Pages

Friday, September 28, 2012

အတုအယောင် account များကို Facebook ကရှင်းထုတ်လိုက်ပြီ


အတုအယောင် account များကို ရှင်းထုတ်
သည့် ဆောင်ရွက်ချက်အဖြစ် 
Facebook က account ထောင်ပေါင်များစွာ
ကို ဖျက်လိုက်ပြီ ဖြစ်သည်။ 
 
ပြီးခဲ့သည့် နှစ်ရက်အတွင်း Facebook Page များတွင် Like လုပ်ထားသူ 
အရေအတွက် လျော့ကျသွားမှု ကြုံတွေ့ရခြင်းမှာ အဆိုပါ Like လုပ်ထားသည့်
 account များမှာ အတုအယောင်များ ဖြစ်နေခြင်းကြောင့်ဟု TechCrunch.com
ကဆိုသည်။ 
 
Zynga ၏ Texas HoldEm Poker Facebook Page တွင် တစ်ရက်အတွင်း Like လုပ်ထားသူ 
အရေအတွက် ၉၆,၀၀၀ လျော့ကျသွားကြောင်း၊ အလားတူ နာမည်ကြီးအဆိုတော်
 လေဒီဂါဂါ၏ Facebook Page တွင်လည်း Like လုပ်ထားသူ အရေအတွက် ၃၁,၇၀၀
 လျော့ကျသွားကြောင်း သိရသည်။
 
Planet News

0 comments:

Post a Comment