Pages

Tuesday, November 13, 2012

လှပသော သစ်အချောထည်စက်ရုံ တွင် အလုပ်သမား သမဂ္ဂခေါင်းဆောင်အတွက်အလုပ်သမားများ ဆန္ဒပြ




ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ လှ
ပသော သစ်အချောထည်
စက်ရုံမှ အလုပ်သမား
သမဂ္ဂခေါင်းဆောင်

 ကိုနော်နောင် (ခ) နေလင်းထွန်းအား အလုပ်ရှင်က
 လုပ်ငန်းခွင့်နှင့်အဆောင်သို့ မ၀င်ခိုင်းသဖြင့် ၎င်းစက်ရုံ၏ အလုပ်သမား
များကနိုဝင်ဘာ ၁၂ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း အလုပ်
သမားရေး လှုပ်ရှားသူ ကိုနေလင်းက ပြောသည်။

အလုပ်သမားအခွင့်အရေးများအပါအ၀င် အနည်းဆုံး အခြေခံလစာ ကျပ်
၅၆၇၀၀ ကို ရရှိရန်နှင့် ကိုနောင်နောင် (ခ) ကိုနေလင်းထွန်းအား
လုပ်ငန်းခွင့်နှင့် အဆောင်ပြန်လည်ရရှိစေရန် ဆန္ဒပြတောင်းဆိုလျက်
ရှိကြောင်း ၎င်းစက်ရုံ၏ အလုပ်သမားများထံမှ သိရသည်။

လှပသော သစ်အချောထည်စက်ရုံသည် အလုပ်သမား ၉၀ ခန့်ရှိပြီး ၄၀
ဝန်ကျင်မှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များဖြစ်ကြ၏။ အလုပ်ထုတ်ပြီး
အဆောင်မှနှင်ချခြင်းခံရသူ ကိုနောင်နောင် (ခ) ကိုနေလင်းထွန်းက
အလုပ်သမားသမဂ္ဂဥက္ကဋ္ဌနှင့် လုပ်ငန်းခွင့် ညှိနှိုင်းရေး အလုပ်သမားကိုယ်
စားလှယ်တစ်ဦးဖြစ်ကြောင်း အလုပ်သမားများ ထံမှ သိရသည်။



            ၂ဝ၁၂ အောက်တိုဘာလ ၅ ရက်နေ့က ရွှေပြည်သာမြို့နယ်ဝါးတစ်ရာ စက်မှုဇုန်ရှိ
             တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံ အလုပ်သမားများ 
               စက်ရုံဝင်းအတွင်း ဆန္ဒပြနေစဉ်။

 ပြည့်ဖြိုး

Popular News

0 comments:

Post a Comment