Pages

Monday, December 17, 2012

အုန်းဆီစက်ရုံ မီးလောင် ငွေကျပ် သိန်း ၄ဝ ဖိုးဆုံးရှုံး




မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေယျာသီရိ ရပ်ကွက် မျှော်လင့်(၁) ရပ်ကွက် ငါးမွေးကန်လမ်းရှိ ငွေမိုး အုန်းဆီ စက်ရုံတွင် ဒီဇင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီခန့်က အုန်းဆီစုပ် မော်တာမှ မီးပွားများ အ
ုန်းဆီစစ် ကန်ထဲသို့ ကျရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ရာသို့ မော်လမြိုင် မြို့နယ် မီးသတ် တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ် ၇စီး၊ အုပ်ချုပ်မှု ယာဉ် ၁
စီး၊ အထောက်အကူပြု ယာဉ် ၁ စီး၊ မြိုင်သာယာ ရပ်ကွက်မှ ယာဉ် ၁ စီး၊ ကျုံဝမ်း ကျေးရွာမှ ၁ စီးနှင့် စုစုပေါင်း မီးသတ်ယာဉ် ၁ဝ စီး၊ အုပ်ချုပ်မှု ယာဉ် ၂ စီး၊ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် ၂ဝ ဦး၊ အရန် မီးသတ် ၅ဝ ဦး တို့ဖြင့် မီးငြှိမ်း သတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ၌ မီးငြိမ်း သွားခဲ့ သည်။

မီးလောင်မှုကြောင့် အုန်းဆီပီပါ အလုံး ၄ဝ၊ 10HP မော်တာ ၂ လုံး၊ (၃ဝပေx ၈ဝပေ) သွပ်မိုး၊ ဝါးကပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံ ၁ ခု စုစုပေါင်း ငွေကျပ် သိန်း ၄ဝခန့်ဖိုး ဆုံးရှုံး ခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံ တာဝန်ခံ ဖြစ်သူ ဦးခိုင်စိုးဝင်း ၄၃ နှစ်(ဘ) ဦးချစ်လှ ကို ဇေယျာသီရိ ရဲစခန်းမှ (ပ)၇၈/၂ဝ၁၂ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

http://www.myawady.com.mm/allnews/crimenews/item/1990-2012-12-17-09-43-05

0 comments:

Post a Comment