နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇း၄၅
မိနစ်ခန့်က ရစ်ခ်ျတာစကေး ၆.၆
အဆင့်ရှိ ငလျင်တခု လှုပ်ခတ်
သွားကြောင်း အမေရိကန်နိုင်ငံ ဟာဝိုင်ရီအခြေစိုက် ငလျင်တိုင်းတာရေး စခန်းက ကြေညာသည်။
ငလျင်သည် ရွှေဘိုမြို့နှင့် ၃၅ မိုင်အကွာ၊ မိုးကုတ်မြို့နှင့် ၃၇ မိုင်အကွာ၊ မန္တလေးမြို့နှင့် ၇၆ မိုင်အကွာ၊ နေပြည်တော်နှင့် ၂၂၆ မိုင်အကွာတွင် လှုပ်ခတ်သွားသည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
အမရဌာနနီ အရှေ့ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရား စိန်ဖူးတော်နှင့် ထီးတော် ပြုတ်ကျခဲ့ခြင်းကြောင့် အာရုံခံ တန်စောင်းသို့ ခေတ္တ ပြောင်းရွှေ့ထားရသည်ဟု မန္တလေး မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။
မန္တလေး ဈေးချိုတွင် ဖွင့်လှစ်ထားသည့် မန်းမြန်မာ ပလာဇာသည်လည်း ငလျင်ကြောင့် စောင်းလာပြီး ဈေးသည်များ နေရာ ပြောင်းရွှေ့နေကြသည်ဟု မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။
မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွင်လည်း ငလျင်ကြောင့် လူတယောက် သေဆုံးပြီး အပျက်အစီး ပမာဏ များပြားသည်ဟု စဥ့်ကူးရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိ တဦးက ပြောသည်။ ပျက်စီးဆုံးရှုံးမှု စာရင်းကိုမူ အတည်ပြုချက် ရယူဆဲဟုလည်း အဆိုပါ ရဲအရာရှိက ပြောသည်။
ငလျင်တစ်ခု လှုပ်ခတ်ပြီးပါက နောက်ထပ် ငလျင်ငယ်များ ထပ်မံလှုပ်
တတ်သည်ဟုလည်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က
သတိပေးထားသည်။ သို့သော် အစိုးရိမ် မလွန်ကဲရန်လည်း သူက
ထပ်လောင်းပြောကြားသည်။










0 comments:
Post a Comment