တွင်အောက်တိုဘာလ ၁၃ရက်နေ့ ည
၉နာရီ ၁၅မိနစ် အချိန်ခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်
ကယ်မောင်းနှင်သူအမျိုးသားနှစ်ဦးစလုံး
ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒေါပုံမြို့နယ် Capital Hypermarket ဘက်မှ သာကေတ အမှတ် ၁
ဈေးဘက်သို့ မင်းနန္ဒာလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်ဘက်မှလာသော မော် တော်ဆိုင်ကယ်တို့ ဒေါပုံမြို့နယ်
မင်းနန္ဒာလမ်းမကြီး၊အိမ်အမှတ် ၂၇၉ ရှေ့အရောက်တွင် တိုက်မိခြင်းဖြစ်ကြောင်း
သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်အနီးတွင်နေထိုင်သူ ကိုငြိမ်းချမ်းက''ကျွန်တော်ကအိပ်နေပါပြီ။
ဝုန်းကနဲအသံကြား လိုက်ပြီး ခဏနေ အိမ်ရှေ့မှာဆူညံဆူညံအသံတွေကြားလို့
ထွက်ကြည့်တော့မှ ဆိုင်ကယ်ချင်း တိုက်မိတယ်လို့သိရတာပါ။ မောင်းတဲ့သူနှစ်ယောက်
လုံး အပြင်းအထန်ဒဏ်ရာရကြပါတယ်။
အရေးပေါ်လူနာတင်ယာဉ်ကားနှစ်စီး မလာခင် ၉နာရီ၄၅မိနစ် လောက်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆေးရုံကို တက္ကစီငှားပြီး ပို့တာကိုတွေ့ရပါတယ်''
ဟုပြောပြခဲ့ပါသည်။
အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့
ဝင်အရာ ရှိတစ်ဦးကလည်း ''ဌာနဆိုင်ရာက ၀န်ထမ်းလား အရပ်သားတွေ
လားဆိုတာကိုတော့ စစ်ဆေးနေတုန်းပါ။လက်ရှိလူနာတွေကို ရန်ကုန် ဆေးရုံကြီးကို ပို့လိုက်ပါပြီ။ဆိုင်ကယ်ပဲစီးစီး၊ကားပဲစီးစီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကို
ကောင်းကောင်း နားလည်မှ စီးသင့်တယ်လို့ထင်ပါတယ်''ဟု ပြောပြခဲ့သည်။
အဆိုပါ ဆိုင်ကယ်တိုက်မှုဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ်နှစ်စီးလုံး ဆိုးရွားစွာ
ပျက်ဆီးခဲ့ပြီး ယင်းဆိုင်ကယ်နှစ်စီးလုံးကို သက်ဆိုင်ရာမှ ထိန်းသိမ်းသွားကြောင်း
လည်း သိရသည်။
Eelven Media Group


0 comments:
Post a Comment