Pages

Sunday, October 14, 2012

အမေရိကန်သံအမတ်ကြီး နဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ် ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်း က ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ အခုတော့ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ ဦးညီညီလွင် နဲ့ အဖွဲ့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည် လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်မှာ တစ်နာရီကျော်ကြာ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသင့်မသင့် ၊ လျှော့ချသင့်မသင့် အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဦးညီညီလွင်က RFA ကို ပြောပါတယ်။ "အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးသင့်ပြီလား၊ ဒါမှမဟုတ်ရင် လျှော့ချပေးသင့်သလားပေါ့၊ ဒီဟာအတွက် ပြည်တွင်းမှာ တက်ကြွလှုပ်ရှားသူ ၊ ဦးဆောင်သူတွေကို ခေါ်ပြီးတော့ တွေ့ပြီးတော့ သဘောထားတွေ ရယူတာပဲ ။ လုံးဝ ဖယ်ရှားဖို့ဆိုတာတော့ ကျုပ်တို့အနေနဲ့ မဖြစ်သင့်ဘူးပေါ့ ၊ လျှော့ချတာတော့ ကျုပ်တို့အနေနဲ့ ဘာမှမပြောလိုပါဘူးဆိုတာတွေ ပြောဖြစ်တယ်၊ နောက် မျက်မှောက်နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သတ်ပြီး တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ ၊ နောက် ကချင်နဲ့ ရခိုင်ပေါ့ဗျာ ၊ ဘာသာရေး ပဋိပက္ခတွေ ၊ လူမျိုးရေး ပဋိပက္ခတွေ ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ၊ ဒီမိုကရေစီရေး ပျက်ကွက်ခံနေရတာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ၊ မြန်မာ့မြေပေါ်မှာ ဒီမိုကရေစီရေးတွေ လူ့အခွင့် အရေးတွေ ပြည့်ဝဖို့ ၊ ဘယ်လိုလုပ်မလဲဆိုတာတွေ ရှေ့ဆက်သွားဖို့ မျက်မှောက်အခင်းအကျင်းနဲ့ညှိပြီး ဆွေးနွေးသွားတာ ဒါလေးတွေ ရှိပါတယ်၊ " ဒီကနေ့ တွေ့ဆုံရာမှာ ဦးညီညီလွင် နဲ့အတူ ဆရာတော် ဦးသောဘာသ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ(Action Labor Rights) အဖွဲ့က ကိုသူရိန်အောင် ၊ ကိုညီညီဇော်၊ ကိုနော်အောင်တို့ ငါးဦးပါဝင်တယ်လို့ သိရပါတယ်။ RFA (မြန်မာပိုင်း)


အမေရိကန်သံအမတ်ကြီး နဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်
ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်း
က ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ
အခုတော့ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ ဦးညီညီလွင် နဲ့
အဖွဲ့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်
လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်မှာ တစ်နာရီကျော်ကြာ တွေ့
ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု
 ရုပ်သိမ်းသင့်မသင့် ၊ လျှော့ချသင့်မသင့် အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဦးညီညီလွင်က RFA ကို ပြောပါတယ်။

"အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးသင့်ပြီလား၊ ဒါမှမဟုတ်ရင် လျှော့ချပေးသင့်သလားပေါ့၊ ဒီဟာအတွက် ပြည်တွင်းမှာ 
တက်ကြွလှုပ်ရှားသူ ၊ ဦးဆောင်သူတွေကို ခေါ်ပြီးတော့ တွေ့ပြီးတော့ 
သဘောထားတွေ ရယူတာပဲ ။ 

လုံးဝ ဖယ်ရှားဖို့ဆိုတာတော့ ကျုပ်တို့အနေနဲ့ မဖြစ်သင့်ဘူးပေါ့  ၊ လျှော့ချတာတော့ 
ကျုပ်တို့အနေနဲ့ ဘာမှမပြောလိုပါဘူးဆိုတာတွေ ပြောဖြစ်တယ်၊ နောက် 
မျက်မှောက်နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သတ်ပြီး တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ ၊ နောက် ကချင်နဲ့ 
 ရခိုင်ပေါ့ဗျာ ၊

 ဘာသာရေး ပဋိပက္ခတွေ ၊ လူမျိုးရေး ပဋိပက္ခတွေ ၊ လူ့အခွင့်အရေး
ချိုးဖောက်ခံရတာတွေ ၊ ဒီမိုကရေစီရေး ပျက်ကွက်ခံနေရတာတွေကို 
အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ၊ မြန်မာ့မြေပေါ်မှာ ဒီမိုကရေစီရေးတွေ လူ့အခွင့်
အရေးတွေ ပြည့်ဝဖို့ ၊ ဘယ်လိုလုပ်မလဲဆိုတာတွေ ရှေ့ဆက်သွားဖို့ မျက်မှောက်အခင်းအကျင်းနဲ့ညှိပြီး ဆွေးနွေးသွားတာ ဒါလေးတွေ ရှိပါတယ်၊  " 
  
ဒီကနေ့ တွေ့ဆုံရာမှာ  ဦးညီညီလွင် နဲ့အတူ ဆရာတော် ဦးသောဘာသ၊
 အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ(Action Labor Rights) အဖွဲ့က
 ကိုသူရိန်အောင် ၊ ကိုညီညီဇော်၊ ကိုနော်အောင်တို့ ငါးဦးပါဝင်တယ်လို့
သိရပါတယ်။

RFA (မြန်မာပိုင်း) 


0 comments:

Post a Comment