Pages
Wednesday, November 14, 2012
ရေကောင်းရေသန့်ရရှိရေးယုဇနဥယျာဉ်နေပြည်သူများ တောင်းဆိုနေ
ယုဇနဥယျာဉ်မြို့တော်၊အမှတ်
(၉၄)ရပ်ကွက်နေ ပြည်သူများ
က  ရေကောင်းရေသန့်ရရှိခြင်း
မရှိသည့် အပေါ်တွင် သက်ဆိုင်
ရာတာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုလျှက်
ရှိကြောင်း သိရှိရသည်။
 ယုဇနဥယျာဉ်မြို့တော်သည် ၁၉၉၇ ခုနှစ်တွင် တန်ဖိုးနည်းအိမ်ရာအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၉၄)ရပ်ကွက် နေထိုင်သူ
များမှာ  ၂၀၀၀ ပြည့်နှစ်မှ စတင်၍ ရေကောင်း ရေသန့်မရခဲ့ခြင်း ဖြစ်သည်။
  “ကျွန်တော်တို့ဆီက ရေတွေက အ၀ါရောင်ရေတွေပါ။ အ၀တ်အစားတွေလျှော်
ရင်လည်း အရောင်တွေ ပြောင်းကုန်တယ်။ ပြီးတော့ ရေတွေမှာလည်း သံ
ဓာတ်တွေ ပါတယ်။ လူတွေ ဖျားနာတာတွေ ၀မ်းလျှောတာ တွေဖြစ်တယ်။
တယ်။”ဟု ယုဇနဥယျာဉ်မြို့တော်နေ  ဦးအေးပိုင်က ပြောသည်။
 ရပ်ကွက်နေပြည်သူများမှာ ရေကောင်းရေသန့်ရရှိရန်အတွက် ရန်ကုန်တိုင်း
ဝန်ကြီးချုပ်က ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင်    ရေကောင်းရေသန့်ရရှိရန်
ငမိုးရိပ်မှရေကို ရေပိုက်များဖြင့် သွယ်တန်းရန် အိုးအိမ်၊ စည်ပင်နှင့် ယုဇန
ကုမ္ပဏီတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခိုင်းသော်လည်း လုပ်
ဆောင်ပေး ခြင်း မရှိသေးကြောင်း ရက်ကွက်နေပြည်သူများထံက သိရသည်။
  “(၉၃)ရပ်ကွက်က ရေကို သုံးဖို့အတွက် တစ်စည်ကို ၁၂၀၀ နဲ့ဝယ်ယူရပါတယ်။ ပြီးရင် သောက်မယ့် ရေကို ရေသန့်ဗူးကြီးတွေ ၀ယ်ပြီး သောက်ရတယ်။ ရေသန့်ဗူး
ဝယ်မသောက်နိုင်တဲ့ သူတွေက တစ်စည်(၁၂၀၀)ဆိုတဲ့ ရေကို ကျိုချက်ပြီးတော့
 သောက်ရတယ်။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူ ဦးအေးပိုင်က
 ဆက်ပြောသည်။
 ရေကောင်းရေသန့်မရရှိသဖြင့် နိုဝင်ဘာ (၁၀) ရက်နေ့က (၉၄)ရပ်ကွက်နေ
 ပြည်သူများက  ဆန္ဒထုတ် ဖော်ခဲ့ကြောင်းကိုလည်း သိရသည်။
 တိုင်းဝန်ကြီးချုပ်မှ စည်ပင်၊ အိုးအိမ်၊ ယုဇနကုမ္ပဏီတို့အား ငမိုးရိပ်မှရေကို
ရရှိအောင် အမြန်ဆုံးဆောင်ရွက်ခိုင်း၍   ရေပိုက်တပ်ဆင်မှုကိုလည်း အချိုး
ကျမျှခံခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 "စည်ပင်က ရေပေးဝေမှုအပိုင်းတွေကိုလည်း Survey တွေ လာလုပ်ပြီးသွားပြီ။
 ရေပိုက်တွေ တပ်မယ်မတပ်ဘူးဆိုတာကိုတော့ ကုမ္ပဏီကလူကြီးတွေကပဲ ဆုံးဖြတ်မှာပါ။စည်ပင်ကဌာနမှူးတွေလည်း လာပြီး ရေပေးဝေမှု အပိုင်းတွေကို
လည်း လာကြည့်သွားပါတယ်။" ဟု ယုဇနဥယျာဉ်မြို့တော် အုပ်ချုပ်ရေးမှူး
 ဦးမောင်မောင်ဦးက ပြောသည်။
 ယခုတိုင် ရေကောင်းရေသန့်မရရှိသေးသဖြင့် ရပ်ကွက်နေပြည်သူများမှ
 ရေကောင်းရေသန့်ရရှိရေး အတွက် လက်မှတ်များထိုးကာ   နိုင်ငံတော်သမ္မ
တနှင့် လွှတ်တော်များထံသို့ စာတင်သွားမည်ဖြစ်ပြီး၊ ဆောင်ရွက်ပေးခြင်းမရှိပါ
က နောက်ထပ် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း
သိရ သည်။
ထက်အောင်ခန့် (မြစ်မခမီဒီယာ)
0 comments:
Post a Comment