
ျိုးတစ်ဦးအား
နံနက် ၁၀ နာရီခန့်တွင် ဖြတ်သန်းသွားလာသူ တစ်ဦးက
တွေ့မိခြင်း ဖြစ်သည်။
ပတ်တလင်ဂျာယာ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲက အသက်၂၇ နှစ်အရွယ်ခန့်ရှိ အဆိုပါ
သေဆုံးသူသည် ၎င်းကို ရှာမတွေ့ခင် ခုနစ်နာရီ၊ ရှစ်နာရီ အလိုခန့်ကပင်
သေဆုံးပြီးဖြစ်ကြောင်း ခန့်မှန်း ပြောကြားသည်။
၎င်းက “သေဆုံးသူရဲ့ ဝမ်းဗိုက်မှာ ဓားထိုးခံရတဲ့ ဒဏ်ရာ တွေ့ပါတယ်။ သူနဲ့
ဆိုင်တယ်လို့ ထင်ရတဲ့ ပုဂ္ဂိုလ်ရေးအထောက်အထား တစ်ခုကိုလည်း ကျွန်တော်တို့
ရှာတွေ့ခဲ့ပါတယ်” ဟု ပြောသည်။
ရဲတပ်ဖွဲ့အနေဖြင့် သေဆုံးသူ၏ အလုပ်ရှင်ကို ခြေရာခံ စုံစမ်းနေဆဲဖြစ်ပြီး ၎င်း၏
ရုပ်အလောင်းကို စစ်ဆေးရန် ကွာလာလမ်ပူဆေးရုံသို့
ပို့ဆောင်ထားသည်။
ရှားအလမ်မြို့တွင် တွေ့ရသော မြန်မာလူမျိုး ရုပ်အလောင်းမှာမူ ဂျလန်ကိုတာရာဂျာ အရပ်မှ ဈေးဆိုင်တစ်ခုရှေ့ လူသွားလမ်းအနီး တွေ့ခဲ့ရခြင်းဖြစ်သည်။
သေဆုံးသူမှာ အမျိုးသားဖြစ်ပြီး အသက် ၃၀ အရွယ်ဟု ယူဆရကာ တစ်ဦး
ထက်ပိုသော သူများ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ဖွယ်ရှိကြောင်း
ယုံကြည်ရသည်။
၎င်း၏ ရုပ်အလောင်းကိုလည်း ကလန်ရှိတန်ကူအမ်ယူရန် ရာဟီမာဆေးရုံသို့
စစ်ဆေးရန် ပို့ဆောင်ထားကြောင်း ရှားအလမ် ခရိုင်ရဲတပ်ဖွဲ့က
ပြောကြားသည်။
Ref: Malay Mail
7Day News
Ref: Malay Mail
7Day News

0 comments:
Post a Comment