Pages

Monday, November 12, 2012

ငလျင်လှုပ်လျှင် ဆောင်ရွက်ရန်များ


လူ၏သဘာဝအတိုင်း ငလျင်
လှုပ်မှန်းသိလျှင် ထွက်ြေ့ပးချင်
သည်။ မပြေးပါနှင့် ။အိပ်ယာပေါ်
တွင်လှဲလျောင်းနေခိုက်


ငလျင်လှုပ်လျှင် လှဲမြဲလှဲနေပါ.။ ထိုင်နေဆဲလှုပ်လျှင် ထိုင်မြဲထိုင်နေပါ။ 
 ရပ်နေစဉ်ငလျင်လှုပ်လျှင် တစ်ခုခုကို မှီထားပါ သို့ မဟုတ် ထိုင်ချလိုက်ပါ..။

တစ်ထပ်အဆောက်အဦတွင်နေသူများ ကွက်လပ်ရှိရာကို ထွ
က်ပါ.။ ထွက်စရာမရှိလျှင် မိမိအိမ်ထဲရှိ ထမင်းစားစာပွဲ၊ စာကြည့်စာပွဲ။ ကုတင် 
စသည့် ခိုင်ခန့်သည့် ပရိဘောဂများ အောက်သို့ ၀င်နေပါ.။ အိမ်ရှိကလေးများကို 
တစ်စုတစ်ဝေးတည်း ရှိနေပါစေ။

နှစ်ထပ်နှင့် အထက်တွင်နေသူများ လှေကားကို ဂရုစိုက်ပါ။ လှေကားပြို
ကျတတ်သည်..။
ညအချိန်ငလျင်လှုပ်လျှင် လှေကားရှိရာသို့ အပြေးမသွားမိပါစေနှင့် ဓါတ်မီး အလွယ်တကူ ဆောင်ထားပါ..။ မိမိကိုယ်ပိုင်အိမ်ပင်ဖြစ်သော်လည်း လှေကား
 ပြိုကျပြီး ဖြစ်နိုင်သည်ကို သတိထားပါ..။

အိပ်ယာအနီးတွင် သောက်ရေဗူးနှင့် စားစရာအချို့ ယူထားပါ..။
ငလျင်လှုပ်ချိန်တွင် ပြေးစရာအခြေအနေမပေးလျှင် မိမိရှိနေရာ အဆောက်
အဦး၏ အတွင်းနံရံတွင် ကိုယ်ကိုကပ်ထားပါ။

မန္တလေးတွင်နေသူ အတော်များများထံတွင် မော်တော်ဆိုင်ကယ်စီးဦး
ထုတ် ရှိကြပါသည်။ မိမိအနီးတွင် ဆောင်ထားပါ..။ ငလျင်လှုပ်၍ ပြိုကျခြင်း
များရှိခဲ့ပါက ဆိုင်ကယ်စီး အန္တရာယ်ကာ ဦးထုတ်ဆောင်းထားခြင်းဖြင့် 
သက်သာနိုင်သည်။
 
 ဦးထုတ်ဆောင်းလျှင် မေးသိုင်းကြိုး တပ်ပါ..။ ဦးထုတ်မရှိလျှင် အခန်း
တွင်းနံရံကို ကပ်၍ ရပ်နေချိန်တွင် ခေါင်းအုံးကို ခေါင်းပေါ်တင်ထားပါ..။

မိမိအပေါ်တစုံတခု ပြိုကျပြီး ပိနေလျှင် အတင်းမရုန်းပါနှင့် အသက်
ဝအောင်ရှူနိုင်အောင်သာ ကြိုးစားပါ.။ မိမိထံ အကူအညီတစ်စုံ
တစ်ယောက်ရောက်သည်အထိစောင့်ပါ..။ 
 
အသံပြုနိုင်ပါက တိတ်ဆိတ်ချိန်ကို စောင့်ပြီး အသံပြုပါ်..။ ကူညီသူ
များရောက်လာပါက မိမိတွင် သတိရှိနေလျှင် ဝေဒနာအများဆုံး
 နေရာကို ပြောပြပါ။ အနှောင်အဖွဲ့ အကျဉ်းအကျပ်မှလွတ်လာသော်
လည်း မိမိတွင် ဒဏ်ရာတစုံတရာ ရှိထားပါက ရေကိုသတိထားပြီး 
အာစွတ်ရုံသာသောက်ပါ.. အတွင်းဒဏ်ရာ ရနေနိုင်သောကြောင့်
 ဖြစ်သည်။

ကူညီသူများအနေနှင့် စေတနာနှင့် ကူညီကြခြင်းဖြစ်သော်လည်း
 မိမိအတွက် အကာအကွယ်ကို လုံလောက်အောင် ဦးစွာ ပြင်ဆင်ပြီးမှ
 ဒုက္ခရောက်နေသူ။ ပိနေသူ များကို ကူညီပါ.။အရဲမကိုးပါနှင့်။ ပြိုလက်စ
 အဆောက်အဦအတွင်းသို့ အလောတကြီးမ၀င်ပါနှင့်။

သဘာဝဘေးအန္တရာယ်ကြုံလျှင် လိုက်နာစရာ များစွာရှိသော်လည်း 
အခြေခံ အချက်များကို သတိရှိစွာ လိုက်နာနိုင်လျှင် လုံလောက်ပါသည်။ သွားရင်းလာရင်းခေါင်းမူးလာလျှင် ချက်ချင်း ထိုင်ချလိုက်ပါ..။ 
ကားမောင်း၊ဆိုင်ကယ်၊စက်ဘီးစီးနေစဉ်ငလျင်လှုပ်လျှင် မိမိမောင်းနှင်နေသော
 ယာဉ်ကို ရပ်လိုက်ပါ..။
 
 
 

 
လေးစားခင်မင်စွာဖြင့်
ကောင်းလွန်း

0 comments:

Post a Comment