ဆိုင်ခန်းပိုင်ရှင် တစ်ဦးထံမှ ၏သိရသည်။

ဈေးသစ်ဆောက်လုပ်၍ ယာယီဈေးသို့ပြောင်းရွေ့ရခြင်းနှင့်
ပတ်သက်၍ ဆန္ဒတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိ
ဈေးနေရာတွင်သာ ဆက်လက်လုပ်ကိုင်လိုသူများ ရှိသလို၊
ပြောင်းရွေ့ရန်လိုလားသူများလညိးရှိကြောင်း၊ ဆန္ဒမဲခွဲရာတွင် လက်ရှိဈေးအား ပြန်လည်ပြုပြင်မွမ်းမံပြီး ဆက်လက်လုပ်ကိုင် လိုသူ လေးဆယ်ရာနှုန်း၊ ဇေယျာမြိုင်ပန်းခြံသို့ပြောင်းရွေ့လိုသူ
လေးဆယ်ရာနှုန်းနှင့် လိပ်ကန်ပန်းခြံနေရာသို့ ပြောင်းရွေ့ လိုသူ နှစ်ဆယ်ရာနှုန်းရှိကြောင်း ဈေးသူဈေးသားများက
ပြောကြားသည်။

"ယာယီဈေးနေရာ သေချာမပေးနိုင်ဘဲ ဈေးသူဈေးသား
တွေရဲ့ ဆန္ဒလာမေးတော့ တယောက်တပေါက်ဖြစ်တာပဲ
အဖတ်တင်တာပေါ့၊ တခြား ဈေးတွေမှာဖြစ်သလို ယာယီ
ဈေးမှာနေခိုင်းပြီး ဈေးသစ်ပြီးတဲ့အချိန်မှာ ပြန်မဝင်ခိုင်းတာ
မျိုးဖြစ်မှာလဲ ကြောက်တယ်"ဟု ရေကျော်ဈေးအတွင်း အထည်ရောင်းချသူ ဒေါ်မိုးမိုးက ပြောကြားသည်။

ဈေးအား စည်ပင်နှင့် ဈေးသူဈေးသားများပူးပေါင်းပြီး မျှခံ
စနစ်ဖြင့် လက်ရှိဈေးဟောင်းအား ပြုပြင်မွမ်းမံ သွားပါက ပိုမို
လက်ခံနိုင်စရာဖြစ်နိုင်ကြောင်း၊ ယာယီဈေးပြောင်းခိုင်းပြီးမှ
ဈေးသစ်တွင်ပြန်လည်ရောင်းချခွင့်မရခြင်း၊ ပြန်လည်ရောင်းချခွင့်
ရသော်လည်း ထပ်မံရောက်ရှိလာမည့် ငွေကြေးအင်အား
တတ်နိုင်သည့် ဆိုင်ခန်းများကြောင့် လက်ရှိအခြေအနေထက် အရောင်းအဝယ်ကျဆင်းနိုင်ခြင်း၊ ယာယီဈေးပြောင်းရွေ့ပါက ကုန်ကျစရိတ်ကြီးမားခြင်းများကြောင့် အသစ်ပြန်လည်ဆောက်
လုပ်ခြင်းကို လိုလားသော်လည်း စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း
ဈေးအတွင်းပျံကျဈေးသည် တစ်ဦးမှပြောကြားသည်။

ရေကျော်ဈေးအားအသစ်ပြန်လည်တည်ဆောက်ရန်အတွက်
စီစဉ်လျက်ရှိနေသော်လည်း ယာယီဈေးနေရာအခက်အခဲကြောင့်
ယခုအချိန်ထိ ဆိုင်းငံ့ထားရကြောင်း ဇေယျာမြိုင်ပန်းခြံနေရာနှင့် လိပ်ကန်ပန်းခြံနေရာတို့တွင် နေရာသတ်မှတ်နိုင်ရန် စီစဉ်နေကြောင်း၊
ရပ်ကွက်သားများမှ လက်မခံပါက ဆက်လက်နေရာရွေးချယ် ရဦးမည်ဖြစ်ကြောင်း ဈေးစည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ယခင်က မြေနီကုန်းဈေး အပါအဝင် အချို့ဈေးများအတွင်း
ရောင်းချနေသူများအား ယာယီဈေးသို့ပြောင်းရွေ့ရောင်းချခိုင်းပြီး
ဈေးသစ်တည် ဆောက်ပြီးနောက် ပြန်လည် ဝင်ရောက်ရောင်းချခွင့် မရခဲ့သည်များကြောင့် ဈေးသစ်ဆောက်လုပ်မည့် စီမံကိန်း အပေါ် ဈေးသူဈေးသားများမှ စိုးရိမ်နေကြောင်းလည်း သိရသည်။

ဝေယံ
The Myanma Age
8Like ·  · 

တီဗီ ၁ နာရီကြည့်တိုင်း အသက် ၂၂ မိနစ်တို

Tuesday, February 05, 2013

ထူးထူးခြားခြား လေ့လာတွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင်များက စစ်တမ်းအရ ရှာဖွေတွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။

တီဗီကို တစ်နာရီပတ်လုံး ထိုင်ကြည့်တဲ့အခါ ကိုယ်လတ်လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီတက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်း တို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက် တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင် မှု နှေးကွေးပြီး အကြောအားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက်
ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။

ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီထိုင်ကြည့်လိုက်ခြင်းဟာ 
ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်း ကျော် လျော့နည်းသွားပြီး အသက်နဲ့တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ကွန်ပြူတာ အသုံးပြုအလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပြူတာ အသုံးပြုလုပ်ကိုင်သူများကလည်း ကိုယ်လက်လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်းကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တိုနိုင်ကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

http://www.yoyarlay.com/health/beauty/34066-one-hour-of-watching-tv-shorten-your-life-by-22

YoYarLay