Pages

Monday, November 12, 2012

အစိုးရတပ်မ (၈၈)မှ စစ်သားတစ်ဦး ကလေး ၃ ယောက်မိခင်တစ်ဦးအား အဓမ္မပြုကျင့်


 ကချင်ပြည်နယ် မိုးကောင်းမြို့
နယ်တွင် မြန်မာအစိုးရ တပ်မ
၈၈ စစ်သားတစ်ဦးမှ ခဆန် (Hka
San) ကျေးရွာမှ ကလေး ၃ ယောက်
 မိခင် အမျိုးသမီး တစ်ဦးအား
အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများပြောသည်။

အင်အား ၅၀ ခန့်ရှိသော အစိုးရတပ်ဖွဲ့သည် ကားမိုင်း နှင့် မိုးကောင်းကြား
ရှိ ခဆန် (Hka San) ကျေးရွာတွင် ၀င်ရောက်လာချိန် အောက်တိုဘာလ
 ၃၀ ရက်နေ့တွင် ထိုအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း
 ဒေသခံများ ပြောသည်။

ယခုချိန် ကားမိုင်းနယ်မြေတွင် လှုပ်ရှားနေသော အစိုးရတပ်ဖွဲ့များသည်
ကချင်အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း သာမက ဒေသခံ ယောင်္ကျား
မိန်းကလေး မရွေး စစ်ဆေးမြေးမြန်းပြီး နှိပ်စက်မှုများ၊ကြိုက်ရာပစ္စည်း
 လုယက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ အစိုးရစစ်သားများ ဖမ်းဆီးနှိပ်စက်မှု အမျိုးမျိုးကြောင့် ခဆန် နှင့် အနီး
တ၀ိုက်မှ ကချင်ကျေးရွာ ပြည်သူများသည် ရွာပြင်သို့ထွက်ရန် စိုးရိမ် ကြောက်
လန့်နေပြီး ယခုချိန် ပွင့်လင်းရာသီဖြစ်၍ သစ်သီးဝလံနှင့် လယ်ယာ စပါး ရိတ်
သိမ်းချိန် ဖြစ်သော်လည်း စပါးများရိတ်သိမ်းဖို့သွားရန် ကြောက်နေကြောင်း
သိရသည်။

အစိုးရကျောင်းသူ/သားများအတွက်လည်း အောက်တိုဘာ သီတင်းကျွတ်ကျောင်း
ပိတ်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှ ကျောင်းပြန်ဖွင့်ပြီ ဖြစ်သော်လည်း အစိုး
ရစစ်တပ်ဖွဲ့များ လှုပ်ရှားနေခြင်းကြောင့် ခဆန် (Hka San) ကျေးရွာနှင့် အနီး
တ၀ိုက် ကျေးရွာများတွင် မူလတန်းကျောင်းများ မဖွင့်နိုင်သေးကြောင်း ဒေ
သခံများမှ သိရသည်။

ယခုလိုရွာထဲသို့ အစိုးရတပ်ဖွဲ့များ ၀င်ရောက်လာသောကြောင့် ၎င်းကျေးရွာဒေ
သခံများ အားလုံးသည် နီးစပ်ရာ ကျေးရွာများဖြစ်သော နားဟိုင် ခေါ် နမ်ရှဲန်
(Nam Sheng) ရွာသို့ ထွက်ပြေး တိမ်းရှောင်လာပြီး ထိုကျေးရွာရှိ ရိုမန်ကက်
သလစ် ဘုရားကျောင်းတွင် ခိုလုံနေကြောင်း ကားမိုင်းဒေသခံ တစ်
ဦးပြောသည်။

နားဟိုင်ရွာတွင် ထွက်ပြေးရောက်ရှိနေသော ဒုက္ခသည်များသည် အိမ်ခြေ
 ၅၇ မှ လူဦးရေ ၃၀၀ ကျော်ဖြစ်ကြောင်း သိရသည်။ ယခုချိန် ၎င်းတို့အား
ခရစ်ယာန်အသင်းတော်များမှ အစားအသောက်နှင့် နေစရာ နေရာများကို
စီစဉ်ပေးနေကြောင်း သိရသည်။

အခက်ခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် UN ကူညီရေးအဖွဲ့များထံလည်း ဆက်လက် အကူအညီ တောင်းထားကြောင်း သိရသည်။

ကချင်သတင်းဌာန

0 comments:

Post a Comment