နိုင်ငံတကာ မြေမြုပ်မိုင်း
အသုံးပြုမှု စောင့်ကြည့်လေ့
လာရေးအဖွဲ့ (ICBL) ရဲ့
(၂၀၁၂) ခုနှစ် မြန်မာနိုင်ငံ
ဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်း
လင်းပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်
လွင်က မြေမြုပ်မိုင်းတားဆီး ပိတ်ပင်ရေး သဘောတူစာချုပ်ကို
လက်ခံ အတည်ပြုနိုင်ဖို့ စဉ်းစားနေတဲ့အပြင် မြေမြုပ်မိုင်း အသုံး
မပြုဖို့ ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့
ငြိမ်းချမ်းရေး သဘောတူ စာချုပ်တွေ ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတဲ့
အကြောင်း နိုင်ငံတကာ အစည်းအဝေးတစ်ခုမှာ ပြောဆိုခဲ့တာကို
ကြည့်ရင် တိုးတက်မူတစ်ခု အဖြစ် ရှုမြင်နိုင်တယ်လို့ မြန်မာနိုငံဆိုင်ရာ
မြေမြုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်း
များစောင့်ကြည့်လေ့လာရေး သုတေသီ ယေယွှာ မိုဆာ-ပွမ်စူဝမ်
(Yeshua Moser-Puangsuwan)က ဒီကနေ့ ကျင်းပတဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောပါတယ် ။
ဒီနှစ် အောက်တိုဘာလ ၁ ရက်နေ့ အထိ ကမ္ဘာ့နိုင်ငံ ၈၀ ရာခိုင်နှုန်းက
လူသတ်မိုင်းဗုံး အသုံးပြုမူ တားမြစ်ပိတ်ပင်ရေးနဲ့ အသုံးမပြုရေး
သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပေမယ့် မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးထားနိုင်ခြင်းမရှိသေးတဲ့အပြင် ဒီဘက်နှစ်အတွင်းမှာ
တွေ့မြင်နေရတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အပေါ်မူတည်ပြီး ကြည့်မယ်ဆိုရင် နောက်ပိုင်းမှာ ပြည်တွင်းမှာ ရှိတဲ့ လက်နက်ကိုင်အ
ဖွဲ့အစည်းအားလုံးမှာ မြေမြုပ်မိုင်း အသုံးပြုမူ ဆိုးကျိုးတွေကို ကောင်းစွာ
သဘောပေါက်လာမယ်လို့ ယုံကြည်ကြောင်းကို မိုဆာ-ပွမ်စူဝမ် က
ဆက်လက် ပြောပါတယ် ။
ပြီးခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်း မြေမြုပ်မိုင်းဗုံးတွေကြောင့် မြန်
မာနိုင်ငံအတွင်းမှာ သေကြေဒဏ်ရာရသူ စုစုပေါင်းလူဦးရေ (၃၀၀၀)ကျော် ရှိခဲ့ပြီး နိုင်ငံတကာနဲ့ နှိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံဟာ ထိခိုက်ဆုံးရှုံးမှု
တတိယအများဆုံး နိုင်ငံတစ်ခု ဖြစ်တယ်လို့ နိုင်ငံတကာမြေမြုပ်မိုင်း
စောင့်ကြည့်လေ့လာရေး အဖွဲ့က ဆိုပါတယ်။
RFA (မြန်မာပိုင်း)

0 comments:
Post a Comment