Pages

Wednesday, November 14, 2012

နေပြည်တော်မှ ပြင်ဦးလွင်သို့ ထွက်ခွာလာသော မန္တလာမင်းနှင့် အခြားကားအချို့ တိုက်ခိုက်ခံရ




 နေပြည်တော်မှ ပြင်ဦးလွင်သို့
အဝေးပြေးလမ်းမကြီး အတိုင်း
 ထွက်ခွာ လာသော မန္တလာမင်း
 ကားနှင့် အခြားကား အချို့
မိုင်တိုင် ၂၀၈၊ ၆ ဖာလုံနဲ့ ၈
ဖာလုံကြား အရောက်တွင် လမ်းဘေးဘယ်ညာ မှ လောက်ေ လး ခွများဖြင့် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း ယာဉ်ပေါ်တွင် ပါရှိသူ ခရီးသွားတစ်ဦးက ဖုန်းဆက် အကြောင်းကြားသည်။

ယင်းသို့ တိုက်ခိုက် ခံရမှုကြောင့် နယူးမန္တလာထွန်း၊ မန္တလာမင်းကားအချို့ ထိခိုက်ခဲ့ပြီး ယာဉ်များမှန်ကွဲကာ ကားများ ရပ်ထားရကြောင်း၊ လူအချို့ ထိခိုက်ဒဏ်ရာရကြောင်း သိရပါသည်။

ကားများရပ်တန့်ပြီး ရှာဖွေကြ ရာ တရားခံများကို မတွေ့ရသေးကြောင်း သိရသည်။

ထို့ကြောင့် အဝေးပြေးလမ်းမကြီး အသုံးပြုပြီး ညအချိန် ခရီးသွားနေသူများ ရှိပါက ယခုကာလ သတိထားကြပါရန် CJ Myanmar မှ အရေးပေါ် သတိပေးအပ်ပါသည်။

CJMyanmar


0 comments:

Post a Comment