Pages
Sunday, October 14, 2012
ကလေးမြို့တွင် တရား မဝင် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦး ဖမ်းမိ
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် နယ်စပ် ဖြတ်ကျော်လမ်းများမှတရား မဝင်
ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦးအား
အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့နယ်ရဲစခန်းမှ အတည်ပြု ပြောကြားချက် အရ သိရသည်။
၎င်းဘင်္ဂါလီများသည် ကလေး အနောက်မြောက် ဒေသ၊ မောက်လင်း အုပ်စုတွင်
ဖမ်းမိခြင်းဖြစ်ပြီး သာယာကုန်း ကျေးရွာတွင်(၁၂)ဦး၊ပျဉ်းခုံလေး(ဇိုဇန်လမ်းခွဲ)တွင်
 (၄)ဦး၊ စုစုပေါင်း(၁၆)ဦးကိုနေ့လည်(၁၂း၁၅)နာရီ အချိန်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း
ခိုးဝင်လာသော ဘင်္ဂါလီများကို ကလေးမြို့နယ် ညောင်တုန်း ရွာသားတစ်ဦးက
  တွေ့ရှိရာမှ ရဲစခန်းသို့ သတင်းပေးပို့ ခဲ့ခြင်း ဖြစ်ကြောင်း ကလေးမြို့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ယခု ဖမ်းဆီးမိသော ဘင်္ဂါလီ(၁၆)ဦးမှာ အမျိုးသားများဖြစ်ကာ
အသက်(၂၅)နှစ်အောက်လူငယ်များဖြစ်ကြောင်း သိရသည်။
 ကလေးမြို့တွင် စက်တင်ဘာ(၁၃)ရက်နေ့က ပြုလုပ်ခဲ့သော ဘင်္ဂါလီအရေးနှင့်
ပတ်သက်၍ သမ္မတပြောကြားချက် ကို ထောက်ခံပွဲပြုလုပ်ခဲ့ပြီးနောက်ပိုင်း
တရားမဝင်ခိုးဝင်လာသော ဘင်္ဂါလီများအား ဆက်တိုင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။
The Voice Weekly
0 comments:
Post a Comment