Pages

Sunday, March 31, 2013

ဥပဒေစိုးမိုးရေး ကူညီဖို့ သမ္မတပန်ကြား

Monday, April 1, 2013

သမ္မတဦးသိန်းစိန်က ရဟန်းရှင်လူ ပြည်သူလူထုအနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ စည်းကမ်းရှိတဲ့ ဒီမို
ကရေစီရှင်သန်ရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ 

မတ်လ ၃၁ ရက် ဒီကနေ့ညဘက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားရမှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ ဒီမိုကရေစီ
ကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူတွေလိုလားတဲ့ဒီမို
ကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား
ဖြစ်စေလိမ့်မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

တိုင်းပြည်ဝန်ထမ်းတွေရဲ့ အခက်အခဲကိုစာနာပြီး အရင်က ထောက်
ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ ၂ သောင်း လစာငွေကို အခုဧပြီလက စပြီးတော့ ထပ်မံတိုးပေးသွားမယ်လို့လည်း သမ္မတကပြောသွားပါတယ်။ 

မိုဘိုင်းလက်ကိုင်ဖုန်းတွေကိုလည်း ဧပြီလကစပြီး ဆက်သွယ်ရေး သတင်းနဲ့နည်းပညာဝန်ကြီးဌာနက လိုအပ်တဲ့အမိန့်စာထုတ်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားနဲ့ရောင်းချပေးသွားမှာဖြစ်တယ်
လို့လည်း ပြောဆိုသွားပါတယ်။

တောင်သူလယ်သမားနဲ့ အလုပ်သမားတွေအတွက် ငွေကြေး အရင်း
အနှီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေးစားငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအဖွဲ့တွေ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ပြည်ပက အထောက်အပံ့ချေးငွေ
တွေ ရယူပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သမ္မတက ပြောဆိုရာမှာ တပ်မတော်ဟာ အစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ ကာလမှာ ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်ဆောင်
ရွက်နေပါတယ်လို့ ပြောပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်
တဲ့ နေရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို အင်အား
အဖြစ်နဲ့ အသုံးပြုသွားမှာဖြစ်တယ် လို့လည်း သမ္မတဦးသိန်းစိန်ရဲ့ ရေဒီ
ယိုကနေတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။

VOA

သင်္ကြန်လက်ဆောင်...

မောင်မောင်ပြောပြမယ်...
မြန်မာ၇ိုး၇ာအတာသင်္ကြန်လာတော့မယ်...အတာသင်္ကြန်ေ၇ဆိုတာမြန်မာနိုင်ငံသားတွေအတွက်အညစ်ကြေး....ဆေးကြေားတဲ့ေ၇...နှစ်သစ်မှာမင်္ဂလာ၇ှိ၇ှိဖြတ်သန်ကြေ၇ာက်အောင်....
..ေ၇ာ့.....ဒါတော့သင်္ကြန်မှာ..ဗမာတနိုင်ငံလုံး..ကလေး..လူငယ်..လူကြီး...အ၇ှး...အကျဉ်သားမကျန်..ပျော်၇ွှင်ကြတယ်..ဒါတော့..အဲဒီချိန်မှာ....မောင်မောင်သတိလေးတခုပေးမယ်....
မဟုတ်မဟပ်အစွန်းေ၇ာက်သူတွေေ၇းတဲ့စာကိုနာမယောင်ကြနဲ့...သင်္ကြန်မှာ..ဗမာမိန်းကလေတွေသတိထားပါတို့...မူဆလင်ကဖျက်ဆီးလိမ်မယ်တို့..ဆိုပြီးစာေ၇းတဲ့စာတွေဖတ်၇လိမ်မယ်....ဒါတွေကိုပြန်သုံသပ်စဉ်စားပါ..အစွန်းေ၇ာက်တဲ့သူတွေ၇ဲ့ပြောတိုင်းနှာယောင်တယ်ဆိုတာအသိညာဏ်ကင်းမဲ့တဲ့သူတွေပါ.....မြန်မာနိုင်ငံမှာနေကြတဲ့...မူဆလင်လူမျိုးတွေ..ခ၇စ်ယာန်လူမျိုးတွေ..ဟန္ဒူလူမျိုးတွေကလည်း..
နှင်ဘာသာကိုးကွယ်တယ်..ငါဘာသာကိုးကွတယ်ဆိုပြီးအယူသဲတဲ့လုပ်၇ပ်တွေကိုဆင်ခြင်စေချင်ပါတယ်...မြန်မာ၇ို၇ားအတာသင်္ကြန်ဆိုတာမြန်မာတနိုင်ငံလုံးမှာ၇ှိတဲ့လူအားလုံးနှစ်သစ်ကူးပွဲတော်ဆိုတာဆိုတာကိုတော့မမေ့ဖို့လိုတယ်...ဒါတော့မြန်မာ၇ို၇ာအတာသင်္ကြန်လိုဆိုလိုက်တာနဲ့..မြန်မာလိုသတ်မှတ်ထားတဲ့လူသားတိုင်းမှာပျော်၇ွှင်မှုနှစ်သစ်ကူးပွဲတော်ဖြစ်သောကြာင့်..လူမျိုးေ၇းအယူသဲမှုကိုမမြင်ကြစေလိုပါ.....နှစ်သစ်ကူးနှစ်ဆန်းတစ်၇က်နေမှာဗမာတွေလောက်ဘဲကောင်မှုကုသိုလ်လုပ်ပါတယ်လိုမထင်ကြပါနဲ့..ဘု၇ာသွားတယ်လိုမယူဆပါနဲ့..နှစ်ဆန်းတစ်၇က်နေမှာ..မူဆလင်ဘာသာဝင်တွေလဲ...မိမီ၇ဲ့ပလီတွေမှာမိမိဘာသာတ၇ားနဲ့အညီ..အလှုတန်းလုပ်လို၇ပါတယ်..ထိုအတူ..ခ၇စ်ယာန်ဘာသာဝင်တွေလည်..မိမိ၇ဲဘာသာတ၇ားနဲ့အညီ...ဘု၇ားကျောင်တွေမှာအလှုတန်းလုပ်လို၇ပါတယ်..ဟန္ဒူလဲထိုနည်အတူဘဲ့...အဲလိုလေးတွေတွေးကြည့်ပါ..မြန်မာပြည်ကသိပ်ပျော်၇ွှင်စ၇ာကောင်းတဲ့နိုင်ငံလေးမဖြစ်ဘူးလားလို့....အဲလိုမတွေးဘဲအစွန်းေ၇ာက်တဲ့သူတချို့က..မြန်မာနှစ်သက်ကူးပွဲတော်မှာ....မပျော်၇ွှင်နိုင်အောင်အမျိုးမျိုးသွေးထိုးလုပ်ဆောင်ကြတယ်....ဒီလိုလူတွေ၇ဲစိတ်ဓါတ်ထဲကမြန်မာမဟုတ်ဘူးဆိုတာသိသာနေပါတယ်....
ဒါတော့..သင်္ကြန်မှာ...သောက်ပြီးမူးကြမယ်..၇န်ဖြစ်ကြမယ်ထားပါတော့...အဲဒီနေ၇ာမှာလဲလူမျိုးေ၇းကိုမကြည့်ကြပါနဲ့..ဥပဒေကစီ၇င်လိမ့်မယ်....ဒါကြောင်ဒီနှစ်အတာသင်္ကြန်မှာ...မြန်မာနိုင်ငံက...
မူဆလင်လူမျိုး..ခ၇စ်ယာန်လူမျိုး...ဟန္ဒူလူမျိုး..ဗမာလူမျိုးများအားလုံး..တမြေတဲ့နေတေ၇တဲ့သောက်တဲ့.....တိုင်၇င်သားညီကိုမောင်မများ....အတူယှဉ်တွဲကာ..နှစ်သစ်မင်္ဂလာအတာေ၇သဘင်ပွဲကြီးကိုပျော်ပျော်ကြီးနွဲလိုက်ကြစိုလား...သူငယ်ချင်တို့

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင် အကြောင်း

Monday, April 1, 2013

မြတ်စွာဘုရားအလောင်းလျာသည် သုဇာတာသူဌေးကတော် လှူဒါန်း
သောဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံဘုဉ်းပေး သုံးဆောင်တော်
မူပြီးနောက် ရွှေခွက်ကိုအဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အတွင်း မျှောတော်မူခဲ့
သည် ။ 

ညနေချမ်းအချိန်တွင် မဟာဗောဓိညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခရီး၌ သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်းသမားလှူဒါန်း
ခဲ့သောမြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူ
ခဲ့သည်။ 

ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်
ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။မာရ်ငါးပါးကိုအောင်မြင်ရာ ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြစ်သည်။ (ပရာဇိတ- ရှုံးအပ်ရာ၊ အ-မဟုတ်)။

အပရာဇိတပလ္လင်မြတ်

အဲဒီ အပရာဇိတပလ္လင်ဟာ အမြင့်လား၊အပြန့်အကျယ်လားဟုလည်းမေး
ကြသည်။ အဲဒီနေရာမှာတော့ အယူအဆအမျိုးမျိုး ရှိကြတယ်။ မဏိဒီပဋီ
ကာကျမ်းပြုဆရာတော်၊ တောင်ခွင်သာသနာပိုင်ဆရာတော်တို့က (၁၄)
တောင်အပြန့်အကျယ် ပမာဏရှိတဲ့ပလ္လင်လို့ မိန့်ဆိုကြပါသည်။

ပရိတ်ကြီးဋီကာ ကျမ်းပြုဆရာတော်၊ မုံရွေးဇေတဝန်ဆရာတော်တို့ကတော့
(၁၄)တောင်အမြင့်ရှိတဲ့ ပလ္လင်လို့ မိန့်ဆိုကြပါသည်။ အကြောင်းအသီးသီးပြ
လို့ မိန့်ဆိုထားခြင်းဖြစ်၏။ မိမိတို့ကတော့ သဘောကျရာကို ယူကြဖို့ပါပဲ။ 

ကုသိုလ်ရဖို့က အဓိကပင်ဖြစ်၏။၎င်းအပရာဇိတပလ္လင်ပေါ်၌နေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူခဲ့သည်။

၁။ ဒေဝပုတ္တမာရ်- မာရ်နတ်မင်းနှင့်တကွမာရ်စစ်သည်အပေါင်းကို
အောင်တော်မူသည်။( အပြင်ရန်များကို အောင်မြင်ခြင်းဖြစ်၏)။

၂။ ကိလေသာမာရ်- (၁၅၀၀) ကိလေသာအပေါင်းကို အောင်တော်မူသည်။

၃။ အဘိသင်္ခ`ါရမာရ်- ကုသိုလ်ကံ၊ အကုသိုလ်ကံအားလုံးကို ကုန်းခန်းအောင်မြင်တော်မူသည်။

၎။ ခန္ဓမာရ်- လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ အပါယ်ဘုံခန္ဓာ၊ ခန္ဓအားလုံးကို အောင်မြင်တော်မူသည်။

၅။မစ္စုမာရ်- သေခြင်းတရားကိုအောင်မြင်တော်မူသည်။(အတွင်းရန်များကို အောင်မြင်ခြင်းဖြစ်၏)။

ကျမ်းကိုး။ ။ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာဘုရားဖူးများသို့ ကျမ်း။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်
လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မြတ်စွာဘုရားပွင့်တော်မူခဲ့သော
မဟာဗောဓိညောင်ပင်ကြီး အောက်တွင် တည်ရှိနေသော 
ဝီရဓမ္မ
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင်
အကြောင်း

ဝန်ထမ်းများ လစာ၊ ပင်စင်၊ လုပ်အားခ တိုးပြီ

Sunday, March 31, 2013

အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ မင်္ဂလာ သတင်းတခုပါ။ တိုးမြင့်ပေးလိုက်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ လစာ၊ ပင်စင်လစာနဲ့ လုပ်အားခတွေကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

အခုလို ဘတ်ဂျက် နှစ်သစ် အစမှာ ကနဦး သတင်းများအတိုင်း အစိုးရ ၀န်းထမ်းတွေရဲ့ လစာ၊ ပင်စင် လစာနဲ့ လုပ်အားခတွေ တိုးမြင့်လိုက်တာပါ။

အနိမ့်ဆုံး လစာ ၃ သောင်းခွဲကို ၅ သောင်းခွဲအထိ တိုးမြင့်လိုက်ပြီး အမြင့်ဆုံး လစာ ၂ သိန်း ၁ သောင်းကို ၂ သိန်း ၃ သောင်းအဖြစ်တိုးမြင့်လိုက်ပါတယ်

ပင်စင်စားများအတွက် လက်ရှိ ပင်စင် လစာအပြင် နောက်ထပ် ကျပ် ၂ သောင်းကို ပင်စင်ဥပဒေနဲ့အညီ တိုးမြှင့်သတ်မှတ်ပေးလိုက်တဲ့အချက်လည်း ပါဝင်ပါတယ်။

လုပ်အားခ နေ့စားတွေအတွက်တော့ တနေ့ လုပ်အားခ ၁၁၀၀ ကနေ ၁၇၀၀ ကျပ်ထိ တိုးမြှင့်ပေးလိုက်ပြီး အပို ထောက်ပံ့ကြေး ၁ ထောင်ကျပ်ကိုလည်း ဆက်လက်ခံစားခွင့် ပြုတယ်လို့ ဆိုပါတယ်။

ဧရာဝတီ
ဝန်ထမ်းများ လစာ၊ ပင်စင်၊ လုပ်အားခ တိုးပြီ 
Sunday, March 31, 2013

အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ မင်္ဂလာ သတင်းတခုပါ။ တိုးမြင့်ပေးလိုက်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ လစာ၊ ပင်စင်လစာနဲ့ လုပ်အားခတွေကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ 

အခုလို ဘတ်ဂျက် နှစ်သစ် အစမှာ ကနဦး သတင်းများအတိုင်း အစိုးရ ၀န်းထမ်းတွေရဲ့ လစာ၊ ပင်စင် လစာနဲ့ လုပ်အားခတွေ တိုးမြင့်လိုက်တာပါ။ 

အနိမ့်ဆုံး လစာ ၃ သောင်းခွဲကို ၅ သောင်းခွဲအထိ တိုးမြင့်လိုက်ပြီး အမြင့်ဆုံး လစာ ၂ သိန်း ၁ သောင်းကို ၂ သိန်း ၃ သောင်းအဖြစ်တိုးမြင့်လိုက်ပါတယ်။ 

ပင်စင်စားများအတွက် လက်ရှိ ပင်စင် လစာအပြင် နောက်ထပ် ကျပ် ၂ သောင်းကို ပင်စင်ဥပဒေနဲ့အညီ တိုးမြှင့်သတ်မှတ်ပေးလိုက်တဲ့အချက်လည်း ပါဝင်ပါတယ်။ 

လုပ်အားခ နေ့စားတွေအတွက်တော့ တနေ့ လုပ်အားခ ၁၁၀၀ ကနေ ၁၇၀၀ ကျပ်ထိ တိုးမြှင့်ပေးလိုက်ပြီး အပို ထောက်ပံ့ကြေး ၁ ထောင်ကျပ်ကိုလည်း ဆက်လက်ခံစားခွင့် ပြုတယ်လို့ ဆိုပါတယ်။ 

ဧရာဝတီ

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်၍ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်

Sunday, March 31, 2013

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်ကာ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးကာလဖြစ်ပြီး မေလ၀န်းကျင်အ
ထိ အပူချိန်မြင့်မားမှုကို ခံစားရကာ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း သိရ
သည်။

ပူပြင်းသည့်အချိန်၌ အရွယ်မရွေး အပူရှပ်ခြင်းကို အနည်းနှင့် အများ ခံစားကြရမည်ဖြစ်ကာ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်
အိုများတွင် ရောဂါခံစားရမှု ပိုမိုတတ်ကြောင်း သိရသည်။

အပူချိန် မြင့်မားမှုကြောင့် ခန္ဓာကိုယ်တွင်းရှိချွေးများ ပြင်ပသို့ မထွက်ရှိဘဲ ခန္ဓာကိုယ်အပူချိန်များ မြင့်မားလာကာ အဖျားကြီးခြင်း၊ ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကြောင့် မိတ်နှင့်ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်
ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့ အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ဖြစ်တတ်ကြောင်း သိရသည်။

နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်းလွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊
ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ၍ အေးမြသော
နေရာတွင် နေထိုင်ခြင်း၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း မှ
ရှောင်ကြဉ်ရန်၊ နေပူထဲတွင် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ရန်၊ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်
လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ်
ရန်၊ နေ့ခင်းဘက် အပြင်ထွက်သည့်အခါ အရိပ်လုံလောက်စွာ ရရှိနိုင်သည့်
ထီး၊ ဦးထုပ်များဆောင်းရန်၊ အလင်းရောင် ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ အ၀တ်အထည်များကို ၀တ်ဆင်ခြင်း၊ ပွပွချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

နေ့အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်သည် ပုံမှန်ကိုယ်တွင်း အပူချိန်ဖြစ်ပြီး ၃၈ ဒီဂရီစင်တီဂရိတ်တွင် ချွေးထွက်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်း၊ အနည်းငယ် ဆာလောင်ခြင်း၊ ၃၉ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါက ချွေးအလွန်အမင်း ထွက်ခြင်း၊
အရေပြား နီရဲခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းများ မြန်လာခြင်း၊ပင်ပန်းနွမ်း
နယ်ခြင်း၊ မောပန်းခြင်း၊ အတက်ရောဂါ ရှိသူများတွင် အတက်ရောဂါထခြင်း၊ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ်ရသောအ
ဆင့်သို့စတင်ရောက်ရှိနေပြီး မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊
အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ မတ်လ ၂၆ ရက်နေ့တွင်ရန်ကုန်မြို့၌
အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ရှိပြီး မန္တလေး မြို့တွင် အပူချိန် ၃၉ 
ဒီဂရီစင်တီ ဂရိတ်ရှိသည်ဟု သိရသည်။

နေ့အပူချိန်မြင့်သည့်ကာလတွင် သွားလာနေသူများအား ရန်ကုန်မြိုအ
တွင်း တွေ့ရစဉ်
Eleven Media Group

ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်

Sunday, March 31, 2013

ကော်လိုရာဒိုကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယင်ဆာဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။ 

လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီးထွက်
ကုန်များကရင်သားကင်ဆာအပေါ် ကောင်းကျိုးသက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှကင်ဆာကာကွယ်ရေး
နှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချိုကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ 

Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်းဆောင်တာကို ပြောင်းလဲသွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်းတစ်မျိုးကို လှုံ့ဆော်ပေးသည့်အပြင် ပန်ကရိယဆဲလ်များမှ အင်ဆူလင်ထုတ်မှုအား လည်း မှန်ကန်စေသည်။

ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေးထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။

အပိန်လေး
ref: MNT
Health Updates Journal

ကင်ညက်တာ ကင်ညာရွေးကောက်ပွဲတွင်အနိုင်ရ

Sunday, March 31, 2013

ကင်ညာရွေးကောက်ပွဲတွင် မစ္စတာကင်ညက်တာသည် ၎င်း၏ပြိုင်ဘက်ကို အနိုင်ရကာ ကင်ညာသမ္မတအဖြစ် ရွေးချယ်ခံရကြောင်း ကင်ညာအထက် တရားရုံး လွှတ်တော်က စနေနေ့တွင် ထုတ်ပြန်လိုက်သည်။

အသက်၅၁နှစ် ရှိပြီဖြစ်သည့် မစ္စတာကင်ညက်တာသည် ကင်ညာနိုင်ငံ တည်ထောင်ရေးတွင် ဦးဆောင်ဦးရွက်ပြုသည့် ခေါင်းဆောင်၏ သားဖြစ်ပြီး မဲအရေအတွက်၅၀.၀၇ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကြောင့် မစ္စတာကင်ညက်တာသည်
နိုင်ငံ၏လေးဦးမြောက်သမ္မတ ဖြစ်လာမည်ဖြစ်ပြီး အသက်အငယ်ဆုံး သမ္မတလည်းဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ် ရိုင်လာ အိုဒင်ဂါသည် မဲအရေအတွက်၄၃.၃၁ရာခိုင်နှုန်း ရရှိခဲ့ပြီး တရားရုံးလွှတ်တော်တွင် ရွေးကောက်ပွဲရလာဒ်ကို နည်းပညာ ပိုင်းသုံးပြီး မှားယွင်းမှုများနှင့်ပြုလုပ်ခဲ့ကြောင်း အရေးဆိုထားသည်။

၎င်းသည် အထက်လွှတ်တော်၏ဆုံးဖြတ်ချက်ကို နာခံလိုက်နာမည်ဟု
ဆိုကြောင်း သိရသည်။

အိုဒင်ဂါက “ကင်ညာတွင် ဒီမိုကရေစီသည် စမ်းသပ်မှုအဆင့်သာရှိနေသေး
သည်”ဟု ဆိုကြောင်း သိရသည်။

“ကျွန်တော် အထက်လွှတ်တော်ကိုဒီရွေးကောက်ပွဲတရားဝင်ဖြစ်တယ်ဆို
တာ သေချာစေဖို့အတွက် တောင်းခံတဲ့ တောင်းခံလွှာတစ်ခုကို တင်တာပါ။ အဲဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး လွတ်လပ်ခွင့်ကို ယုံကြည်ဖို့အတွက် စမ်းသပ်မှုပါပဲ။ ဒီမိုကရေစီအရေး အတွက် လုပ်မှာပါ။ ကင်ညာနိုင်ငံသားတွေအားလုံးအတွက်ပါ”ဟု ၎င်းကဆက်လက်ပြော
ကြားသည်။

ပြည်သူများ တရားရုံးလွှတ်တော်မှ ၎င်းအရေးဆိုမှုအပေါ် အမိန့်ထုတ်ပြန်
မည့်အချိန်ကို စောင့်နေချိန်တွင် မြို့တော်နိုင်ရိုဘီ လွှတ်တော် ပတ် ဝန်း
ကျင်တွင် လူစုလူဝေးများရှိနေသောကြောင့် ပဋိပက္ခတားဆီးရေးရဲ
များစောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်းတွင်လည်း လုံခြုံရေးများ တိုးမြှင့်ချထားပြီး လူစုလူဝေးများပြု
လုပ်ခြင်းကို တားမြစ်ထားသည် ဟုသတိပေးချက် ထုတ်ပြန်ထား ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဘန်ကီမွန်းသည် ကင်ညက်တာ၊အို
ဒင်ဂါတို့ကို ကုလသမဂ္ဂသည် ကင်ညာအစိုးရနှင့် ပြည်သူများ ကို ထောက်
ခံကြောင်း ပြော ကြားခဲ့ကြောင်း သိရသည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးသည် ကင်ညာနိုင်ငံအနေနှင့် နိုင်
ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေမည့် ငြိမ်းချမ်း ပြီး ယုံကြည်လောက်သည့် ရွေးကောက်ပွဲကိုကျင်းပခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်း
ထပ်လောင်းပြောကြားကြောင်း၊ ၎င်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်း သည့်အခြေအနေ
ကို ထိန်းထားရန်တိုက်တွန်းသည်”ဟု တိုက်တွန်းပြောကြားကြောင်း မစ္စတာ
ဘန်ကီမွန်းရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက် တစ်ခုတွင် ပါရှိကြောင်း သိရ
သည်။

အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး ဂျေးကာနေးက ကင်ညာတွင် ငြိမ်းချမ်း
သည့်ရွေးကောက်ပွဲဖြစ်ခဲ့၍ ဂုဏ်ပြုကြောင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က နိုင်ငံ၏တရားစီရင်ရေးလွှတ်တော်ချုပ်က မဲရုံ၃၃၀၀၀ကျော်မှ မဲရုံ ၂၂ ရုံ၏ ရလာဒ်ကို ထုတ်ပြန်ခဲ့သော်လည်း မစ္စတာအိုဒင်ဂါ၏ရှေ့နေများက ကွာခြားချက်များရှိသည်ဟုဆိုကြောင်း သိရသည်။

မစ္စတာကင်ညက်တာနှင့် မစ္စတာအိုဒင်ဂါတို့သည် ကင်ညာနိုင်ငံ ပထမဆုံးသမ္မတ၏ သားနှင့် ဒုသမ္မတ၏သားများ ဖြစ်ကြသောကြောင့် ၁၉၆၀ ပြည့်နှစ်များမှ နိုင်ငံရေးပုံရိပ်များကို ထင်ဟပ်လာနေစေကြောင်း သိရသည်။

Ref:CNN
The Myanma Age
3