Pages

Wednesday, November 7, 2012

ဈာပန ကိစ္စ စစ်တွေမြို့ခံများအခက်တွေ့




မြို့သုဿန်သည် ဘင်္ဂလီလူမျိုး
အများစုနေထိုင်သည့် အရပ်ဒေသ
တွင်ရှိခြင်းကြောင့် ဈာပနာ ကိစ္စစီစဉ်
ဆောင်ရွက်ရခြင်းတွင် အခက်
အခဲအချို့ရှိနေကြောင်း စစ်တွေမြို့
 ခံအချို့ကပြောသည်။

လက်ရှိအချိန်တွင်စစ်တွေမြို့နယ်တွင်း ဈာပနာကိစ္စများ၌ ယခင်သုဿန်
ဟောင်းနေရာတွင်သာ အဆင်ပြေသလို မီးသဂြိုဟ်မှုဆောင်ရွက်နေရကြောင်း
 ဒေသခံအချို့ကပြောသည်။

““ သုဿန်သစ်က အခု ဘင်္ဂလီရွာတွေကိုဖြတ်ပြီးသွားရတော့ ဟိုတစ်ခေါက်
အသုဘကားကို ခဲနဲ့ပေါက်တဲ့ကိစ္စဖြစ်ပြီးနောက်ပိုင်းကတည်းက မသွားကြတော့တာ။ လုံခြုံရေးပေးနိုင်တဲ့အခြေအနေလည်းမရှိဘူး။ လုံခြုံရေးနဲ့ဆို မိသားစုတွေလိုက်လို့
မရဘူးလေ။ ဒါကြောင့် အရင်သုဿန်ဟောင်း (အားကျိတ်တော်ကုန်းသုဿန်ဟောင်း)
မှာပဲ ဖြစ်သလို မီးရှို့သဂြိုဟ်နေရတာပဲ”” ဟု စစ်တွေမြို့ခံအချို့ကပြောသည်။

ထို့အတွက် ထုံးထမ်းစဉ်လာ အသုဘ ကိစ္စဖြစ်သော ရဟန်းသံဃာများတရားနာယူခြင်း၊ သရဏဂုံတင်ခြင်း၊ ရေအိုးခွဲခြင်း၊ ကိစ္စရပ်များကို သုဿန်တွင် စီစဉ်နိုင်ခြင်းမရှိဘဲ
 နေအိမ်တွင်ပင် အဆင်သင့်သလို စီစဉ်ဆောင်ရွက်ရပြီး ငွေကြေးအကုန်အကျလည်း လိုအပ်သည်ထက်များစွာ ကုန်ကျလျှက်ရှိကြောင်းသိရသည်။







Popular News


0 comments:

Post a Comment