Pages

Monday, November 12, 2012

ရွှေဘိုမြို့ မြောက်ဘက်တွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ (၁၁) ဦးရှိခဲ့ပြီ


နိုဝင်ဘာလ ၁၁ ရက် နံနက်
ပိုင်းက ရွှေဘိုမြို့မြောက်ဘက်
 ၄၅မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်
ခဲ့သော အင်အားရစ်ခ်ျတာ စကေး
 ၆ ဒသမ ၈ရှိ အင်အားပြင်း

 ငလျင်ကြောင့် သေဆုံးသူ (၁၁) ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၃၆) ဦးရှိကြောင်း
ရဲမှတ်တမ်းများမှ တစ်ဆင့် သိရှိရသည်။

သေဆုံးသူ (၁၁) ဦးတွင် အမျိုးသား (၇)ဦး၊ အမျိုးသမီး(၄) ဦးဖြစ်ပြီး ဒဏ်ရာ
ရရှိသူ (၃၆) ဦးတွင် သံဃာတော် (၁)ပါး၊ ကျား(၃၁) ဦး၊ မ(၄)ဦး ဖြစ်ကြောင်း
 သိရသည်။ ထို့အပြင် အမျိုးသား(၅) ဦးလည်း ပျောက်ဆုံးနေကြောင်း
သိရသည်။

ငလျင်ဒဏ်ကြောင့် သာသနိက အဆောက်အအုံများ ပျက်ဆီးမှုတွင် စေတီ/
ရုပ်ပွားတော် (၈၉) ဆူ၊ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်း ဖြစ်
သည်ဟု သိရသည်။

အဆိုပါ ငလျင်သည် နိုဝင်ဘာလ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး
အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အင်အားဖြင့် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကာ
စစ်ကိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင်
 လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊
 ကျောက်ဆည်နှင့် သပိတ်ကျင်း မြို့နယ်တို့တွင် ပျက်စီးထိခိုက်မှုများနှင့်
 သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်မှု အများဆုံးမြို့နယ်မှာ ရွှေဘိုမြို့နယ် နှင့် သပိတ်ကျင်း မြို့နယ်တို့ဖြစ်ပြီး ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ၌
တည်ဆောက်လျက်ရှိသော ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)တွင် တပ်
ဆင်ထားသော သံဘောင်များ ပြိုကျခဲ့ပြီးလူသေဆုံးမှု များ ရှိခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်အတွင်း ရစ်ခ်ျတာစကေး ၅ အဆင့်အထက် ငလျင်
သုံးကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့်ဇ လဗေဒညွှန်ကြားမှု
 ဦးစီးဌာနက ထုတ်ပြန်ထားသည်။

နံနက် ၇နာရီ ၅၉ မိနစ် ၅၉ စက္ကန့် တွင်မန္တလေးမြို့ မြောက်ဘက် ၅၉ မိုင်ခန့်၊
 ရွှေဘိုမြို့မှအရှေ့မြောက်ဘက် ၂၃ မိုင်ခန့်၊ မိုးကုတ်မြို့မှအနောက်ဘက်
၃၆မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် ၄ မိုင်ခန့် အကွာတွင်
ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်
ခဲ့ကြောင်းနှင့် နံနက် ၈နာရီ ၂ မိနစ် ၂၈ စက္ကန့်တွင်မူ မန္တလေးမြို့မြောက်
ဘက် ၅၃ မိုင် ခန့်၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် ၁၆မိုင်ခန့်၊ မိုးကုတ်မြို့မှ

 အနောက် ဘက် ၄၁ မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် ၁၂မိုင်
ခန့် နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်
ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်
ခဲ့သည်။

 နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီ ၂၆ မိနစ် ခန့်ကလည်း ရွှေဘိုမြို့အရှေ့မြောက်
 ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၈
အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်
ခမ်းနှင့် တာဝန်ရှိသူများသည် သပိတ်ကျင်းမြို့ရှိ ငလျင်ဒဏ်သင့် ဒေသခံပြည်
သူများထံသို့ သွားရောက်ခဲ့ပြီး နိုင်ငံတော် မှ ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ နှင့်
 စေတနာရှင်များမှ လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ စုစုပေါင်းကျပ်သိန်း ၃၀၀
ကိုပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏
ညွှန်ကြားချက်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်
အဖွဲ့နှင့် လူမှုအထောက်အကူပြုအဖွဲ့တို့၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်
ချက်အရ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ငလျင်ဒဏ်ခံပြည်သူ
များအတွက် ငွေကျပ် သိန်း(၁၀၀) လှူဒါန်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

လှူဒါန်းငွေများကို အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ကိုယ်စားလှယ်
 များမှ တဆင့် ငလျင်ဒဏ်ခံပြည်သူများအား လှူဒါန်းသွားမည်ဖြစ်သည်။

 နီးစပ်ရာ တိုင်းဒေသကြီးနှင့် မြို့နယ်များမှအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့်
အဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့ တတ်အားသမျှ ငွေအား၊ လူအားဖြင့်
 ငလျင်ဒဏ်ခံမြို့နယ်များသို့ လိုအပ်သော အစားအသောက်၊ ဆေးဝါးများ
 ထောက်ပံ့ လှူဒါန်းကြရန်လည်း တိုက်တွန်း နှိုးဆော် ထားကြောင်း
သိရပါသည်။

Eleven Media Group



ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဆောက်လုပ်ဆဲ
 ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခ

0 comments:

Post a Comment