Pages

Wednesday, November 7, 2012

လယ်သမားအရေး ကူညီနေသူတွေကို ရုံးတင်စစ်ဆေး




ရန်ကုန်မြို့၊ လသာမြို့နယ်က
အနော်ရထာလမ်းနဲ့ စဥ့်အိုးတန်း
လမ်ထောင့်မှာရှိတဲ့ ဝါဝါဝင်း
ကုမ္ပဏီရှေ့မှာ ဆန္ဒပြနေတဲ့



 လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချို၊ ကိုဝေဠု အပါအဝင် လှိုင်သာယာမြို့နယ်က အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကလေးနဲ့ ကျွန်းကြီးကျေးရွာက ကိုကြည်ရွင်၊ ကိုပေါက်နဲ့ ဒေါ်ခင်မြင့်ဝေတို့ ငါးဦးကို လသာတရားရုံးက ပုဒ်မ(၃၃၈)နဲ့ ဒီကနေ့ နေ့လယ်က ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ပြည်သူတွေ ဆန္ဒပြတိုင်း အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်ကနည်းမျိုးစုံနဲ့ တရားစွဲဆိုနေမယ် ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အယုံအကြည် မရှိဆိုတဲ့ အဆိုအထိ  တင်သွင်းသွားမယ်လို့ တရားစွဲဆိုခံထားရတဲ့ ကိုဝေဠုက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၂) ရက်နေ့က စတင် ဆန္ဒပြတောင်းဆိုနေတဲ့ အတွင်းပဒံ၊ အပြင်ပဒံ ကျေးရွာက လယ်သမား ဦးရေ (၃၀) နီးပါးဟာ လက်ရှိအချိန်ထိ ဝါဝါဝင်းကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆိုနေဆဲပဲလို့ သိရပါတယ်။


RFA (မြန်မာပိုင်း) 

0 comments:

Post a Comment