Pages

Sunday, December 16, 2012

‎3G နှင့် 4G (LTE) မိုဘိုင်း ဆက်သွယ်မှု ကွန်ရက် စနစ်များ တိုးချဲ့ တပ်ဆင်ရေး စတင်

Monday, 17 December 2012

3G မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက် တိုးချဲ့ တပ်ဆင်ရေးကို မိုဘိုင်း တယ်လီဖုန်း အသုံးပြုမှု များပြား သည့် ရန်ကုန်၊ မန္တလေး၊
နေပြည်တော် တို့တွင် လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့ကြီးများ၌လည်းကောင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

3G ကွန်ရက် တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁.၁၂.၂၀၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ခဲ့ကြောင်း သိရသည်။ မိုဘိုင်းတယ်လီဖုန်းများ ၀ယ်လိုအားတိုးတက်လာပါက
ရောင်းလိုအားဘက်က အချိန်မီ အင်အားဖြည့်တင်းကာ စဉ်ဆက်မပြတ် ရောင်းချနိုင်ရေးကို ဂရုစိုက်ရန် လိုအပ်ကြောင်း
အဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် ရောင်းချမည့် အစီအစဉ်များ ကြေညာခြင်း၊ ရောင်းချမည့် အဖွဲ့အစည်းများ ဖွဲ့ စည်းခြင်း၊ ရောင်းချမည့်နေရာ လုံလောက်အောင် စီစဉ်ခြင်း စသည်တို့ကို အသေးစိတ် စီမံရန်လိုအပ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်
အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

3G မိုဘိုင်းဖုန်း ဆက်သွယ်မှုကွန်ရက်တွင် 3G မိုဘိုင်း ဖုန်းလိုင်း 1 ဒဿမ 26 သန်း တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားချက်အရ သိရသည်။ ၎င်းအပြင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အသံနှင့် သတင်းအချက် အလက် များ ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် 4G(LTE) မိုဘိုင်းကွန်ရက်များ
ကိုလည်း အချိုးကျ ထည့်သွင်း တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ချက်၌ ကမ္ဘာ့အဆင့်မီ စက်ကိရိယာများကို တပ်ဆင်အသုံးပြုရမည့်အပြင် အချိန်တို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ မိုဘိုင်းတယ်လီဖုန်းများ အသုံးပြုပြီးနောက် ဖြစ်ပေါ်လာနိုင်မည့် အဆင်မပြေမှုများအတွက်လည်း Customer Care Center များဖွင့်လှစ်ကာ ကြိုတင်စီမံထားရန်လည်း အထက်ပါ အစည်းအဝေး၌ ပြည်ထောင်စု ၀န်ကြီးက ဆွေးနွေးမှာကြား
ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Ref : Myanmarinternetjournal
မြ၀တီ
3G နှင့် 4G (LTE) မိုဘိုင်း ဆက်သွယ်မှု ကွန်ရက် စနစ်များ တိုးချဲ့ တပ်ဆင်ရေး စတင်

0 comments:

Post a Comment