ယနေ့ တစ်နိုင်ငံလုံးအနေဖြင့် OIC
အားကန့်ကွက် ဆန္ဒဖော်ထုတ်မည့်အစီ
အစဉ်တွင် ဘူးသီးတောင် မြို့ခံများအား အာဏာပိုင်များက ခေါ်ယူခြိမ်း ခြောက်ပြီး
မပါဝင်ရန်တိုက်တွန်း တားမြစ်လိုက်ကြောင်းသိရသည်။
ယင်းအတွက် ဘူးသီးတောင်တွင် လမ်းပေါ်ထွက်ခြင်းအပေါ် ဒေသခံများ လို အားကြသော်လည်း လမ်းပေါ် ထွက်လာရန် စိုးရိမ်နေကြကြောင်းသိရသည်။
ထိုသို့ တားမြစ်ခြင်းသည် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရဲမှူးများ၏လက် ချက်သာဖြစ်ကြောင်း လည်းသိရသည်။
ယင်းအတွက် အိမ်ရှေ့၊ ခြံရှေ့များတွင် OIC အလိုမရှိကြောင်းကို ရေးထား သည့် စာရွက်များ၊ ဗီနိုင်းများ၊ ပိုစတာများအား ယခု ၉ နာရီအချိန်မှစတင်ကာ ချိတ်ဆွဲနေကြပြီဖြစ်ကြောင်းလည်း ဒေသခံများ ပြော ပါသည်။
၁၅ နေ့ သတင်း
--------------
ကျောက်တော်မြို့တွင် ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှုပြုလုပ်သွားမည်။
ညနေသည် မြန်မာတစ်နိုင်ငံလုံးအနှံ့အပြားတွင် OIC ကန့်ကွက်ခြင်း ဆန္ဒ ထုတ်ဖော်ကြမည်ဖြစ်ရာ ကျောက်တော်တွင် လူငယ်ကွန်ယက်အဖွဲ့မှ ဦး ဆောင်ပြီး မြို့သူ မြို့သား ၅၀၀ ခန့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ရခိုင်ပြည်နယ်တွင် ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ နှင့် အခြားမြို့များတွင် လည်း လူထု ဆ္ဒထုတ်ဖော်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment