ယာဘာဆေးပြား ၄၀၀၈၈ နှင့် အတူ မြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင် စနေနေ့နံနက်က ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာ တာဝန်ရှိသူများပြောသည်။
သူတို့သည် အဆိုပါ ယာဘား ဆေးပြားများကို ဘုတ်တစ်စီးဖြင့် ဘင်္ဂလာဒေခ်ျ့ဘက်သို့ တင်သွင်းလာစဉ် နတ်မြစ်အတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
“ လျို့ဝှက် သတင်းအရ တက်ကနက်မြို့နယ် နာဆီယာ ပါရာ အနီးက နတ်မြစ်အတွင်း ဘုတ် တစ်စီးပေါ်ကို တက်ရောက် ရှာဖွေစဉ်မှာ ယာဘားဆေပြား ၄၀၀၈၈ နဲ့ အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိပါတယ်” ဟု တက်ကနက် အခြေစိုက် ဘီဂျီဘီ တပ်ရပ် အမှတ် (၄၂) မှ ဗိုလ်မှူး အမ်းဒီ ဆိုင်ဖူးလ် ရာဟမန်က ပြောသည်။
သူတို့ကို ယခုအခါ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဟု ဆိုသည်။
နိရဉ္စရာသတင်း

0 comments:
Post a Comment