Wednesday, 14 November 2012
၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ် အစည်းအဝေးများအနက် ထိပ်တန်းခေါင်းဆောင်များ တက်ရောက်မည့် အဓိက အစည်းအဝေးများကို နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင်သာ ပြုလုပ်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ
ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက Eleven Media Group သို့ ပြောကြားခဲ့သည်။
“အစည်းအဝေးတွေကို ၁၅ ရက်နေ့မှာ စလုပ်မှာ ဖြစ်ပေမဲ့ ၀န်ကြီးချုပ်တွေ၊ သမ္မတတွေ တက်ရောက်မယ့် အဓိက အစည်းအဝေးတွေကိုတော့ ၁၉နဲ့ ၂၀ ရက်မှာ ပြုလုပ်မှာပါ" ဟု ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါသည်။
၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေး
များကို အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိကမ္ဘောဒီးယားနိုင်ငံ၊
ဖနွမ်ပင် မြို့ရှိ Peace Palace တွင် ပြုလုပ်မည် ဖြစ်ပြီး တွင် အစည်းအဝေး ပထမရက်များတွင် အဆင့်မြင့် အရာရှိများ၏ အကြိုအစည်းအဝေးများ
ပြုလုပ်မည် ဖြစ်သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင်မူ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ပြီး
၂၀ ရက်နေ့အထိကို အာဆီယံနိုင်ငံများမှာ ထိပ်တန်း ခေါင်းဆောင်များ၊ အမေရိကန်၊ ရုရှ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန် အစရှိသောနိုင်ငံများမှ သမ္မတ၊ ၀န်ကြီးချုပ် အစရှိသူတို့ တက်ရောက်မည့် အဓိက အစည်းအဝေးများကို ပြုလုပ်မည် ဖြစ်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ASEAN+3၊ ASEAN+6 အစရှိသော အစည်းအဝေးများ ပြုလုပ်မည် ဖြစ်ကာ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်သည်။
ယခုပြုလုပ်မည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို
အဓိကထား ဆွေးနွေးဖွယ်ရှိနေပြီး ယခုအချိန်အထိ ပြေလည်မှု မရရှိသော
တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အမြုံ
ကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍မူ
အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် ဦးဆောင်ပြီး
ရိုဟင်ဂျာအရေးကိစ္စကို ဆွေးနွေးဖွယ် ရှိပါသည်။ အာဆီယံ အတွင်းရေးမှူးချုပ်
ဆူရင်ပစ် ဆူဝမ်၏ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်မှု သက်တမ်း (၅) နှစ်မှာ
ယခုနှစ်ကုန်ပိုင်းတွင်
ပြည့်မြောက်တော့မည်ဖြစ်သဖြင့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း၌ အာဆီယံ အတွင်းရေးမှူးချုပ် အသစ်ရွေးချယ်ရေးနှင့် ပတ်သက်သော
ဆွေးနွေးမှုများကိုလည်း ပြုလုပ်ဖွယ်ရှိပါသည်။
၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတကာ ဂျာနယ်လစ် ၁၆၈၀ ကျော် တက်ရောက် သတင်းရယူမည် ဖြစ်ကာဂျာနယ်လစ်များ
အတွက် မီဒီယာ စင်တာကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်
ဖွင့်လှစ်မည် ဖြစ်သည်။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွက် လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်သား ၁၀၀၀၀ ကျော်ကို ဖနွမ်ပင် မြို့အနှံ့ဖြန့်ကျက်
ထားပါသည်။ ဆွေးနွေးပွဲအတွက် လူမှုအဖွဲ့အစည်း ၄၀၀ ကျော်က ကူညီပေးမည် ဖြစ်ကာ ဆွေးနွေးပွဲကာလအတွင်း ဆန္ဒပြသူများကို ဖမ်းဆီး ထိန်းသိမ်းသွားမည်ဟု ဖနွမ်ပင် မြို့တော်ဝင်က သတိပေးထားပါသည်။
၂၀၁၂ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက ရယူထားပြီး ၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်း နိုင်ငံက ရယူမည် ဖြစ်သည်။
၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ရယူမည် ဖြစ်ပါသည်။
ဓာတ်ပုံ- နေထွန်းနိုင်
“အစည်းအဝေးတွေကို ၁၅ ရက်နေ့မှာ စလုပ်မှာ ဖြစ်ပေမဲ့ ၀န်ကြီးချုပ်တွေ၊ သမ္မတတွေ တက်ရောက်မယ့် အဓိက အစည်းအဝေးတွေကိုတော့ ၁၉နဲ့ ၂၀ ရက်မှာ ပြုလုပ်မှာပါ" ဟု ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါသည်။
၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေး
များကို အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိကမ္ဘောဒီးယားနိုင်င
ဖနွမ်ပင် မြို့ရှိ Peace Palace တွင် ပြုလုပ်မည် ဖြစ်ပြီး တွင် အစည်းအဝေး ပထမရက်များတွင် အဆင့်မြင့် အရာရှိများ၏ အကြိုအစည်းအဝေးများ
ပြုလုပ်မည် ဖြစ်သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင်မူ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။ နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ပြီး
၂၀ ရက်နေ့အထိကို အာဆီယံနိုင်ငံများမှာ ထိပ်တန်း ခေါင်းဆောင်များ၊ အမေရိကန်၊ ရုရှ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန် အစရှိသောနိုင်ငံများမှ သမ္မတ၊ ၀န်ကြီးချုပ် အစရှိသူတို့ တက်ရောက်မည့် အဓိက အစည်းအဝေးများကို ပြုလုပ်မည် ဖြစ်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ASEAN+3၊ ASEAN+6 အစရှိသော အစည်းအဝေးများ ပြုလုပ်မည် ဖြစ်ကာ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်သည်။
ယခုပြုလုပ်မည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိ
မြန်မာနိုင်ငံနှင့်ပတ်သက်၍မ
ပြည့်မြောက်တော့မည်ဖြစ်သဖြင
ဆွေးနွေးမှုများကိုလည်း ပြုလုပ်ဖွယ်ရှိပါသည်။
၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ နိုင်ငံတကာ ဂျာနယ်လစ် ၁၆၈၀ ကျော် တက်ရောက် သတင်းရယူမည် ဖြစ်ကာဂျာနယ်လစ်များ
အတွက် မီဒီယာ စင်တာကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်
ဖွင့်လှစ်မည် ဖြစ်သည်။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွက် လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်သား ၁၀၀၀၀ ကျော်ကို ဖနွမ်ပင် မြို့အနှံ့ဖြန့်ကျက်
ထားပါသည်။ ဆွေးနွေးပွဲအတွက် လူမှုအဖွဲ့အစည်း ၄၀၀ ကျော်က ကူညီပေးမည် ဖြစ်ကာ ဆွေးနွေးပွဲကာလအတွင်း ဆန္ဒပြသူများကို ဖမ်းဆီး ထိန်းသိမ်းသွားမည်ဟု ဖနွမ်ပင် မြို့တော်ဝင်က သတိပေးထားပါသည်။
၂၀၁၂ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက ရယူထားပြီး ၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်း နိုင်ငံက ရယူမည် ဖြစ်သည်။
၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ရယူမည် ဖြစ်ပါသည်။
ဓာတ်ပုံ- နေထွန်းနိုင်

0 comments:
Post a Comment