Pages

Thursday, November 15, 2012

အသက်၂၅ နှုစ်အရွယ်အမျိုးသမီးတစ်ဦး နွားတင်းကုပ် ထုပ်တန်းပေါ်မှ ကြိုးဆွဲချသေဆုံး




ပဲခူးတိုင်း ဒေသကြီး ထန်းတပင်
 မြို့နယ် ဇရပ်ကြီး ကျေးရွာ အုပ်စု
 ရွာကြား ရပ်ကွက်နေ  မအိဇာ (ခ)
တင်ဇာလှိုင် ၂၅ နှစ် (ဘ) ဦးမြင့်အောင်
(မှီခို) သည် နိုဝင်ဘာ ၄ ရက် နံနက် ၇ နာရီခန့်က နေအိမ် နောက်ဘက်ရှိ နွားတင်းကုပ် ထုပ်တန်းတွင် ကြိုးဆွဲချ
 သေဆုံး နေသည်ကို ဖခင် ဖြစ်သူမှ တွေ့ရှိ၍ ဇရပ်ကြီး ရဲတပ်ဖွဲ့ စခန်းသို့
အကြောင်းကြား ခဲ့သဖြင့် စခန်းမှူး ရဲအုပ် ဝင်းတင့်နှင့် အဖွဲ့သည် အသိ
 သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ခဲ့ရာ ကြိုးဆွဲ ချ
 သေဆုံး နေကြောင်း တွေ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဇရပ်ကြီး ရဲတပ်ဖွဲ့ စခန်းမှ ဓမ္မတာ အတိုင်း
 သေဆုံး ခြင်းဟုတ်၊ မဟုတ်ကို သေမှု သေခင်း အမှတ်စဉ် ၆/ ၂ဝ၁၂
 အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း
ရရှိသည်။


(မြဝတီ)


0 comments:

Post a Comment