Pages

Friday, October 12, 2012

ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ နတ်မြစ်အတွင်း ဘင်္ဂလာတပ်ဖွဲ့ကဖမ်း



မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံအား
နယ်စပ်မျဉ်း အဖြစ် ခြားထားသည့်
 နစ်မြစ်အတွင်းမှ ကျပ် သိန်း ၁၀၀
(တာကာ ၁၀ သိန်းတန်ဖိုး) ရှိ  အရက်နှင့်

 ဘီယာများကို ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့မှ ကြာသပတေး နေ့က ဖမ်းဆီးလိုက်သည်သည်။


ကော့စ်ဘဇားထုတ် သတင်းစာ တစ်စောင်အရ အောက်တိုဘာ ၁၁ရက်နေ့
ည ၇နာရီအချိန်တွင် နစ်မြစ်ထဲ သစ်ဘုတ်တစီးကို တက်ရောက် ရှာဖွေရာမှ ၏
ဘီဂျီဘီတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဖမ်းဆီးရမိသော ပစ္စည်း အရေအတွက်မှာ ဘီယာ၂၄၆၀လုံး၊ ဒရိုင်းဂျင် ၁၀၇လုံး၊
 မြန်မာ့ရမ် ၇၂လုံး တို့ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြောင်း
 သတင်းတွင် ဖေါ်ပြသည်။

မူးယစ်ဖေါက်ကား ရောင်းဝယ် သူများမှာ ထွက်ပြေး လွတ်မြောက်သွား
သည်ဟု ဆိုသည်။


အောက်တိုဘာ ၁၂ရက်နေ့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံနယ်စပ်အကြားမှ
  ဖမ်းဆီးရ မိသော မူးယစ်ဆေးဝါး တာကာ ၃၅သိန်းတန်ဖိုးကို ဘီဂျီဘီအမှတ် (၄၂)
တပ်ဖွဲ့မှ မီးရှို့ ဖျက်ဆီးခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံ အကြား နယ်စပ် မူးယစ်ဆေးဝါး နှိမ်နင်းရေး
အတွက် အကြိမ်ကြိမ် ဆွေးနွေးပြီး  အကြိမ်ကြိမ် သဘောတူညီမူ ရရှိခဲ့သော်လည်း
 မူးယစ်ဆေးဝါး လုပ်ငန်းမှာ နယ်စပ်တွင်  ပိုပြီး တွင်ကျယ် လာသဖြင့် နှစ်ဘက်နိုင်ငံမှ
နယ်စပ် အာဏာပိုင်များ အပေါ် အများက သံသယ ဖြစ်နေမူများ
 ရှိနေကြောင်း  သိရှိရသည်။

နိရဉ္စရာ သတင်း

0 comments:

Post a Comment