Pages

Tuesday, October 16, 2012

ရခိုင်လူငယ် တစ်ဦး တိုက်ခိုက်သူများကို အရေးယူ အပြစ်ပေးရန် အ၀ကျွန်းတွင် ရခိုင်အမျိုးသား ၅၀ ခန့် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြ




ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းတွင်
ရခိုင်လူငယ် တစ်ဦးအား တိုက်ခိုက်ခဲ့
သူများအား တရားဥပဒေနှင့် အညီ အရေး
ယူ အပြစ်ပေးရန် ရခိုင်လူမျိုး ၅၀ ခန့်က ကွားကတားမြို့တွင် ငြိမ်းချမ်းစွာ စီတန်းပြီး
 တောင်းဆို  ဆန္ဒပြ ခဲ့ကြဟု သိရသည်။

ရှေးခေတ် ရခိုင်လူကြီးများ အသုံးပြုခဲ့သော သစ်သား လှေကြီး တစ်စီးကို အဆိုပါ ဒေသတွင် တူးဖေါ် ရရှိစဉ်။

အဆိုပါ သတင်းအား ယနေ့ထုတ် The Daily Star သတင်းစာ တွင် ဖေါ်ပြရာတွင်
 ဆန္ဒပြသူများသည် တစ်ဦးနှင်း တစ်ဦး လက်ချင်းချိတ်ပြီး  စီတန်းကာ ဆန္ဒပြ
 တောင်းဆိုခဲ့သည်ဟု ဆိုသည်။

သတင်းစာ၏ အဆိုအရ သိရသည်မှာ လွန်ခဲ့သော တနင်္ဂနွေနေ့က အောင်ချမ်း
 (၂၂) နှင့် တစ်ခြား ရခိုင် အဖေါ်လူငယ် တစ်ဦးနှင့် အတူ  အဆိုပါ မြို့ကနေ
 ရွာသို့ ပြန်လာရာတွင် လက်ရှိ အစိုးရ ပါတီမှ အုပ်စု တစ်ခုမှ လမ်းမှ ဆီး
တားကာ သူတို့အား တိုက်ခိုက် ရိုက်ပုတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မူအတွင်း အနီးအနား ရှိသူ  ရခိုင်အမျိုးသား ဖြစ်သူ
 မောင်ကျော်မောင်မှ အောင်ချမ်းအား ၀င်ရောက်ကယ်တင်ရာ တိုက်ခိုက်သူများက
သူ့ကို ပါ ရိုက်နှက်ခဲ့သည်ဟု မောင်ကျော်မောင်က ပြောကြောင်း
သတင်းစာက ဆိုသည်။

အဆိုပါ တိုက်ခိုက်မူ ဖြစ်ပွားပြီးနောက် အောင်ချမ်း၏  မိခင် ဖြစ်သူ ဒေါ်လုံးမမှ
 ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ ယခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူမူ
 မရှိသေးကြောင်း သတင်းစာက ဖေါ်ပြသည်။

သို့အတွက် ရခိုင်အမျိုးသား ၅၀ ခန့်က ပါတွားခါလီ ခရိုင် ကွားကတားမြို့တွင် လက်ချင်းချိတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကာ ပြစ်မူ ကျူးလွန်သူများကို အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခု အခင်း ဖြစ်ပွားရာ ဒေသကို ဘင်္ဂလာ အ၀ကျွန်းဟု လူသိများပြီး ဒက္ကားမြို့တော် အနောက်တောင်ဘက် အိန္ဒိယ နယ်စပ်တွင် တည်ရှိသည်။

အခုအချိန်ထိ ရခိုင် ကျေးရွာပေါင်း ၅၀ ခန့်ရှိပြီး ဗမာဘုရင် မှ ရခိုင်အား
၁၇၈၄ ခုနှစ်က ၀င်ရောက် သိမ်းပိုက်စဉ် ထွက်ပြေးလာခဲ့ကြသူများ ဖြစ်ပြီး  အဆိုပါ ဒေသတွင် တောရိုင်းများကို ခုတ်ထွင် ရှင်းလင်းကာ စတင် အခြေချ
 နေထိုင်ခဲ့ကြသည်။


0 comments:

Post a Comment