Monday, 17 December 2012
၂၀၁၃ ကျောင်းဖွင့်ချိန်အတွက် Curtin University Sydney(CUS) မှရွေးချယ်ပေးအပ်သောပညာသင်ဆုကိုမြန်မာကျောင်းသူတစ်ဦး နှင်
့
တရုတ်နိုင်ငံမှကျောင်းသားကျောင်းသူ(၂)ဦးတို့ရရှိသွားကြောင်းသိရသည်။
ပညာသင်ဆုရရှိသူမြန်မာကျောင်းသူမဇူးဇူးထွန်းသည် AT&S Co.,Ltd ၏စီစဉ်ပေးမှုဖြင့် Bachelor of Business Administration
ဘွဲ့ဒီဂရီတန်းအား Curtin University Sydney တွင်တက်ရောက်
နေသူဖြစ်ပြီးအဆိုပါပညာ သင်ဆုရရှိထားသူများမှာပညာရည်ထူးချွန်မှု၊
ကျောင်းတွင်းဘက်စုံလှုပ်ရှားမှုများတွင်ပါဝင်ထူးချွန်မှုများပေါ်တွင်
မှုတည်၍ရွေးချယ်ခံထားရသူများဖြစ်ကြောင်း လည်းသိရသည်။
Curtin University သည် Australia နိုင်ငံ၏Sydney, နှင့်Perthမြို့များတွင်
လည်းကောင်းမလေးရှားအရှေ့ပိုင်းရှိSarawak နှင့်Singapore နိုင်ငံ
တို့တွင်လည်းကောင်း Campusများဖွင့်လှစ်ကာပြည်တွင်း၊ပြည်ပ
ကျောင်းသား၊ကျောင်းသူများအားသင်ကြားပို့ချပေးလျှက်ရှိကြောင်း သိရသည်။
၀၅၁
Popular Myanmar News Journal

0 comments:
Post a Comment