Pages

Sunday, October 14, 2012

"မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်" တစ်ရပ်ကို ဖော်ပြထား




၁။ မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေး
ကိစ္စနှင့်စပ်လျဉ်း၍ ရဟန်းသံဃာများ
အပါအဝင် ပြည်သူအများက ဆန့်ကျင်
ကန့်ကွက်မှုများ ပြုလုပ်လျက်
ရှိကြောင်း သိရှိရပါသည်။


၂။ နိုင်ငံအချင်းချင်း(သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့် နားလည်မှုစာချွန်လွှာ လက်မှန်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
(ခ) အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
(ဃ) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။

၃။ ၄င်းအပြင် နိုင်ငံတော်သမ္မတကြီးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ပြည်သူလူထုဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော မူဝါဒများ ချမှတ်ပေးထားပြီး ဖြစ်ပါသည်။

၎။ ပြည်သူများအကြားတွင် ဖြစ်ပေါ်လျက်ရှိသောဆန္ဒသဘောထားများကိုကောင်းစွာ သိရှိနားလည်ထားသော နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရပါသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိကြစေရန် အသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။


0 comments:

Post a Comment