Pages

Wednesday, November 14, 2012

ပြည်ထောင်စုဝန်ကြီး၏သားတစ်ဦးအား အမျိုးသမီးတစ်ဦး တရားစွဲ




အမျိုးသမီးတစ်ဦးအား လူပျိုလူလွတ်၊
အိမ်ထောင်မရှိဟု ပြောဆိုကာ
လက်ထပ်ပြီးစွန့်ပစ်သွားခဲ့သည်
ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ထောင်
စု ၀န်ကြီးတစ်ဦး၏ သားဖြစ်သူကို

 ယင်းအမျိုးသမီးက လိမ်လည်မှုဖြင့် ကျောက်တံတားမြို့နယ်တရားရုံးတွင် တရားစွဲဆိုခွင့်ရရှိသွားပြီဖြစ်သည်။

တရားလိုအမျိုးသမီးက ကျောက်တံတားမြို့နယ် တရားရုံး တွင် ဦးတိုက်လျှောက်
ထားပြီး တရားစွဲဆိုရာ နိုဝင်ဘာလ ၈ ရက်၌ ပြစ်မှုကြီးအမှတ် ၁၄၀/၂၀၁၂ ၊ ပြစ်
မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ အရ တရားစွဲဆိုခွင့် ရရှိသွားကြောင်း တရားလို မမြနန္ဒာညွန့်နှင့်၎င်း၏ ရှေ့နေများထံမှ သတင်းရရှိသည်။

မမြနန္ဒာညွန့်နှင့် စွပ်စွဲခံရသူ ကိုသီဟအောင်တို့မှာ ၂၀၁၀ ပြည့်နှစ် ဇွန်လ
၁၉ ရက်တွင် ရန်ကုန်တိုင်းတရားရုံး ဦးစီးအရာရှိ ဒေါ်သီတာစမ်း၏ရှေ့မှောက်
တွင် နှစ်ဖက်အသိသက်သေနှစ်ဦးတို့ နှင့်အတူ နှစ်ဦးသဘောတူ ထိမ်းမြား
မင်္ဂလာ ကတိသစ္စာပြုလွှာဖြင့် လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြကြောင်း
သိရသည်။

 “လက်ထပ် ပြီး သူ့မိဘတွေ သွားကန်တော့တော့ သူ့အမေက သူ့သားမှာ မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတယ်။ နင့်ကို အသိအမှတ်မပြုနိုင်ဘူးလို့ ပြောတယ်။

လက်ထပ်ပြီး တစ်လပဲအတူနေလိုက်ရတယ်။ သူ့မိဘအိမ် ခဏပြန်မယ်ဆိုပြီး သွားလိုက်တာ နောက်ပိုင်းလုံးဝကို ကျွန်မဆီပြန်မလာတော့ပါဘူး။ တရား
ဥပဒေအတိုင်း အဆုံးအထိ ဆက်ရင်ဆိုင်သွားမှာပါ” ဟု မမြနန္ဒာညွန့်
ကပြောသည်။

တရားလို မမြနန္ဒာညွန့်မှာ ကိုသီဟအောင်ကို ယခုနှစ် မေလ ၈ ရက်တွင် ကျောက်
တံတား တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ပြီးသြဂုတ် လ ၁၃ ရက်တွင်
 ကျင့်ထုံးပုဒ်မ ၂၀၃ အရ ဦးတိုက်လျှောက်ထားမှုကို ပလပ်လိုက်ခြင်းကြောင့်
ခရိုင်တရားရုံးသို့ ပြင်ဆင်မှုတင်သွင်းခဲ့သည်။

ခရိုင်တရားရုံးက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၃၆ အရ အမှုအား လက်ခံစစ်ဆေးရန် အမိန့်ချမှတ်ခဲ့သဖြင့် ကျောက်တံတားမြို့နယ်တရားရုံး တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ အရ အမှုကို လက်ခံစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


“ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ ဆိုရင် အများဆုံးဖြစ်ကြတာက လက်ထပ်မယ်လို့
ယုံကြည်အောင်ပြောဆိုပြီး ကာမကို လိမ်လည်ရယူမှုပါ။

လက်ထပ်စာချုပ်မှာကိုက အိမ်ထောင်မရှိသူ လူပျိုလူလွတ်ဖြစ်ပါတယ်လို့
ကျမ်းကျိန်ပြီး လက်ထပ်ခဲ့တယ်။ ပြီးတော့ ဆက်လက်ပေါင်းသင်းရန် ငြင်း
ဆန်ရှောင်ကွင်းသွားတယ်။ ဒီအမှုဖြစ်စဉ်နဲ့ တရားစွဲဆိုရင်ဆိုင်မှာပါ” ဟု မမြနန္ဒာညွန့်၏ ရှေ့နေကိုအယ်လ်ခွန်ရိန်ပန်က 7Day News သို့ ပြောသည်။

ယခုအမှုတွင် စွပ်စွဲခံရသူကို သီဟအောင်မှာ လက်ရှိ သမ၀ါယမ၀န်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ သားဖြစ်ကြောင်း တရားလိုနှင့် ၎င်း
၏ရှေ့နေများက အတည်ပြုပြောကြားသည်။ ယခုအမှုကို မမြနန္ဒာညွန့်ဘက်မှ
တရားစွဲဆိုနေစဉ်အတွင်း ကိုသီဟအောင်၏ မိသားစုဘက်မှ ကွာရှင်းရန်
ငါးကြိမ်တိတိ လာရောက်ကမ်းလှမ်း ပြောကြားခဲ့ကြောင်း၊ မကွာရှင်းပါက
သတင်းစာများတွင် ၎င်းတို့၏ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း
 ကြေညာချက်ထည့်သွင်းမည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

 မမြနန္ဒာညွန့်ဘက်မှ တရားစွဲဆိုထားသည့်အတွက် စက်တင်ဘာလ ၂၇ ရက်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက် ထည့်သွင်းဖော်ပြခဲ့ကြောင်း
 မမြနန္ဒာညွန့်နှင့် သတင်းစာပါကြေညာချက်များအရ သိရသည်။

“ကျွန်မနဲ့လက်ထပ်ပြီး နှစ်ပတ်လောက်တုန်းကလည်း မိဘတွေရဲ့ပိုင်ဆိုင်မှုကို သားဖြစ်သူက ရောင်းချလက်လွှဲခွင့် မရှိဘူးဆိုပြီး သတင်းစာမှာ ကြေညာပါသေး
တယ်။ ကျွန်မ ငွေမလိုပါဘူး။ ငွေမက်လို့ သူ့ကိုလက်ထပ်တာ မဟုတ်သလို တရားစွဲ
တာလည်း မဟုတ်ပါဘူး” ဟု မမြနန္ဒာညွန့်ကပြောသည်။

အဆိုပါအမှုကို နိုဝင်ဘာ ၂၁ ရက်တွင် ပြန်လည်ချိန်းဆိုထားပြီး စွပ်စွဲခံရသူ
 ကိုသီဟအောင် တရားရုံးရှေ့သို့ လာရောက်ရန် သမ္မာန်စာဆင့်ခေါ်ထားကြောင်း
သတင်းရရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကိုသီဟအောင်ထံ 7 Day News
 က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ “ဘာမှပြောစရာမရှိပါဘူး”ဟု ပြန်
လည်ဖြေကြားခဲ့သည်။


7 Day News

0 comments:

Post a Comment