Pages

Thursday, November 15, 2012

တရားစွဲခံရသော ပါတီဥက္ကဋ္ဌအပါအ၀င် ပုဂ္ဂိုလ်ငါးဦး အာမခံမရ၍ အချုပ်နှောင်ခံရ




မန္တလေးမြို့အခြေစိုက် ပြည်သူ့
ဒီမိုကရေစီပါတီမှ ပါတီဥက္ကဋ္ဌ၊ ဒုဥက္က
ဋ္ဌအပါအ၀င် ငါးဦးမှာ ပါတီမှ ၁၅ ရက်
တစ်ကြိမ် ထုတ်ဝေသည့် ပြည်သူ
လုပ်သား သတင်းစဉ်တွင် ရေးသားသည့်
သတင်းများကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့နယ်တရားရုံး
တို့တွင် တရားစွဲဆိုခံရပြီး ချုပ်နှောင်ခံထားရကြောင်း ပြည်သူ့ဒီမိုကရေစီပါတီ
 အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

ပြည်သူ့လုပ်သားသတင်းစဉ် အမှုဆောင်အရာရှိချုပ်နှင့် ထုတ်ဝေသူပါ
တီဥက္ကဋ္ဌ၊ အယ်ဒီတာချုပ် ပါတီဒုဥက္ကဋ္ဌနှင့် အယ်ဒီတာ၊ ဖြန့် ချိရေးတာဝန်ခံ
များကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား အစိုးရအဖွဲ့ရုံး ဒု-ညွှန်မှူး၊ မြစ်ကြီးနား
ခရိုင် ထွေအုပ်ရုံးမှ ခရိုင်ဦးစီးအရာရှိ၊ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြစ်ကြီးနားအမှတ်
(၁)ရဲစခန်းမှ ရဲအုပ်၊ ကချင်မနောပွဲ ကျင်းပရေးကော်မတီမှ ဥက္ကဋ္ဌတို့က တရားလိုပြု
လုပ်၍ ပုဒ်မ-၅၀၀၊ ပုဒ်မ၅၀၅(ခ)၊(ဂ)၊ ၁၉၆၂ ပုံနှိပ် ဥပဒေ ပုဒ်မ-၂၀တို့ဖြင့် မြစ်ကြီး
နားမြို့နယ် တရားရုံးနှင့်တနိုင်းမြို့နယ် တရားရုံးတို့တွင် တရားစွဲ ဆိုထားခြင်းဖြစ်ကြောင်း
 ပြည်သူ့ဒီမိုကရေစီပါတီဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့်
 ရှေ့နေ ဒေါ်ခင်ခင်ကပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အား မမှန်စွပ်စွဲခြင်း၊ ခြိမ်းခြောက်ခြင်း၊ အသရေ
ဖျက်သော စာများရေးသားဖော်ပြထား၍ တရားစွဲဆိုရခြင်းဖြစ်ကြောင်း
 ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းက
 ပြောသည်။

ဦးကျော်ဆန်းက နိုင်ငံရေး ပါတီတစ်ခုမှ ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်
တစ်စောင်အနေဖြင့် ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်များကိုသာ
 အဓိကရေးသားထုတ်ဝေ ရမည်ဖြစ်သော်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ပေါ်
တွင် အပြုသဘောဖြင့် ဝေဖန်ခြင်းမျိုးမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးထိခိုက်မှုများပါရှိ
လာကြောင်း၊ ရည်ရွယ်ချက်ရှိရှိ ရေးသားချက်များ ပါရှိလာ၍ တရားစွဲ
ဆိုခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းတို့အနေဖြင့် ပြည်သူအကျိုးကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊
 ယခု တရားစွဲဆိုခံရမှုအတွက် အားလုံးပြင်ဆင်ထားပြီး တစ်ဆင့် ချင်း လိုအပ်သည်
များကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၊ ပြည်သူ့
လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတို့သို့
တိုင်ကြားစာများပေးပို့ထားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူလုပ်သား သတင်းစဉ်တို့ ဖြစ်ပွားနေသော အမှုကိစ္စကို ခုံရုံးဖွဲ့စစ်ဆေးဆောင်ရွက်ပေးရန်
 တောင်းဆိုထားကြောင်း ပြည်သူ့ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး
ဦးအောင်မြင့်ကပြောသည်။

ပြည်သူလုပ်သားသတင်းစဉ် အတွဲ(၁) အမှတ် (၃၊၄၊၅၊၆၊၉၊၁၀) တို့တွင်
ကချင်ပြည်နယ် ကားအသင်းကိစ္စ၊ တနိုင်းစက်လှေများကိစ္စ၊ကချင်ရိုးရာ
မနောပွဲဖြစ်မြောက်ရေးကော်မတီကိစ္စများ ရေးသား၍ တရားစွဲဆိုခံ
ရခြင်းဖြစ်ကြောင်း ရှေ့နေဒေါ်ခင်ခင်က ဆိုသည်။

တရားစွဲဆိုခံရသည့် ပြည်သူလုပ်သားသတင်းစဉ်မှ တာဝန်ရှိသူငါးဦးမှာ
 အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်၍ ချုပ်နှောင်ခံထားရပြီး အာမ
ခံလျှောက်ထားသော်လည်း အာမခံပေးရန် ငြင်ပယ်ခံထားရကြောင်း
 ရှေ့နေဒေါ်ခင်ခင်ကပြောသည်။

ဒေါ်ခင်ခင်က “အမှုတွေကို တစ်ပေါင်းတည်း စစ်ဆေးကြားနာပေးဖို့ ရုံးတော်
ကိုတင်ထားပါတယ်” ဟု ပြောသည်။


7 Day News


0 comments:

Post a Comment