ကျောက်တော်မြို့နယ်ပြိန်းချောင်းကျေးရွာနဲ့
အုတ်တောင်ပြင်ကျေး
ရွာတွေက လယ်သမား
၂၈ ဦးပိုင်ဆိုင်တဲ့ လယ်ယာမြေ ဧက ၁၀၀ ကျော်ကို
ခမရ-၅၃၉ တပ်ရင်းကနေ တပ်ရင်းမှူး ဥာဏ်လှိုင်ဝင်း ဦးစီးပြီး
လက်နက်တွေကိုင်ဆောင်ကာ အတင်းအဓမ္မဝင်ရောက်ရိတ်သိမ်း
မှုတွေပြုလုပ်နေကြောင်းသိရသည်။
ယင်းကဲ့သို့ ရိတ်သိမ်းမှုကို ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ကစ
တင်ရိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ဧက ၈၀ ကျော်ထိ
ရိတ်သိမ်းသွားခဲ့ပြီးဖြစ်ကြောင်းလည်းသိရပါသည်။
ခမရ-၅၃၉ တပ်ရင်းက ရိတ်သိမ်းမှုတွေပြုလုပ်ရာတွင် လက်နက်ကိုင်ဆောင်
ထားသည့် စစ်သား ၂၀ ခန့်အပါအဝင် လူဝတ်လဲ စစ်သားနှင့် စစ်သား
မိန်းမ ၈၀ ခန့်စီပါတတ်ကြောင်း၊ လယ်သမားများကို အနီးသို့မကပ်ရအောင်
လက်နက်များနှင့် ခြိမ်းခြောက် နှင်ထုတ်ကြောင်း၊ တလင်းတဲများကို
ဖျက်သိမ်းခိုင်းကြောင်း၊ ကျွဲနွားများကို အနီးသို့မကပ်ရအောင် နှင်ထုတ်ကြောင်း လယ်သမားများက ပြောပါသည်။
ယင်းကဲ့သို့ စစ်တပ်မှ အဓမ္မအင်အားသုံးရိတ်သိမ်းနေသည့် ကိစ္စနှင့်ပတ်
သက်၍ ရိတ်သိမ်းနေစဉ် ကာလတွေအတွင်း မြို့နယ်အာဏာပိုင်များနှင့်
ပြည်နယ် ဝန်ကြီးချုပ်ကို တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု
မရှိသေးကြောင်းသိရသည်။
ထို့အပြင် ယခင်က လယ်သမားများရိတ်သိမ်းထားသည့် ကောက်လှိုင်း
များကိုလည်း စစ်တပ်ထဲသို့ ကားကြီးများနှင့် သယ်ယူသွားကြောင်းလည်း
သိရပါသည်။
ယနေ့ မနက်ပိုင်းမှာလည်း ကျန်ရှိနေသေးသော စပါးများကို စတင်ရိတ်
သိမ်းနေကြပြီဖြစ်ကြောင်းလည်းသိရှိရပါသည်။

0 comments:
Post a Comment