၎င်း၏ နောက်ခြေထောက်များဖြင့် မတ်မတ်ရပ်လိုက်ပါက ၇ ပေနှင့် ၄ လက်မမြင့်မားကာ သခင်ဖြစ်သူ အမျိုးသမီး၏ အရပ်ထက်ပင် ပိုမိုမြင့်မားသွားသည်။ Zeus သည် အလေးချိန် ၁၅၅ ပေါင်ရှိပြီး သီတင်းနှစ်ပတ်တွင် အစားအစာ ၃၃ ပေါင်ခန့် ပုံမှန်စားလေ့ရှိသည်။
ယခင် ကမ္ဘာ့အရှည်ဆုံး ခွေးအဖြစ် ဂင်းနစ်စံချိန်တင်ထားသော Gaint George အမည်ရှိ ခွေးကြီးထက် Zeus က တစ်လက်မ ပိုမိုရှည်လျားခြင်း ဖြစ်သည်။ Zeus နှင့်အတူ သွားလာရန်အတွက် ကျယ်ဝန်းရှည်လျားသော ဗင်ကားတစ်စီးကို ဝယ်ယူခဲ့ရကြောင်း ပိုင်ရှင်အမျိုးသမီးက ပြောကြားသည်။

0 comments:
Post a Comment